မ်က္လုံးေလးေတြကေနမွတစ္ဆင့္ ကမ႓ာႀကီးကို ျမင္ရတယ္။ အရာဝတၳဳပစၥည္းေတြ၊ အေရာင္ေတြ စတဲ့ အရာရာကို ျမင္ႏိုင္ပါတယ္။ ဒီေတာ့ ကိုယ့္အတြက္ အေရးႀကီးတဲ့ ဒီမ်က္လုံးေလးေတြကို ဂ႐ုစိုက္ၿပီး ေစာင့္ၾကည့္ေပးဖို႔ အေရးႀကီးပါတယ္။

          မ်က္လုံးမွာ ေအာက္ပါလကၡဏာေလးေတြျပၿပီဆိုရင္ ဂ႐ုစိုက္ဖို႔လိုပါတယ္။

1.      အျဖဴစက္မ်ား

          မ်က္ကပ္မွန္ တပ္တဲ့လူေတြမွာ ျမင္လႊာေပၚမွာ အျဖဴေရာင္အစက္ေလးေတြကို သတိထားမိၿပီဆိုရင္ ဒါက ျမင္လႊာ ပ်က္စီးၿပီးေတာ့ ေရာဂါပိုးဝင္တဲ့လကၡဏာ ျဖစ္ႏိုင္ပါတယ္။ အျဖဴစက္ေတြအျပင္ မ်က္လုံးေရာင္တာ၊ နာတာေတြပါ ျဖစ္လာရင္ေတာ့ မ်က္စိဆရာဝန္နဲ႔ သြားျပပါ။ အရမ္းလည္း မစိုးရိမ္ပါနဲ႔။ ဒါက ျဖစ္ေလ့ျဖစ္ထရွိၿပီးေတာ့ မ်က္ကပ္မွန္ကို ရက္နည္းနည္းေလာက္ ခြၽတ္ထားဖို႔ေတာ့ လိုပါလိမ့္မယ္။

2.      မ်က္ခြံလႈပ္ျခင္း

          ဘယ္လိုပဲလုပ္လုပ္ မ်က္ခြံေတြ ဆက္တိုက္လႈပ္ေနတာက ရပ္မသြားဘူးဆိုရင္ ဒါက စိတ္ဖိစီးမႈေတြ အမ်ားႀကီးရွိေနတဲ့ လကၡဏာျဖစ္ႏိုင္ပါတယ္။ ေရခ်ိဳး၊ စာအုပ္ေလးဖတ္၊ အိပ္ရာေလး ေစာေစာဝင္ၿပီး အနားယူလိုက္ပါ။

3.      အျမင္အာ႐ံုေဝဝါးျခင္း

          အျမင္အာ႐ံု မေကာင္းတဲ့လကၡဏာပါ။ အျမင္အာ႐ံု ေဝဝါးတာက ဆက္ျဖစ္ေနရင္ ဆီးခ်ိဳလိုမ်ိဳး ေရာဂါႀကီးႀကီးတစ္ခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ မ်က္စိတိမ္စြဲျခင္း၊ မ်က္လုံး ပ်က္စီးယိုယြင္းျခင္းစတဲ့ အေျခအေနေတြကိုျပတဲ့ စဦးလကၡဏာလည္း ျဖစ္ႏိုင္ပါတယ္။

4.      မ်က္နက္ဝန္းေဘးက အျဖဴေရာင္ကြင္းမ်ား

          မ်က္လုံးအထဲက အနက္ဆံေလးေဘးနားမွာ အျဖဴေရာင္ကြင္းေတြ ေပၚလာတာကေတာ့ ေသြးတြင္း ကိုလက္စေရာနဲ႔ triglyceride လို႔ေခၚတဲ့ အဆီဓာတ္ေတြမ်ားလို႔ ျဖစ္ႏိုင္ပါတယ္။ ဒါေတြ ျဖစ္လာရင္ေတာ့ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေခ်နဲ႔ ေလျဖတ္ႏိုင္ေခ်ေတြ မ်ားတယ္ဆိုတာကိုလည္း ျပပါတယ္။ ဒီေတာ့ ဒီအျဖဴကြင္းေတြ ေတြ႕တယ္ဆိုရင္ မ်က္စိဆရာဝန္ (သို႔) သမားေတာ္ကို သြားျပပါ။

