အင္ဒိုနီးရွား ဆူမားၾတားကြၽန္းေပၚမွာ မီးေတာင္ေပါက္ကြဲ
အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းေပၚက ဆီနာေဘာင္ မီးေတာင္ဟာ ယေန႔ ေမလ ၇ ရက္မွာ ေပါက္ကြဲခဲ့ၿပီး မီးေတာင္ျပာေတြနဲ႔ မီးခိုးေတြ ေလထုထဲ အျမင့္ေပ မီတာ ၂,၀၀၀ ( ေပ ၆,၅၀၀) အထိ မႈတ္ထုတ္ေနခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ ဆီနာေဘာင္ မီးေတာင္ဟာ ၿပီးခဲ့တဲ့ ၂၀၁၆ တုန္းကလည္း တစ္ခါ ေပါက္ကြဲခဲ့ၿပီး လူေသဆုံးမႈေတြ ရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက အဆိုပါ မီးေတာင္ လႈပ္ရွားမႈေတြ ရွိခဲ့ၿပီး ယခုအခါ ေပါက္ကြဲကာ မီးေတာင္ျပာေတြ ပန္းထုတ္ေနခဲ့တာျဖစ္ပါတယ္။
ယခု တစ္ႀကိမ္ မီးေတာင္ေပါက္ကြဲမႈဟာ ေလေၾကာင္းခရီးစဥ္ေတြအေပၚ ထိခိုက္ႏိုင္ေျခ ရွိေသာ္ျငား ယခုအခ်ိန္ထိေတာ့ ယင္း ဧရိယာတစ္ဝိုက္ ေလယာဥ္ေတြ ေရွာင္ဖို႔ တရားဝင္ ထုတ္ျပန္ခ်က္ မထုတ္ရေသးဘူးလို႔ အင္ဒို သဘာဝေဘး ေအဂ်င္စီ တာဝန္ရွိသူေတြက ေျပာပါတယ္။
ယင္း မီးေတာင္ဝအနီး ျမစ္ေၾကာင္းေတြ တစ္ေလွ်ာက္ ေနထိုင္တဲ့ ေဒသခံေတြကိုေတာ့ ေခ်ာရည္ေတြ စီးက်လာႏိုင္တဲ့ အႏၲရာယ္နဲ႔ပတ္သက္လို႔ သတိေပးခ်က္ထုတ္ထားေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က ဆီနာဘောင် မီးတောင်ဟာ ယနေ့ မေလ ၇ ရက်မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေနဲ့ မီးခိုးတွေ လေထုထဲ အမြင့်ပေ မီတာ ၂,၀၀၀ ( ပေ ၆,၅၀၀) အထိ မှုတ်ထုတ်နေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆီနာဘောင် မီးတောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကလည်း တစ်ခါ ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပါ မီးတောင် လှုပ်ရှားမှုတွေ ရှိခဲ့ပြီး ယခုအခါ ပေါက်ကွဲကာ မီးတောင်ပြာတွေ ပန်းထုတ်နေခဲ့တာဖြစ်ပါတယ်။
ယခု တစ်ကြိမ် မီးတောင်ပေါက်ကွဲမှုဟာ လေကြောင်းခရီးစဉ်တွေအပေါ် ထိခိုက်နိုင်ခြေ ရှိသော်ငြား ယခုအချိန်ထိတော့ ယင်း ဧရိယာတစ်ဝိုက် လေယာဉ်တွေ ရှောင်ဖို့ တရားဝင် ထုတ်ပြန်ချက် မထုတ်ရသေးဘူးလို့ အင်ဒို သဘာဝဘေး အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်း မီးတောင်ဝအနီး မြစ်ကြောင်းတွေ တစ်လျှောက် နေထိုင်တဲ့ ဒေသခံတွေကိုတော့ ချောရည်တွေ စီးကျလာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ သတိပေးချက်ထုတ်ထားကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese