20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္တြင္ ေမလ ၁၅ ရက္ေန႔ ေန႔လယ္ပိုင္းက မိုးသက္ေလျပင္းက်ၿပီး စစ္ေဘးေရွာင္စခန္းမ်ားရွိ ယာယီလူေနတဲမ်ား ပ်က္စီးသြားကာ အကူအညီလိုအပ္ေနေၾကာင္း သိရွိရသည္….

ေမလ ၁၅ ရက္ေန႔ ၊ ေနလည္ ၂ နာရီခန႔္က မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေျမာက္ဦးၿမိဳ႕နယ္ ၊ ေလးၿမိဳ႕ျမစ္ကမ္းနားအနီး ရွိ စစ္ေဘးေရွာင့္ဒုကၡသည္ စခန္းအခ်ိဳ႕ မွ ယာယီလူေနတဲအိမ္မ်ား ပ်က္စီးမႈမ်ား ရွိျခင္းေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္…..

ယာယီကယ္ဆယ္ေရးစခန္းမ်ား မိုးရာသီအတြင္း အမိုးအကာျဖင့္ လုံ႔ၿခဳံစြာ ေနထိုင္ႏိုင္ရန္ တာဝန္ရွိသူမ်ားက ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေပးရန္ လိုအပ္ေနေၾကာ္ငး ကယ္ဆယ္ေရးစခန္းမွ တာဝန္ရွိသူမ်ားက ဆိုသည္….

“ က်ေနာ္တို႔က မိုးရာသီအတြက္ တခ်ိဳ႕ မိသားစုဝင္ေတြက စိုးရိမ္ပူပန္မႈ ရွိေနတယ္။ အဲဒါေတြကို က်ေနာ္တို႔ ကယ္ဆယ္ေရးစခန္းေတြကို အဖြဲ႕အစည္းေတြက ကူညီေပးဖို႔ ၊ ေနရာအသီးသီးကေန တာဝန္ယူၿပီး ေနရာခ်ေပးေစခ်င္တယ္….

က်ေနာ္တို႔ကေလး သူငယ္ေတြရဲ႕ ပညာေရး ၊ ဒီႏွစ္ ေက်ာင္း ကို ဘယ္မွ သြားတက္ရမလဲ မသိဘူး ျဖစ္ေနတယ္။ က်န္းမာေရး ဆိုရင္ အခ်ိန္မေတာ္ထျဖစ္ရင္ ေဆး႐ုံေဆးခန္းကေဝး ေတာ့ ၊ ဆရာဝန္ေတြ ကို ကယ္ဆယ္ေရးမွာ ထားေပးေစခ်င္တယ္…..

လက္ရွိေတာ့ ေ႐ြ႕ေျပာင္းမယ့္ေနရာအတိအက်မသိရေတာ့ ဘာမွ မလုပ္ေဆာင္ရေသးဘူး “ ဟု စင္ေဘာကိုင္း ကယ္ဆယ္ေရး စခန္း မွ ဦးေမာင္ဝင္းတင္က ေျပာသည္….

ေျမာက္ဦးၿမိဳ႕နယ္ ႏွင့္ ၁၀ မိုင္အကြာတြင္ တည္ရွိသည့္ စင္ေဘာကိုင္း စစ္ေဘးေရွာင့္ ဒုကၡသည္ ကယ္ဆယ္ေရးစခန္းသည္ အိမ္ေထာင္စု ၃၀၀ ေက်ာ္ေနထိုင္ေနၿပီး ေလးၿမိဳ႕ျမစ္ကမ္း သဲေသာင္ျပင္တြင္ ျပဳလုပ္ထားျခင္းေၾကာင့္ မိုးရာသီအတြင္း ေရတက္လာႏိုင္၍ ျပန္လည္ေနရာေ႐ြ႕ေျပာင္း တည္ေဆာက္ ေပးသင့္ေၾကာင္း စစ္ေဘးေရွာင္မ်ားက ဆိုသည္….

“ မေန႔က ေနလည္ ၂ နာရီေလာက္ ေလက ဆက္တိုက္ေတာ့ တဲက ၿပိဳေတာ့ တဲအိမ္ ၃၅ ေဆာင္ ၊ အခုေတာ့ တဲေတြကို အမိုးအကာေတြနဲ႔ ျပန္ျပင္ေနတယ္။ က်ေနာ္တို႔က မိုးတြင္းက်ရင္ ဒီမွာ ေနလို႔မရဘူးေလ….

