ဘာသာေရးပြဲအားတားျမစ္ျခင္းမဟုတ္ ျပႆနာမျဖစ္ႏိုင္သည့္ ဘုန္းေတာ္ႀကီးမ်ားအား ခြင့္ျပဳမည္ဟု ထိုင္းအာဏာပိုင္မ်ားဆို

ထိုင္းႏိုင္ငံ ေတာင္ပိုင္း၊ဖူကတ္ၿမိဳ႕ စူပါခ်စ္ ၊ကုန္တိုက္၏ အလုပ္သမား တန္းလ်ား တြင္ ေမလ ၃ ရက္ေန႕ ၌က်င္းပျပဳလုပ္မည့္ မႏၱေလး၊ မစုုိးရိ္မ္တုုိက္သစ္ေက်ာင္းမွ ၊ ဝီရသူ၊ တရားပြဲကို ထိုင္းအာဏာပိုင္မ်ားက ခြင့္မျပဳေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး ဘာသာေရးပြဲအား တားျမစ္ျခင္း မဟုတ္ ဘဲ

ျပႆနာမျဖစ္ႏိုင္သည့္ ဘုန္းေတာ္ႀကီးမ်ားအား ခြင့္ျပဳမည္ဟု ထိုင္းအာဏာပိုင္မ်ားက ေျပာဆိုေၾကာင္း ထိုင္းႏိုင္ငံအေျခစိုက္ ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED)မွ အမႈေဆာင္ဒါရိုက္တာ ဦးထူးခ်စ္က The Ladies သို႕ ေမလ ၂ ရက္တြင္ေျပာသည္။

“ဒီမနက္ထိုင္းအာဏာပိုင္ေတြက ကၽြန္ေတာ္တို႕ကို ၀ီရသူနဲ႕ ပတ္သက္လို႕အေထာက္အထားေတြလွမ္းေမးေတာ့ ကၽြန္ေတာ္တို႕ကလည္း ဘာသာျခားဆန္႕က်င္ေရးတရားေတြ ေဟာတဲ့အေၾကာင္းလွမ္းေျပာျပထားတယ္။ အဲ့ဒါ သူတို႕ ဒီမနက္အစည္းအေ၀းေခၚၿပီးေတာ့ ပြဲက်င္းပေရးေကာ္မတီကို အေၾကာင္းၾကား ထားတယ္ မလုပ္ဖုိ႕ေတာ့ တားျမစ္ထားတယ္။

သူတို႕က ရွင္းရွင္းလင္းလင္းသိေစခ်င္တာ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြၾကားထဲမွာ နားလည္မႈရွင္းရွင္း လင္းလင္းျဖစ္ေစ ခ်င္တယ္ ။ဘာသာေရးပြဲေတြလုပ္တာကို တားတာမဟုတ္ဘူး ။ ဒီဘုန္းႀကီးေၾကာင့္ျပႆနာျဖစ္လာမွာစိုးလို႕တားေပးတာ။တျခားအစြန္းအထင္းမရွိႏိုင္တဲ့ တျခားဘုန္းေတာ္ႀကီးဆိုရင္ ေျပာပါတဲ့ သူတို႕ခြင့္ျပဳတဲ့အေၾကာင္း ကၽြန္ေတာ္တို႕ကို အေၾကာင္းၾကား ပါတယ္”ဟု ဦးထူးခ်စ္ကေျပာသည္။

ဘာသာေရးအၾကမ္းဖက္မႈမ်ားျဖစ္ေစရန္ ၊မူဆလင္ဆန္႕က်င္ေရးကို အစဥ္တစိုက္ေဟာေနသည့္ ဘုန္းႀကီးတစ္ပါးအေနျဖင့္ ဖူးကတ္ကဲ့သို႕ ထိုင္းမူဆလင္မ်ား အမ်ားဆုံးေနသည့္ ေဒသတြင္ တရားေဟာမည္ဆိုပါက ဖူကတ္ရွိ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား မ်ားအတြက္ စိုးရိမ္မိေၾကာင္းလည္း ဦးထူးခ်စ္ကဆိုသည္။

“အလုပ္သမားေတြၾကားထဲမွာလည္း သေဘာထားကြဲလြဲ မႈေတြရွိတယ္။ ဖူကတ္က မူဆလင္အမ်ားဆုံးရွိတာ ထိုင္းမူဆလင္ေတြကို က်န္တဲ့သူေတြက ေျပာျပလို႕ နားစြန္ နားဖ်ားၾကားၿပီးေတာ့ ဟိုဘက္ဒီဘက္ အၾကမ္းဖက္မႈေတြျဖစ္မွာ လည္း ကၽြန္ေတာ္တို႕က စိုးရိမ္တယ္”ဟု ဦးထူးခ်စ္ကေျပာသည္။

ထိုင္းအာဏာပိုင္မ်ားက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား အေနျဖင့္ တရားပြဲက်င္းပခ်င္ပါက ျပႆနာမျဖစ္ႏိုင္သည့္ ဗုဒၶဘာသာ ရဟန္းေတာ္မ်ားကို ပင့္ဖိတ္၍ရေၾကာင္းႏွင့္ ထိုင္းအစိုးရအေနျဖင့္ ဘာသာေရးပြဲမ်ား မလုပ္ရန္တားျမစ္ေနျခင္း မဟုတ္ေၾကာင္း၊

ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံမွ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ေနထိုင္ရန္လိုအပ္ေၾကာင္းႏွင့္ ဘာသာေရးပြဲမ်ား ျပဳလုပ္လိုပါက ေဒသခံအာဏာပိုင္မ်ားႏွင့္ စနစ္တက် ညွိႏိႈင္းေဆာင္ရြက္ရန္ လိုအပ္မည္ဟု ေျပာၾကားခဲ့ေၾကာင္းလည္း ဦးထူးခ်စ္က ဆက္လက္ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Ladies News

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘာသာရေးပွဲအားတားမြစ်ခြင်းမဟုတ် ပြဿနာမဖြစ်နိုင်သည့် ဘုန်းတော်ကြီးများအား ခွင့်ပြုမည်ဟု ထိုင်းအာဏာပိုင်များဆို

ထိုင်းနိုင်ငံ တောင်ပိုင်း၊ဖူကတ်မြို့ စူပါချစ် ၊ကုန်တိုက်၏ အလုပ်သမား တန်းလျား တွင် မေလ ၃ ရက်နေ့ ၌ကျင်းပပြုလုပ်မည့် မန္တလေး၊ မစိုးရိမ်တိုက်သစ်ကျောင်းမှ ၊ ဝီရသူ၊ တရားပွဲကို ထိုင်းအာဏာပိုင်များက ခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ဘာသာရေးပွဲအား တားမြစ်ခြင်း မဟုတ် ဘဲ

ပြဿနာမဖြစ်နိုင်သည့် ဘုန်းတော်ကြီးများအား ခွင့်ပြုမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က The Ladies သို့ မေလ ၂ ရက်တွင်ပြောသည်။

“ဒီမနက်ထိုင်းအာဏာပိုင်တွေက ကျွန်တော်တို့ကို ဝီရသူနဲ့ ပတ်သက်လို့အထောက်အထားတွေလှမ်းမေးတော့ ကျွန်တော်တို့ကလည်း ဘာသာခြားဆန့်ကျင်ရေးတရားတွေ ဟောတဲ့အကြောင်းလှမ်းပြောပြထားတယ်။ အဲ့ဒါ သူတို့ ဒီမနက်အစည်းအဝေးခေါ်ပြီးတော့ ပွဲကျင်းပရေးကော်မတီကို အကြောင်းကြား ထားတယ် မလုပ်ဖို့တော့ တားမြစ်ထားတယ်။

သူတို့က ရှင်းရှင်းလင်းလင်းသိစေချင်တာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားထဲမှာ နားလည်မှုရှင်းရှင်း လင်းလင်းဖြစ်စေ ချင်တယ် ။ဘာသာရေးပွဲတွေလုပ်တာကို တားတာမဟုတ်ဘူး ။ ဒီဘုန်းကြီးကြောင့်ပြဿနာဖြစ်လာမှာစိုးလို့တားပေးတာ။တခြားအစွန်းအထင်းမရှိနိုင်တဲ့ တခြားဘုန်းတော်ကြီးဆိုရင် ပြောပါတဲ့ သူတို့ခွင့်ပြုတဲ့အကြောင်း ကျွန်တော်တို့ကို အကြောင်းကြား ပါတယ်”ဟု ဦးထူးချစ်ကပြောသည်။

ဘာသာရေးအကြမ်းဖက်မှုများဖြစ်စေရန် ၊မူဆလင်ဆန့်ကျင်ရေးကို အစဉ်တစိုက်ဟောနေသည့် ဘုန်းကြီးတစ်ပါးအနေဖြင့် ဖူးကတ်ကဲ့သို့ ထိုင်းမူဆလင်များ အများဆုံးနေသည့် ဒေသတွင် တရားဟောမည်ဆိုပါက ဖူကတ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များအတွက် စိုးရိမ်မိကြောင်းလည်း ဦးထူးချစ်ကဆိုသည်။

“အလုပ်သမားတွေကြားထဲမှာလည်း သဘောထားကွဲလွဲ မှုတွေရှိတယ်။ ဖူကတ်က မူဆလင်အများဆုံးရှိတာ ထိုင်းမူဆလင်တွေကို ကျန်တဲ့သူတွေက ပြောပြလို့ နားစွန် နားဖျားကြားပြီးတော့ ဟိုဘက်ဒီဘက် အကြမ်းဖက်မှုတွေဖြစ်မှာ လည်း ကျွန်တော်တို့က စိုးရိမ်တယ်”ဟု ဦးထူးချစ်ကပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် တရားပွဲကျင်းပချင်ပါက ပြဿနာမဖြစ်နိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော်များကို ပင့်ဖိတ်၍ရကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့် ဘာသာရေးပွဲများ မလုပ်ရန်တားမြစ်နေခြင်း မဟုတ်ကြောင်း၊

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ရန်လိုအပ်ကြောင်းနှင့် ဘာသာရေးပွဲများ ပြုလုပ်လိုပါက ဒေသခံအာဏာပိုင်များနှင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဟု ပြောကြားခဲ့ကြောင်းလည်း ဦးထူးချစ်က ဆက်လက်ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Ladies News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top