မၾကာခင္႐ုံတင္ေတာ့ “အနႏၲ” ျမန္မာသိပၸံ ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နန္းဆုဦးက ဒီကားကို ကိုယ္တိုင္ စိတ္အားထက္သန္ၿပီး ႐ိုက္ခ်င္လို႔ကို ေ႐ြးခ်ယ္ၿပီး႐ိုက္ျဖစ္ခဲ့တဲ့ ဇာတ္ကားလို႔ ဆိုပါတယ္။

“နန္းဆုကားေတြ ႐ုံတင္ဖို႔ က်န္တာေတြ ရွိတယ္။ ဇြန္ ၄ ရက္ေန႔ အနႏၲ တင္မယ္။ အဲ့ကားေလး ႐ိုက္ကူးထားတာ ၄ ႏွစ္ေလာက္ ရွိၿပီ။ ေတာ္ေတာ္လည္း ၾကာေနၿပီေပါ့။ နန္းဆုတို႔ ကိုယ္တိုင္ ေစာင့္ေနရသလို ပရိသတ္ေတြကလည္း ေစာင့္ေနရတဲ့ ကားေလးေပါ့။ JCGV ေရာ မဂၤလာေရာမွာ ႐ုံတင္ခြင့္ရတယ္ ၾကားတယ္။ အရမ္းလည္း ဝမ္းသာပါတယ္”

“နန္းဆု ဒီကား႐ိုက္တာ ဒီေလာကထဲ ဝင္ခါစလို႔ေတာင္ ေျပာလို႔ရတယ္။ လာကမ္းလွမ္းတဲ့ ႐ုပ္ရွင္ကားႀကီးက သိပၸံကား ျဖစ္ေနတယ္။ နန္းဆုအတြက္လည္း အရမ္းထူးဆန္းသြားတယ္။ နန္းဆုလည္း ငယ္ေသးေတာ့ အရမ္းလည္း စိတ္ဝင္စားတယ္။ ကိုယ္တိုင္လည္း ပါခ်င္ခဲ့တယ္။ ကိုယ္တိုင္ စိတ္အားထက္သန္ၿပီး ႐ိုက္ခ်င္လို႔ကို ေ႐ြးခ်ယ္ၿပီး႐ိုက္ျဖစ္ခဲ့တဲ့ ကားေလးေပါ့။ အခု ႐ုံတင္ေတာ့မယ္ဆိုေတာ့လည္း ရင္ခုန္ရပါတယ္။ နန္းဆုတို႔ အေကာင္းဆုံးႀကိဳးစားခဲ့ၾကတယ္။ ထြက္လာလို႔ ၁၀၀ ရာခိုင္ႏႈန္း မျဖစ္ဘူးဆိုရင္လည္း နားလည္ေပးဖို႔ ေျပာခ်င္ပါတယ္”လို႔ နန္းဆုဦးက ေျပာပါတယ္။

ဇာတ္ကားထဲမွာ ေထြေထြထူးထူး Special Effect မိတ္ကပ္ေတြ လုပ္ရတာမ်ိဳး မရွိဘူးဆိုတဲ့ နန္းဆုဦးက အက်ႌ Costume ပိုင္းေတြေတာ့ စိတ္ပူတယ္လို႔ ဆိုပါတယ္။

“အနႏၲကားထဲက ဇာတ္ေကာင္အတြက္ ေထြေထြထူးထူး Special Effect မိတ္ကပ္ေတြ လုပ္ရတာမ်ိဳး မရွိဘူး။ အဓိက နန္းဆု စိတ္ပူတာ တခုပါပဲ။ အက်ႌ Costume ပိုင္းေတြ အခုခ်ိန္ အရမ္း ေခတ္မီလာတဲ့အခ်ိန္မွာ အဲ့ဒါေလး ထြက္လာရင္ ပရိသတ္ေတြ အျမင္ ဘယ္လိုရွိမလဲ။ ႀကိဳက္မလားေပါ့။ ဒါကို စိတ္ပူတယ္။ အိုက္တင္ပိုင္းေတာ့ စိတ္မပူဘူး”



