ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္တြင္ ေငြက်ပ္ ၅၁၀၀ သိန္းတန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားအား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးစီမံခ်က္ ‘‘ရွမ္းရိုးမ-၂” စစ္ဆင္ေရးအား အေကာင္အထည္ေဖာ္ေဆာင္ရြက္စဥ္ သိမ္းဆည္းရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးဗဟိုေကာ္မတီက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

သီေပါ-လားရိႈးသြား ျပည္ေထာင္စုလမ္းေပၚတြင္ ေမ ၁၈ ရက္က ရပ္တန္႔ထားသည့္ ၁၈ ဘီးေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြရာ ယာဥ္ေမာင္းအား မေတြ႔ရွိဘဲ ယာဥ္၏ေနာက္တြဲေပၚမွ စပါးခြံအိတ္မ်ားျဖင့္ဖံုးအုပ္ထားေသာ သံေပပါ ၆၈ လံုးျဖင့္ထည့္ ထားသည့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသံုးျပဳေသာ ထိန္းခ်ဳပ္ဓာတု အီသိုင္းအီသာ အရည္ ၁၀၂၀၀ လီတာ(ေဒ သကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၅၁၀၀ သိန္း)အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္အေပၚ သီေပါၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္လွစ္ၿပီး တရားခံဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(Xinhua)
http://www.xinhuamyanmar.com

#Unicode Version#
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

သီပေါ-လားရှိုးသွား ပြည်ထောင်စုလမ်းပေါ်တွင် မေ ၁၈ ရက်က ရပ်တန့်ထားသည့် ၁၈ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်၏နောက်တွဲပေါ်မှ စပါးခွံအိတ်များဖြင့်ဖုံးအုပ်ထားသော သံပေပါ ၆၈ လုံးဖြင့်ထည့် ထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ထိန်းချုပ်ဓာတု အီသိုင်းအီသာ အရည် ၁၀၂၀၀ လီတာ(ဒေ သကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် သီပေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:(Xinhua)
http://www.xinhuamyanmar.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top