5.      မ်က္လုံးေျခာက္ျခင္း

          အျမဲတမ္း မ်က္လုံးေတြ အရမ္းေျခာက္ေနတာကေတာ့ မ်က္လုံးမွာ လုံေလာက္တဲ့ ေခ်ာဆီနဲ႔ စိုစြတ္မႈမရွိတဲ့အတြက္ျဖစ္တဲ့ မ်က္လုံးေျခာက္ျခင္း ေရာဂါလကၡဏာစုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေဆးဆိုင္မွာ အလြယ္တကူ ဝယ္လို႔ရတဲ့ မ်က္လုံးေျခာက္တာအတြက္ မ်က္စဥ္းဝယ္ခတ္ႏိုင္သလို ဆရာဝန္သြားျပလည္း ရပါတယ္။ မ်က္လုံးေျခာက္တာက ဓာတ္မတည့္တဲ့လကၡဏာလည္း ျဖစ္ႏိုင္ပါေသးတယ္။

6.      မ်က္လုံးထဲက အဝါေရာင္အစက္ေလး

          မ်က္လုံးအတြင္းေဘးေလးမွာ အဝါေရာင္ အစက္အကြက္ေလး ျဖစ္လာရင္ ေနပူထဲမွာ အေနမ်ားလို႔ ျဖစ္ႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ မ်က္စိဆရာဝန္သြားျပပါ။ ၿပီးေတာ့ ခရမ္းလြန္ေရာင္ျခည္ကို ေကာင္းေကာင္း ကာကြယ္ေပးႏိုင္တဲ့ အရည္အေသြးေကာင္းတဲ့ ေနကာမ်က္မွန္ ဝယ္တပ္လိုက္ပါ။

7.      မ်က္လုံးတစ္ခုလုံး ဝါေနျခင္း

          မ်က္လုံးထဲမွာရွိတဲ့ အျဖဴသားေတြ အကုန္လုံး ဝါေနရင္ေတာ့ အသားဝါေရာဂါ ျဖစ္ႏိုင္ပါတယ္။ အေရျပားေတြလည္း ဝါေနႏိုင္ပါတယ္။ အသားဝါေရာဂါက အသည္းမွာေရာဂါပိုး ဝင္တဲ့လကၡဏာျဖစ္လို႔ ဆရာဝန္သြားျပဖို႔ လိုပါတယ္။

8.      မ်က္ရည္ အျမဲထြက္ေနျခင္း

          တစ္ေန႔လုံး ကြန္ပ်ဴတာသုံးၿပီး အလုပ္လုပ္ေနရပါသလား၊ ႐ုပ္ရွင္ကားေတြ တစ္ေနကုန္ ၾကည့္ေနပါသလား။ ဖုန္း တစ္ေနကုန္ သုံးေနပါသလား။ ဒီလိုဖန္သားျပင္ေတြကို အျမဲစိုက္ၾကည့္ေနတဲ့အခါမွာ မ်က္လုံးက မ်က္ရည္က်ေစပါတယ္။ ဒါကျဖစ္ေလ့ရွိၿပီးေတာ့ ဖန္သားျပင္ေတြ ၾကည့္ရာကေန ခြာၿပီး အနားယူေပးပါ။

9.      မ်က္လုံးနီရဲေနျခင္း

          မ်က္လုံးေတြ အရမ္းရဲေနတာကလည္း ျဖစ္ေလ့ရွိတဲ့ မ်က္လုံးျပႆနာတစ္မ်ိဳးပါပဲ။ တစ္ခါတေလဆိုရင္ အေအးမိတဲ့အခါ၊ ေခ်ာင္းအရမ္းဆိုးတဲ့အခါ။ ညဘက္အိပ္တာ ေနာက္က်တဲ့အခါေတြနဲ႔ မ်က္လုံးကို အားစိုက္ၿပီးေတာ့ အတင္းဖြင့္ရတဲ့အခါေတြမွာလည္း မ်က္လုံး