ဆရာေတာ္ကေတာ့ ေနဖို႔ေျမကြက္ေတြကို တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနတယ္။ လက္ရွိေနရာက ေနာက္၁၅ ရက္ေလာက္ဆိုရင္ ေနလို မသင့္ေတာ့ဘူး။ တဲေတြကို တာလပတ္ ၊ ဝါးေတြနဲ႔ပဲ ျပင္ဆင္ထားတယ္…..

က်န္းမာေရးအေျခအေနကေတာ့ ကေလးသူငယ္ေတြက တအား စိုးရိမ္ရတယ္။ ကေလးေတြက အရမ္းပူရင္ မခံႏိုင္ ၊ တဲစုတ္ထဲမွာ ဝင္ေန ၊ လူႀကီးေတြက ဖ်ားနာေတာ့ နည္းနည္းရွိတယ္” ဟု စင္ေဘာကိုင္း ကယ္ဆယ္ေရး စခန္း မွ ဦးေမာင္ဝင္းတင္က ေျပာသည္….

အလားတူ မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ျမတန္ေဆာင္းေက်ာင္းတိုက္ဝင္းရွိ စစ္ေဘးေရွာင္ စခန္းအတြင္း ယာယီေဆာက္လုပ္ထားသည့္ တန္းလ်ားေဆာင္မ်ားလည္း ပ်က္စီးဆုံးရႈံးမႈမ်ား ရွိေၾကာင္း ျမတန္ေဆာင္ဆရာေတာ္က မိန႔္သည္။

“ မေန႔က ေလျပင္းတိုက္လိုက္တာ စစ္ေဘးေရွာင္စခန္းေတြ အကုန္ၿပိဳသြားတယ္။ အမိုးေတြ ျပဳတ္ထြက္သြားတယ္။ အကာေတြလည္း ၿပိဳသြားတယ္။ ျဖစ္တာက မေန႔က ေနလည္ ၂ နာရီေလာက္မွာ ျဖစ္တာ ။ မိုးၿပီးေတာ့ ျပင္လို႔ ရတာ ျပင္ၿပီး အဲ့မွာပဲ ထပ္ေနၾကတယ္…

ျပင္လို မရဘဲ ပ်က္သြားတာက အေဆာင္ ၃၅ ေဆာင္ ၊ အဲဒါတာင္ ဒီေန႔မွ လုပ္ရမယ္။ ဦးဇင္းတို႔ အေဆာင္ေတြက အိမ္လုံးခ်င္း မဟုတ္ဘူး။ တန္းလ်ား ဆြဲထားတာ။ တန္းလ်ား ဆြဲထားတာ ၄ ခုရွိတယ္။ ၄ ခုလုံးမွာ ၂ ခု ပ်က္သြားတယ္ “ ဟု ျမတန္ေဆာင္ဆရာေတာ္က မိန႔္သည္…..

ရခိုင္ျပည္နယ္တစ္ခုလုံးတြင္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ဦးေရ ၄၀၀၀၀ နီးပါးရွိလာေနၿပီျဖစ္သည္….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:khitthitnews
# Unicode Version # ျဖင့္ ဖတ္ပါ #


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး စစ်ဘေးရှောင်စခန်းများရှိ ယာယီလူနေတဲများ ပျက်စီးသွားကာ အကူအညီလိုအပ်နေကြောင်း သိရှိရသည်….

မေလ ၁၅ ရက်နေ့ ၊ နေလည် ၂ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် ၊ လေးမြို့မြစ်ကမ်းနားအနီး ရှိ စစ်ဘေးရှောင့်ဒုက္ခသည် စခန်းအချို့ မှ ယာယီလူနေတဲအိမ်များ ပျက်စီးမှုများ ရှိခြင်းကြောင့် စစ်ဘေးရှောင်ဒုက္ခသည်…..

ယာယီကယ်ဆယ်ရေးစခန်းများ မိုးရာသီအတွင်း အမိုးအကာဖြင့် လုံ့ခြုံစွာ နေထိုင်နိုင်ရန် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပေးရန် လိုအပ်နေကြော်ငး ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက ဆိုသည်….

“ ကျနော်တို့က မိုးရာသီအတွက် တချို့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှု ရှိနေတယ်။ အဲဒါတွေကို ကျနော်တို့ ကယ်ဆယ်ရေးစခန်းတွေကို အဖွဲ့အစည်းတွေက ကူညီပေးဖို့ ၊ နေရာအသီးသီးကနေ တာဝန်ယူပြီး နေရာချပေးစေချင်တယ်….

