႐ုပ္ရွင္ၾကည့္တဲ့အခါ လဲေလ်ာင္းအိပ္စက္ၿပီး သက္ေသာင့္သက္သာ ၾကည့္ရႈလိုတာက ႐ုပ္ရွင္ခ်စ္သူေတြအတြက္ အိပ္မက္တခုလို႔ ေျပာလို႔ရပါတယ္။

႐ုပ္ရွင္ခ်စ္သူေတြရဲ႕ ဒီအိပ္မက္ကို ဆြစ္ဇာလန္ႏိုင္ငံမွာရွိတဲ့ Pathe’ ဆိုတဲ့ ႐ုပ္ရွင္႐ုံက စီစဥ္ဖန္တီးေပးလိုက္ပါၿပီ။ သာမန္ ႐ုပ္ရွင္႐ုံေတြမွာ ေတြ႕ျမင္ေနက် ၿငီးေငြ႕စရာေကာင္းတဲ့ ဆိုဖာထိုင္ခုံေတြအစား လဲေလ်ာင္းအိပ္စက္ရင္း ၾကည့္ရႈလို႔ရမယ့္ VIP Bedroom ေတြကို ျပဳလုပ္စီစဥ္ေပးထားတာပဲ ျဖစ္ပါတယ္။

ဒီ VIP Bedroom မွာ အိပ္ရာေပါင္း ၁၁ ခုပါဝင္ၿပီး တခုခ်င္းစီမွာဆိုရင္ေတာ့ လဲေလ်ာင္းတဲ့အခါ သက္ေသာင့္သက္သာ ျဖစ္ေစဖို႔ ေခါင္းအုံး ၂ လုံး၊ သန႔္ရွင္းေခ်ာေမြ႕တဲ့ အိပ္ရာခင္း စတာေတြအျပင္ အစားအစာေတြနဲ႔ ပစၥည္းေတြ တင္ဖို႔အတြက္ စားပြဲတင္ခုံတလုံးပါ ပါဝင္မွာ ျဖစ္ပါတယ္။ VIP Bedroom မွာ ၾကည့္ရႈသူေတြကို စားစရာနဲ႔ ေသာက္စရာေတြကိုပါ Free ေပးထားမွာျဖစ္ၿပီး ႐ုပ္ရွင္ၾကည့္ရႈရာမွာ စိတ္အေႏွာင့္အယွက္ကင္းကင္း ၾကည့္ရႈႏိုင္ေစဖို႔ပါ အတတ္ႏိုင္ဆုံးစီစဥ္ေပးထားမွာ ျဖစ္ပါတယ္။

VIP Bedroom မွာ ၾကည့္ရႈႏိုင္ဖို႔အတြက္ VIP လက္မွတ္တေစာင္ကို အေမရိကန္ေဒၚလာ ၄၉ ေဒၚလာခန႔္ က်သင့္မွာျဖစ္ၿပီး သာမန္ထိုင္ခုံံနဲ႔ ၾကည့္ရႈရမယ့္ ႐ိုး႐ိုးတန္းလက္မွတ္ကေတာ့ ၁၉ ေဒၚလာခန႔္သာ က်သင့္မွာ ျဖစ္ပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး Pathe’ ႐ုပ္ရွင္႐ုံရဲ႕ CEO ျဖစ္သူ Venanzio Di Bacco က “ကိုယ့္အိမ္မွာ ႐ုပ္ရွင္ၾကည့္ေနရသလိုမ်ိဳး သက္ေသာင့္သက္သာနဲ႔ စိတ္အေႏွာင့္အယွက္ကင္းကင္း ၾကည့္ႏိုင္ဖို႔ အတတ္ႏိုင္ဆုံးစီစဥ္ေပးထားပါတယ္”လို႔ ေျပာပါတယ္။

“Free ေပးမယ့္ အစားအစာေတြကိုလည္း Menu မထပ္ရေအာင္ စီစဥ္ေပးမွာျဖစ္သလို VIP Bedroom မွာပါဝင္တဲ့ Double Beds ေတြ အကုန္လုံးက ပိုးသတ္ထားၿပီးသားလည္း ျဖစ္တာေၾကာင့္ အသန႔္အျပန႔္ႀကိဳက္သူေတြအတြက္လည္း အဆင္ေျပမွာပါ။ ႐ုပ္ရွင္ၾကည့္ရႈတဲ့အခါမွာလည္း ၾကည့္ရႈသူေတြ စိတ္တိုင္းက် ျဖစ္ေစဖို႔ အသံပိုင္းစနစ္မွာေရာ ႐ုပ္ထြက္ပိုင္းမွာေရာပါ အေကာင္းဆုံးျပင္ဆင္ျပဳလုပ္ထားပါတယ္”လို႔ သူက ဆိုပါတယ္။

