ေတာင္​ဥကၠလာပ ျမင္​သာထိပ္​မွာ ျဖစ္သြားတာပါ။

ဒီေန့ ေန့လည္ အျပင္ထြက္တာ လမ္းထိပ္နား ကားခနေမွးလိုက္တဲ႔အခ်ိန္မွာ ေနာက္ခန္းတံခါး ဖြင့္ျပီး တကိုယ္လံုး တက္တူးေတြထိုးထားတဲ႔ လူတေယာက္ ရုတ္တရက္ဝင္ထိုင္လိုက္တယ္။

သိသိခ်င္းေနာက္လွည့္ ျပီး “ဘာလုပ္တာလဲ” လို့ ေမးလည္းေမး ကားတံခါး ဖြြင့္ျပီး ျမန္ျမန္ ဆင္းလိုက္တဲ႔ အခ်ိန္မွာပဲ သူက ” ေမာင္း” တဲ႔။

ကိုယ္က ဆင္းလိုက္တာျမန္ေတာ့ သူလည္း ျပန္ဆင္းေျပးသြားတယ္။ အနားကလူေတြကို “ဖမ္း ဖမ္း” လို့ ေျပာေပမယ့္ ေျကာင္ေနျကတယ္။ တကယ္အေရးဆို မလြယ္ပါဖူး။ အဲဒါနဲ႔ ဓါတ္ပံုရိုက္မယ္ဆိုျပီး လွမ္းလွမ္းအထိ ေမာင္းျပီး ျပန္ေကြ့လာေတာ့ ဒီလူ က ဆိုက္ကားနဲ႔ထြက္လာတယ္။

ေဘးပတ္ဝန္းက်င္ အကူအညီေတာင္းျပီး ဖမ္းဖို့ “ဆိုက္ကားရပ္ရပ္” လို့ ေျပာေတာ့ ဆိုက္ကားသမားကို ထုရိုက္ျပီး အတင္းေမာင္းခိုင္းတယ္။ ဆိုက္ကားက ဆက္ေမာင္း သြားျပီး လမ္းတဝက္မွာ ဆင္းလိုက္တယ္။ ကားငွားတယ္။ ေကာင္ေလး ေတြေစာင့္ေနတဲ႔လမ္းထိပ္မွာ ျပန္ဆင္းျပီး “သတၱိရိွတဲ႔ေကာင္လာခဲ႔တဲ႔” လက္ယပ္ ေခၚေတာ့ ေကာင္ေလး ေတြရွဲ သြားတယ္။ ရဲစခန္းက အခ်ိန္မီွေရာက္လာလို့ ေတာ္ေသးတယ္။ ေျကာက္စရာ ေကာင္းလိုက္တာ။

ကားေမာင္းရင္ lock ခ်ေမာင္းျကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မေမလြင္

#Unicode Version# ျဖင့္ဖတ္ပါ ။

တောင်ဥက္ကလာပ မြင်သာထိပ်မှာ ဖြစ်သွားတာပါ။

ဒီနေ့ နေ့လည် အပြင်ထွက်တာ လမ်းထိပ်နား ကားခနမှေးလိုက်တဲ့အချိန်မှာ နောက်ခန်းတံခါး ဖွင့်ပြီး တကိုယ်လုံး တက်တူးတွေထိုးထားတဲ့ လူတယောက် ရုတ်တရက်ဝင်ထိုင်လိုက်တယ်။

သိသိချင်းနောက်လှည့် ပြီး “ဘာလုပ်တာလဲ” လို့ မေးလည်းမေး ကားတံခါး ဖွင့်ပြီး မြန်မြန် ဆင်းလိုက်တဲ့ အချိန်မှာပဲ သူက ” မောင်း” တဲ့။

ကိုယ်က ဆင်းလိုက်တာမြန်တော့ သူလည်း ပြန်ဆင်းပြေးသွားတယ်။ အနားကလူတွေကို “ဖမ်း ဖမ်း” လို့ ပြောပေမယ့် ကြောင်နေကြတယ်။ တကယ်အရေးဆို မလွယ်ပါဖူး။ အဲဒါနဲ့ ဓါတ်ပုံရိုက်မယ်ဆိုပြီး လှမ်းလှမ်းအထိ မောင်းပြီး ပြန်ကွေ့လာတော့ ဒီလူ က ဆိုက်ကားနဲ့ထွက်လာတယ်။

ဘေးပတ်ဝန်းကျင် အကူအညီတောင်းပြီး ဖမ်းဖို့ “ဆိုက်ကားရပ်ရပ်” လို့ ပြောတော့ ဆိုက်ကားသမားကို ထုရိုက်ပြီး အတင်းမောင်းခိုင်းတယ်။ ဆိုက်ကားက ဆက်မောင်း သွားပြီး လမ်းတဝက်မှာ ဆင်းလိုက်တယ်။ ကားငှားတယ်။ ကောင်လေး တွေစောင့်နေတဲ့လမ်းထိပ်မှာ ပြန်ဆင်းပြီး “သတ္တိရှိတဲ့ကောင်လာခဲ့တဲ့” လက်ယပ် ခေါ်တော့ ကောင်လေး တွေရှဲ သွားတယ်။ ရဲစခန်းက အချိန်မှီရောက်လာလို့ တော်သေးတယ်။ ကြောက်စရာ ကောင်းလိုက်တာ။

ကားမောင်းရင် lock ချမောင်းကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:မမေလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top