ကျနော်တို့ကလေး သူငယ်တွေရဲ့ ပညာရေး ၊ ဒီနှစ် ကျောင်း ကို ဘယ်မှ သွားတက်ရမလဲ မသိဘူး ဖြစ်နေတယ်။ ကျန်းမာရေး ဆိုရင် အချိန်မတော်ထဖြစ်ရင် ဆေးရုံဆေးခန်းကဝေး တော့ ၊ ဆရာဝန်တွေ ကို ကယ်ဆယ်ရေးမှာ ထားပေးစေချင်တယ်…..

လက်ရှိတော့ ရွေ့ပြောင်းမယ့်နေရာအတိအကျမသိရတော့ ဘာမှ မလုပ်ဆောင်ရသေးဘူး “ ဟု စင်ဘောကိုင်း ကယ်ဆယ်ရေး စခန်း မှ ဦးမောင်ဝင်းတင်က ပြောသည်….

မြောက်ဦးမြို့နယ် နှင့် ၁၀ မိုင်အကွာတွင် တည်ရှိသည့် စင်ဘောကိုင်း စစ်ဘေးရှောင့် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသည် အိမ်ထောင်စု ၃၀၀ ကျော်နေထိုင်နေပြီး လေးမြို့မြစ်ကမ်း သဲသောင်ပြင်တွင် ပြုလုပ်ထားခြင်းကြောင့် မိုးရာသီအတွင်း ရေတက်လာနိုင်၍ ပြန်လည်နေရာရွေ့ပြောင်း တည်ဆောက် ပေးသင့်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်….

“ မနေ့က နေလည် ၂ နာရီလောက် လေက ဆက်တိုက်တော့ တဲက ပြိုတော့ တဲအိမ် ၃၅ ဆောင် ၊ အခုတော့ တဲတွေကို အမိုးအကာတွေနဲ့ ပြန်ပြင်နေတယ်။ ကျနော်တို့က မိုးတွင်းကျရင် ဒီမှာ နေလို့မရဘူးလေ….

ဆရာတော်ကတော့ နေဖို့မြေကွက်တွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်။ လက်ရှိနေရာက နောက်၁၅ ရက်လောက်ဆိုရင် နေလို မသင့်တော့ဘူး။ တဲတွေကို တာလပတ် ၊ ဝါးတွေနဲ့ပဲ ပြင်ဆင်ထားတယ်…..

ကျန်းမာရေးအခြေအနေကတော့ ကလေးသူငယ်တွေက တအား စိုးရိမ်ရတယ်။ ကလေးတွေက အရမ်းပူရင် မခံနိုင် ၊ တဲစုတ်ထဲမှာ ဝင်နေ ၊ လူကြီးတွေက ဖျားနာတော့ နည်းနည်းရှိတယ်” ဟု စင်ဘောကိုင်း ကယ်ဆယ်ရေး စခန်း မှ ဦးမောင်ဝင်းတင်က ပြောသည်….

အလားတူ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြတန်ဆောင်းကျောင်းတိုက်ဝင်းရှိ စစ်ဘေးရှောင် စခန်းအတွင်း ယာယီဆောက်လုပ်ထားသည့် တန်းလျားဆောင်များလည်း ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း မြတန်ဆောင်ဆရာတော်က မိန့်သည်။

“ မနေ့က လေပြင်းတိုက်လိုက်တာ စစ်ဘေးရှောင်စခန်းတွေ အကုန်ပြိုသွားတယ်။ အမိုးတွေ ပြုတ်ထွက်သွားတယ်။ အကာတွေလည်း ပြိုသွားတယ်။ ဖြစ်တာက မနေ့က နေလည် ၂ နာရီလောက်မှာ ဖြစ်တာ ။ မိုးပြီးတော့ ပြင်လို့ ရတာ ပြင်ပြီး အဲ့မှာပဲ ထပ်နေကြတယ်…

ပြင်လို မရဘဲ ပျက်သွားတာက အဆောင် ၃၅ ဆောင် ၊ အဲဒါတာင် ဒီနေ့မှ လုပ်ရမယ်။ ဦးဇင်းတို့ အဆောင်တွေက အိမ်လုံးချင်း မဟုတ်ဘူး။ တန်းလျား ဆွဲထားတာ။ တန်းလျား ဆွဲထားတာ ၄ ခုရှိတယ်။ ၄ ခုလုံးမှာ ၂ ခု ပျက်သွားတယ် “ ဟု မြတန်ဆောင်ဆရာတော်က မိန့်သည်…..

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄၀၀၀၀ နီးပါးရှိလာနေပြီဖြစ်သည်….

ဖိုးသူတော် (www.phothutaw.com)
Credit:khitthitnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top