မိသားစုသူငယ္ခ်င္းေတြနဲ႔ပဲ သီးသန႔္ၾကည့္ရႈခ်င္တဲ့ ႐ုပ္ရွင္ဝါသနာအိုးေတြအတြက္လည္း VIP ခန္းေတြ စီစဥ္ထားေပး မွာျဖစ္ၿပီး ကေလးငယ္ေတြ ပါလာခဲ့ရင္လည္း ကေလးေတြအတြက္ ကစားဖို႔ေနရာေတြပါ ထားေပးထားတာ ျဖစ္ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံက Pante’ ႐ုပ္ရွင္႐ုံကိုေတာ့ ေမလ ၉ ရက္ေန႔ကေနစၿပီး စတင္ဖြင့္လွစ္မွာ ျဖစ္ၿပီး VIP Bedroom မွာ ၾကည့္ရႈလိုသူေတြအေနနဲ႔လည္း ၉ ရက္ေန႔မွာ စတင္ၾကည့္ရႈႏိုင္ၿပီပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


ရုပ်ရှင်ကြည့်တဲ့အခါ လဲလျောင်းအိပ်စက်ပြီး သက်သောင့်သက်သာ ကြည့်ရှုလိုတာက ရုပ်ရှင်ချစ်သူတွေအတွက် အိပ်မက်တခုလို့ ပြောလို့ရပါတယ်။

ရုပ်ရှင်ချစ်သူတွေရဲ့ ဒီအိပ်မက်ကို ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Pathe’ ဆိုတဲ့ ရုပ်ရှင်ရုံက စီစဉ်ဖန်တီးပေးလိုက်ပါပြီ။ သာမန် ရုပ်ရှင်ရုံတွေမှာ တွေ့မြင်နေကျ ငြီးငွေ့စရာကောင်းတဲ့ ဆိုဖာထိုင်ခုံတွေအစား လဲလျောင်းအိပ်စက်ရင်း ကြည့်ရှုလို့ရမယ့် VIP Bedroom တွေကို ပြုလုပ်စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။

ဒီ VIP Bedroom မှာ အိပ်ရာပေါင်း ၁၁ ခုပါဝင်ပြီး တခုချင်းစီမှာဆိုရင်တော့ လဲလျောင်းတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေဖို့ ခေါင်းအုံး ၂ လုံး၊ သန့်ရှင်းချောမွေ့တဲ့ အိပ်ရာခင်း စတာတွေအပြင် အစားအစာတွေနဲ့ ပစ္စည်းတွေ တင်ဖို့အတွက် စားပွဲတင်ခုံတလုံးပါ ပါဝင်မှာ ဖြစ်ပါတယ်။ VIP Bedroom မှာ ကြည့်ရှုသူတွေကို စားစရာနဲ့ သောက်စရာတွေကိုပါ Free ပေးထားမှာဖြစ်ပြီး ရုပ်ရှင်ကြည့်ရှုရာမှာ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်ရှုနိုင်စေဖို့ပါ အတတ်နိုင်ဆုံးစီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

VIP Bedroom မှာ ကြည့်ရှုနိုင်ဖို့အတွက် VIP လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပြီး သာမန်ထိုင်ခုံံနဲ့ ကြည့်ရှုရမယ့် ရိုးရိုးတန်းလက်မှတ်ကတော့ ၁၉ ဒေါ်လာခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး Pathe’ ရုပ်ရှင်ရုံရဲ့ CEO ဖြစ်သူ Venanzio Di Bacco က “ကိုယ့်အိမ်မှာ ရုပ်ရှင်ကြည့်နေရသလိုမျိုး သက်သောင့်သက်သာနဲ့ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်နိုင်ဖို့ အတတ်နိုင်ဆုံးစီစဉ်ပေးထားပါတယ်”လို့ ပြောပါတယ်။

“Free ပေးမယ့် အစားအစာတွေကိုလည်း Menu မထပ်ရအောင် စီစဉ်ပေးမှာဖြစ်သလို VIP Bedroom မှာပါဝင်တဲ့ Double Beds တွေ အကုန်လုံးက ပိုးသတ်ထားပြီးသားလည်း ဖြစ်တာကြောင့် အသန့်အပြန့်ကြိုက်သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ရုပ်ရှင်ကြည့်ရှုတဲ့အခါမှာလည်း ကြည့်ရှုသူတွေ စိတ်တိုင်းကျ ဖြစ်စေဖို့ အသံပိုင်းစနစ်မှာရော ရုပ်ထွက်ပိုင်းမှာရောပါ အကောင်းဆုံးပြင်ဆင်ပြုလုပ်ထားပါတယ်”လို့ သူက ဆိုပါတယ်။

မိသားစုသူငယ်ချင်းတွေနဲ့ပဲ သီးသန့်ကြည့်ရှုချင်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက်လည်း VIP ခန်းတွေ စီစဉ်ထားပေး မှာဖြစ်ပြီး ကလေးငယ်တွေ ပါလာခဲ့ရင်လည်း ကလေးတွေအတွက် ကစားဖို့နေရာတွေပါ ထားပေးထားတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက Pante’ ရုပ်ရှင်ရုံကိုတော့ မေလ ၉ ရက်နေ့ကနေစပြီး စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး VIP Bedroom မှာ ကြည့်ရှုလိုသူတွေအနေနဲ့လည်း ၉ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top