


Credit: dvb

#Unicode Version# ဖြင့်ဖတ်ပါ ။

ကျောက်ကုန်းမြို့နယ်မှာ အမြင့်ပေ ၃၀ လောက်ရှိ သစ်ပင်ပေါ် သစ်ကိုင်းတက်ခုတ်တဲ့ သစ်ပင်ခုတ်သူ သတိလစ်သွားလို့ မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ကျန်စစ်သား ၁ လမ်းမှာ အမြင့်ပေ ၃၀ လောက်ရှိရှိ မလေးရှားပိတောက်ပင်အား သစ်ကိုင်း တက်ခုတ်သူ ကိုမြင့်အေးဟာ သစ်ပင်ပေါ် သတိလစ်ခဲ့တာဖြစ်ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်တွေက သက်စွန့်ကြိုးပမ်း ကယ်တင်နိုင်ခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။

“အခုအခါ လူနာမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ ရှာဖွေကယ်ဆယ် အမှန်တကယ်ဆောင်ရွက်ခဲ့တဲ့ မြို့နယ် မီးတပ်ဖွဲ့ဝင်တွေအား အထူးကျေးဇူးတင်ရှိပါတယ်” လို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top