ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူအုပ္စု မမုံေက်းရြာရဲ႕ ကပ္လ်က္ အဲဗားဝင္းနားအုပ္စု ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီ လုပ္ကြက္အတြင္း က တန္ဘိုးျမင့္ ေက်ာက္စိမ္းတတုံးႀကီးကို ေရမေဆးရွာေဖြသူေတြက ေမလ ၈ ရက္ေန႔က ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္ ။

ေက်ာက္စိမ္းတုံးႀကီးကို လုပ္ကြက္အတြင္း အခ်ိန္ပိုင္းေရမေဆးေက်ာက္ရွာေဖြခြင့္ ျပဳတဲ့ အခ်ိန္မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ကီလို ငါးရာေက်ာ္ အေလးခ်ိန္ရွိတယ္ လို႔ အဆိုပါေက်ာက္ေက်ာက္စိမ္းတုံးႀကီး ဝင္ေရာက္ထမ္းကူခဲ့တဲ့ ေဂ်ာ္ကီေရမေဆးသမားတဦးက ေျပာပါတယ္ ။

“ ေက်ာက္ကို လုပ္ကြက္ လုံျခဳံေရး ရဲေတြကို ငါးတစ္ေပးမယ္ ( အဆိုပါေက်ာက္စိမ္းတုံးေရာင္းခ်ရလွ်င္ ေရာင္းရေငြရဲ႕ ငါးပုံ တပုံ ေပးရ) ဆိုၿပီး ညႇိသယ္ခဲ့ရတာ ။ ေက်ာက္အျပင္ေရာက္ေတာ့ ရဲေတြရဲ႕ ငါးတစ္စုကို သိန္း ၇၀၀ ေစ်းျဖတ္ေပးေနၿပီ ။ ရဲေတြက သူတို႔အစု သိန္း ၇၀၀ အစု ကို အကုန္လုံး မယူပဲ သိန္း သုံးရာ့ငါးဆယ္ပဲ ယူၿပီး က်န္တဝက္ကို အစုဆက္လိုက္လာတာ ။ အခုအဲဒီက်န္တဲ့ သိန္းရာ့ငါးဆယ္စုကို သိန္း ၇၀၀၀ ေတာင္ေပးေနၿပီ ” လို႔ ၎က ဆက္ေျပာပါတယ္ ။

အဆိုပါေက်ာက္စိမ္းတုံးႀကီးမွာ လုံျခဳံေရး ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ပါဝင္ပတ္သက္မႈနဲ႔ ပတ္သက္ၿပီး အတည္ျပဳခ်က္ ရယူႏိုင္ရန္ လုပ္ကြက္လုံျခဳံေရး ရဲတပ္ဖြဲ႕ ဗ်ဴးဟာမႉးကို အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္မရခဲ့ပါဘူး ။ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ေရမေဆးေက်ာက္ရွာေဖြသူမ်ားနဲ႔ လုပ္ကြက္လုံျခဳံေရး ယူထားတဲ့ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ ပတ္သက္မႈေတြဟာ မၾကာခဏဆိုသလို ေတြ႕ျမင္ၾကားသိေနရတာလည္း ျဖစ္ပါတယ္ ။

ေက်ာက္စိမ္းတုံးႀကီးဟာ ႏိုင္ငံေတာ္ရဲ႕ ေခါင္းေပါင္းက်င္းေျမစာ ကမ္းပါး ၿပိဳက်ခဲ့တဲ့ ေနရာက ေတြ႕ရွိခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ပိုင္ ေက်ာက္စိမ္းတုံးႀကီး ျဖစ္တယ္လို႔ ကုမၼဏီဝန္ထမ္းတဦးက ေျပာပါတယ္ ။ အဆိုပါေက်ာက္စိမ္းတုံးကို ထိန္းသိမ္းေစာင့္ေရွာင့္ရန္ ရဲတပ္ဖြဲ႕ဝင္မ်ားမွာ တာဝန္လုံးလုံးရွိတယ္လို႔လည္း အဆိုပါ ကုမၼဏီ ဝန္ထမ္းကပဲ ဆက္လက္ေျပာဆိုခဲ့ပါတယ္ ။

လုပ္ကြက္အတြင္း အခ်ိန္ပိုင္းေရမေဆး ဝင္ေရာက္ရွာေဖြခြင့္ကို တရားဥပေဒအရ ခြင့္မျပဳထားေသာ္လည္း နယ္ေျမေဒသအေျခအေနအရ နားလည္မႈျဖင့္ ခြင့္ျပဳထားရျခင္းျဖစ္ပါတယ္ ။ အဲဒီလို ခြင့္ျပဳခဲ့တဲ့ေနာက္ပိုင္းမွာ ေရမေဆးသမားေတြ ရွာေဖြေတြ႕ရွိခဲ့တဲ့ သိန္းေပါင္း ေသာင္းခ်ီတန္တဲ့ ေက်ာက္စိမ္းတုံးေပါင္းမ်ားစြာကိုလည္း ေရမေဆးသမားမ်ာရဲ႕ ေဖာ္ထုတ္မႈေၾကာင့္ ေတြ႕ျမင္ၾကားသိခဲ့ရတာလည္းျဖစ္ပါတယ္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဇာ္မိုးထက္(ဖားကန္႔)