ရဲတတ္ပါတယ္။

10.    မ်က္စိေရွ႕မွာ တစ္ခုခုေမ်ာေနသလို ျမင္ရျခင္း

          ဒါကလည္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ျပႆနာပါပဲ။ ခဏတာျဖစ္တာက ျပႆနာမရွိေပမယ့္ အျမဲျဖစ္ေနရင္ေတာ့ ျမင္လႊာစုတ္ျပဲသြားတာ၊ ကြာသြားတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

11.    မ်က္လုံးႀကီးေဖာင္းၿပီး နီေနျခင္း

          မ်က္လုံးေဖာင္းၿပီး နီေနတာနဲ႔အတူ ယားတာ၊ ခိုးလို႔ခုလုျဖစ္တာေတြ မရွိဘူးဆိုရင္ ဒါက အရမ္းပင္ပန္းၿပီးေတာ့ အိပ္စက္အနားယူဖို႔ လိုအပ္လို႔ ျဖစ္ႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
မျက်လုံးလေးတွေကနေမှတစ်ဆင့် ကမ္ဘာကြီးကို မြင်ရတယ်။ အရာဝတ္ထုပစ္စည်းတွေ၊ အရောင်တွေ စတဲ့ အရာရာကို မြင်နိုင်ပါတယ်။ ဒီတော့ ကိုယ့်အတွက် အရေးကြီးတဲ့ ဒီမျက်လုံးလေးတွေကို ဂရုစိုက်ပြီး စောင့်ကြည့်ပေးဖို့ အရေးကြီးပါတယ်။

          မျက်လုံးမှာ အောက်ပါလက္ခဏာလေးတွေပြပြီဆိုရင် ဂရုစိုက်ဖို့လိုပါတယ်။

1.      အဖြူစက်များ

          မျက်ကပ်မှန် တပ်တဲ့လူတွေမှာ မြင်လွှာပေါ်မှာ အဖြူရောင်အစက်လေးတွေကို သတိထားမိပြီဆိုရင် ဒါက မြင်လွှာ ပျက်စီးပြီးတော့ ရောဂါပိုးဝင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဖြူစက်တွေအပြင် မျက်လုံးရောင်တာ၊ နာတာတွေပါ ဖြစ်လာရင်တော့ မျက်စိဆရာဝန်နဲ့ သွားပြပါ။ အရမ်းလည်း မစိုးရိမ်ပါနဲ့။ ဒါက ဖြစ်လေ့ဖြစ်ထရှိပြီးတော့ မျက်ကပ်မှန်ကို ရက်နည်းနည်းလောက် ချွတ်ထားဖို့တော့ လိုပါလိမ့်မယ်။

2.      မျက်ခွံလှုပ်ခြင်း

          ဘယ်လိုပဲလုပ်လုပ် မျက်ခွံတွေ ဆက်တိုက်လှုပ်နေတာက ရပ်မသွားဘူးဆိုရင် ဒါက စိတ်ဖိစီးမှုတွေ အများကြီးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ရေချိုး၊ စာအုပ်လေးဖတ်၊ အိပ်ရာလေး စောစောဝင်ပြီး အနားယူလိုက်ပါ။

3.      အမြင်အာရုံဝေဝါးခြင်း

          အမြင်အာရုံ မကောင်းတဲ့လက္ခဏာပါ။ အမြင်အာရုံ ဝေဝါးတာက ဆက်ဖြစ်နေရင် ဆီးချိုလိုမျိုး ရောဂါကြီးကြီးတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ မျက်စိတိမ်စွဲခြင်း၊ မျက်လုံး ပျက်စီးယိုယွင်းခြင်းစတဲ့ အခြေအနေတွေကိုပြတဲ့ စဦးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

4.      မျက်နက်ဝန်းဘေးက အဖြူရောင်ကွင်းများ

          မျက်လုံးအထဲက အနက်ဆံလေးဘေးနားမှာ အဖြူရောင်ကွင်းတွေ ပေါ်လာတာကတော့ သွေးတွင်း ကိုလက်စရောနဲ့ triglyceride လို့ခေါ်တဲ့ အဆီဓာတ်တွေများလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေ ဖြစ်လာရင်တော့ နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေတွေ များတယ်ဆိုတာကိုလည်း ပြပါတယ်။ ဒီတော့ ဒီအဖြူကွင်းတွေ တွေ့တယ်ဆိုရင် မျက်စိဆရာဝန် (သို့) သမားတော်ကို သွားပြပါ။

