အရက္သမားေတြရဲ႕ အလႉေငြေတြကိုစုၿပီး ေစတီတဆူကို ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွာ ဘုန္းေတာ္ႀကီးတပါးက တည္ေနပါတယ္။မႏၱေလးတိုင္းအစြန္ မေကြးတိုင္းနယ္စပ္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ထဲက ရြာတရြာမွာ အရက္စြဲေနသူေတြကို ဘုန္းႀကီးတပါးက အရက္ျဖတ္ေပးေနၿပီး အဲဒီအရက္သမားေတြ ဆီကေန ဘုရားတည္ဖို႔ အလႉခံခဲ့ပါတယ္။

အဲဒီဘုန္းေတာ္ႀကီးဟာ ေတာရတည္ေဆာက္ေနတာ ျဖစ္ၿပီး သစၥာအဓိ႒ာန္နဲ႔ အရက္၊ ထန္းရည္ စတာေတြကို ျဖတ္ေပးတာပါ။အရက္ျဖတ္ဖို႔လာတဲ့သူေတြဆီက အလႉခံခဲ့တဲ့ေငြ က်ပ္ သိန္းေပါင္း ၅၄၀ ေက်ာ္ရခဲ့ၿပီး တျခား အလႉရွင္ေတြရဲ႕ အလႉေငြ က်ပ္သိန္း ၆၃၀ ေက်ာ္နဲ႔ စုေပါင္း တည္ေနတာ ျဖစ္ပါတယ္။

ဆရာေတာ္ဆီ အရက္လာျဖတ္သူအမ်ားစုက အရက္ျပတ္႐ံုတင္မက စီးပြားေရးေတြပါ အဆင္ေျပလာတယ္လို႔ ဆိုၾကပါတယ္။ကၽြဲကန္ရြာက အရက္ျဖတ္ထားသူ ဦးေအးေဆြကေတာ့ ဆရာေတာ့္ဆီ ျဖတ္ၿပီးကတည္းက ဘာမွမခံစားရသလို ျပန္ေသာက္ခ်င္စိတ္လည္း မရွိဘူးလို႔ ေျပာပါတယ္။

ဆရာေတာ္က အရက္ျဖတ္လိုသူေတြကို ၂၀၀၅ ခုႏွစ္ကတည္းက ျဖတ္ေပးလာတာျဖစ္ၿပီး အခုခ်ိန္ထိ အရက္ျဖတ္ၿပီးသူေပါင္း ၂ ေသာင္းခြဲေက်ာ္ၿပီျဖစ္ပါတယ္။ အၿမဲတမ္းအတြက္ ျဖတ္ေပးသလို ႏွစ္အပိုင္းအျခားနဲ႔လည္း ျဖတ္ေပးေနတာပါ။ဆရာေတာ္ရဲ႕ေက်ာင္းကို ေရနံေခ်ာင္း ေက်ာက္ပန္းေတာင္းလမ္းေပၚက ေဂြးပင္ေက်းရြာကေန ဝင္ရၿပီး၊ ကၽြဲကန္ရြာအလြန္မွာ တည္ရွိပါတယ္၊

ဒီေစတီကို ျမတိဂံုေစတီလို႔ ဘြဲ႔ေပးထားၿပီး ဉာဏ္ေတာ္က ၇၂ ေပရွိပါတယ္၊ ေစတီရဲ႕ေဘးပတ္ပတ္လည္မွာ အရက္ပုလင္းေတြျမႇဳပ္ၿပီး ေစတီပံုေဖာ္ထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB

#Unicode Version#
အရက်သမားတွေရဲ့ အလှူငွေတွေကိုစုပြီး စေတီတဆူကို ကျောက်ပန်းတောင်းမြို့နယ်မှာ ဘုန်းတော်ကြီးတပါးက တည်နေပါတယ်။မန္တလေးတိုင်းအစွန် မကွေးတိုင်းနယ်စပ် ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာတရွာမှာ အရက်စွဲနေသူတွေကို ဘုန်းကြီးတပါးက အရက်ဖြတ်ပေးနေပြီး အဲဒီအရက်သမားတွေ ဆီကနေ ဘုရားတည်ဖို့ အလှူခံခဲ့ပါတယ်။

အဲဒီဘုန်းတော်ကြီးဟာ တောရတည်ဆောက်နေတာ ဖြစ်ပြီး သစ္စာအဓိဋ္ဌာန်နဲ့ အရက်၊ ထန်းရည် စတာတွေကို ဖြတ်ပေးတာပါ။အရက်ဖြတ်ဖို့လာတဲ့သူတွေဆီက အလှူခံခဲ့တဲ့ငွေ ကျပ် သိန်းပေါင်း ၅၄၀ ကျော်ရခဲ့ပြီး တခြား အလှူရှင်တွေရဲ့ အလှူငွေ ကျပ်သိန်း ၆၃၀ ကျော်နဲ့ စုပေါင်း တည်နေတာ ဖြစ်ပါတယ်။

ဆရာတော်ဆီ အရက်လာဖြတ်သူအများစုက အရက်ပြတ်ရုံတင်မက စီးပွားရေးတွေပါ အဆင်ပြေလာတယ်လို့ ဆိုကြပါတယ်။ကျွဲကန်ရွာက အရက်ဖြတ်ထားသူ ဦးအေးဆွေကတော့ ဆရာတော့်ဆီ ဖြတ်ပြီးကတည်းက ဘာမှမခံစားရသလို ပြန်သောက်ချင်စိတ်လည်း မရှိဘူးလို့ ပြောပါတယ်။

ဆရာတော်က အရက်ဖြတ်လိုသူတွေကို ၂၀၀၅ ခုနှစ်ကတည်းက ဖြတ်ပေးလာတာဖြစ်ပြီး အခုချိန်ထိ အရက်ဖြတ်ပြီးသူပေါင်း ၂ သောင်းခွဲကျော်ပြီဖြစ်ပါတယ်။ အမြဲတမ်းအတွက် ဖြတ်ပေးသလို နှစ်အပိုင်းအခြားနဲ့လည်း ဖြတ်ပေးနေတာပါ။ဆရာတော်ရဲ့ကျောင်းကို ရေနံချောင်း ကျောက်ပန်းတောင်းလမ်းပေါ်က ဂွေးပင်ကျေးရွာကနေ ဝင်ရပြီး၊ ကျွဲကန်ရွာအလွန်မှာ တည်ရှိပါတယ်၊

ဒီစေတီကို မြတိဂုံစေတီလို့ ဘွဲ့ပေးထားပြီး ဉာဏ်တော်က ၇၂ ပေရှိပါတယ်၊ စေတီရဲ့ဘေးပတ်ပတ်လည်မှာ အရက်ပုလင်းတွေမြှုပ်ပြီး စေတီပုံဖော်ထားပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top