#Unicode Version#
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာရဲ့ ကပ်လျက် အဲဗားဝင်းနားအုပ်စု ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ လုပ်ကွက်အတွင်း က တန်ဘိုးမြင့် ကျောက်စိမ်းတတုံးကြီးကို ရေမဆေးရှာဖွေသူတွေက မေလ ၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။

ကျောက်စိမ်းတုံးကြီးကို လုပ်ကွက်အတွင်း အချိန်ပိုင်းရေမဆေးကျောက်ရှာဖွေခွင့် ပြုတဲ့ အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကီလို ငါးရာကျော် အလေးချိန်ရှိတယ် လို့ အဆိုပါကျောက်ကျောက်စိမ်းတုံးကြီး ဝင်ရောက်ထမ်းကူခဲ့တဲ့ ဂျော်ကီရေမဆေးသမားတဦးက ပြောပါတယ် ။

“ ကျောက်ကို လုပ်ကွက် လုံခြုံရေး ရဲတွေကို ငါးတစ်ပေးမယ် ( အဆိုပါကျောက်စိမ်းတုံးရောင်းချရလျှင် ရောင်းရငွေရဲ့ ငါးပုံ တပုံ ပေးရ) ဆိုပြီး ညှိသယ်ခဲ့ရတာ ။ ကျောက်အပြင်ရောက်တော့ ရဲတွေရဲ့ ငါးတစ်စုကို သိန်း ၇၀၀ ဈေးဖြတ်ပေးနေပြီ ။ ရဲတွေက သူတို့အစု သိန်း ၇၀၀ အစု ကို အကုန်လုံး မယူပဲ သိန်း သုံးရာ့ငါးဆယ်ပဲ ယူပြီး ကျန်တဝက်ကို အစုဆက်လိုက်လာတာ ။ အခုအဲဒီကျန်တဲ့ သိန်းရာ့ငါးဆယ်စုကို သိန်း ၇၀၀၀ တောင်ပေးနေပြီ ” လို့ ၎င်းက ဆက်ပြောပါတယ် ။

အဆိုပါကျောက်စိမ်းတုံးကြီးမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ ဗျူးဟာမှူးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး ။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက်ရှာဖွေသူများနဲ့ လုပ်ကွက်လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ ပတ်သက်မှုတွေဟာ မကြာခဏဆိုသလို တွေ့မြင်ကြားသိနေရတာလည်း ဖြစ်ပါတယ် ။

ကျောက်စိမ်းတုံးကြီးဟာ နိုင်ငံတော်ရဲ့ ခေါင်းပေါင်းကျင်းမြေစာ ကမ်းပါး ပြိုကျခဲ့တဲ့ နေရာက တွေ့ရှိခဲ့တာဖြစ်ပြီး နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးကြီး ဖြစ်တယ်လို့ ကုမ္မဏီဝန်ထမ်းတဦးက ပြောပါတယ် ။ အဆိုပါကျောက်စိမ်းတုံးကို ထိန်းသိမ်းစောင့်ရှောင့်ရန် ရဲတပ်ဖွဲ့ဝင်များမှာ တာဝန်လုံးလုံးရှိတယ်လို့လည်း အဆိုပါ ကုမ္မဏီ ဝန်ထမ်းကပဲ ဆက်လက်ပြောဆိုခဲ့ပါတယ် ။

လုပ်ကွက်အတွင်း အချိန်ပိုင်းရေမဆေး ဝင်ရောက်ရှာဖွေခွင့်ကို တရားဥပဒေအရ ခွင့်မပြုထားသော်လည်း နယ်မြေဒေသအခြေအနေအရ နားလည်မှုဖြင့် ခွင့်ပြုထားရခြင်းဖြစ်ပါတယ် ။ အဲဒီလို ခွင့်ပြုခဲ့တဲ့နောက်ပိုင်းမှာ ရေမဆေးသမားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ သိန်းပေါင်း သောင်းချီတန်တဲ့ ကျောက်စိမ်းတုံးပေါင်းများစွာကိုလည်း ရေမဆေးသမားမျာရဲ့ ဖော်ထုတ်မှုကြောင့် တွေ့မြင်ကြားသိခဲ့ရတာလည်းဖြစ်ပါတယ် ။

ဖိုးသူတော်(www.phothutaw.com)
Credit:ဇော်မိုးထက်(ဖားကန့်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top