ကျွန်​မချစ်​တဲ့​ယောက်ျား













Credit:thutasone

#Unicode Version# ဖြင့်ဖတ်ပါ ။

ကျွန်မချစ်တဲ့ယောကျ်ား

ကျွန်မအပေါ်အနိုင်မယူဘဲ နားလည်မှုပေးနိုင်ရမယ်

ကျွန်မအမှားလုပ်မိတဲ့အခါ မဆူမငေါက်ပဲ ကျွန်မနားလည်အောင် ရှင်းပြပေးနိုင်ရမယ်

ကျွန်မစိတ်ဆိုးလို့အော်မိတဲ့အခါ ကျွန်မကိုပြန်မအော်ပဲ ကျွန်မစိတ်ဆိုးပြေအောင် ဖြေရှင်းပေးတတ်ရမယ်

ကျွန်မသဝန်တိုလို့ ရစ်သလိုဖြစ်သွားတဲ့အခါ ကျွန်မဘာကိုဆိုလိုချင်သလဲဆိုတာ သဘောပေါက်တတ်ရမယ်

ကျွန်မဖြစ်ချင်တာလုပ်ချင်တာတွေပြောပြတဲ့အခါ ဒါမလုပ်ရဘူးဟိုဟာမလုပ်ရဘူးလို့မချုပ်ချယ်ဘဲ အကောင်းနဲ့အဆိုးကိုခွဲခြားပြတတ်ရမယ်

ကျွန်မအပြစ်တချို့ကိုလက်ငြိုးထိုးပြီးအပြစ်မပြောပဲ နောက်အမှားကျွန်မမလုပ်မိအောင် တည်တည်ငြိမ်ငြိမ်နဲ့ဆုံးမပေးတတ်ရမယ်

ကျွန်မဝမ်းနည်းလို့ငိုနေတဲ့အခါ ကျွန်မခံစားချက်ကိုနားလည်ပြီး နွေးထွေးစွာနှစ်သိမ့်ပေးနိုင်ရမယ်

ကျွန်မရဲ့အားနည်းချက်တချို့ရှိတဲ့အခါ လျစ်လျူမရှုပဲ ကျွန်မအားနည်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ရမယ်

ကျွန်မနဲ့စကားများရန်ဖြစ်ပြီးတဲ့အခါ ကျွန်မကိုပြန်ချော့ဖို့ဝန်မလေးတဲ့သူဖြစ်ရမယ်

ကျွန်မစိတ်ထဲသံသယဝင်နေတဲ့အခါ ထင်ချင်သလိုထင်ဆိုပြီးပြစ်မထားဘဲ စိတ်ရှည်ရှည်နဲ့ရှင်းပြပေးနိုင်ရမယ်

ကျွန်မအရမ်းချစ်တတ်သလို အရမ်းသဝန်တိုတတ်တယ်

အဲ့အတွတ် ကျွန်မမကြိုက်တာလေးတွေကို သူ့ဘက်ကဆင်ဆင်ခြင်နေပေးနိုင်ရမယ်

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top