ေမ ၂၀ ရက္ ညေန ၅ နာရီ မိနစ္ ၅၀ တြင္ ေမွာ္ဘီၿမိဳ႕နယ္ ဝါးနက္ေက်း႐ြာေန ေဒၚ—-က သက္ဆိုင္ရာသို႔တိုင္ၾကားရာ၌ ဧၿပီလ ေန႔ရက္မမွတ္မိသည့္ အခ်ိန္က အသက္ ၁၄ ႏွစ္အ႐ြယ္ သမီးျဖစ္သူသည္ ခႏၶာကိုယ္အေနအထားမူမမွန္သျဖင့္ စစ္ေဆးၾကည့္ရာ ကိုယ္ဝန္ရွိေနေၾကာင္း ေတြ႕ရွိသျဖင့္ ေမးျမန္းခဲ့သည္ဟု ဆိုသည္….

ထို သို႔ ေမး ျမန္း ရာ ဖ ခင္ ျဖစ္ သူ သန္း ေဇာ္ ဝင္း (ခ) ဖိုး သုန္ (၃၈ ႏွစ္) က ယ မန္ ႏွစ္ ဒီ ဇင္ ဘာ လ မွ စ တင္ကာ သား မ ယား အ ျဖစ္ အ ႀကိမ္ ႀကိမ္ ျပဳ က်င့္ ခဲ့ ေၾကာင္း ေျပာ ျပ သိ ရွိ ခဲ့ သည္…..

တိုင္ၾကားသူ အမ်ိဳးသမီးသည္ ေက်း႐ြာအတြင္း ပဲျပဳတ္ေရာင္းခ်သူတစ္ဦးျဖစ္ၿပီး ခင္ပြန္းျဖစ္သူက မၾကာခဏ ညဥ္းပန္းႏွိပ္စက္သျဖင့္ ေက်း႐ြာအတြင္းရွိ ခင္မင္သူမ်ား၏ ေနအိမ္မ်ားတြင္ ညအိပ္ေရွာင္တိမ္းေနရသူျဖစ္သည္…..

ထိုသို႔ေရွာင္တိမ္းေနစဥ္ သန္းေဇာ္ဝင္း(ခ) ဖိုးသုန္ ကသမီးျဖစ္သူကို သားမယားအျဖစ္ အႀကိမ္ ႀကိမ္ျပဳက်င့္ခဲ့ၿပီး အျခားသူမ်ားကို ျပန္လည္ေျပာဆိုပါက သတ္ပစ္မည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေျပာဆိုသျဖင့္ မည္သူ႔ကို မွ်ျပန္မေျပာခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာျပသိရသျဖင့္ အေရးယူေပးရန္ သက္ဆိုင္ရာသို႔တိုင္ၾကားခဲ့ သည္……

ေမွာ္ဘီၿမိဳ႕မရဲစခန္းက (ပ) ၉၄၄/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:တုိးေဝေအာင္​

#Unicode Version# ျဖင့္ဖတ္ပါ ။

မေ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် မှော်ဘီမြို့နယ် ဝါးနက်ကျေးရွာနေ ဒေါ်—-က သက်ဆိုင်ရာသို့တိုင်ကြားရာ၌ ဧပြီလ နေ့ရက်မမှတ်မိသည့် အချိန်က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူသည် ခန္ဓာကိုယ်အနေအထားမူမမှန်သဖြင့် စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိသဖြင့် မေးမြန်းခဲ့သည်ဟု ဆိုသည်….

ထို သို့ မေး မြန်း ရာ ဖ ခင် ဖြစ် သူ သန်း ဇော် ဝင်း (ခ) ဖိုး သုန် (၃၈ နှစ်) က ယ မန် နှစ် ဒီ ဇင် ဘာ လ မှ စ တင်ကာ သား မ ယား အ ဖြစ် အ ကြိမ် ကြိမ် ပြု ကျင့် ခဲ့ ကြောင်း ပြော ပြ သိ ရှိ ခဲ့ သည်…..

တိုင်ကြားသူ အမျိုးသမီးသည် ကျေးရွာအတွင်း ပဲပြုတ်ရောင်းချသူတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မကြာခဏ ညဉ်းပန်းနှိပ်စက်သဖြင့် ကျေးရွာအတွင်းရှိ ခင်မင်သူများ၏ နေအိမ်များတွင် ညအိပ်ရှောင်တိမ်းနေရသူဖြစ်သည်…..

ထိုသို့ရှောင်တိမ်းနေစဉ် သန်းဇော်ဝင်း(ခ) ဖိုးသုန် ကသမီးဖြစ်သူကို သားမယားအဖြစ် အကြိမ် ကြိမ်ပြုကျင့်ခဲ့ပြီး အခြားသူများကို ပြန်လည်ပြောဆိုပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသဖြင့် မည်သူ့ကို မျှပြန်မပြောခဲ့ရခြင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ သည်……

မှော်ဘီမြို့မရဲစခန်းက (ပ) ၉၄၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:တိုးဝေအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top