5.      မျက်လုံးခြောက်ခြင်း

          အမြဲတမ်း မျက်လုံးတွေ အရမ်းခြောက်နေတာကတော့ မျက်လုံးမှာ လုံလောက်တဲ့ ချောဆီနဲ့ စိုစွတ်မှုမရှိတဲ့အတွက်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါလက္ခဏာစုကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ မျက်လုံးခြောက်တာအတွက် မျက်စဉ်းဝယ်ခတ်နိုင်သလို ဆရာဝန်သွားပြလည်း ရပါတယ်။ မျက်လုံးခြောက်တာက ဓာတ်မတည့်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။

6.      မျက်လုံးထဲက အဝါရောင်အစက်လေး

          မျက်လုံးအတွင်းဘေးလေးမှာ အဝါရောင် အစက်အကွက်လေး ဖြစ်လာရင် နေပူထဲမှာ အနေများလို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိဆရာဝန်သွားပြပါ။ ပြီးတော့ ခရမ်းလွန်ရောင်ခြည်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်တဲ့ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန် ဝယ်တပ်လိုက်ပါ။

7.      မျက်လုံးတစ်ခုလုံး ဝါနေခြင်း

          မျက်လုံးထဲမှာရှိတဲ့ အဖြူသားတွေ အကုန်လုံး ဝါနေရင်တော့ အသားဝါရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြားတွေလည်း ဝါနေနိုင်ပါတယ်။ အသားဝါရောဂါက အသည်းမှာရောဂါပိုး ဝင်တဲ့လက္ခဏာဖြစ်လို့ ဆရာဝန်သွားပြဖို့ လိုပါတယ်။

8.      မျက်ရည် အမြဲထွက်နေခြင်း

          တစ်နေ့လုံး ကွန်ပျူတာသုံးပြီး အလုပ်လုပ်နေရပါသလား၊ ရုပ်ရှင်ကားတွေ တစ်နေကုန် ကြည့်နေပါသလား။ ဖုန်း တစ်နေကုန် သုံးနေပါသလား။ ဒီလိုဖန်သားပြင်တွေကို အမြဲစိုက်ကြည့်နေတဲ့အခါမှာ မျက်လုံးက မျက်ရည်ကျစေပါတယ်။ ဒါကဖြစ်လေ့ရှိပြီးတော့ ဖန်သားပြင်တွေ ကြည့်ရာကနေ ခွာပြီး အနားယူပေးပါ။

9.      မျက်လုံးနီရဲနေခြင်း

          မျက်လုံးတွေ အရမ်းရဲနေတာကလည်း ဖြစ်လေ့ရှိတဲ့ မျက်လုံးပြဿနာတစ်မျိုးပါပဲ။ တစ်ခါတလေဆိုရင် အအေးမိတဲ့အခါ၊ ချောင်းအရမ်းဆိုးတဲ့အခါ။ ညဘက်အိပ်တာ နောက်ကျတဲ့အခါတွေနဲ့ မျက်လုံးကို အားစိုက်ပြီးတော့ အတင်းဖွင့်ရတဲ့အခါတွေမှာလည်း မျက်လုံး

ရဲတတ်ပါတယ်။

10.    မျက်စိရှေ့မှာ တစ်ခုခုမျောနေသလို မြင်ရခြင်း

          ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာပါပဲ။ ခဏတာဖြစ်တာက ပြဿနာမရှိပေမယ့် အမြဲဖြစ်နေရင်တော့ မြင်လွှာစုတ်ပြဲသွားတာ၊ ကွာသွားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

11.    မျက်လုံးကြီးဖောင်းပြီး နီနေခြင်း

          မျက်လုံးဖောင်းပြီး နီနေတာနဲ့အတူ ယားတာ၊ ခိုးလို့ခုလုဖြစ်တာတွေ မရှိဘူးဆိုရင် ဒါက အရမ်းပင်ပန်းပြီးတော့ အိပ်စက်အနားယူဖို့ လိုအပ်လို့ ဖြစ်နိုင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top