“ဒီကားက တကားလုံးနည္းပါး Green Screen နဲ႔ ႐ိုက္ခဲ့ရတာေပါ့။ နန္းဆုတို႔ကေတာ့ အေကာင္းဆုံးႀကိဳးစားခဲ့တယ္။ အဲ့ ရလဒ္ေတာ့ ရင္ခုန္တယ္။ ပရိသတ္ေတြကလည္း အႀကိဳက္ မတူၾကဘူး။ ဒီကားကလည္း ပထမဆုံး သိပၸံကားဆိုေတာ့ ပရိသတ္ေတြလည္း စိတ္ဝင္စားၾကမွာပါ”လို႔ နန္းဆုဦးက ဆိုပါတယ္။

“အနႏၲ” ျမန္မာသိပၸံဇာတ္ကားကို ဒါ႐ိုက္တာ ညိဳမင္းလြင္က ႐ိုက္ကူးထားတာ ျဖစ္ၿပီး ဒီဇာတ္ကားကလည္း ႐ုပ္ရွင္ မ႐ိုက္ကူးခင္ကတည္းက ပရိသတ္မ်ားၾကား စိတ္ဝင္စားမႈ ျမင့္တက္ခဲ့တဲ့ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

မကြာခင်ရုံတင်တော့ “အနန္တ” မြန်မာသိပ္ပံ ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဆုဦးက ဒီကားကို ကိုယ်တိုင် စိတ်အားထက်သန်ပြီး ရိုက်ချင်လို့ကို ရွေးချယ်ပြီးရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ဆိုပါတယ်။

“နန်းဆုကားတွေ ရုံတင်ဖို့ ကျန်တာတွေ ရှိတယ်။ ဇွန် ၄ ရက်နေ့ အနန္တ တင်မယ်။ အဲ့ကားလေး ရိုက်ကူးထားတာ ၄ နှစ်လောက် ရှိပြီ။ တော်တော်လည်း ကြာနေပြီပေါ့။ နန်းဆုတို့ ကိုယ်တိုင် စောင့်နေရသလို ပရိသတ်တွေကလည်း စောင့်နေရတဲ့ ကားလေးပေါ့။ JCGV ရော မင်္ဂလာရောမှာ ရုံတင်ခွင့်ရတယ် ကြားတယ်။ အရမ်းလည်း ဝမ်းသာပါတယ်”

“နန်းဆု ဒီကားရိုက်တာ ဒီလောကထဲ ဝင်ခါစလို့တောင် ပြောလို့ရတယ်။ လာကမ်းလှမ်းတဲ့ ရုပ်ရှင်ကားကြီးက သိပ္ပံကား ဖြစ်နေတယ်။ နန်းဆုအတွက်လည်း အရမ်းထူးဆန်းသွားတယ်။ နန်းဆုလည်း ငယ်သေးတော့ အရမ်းလည်း စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း ပါချင်ခဲ့တယ်။ ကိုယ်တိုင် စိတ်အားထက်သန်ပြီး ရိုက်ချင်လို့ကို ရွေးချယ်ပြီးရိုက်ဖြစ်ခဲ့တဲ့ ကားလေးပေါ့။ အခု ရုံတင်တော့မယ်ဆိုတော့လည်း ရင်ခုန်ရပါတယ်။ နန်းဆုတို့ အကောင်းဆုံးကြိုးစားခဲ့ကြတယ်။ ထွက်လာလို့ ၁၀၀ ရာခိုင်နှုန်း မဖြစ်ဘူးဆိုရင်လည်း နားလည်ပေးဖို့ ပြောချင်ပါတယ်”လို့ နန်းဆုဦးက ပြောပါတယ်။

ဇာတ်ကားထဲမှာ ထွေထွေထူးထူး Special Effect မိတ်ကပ်တွေ လုပ်ရတာမျိုး မရှိဘူးဆိုတဲ့ နန်းဆုဦးက အင်္ကျီ Costume ပိုင်းတွေတော့ စိတ်ပူတယ်လို့ ဆိုပါတယ်။

“အနန္တကားထဲက ဇာတ်ကောင်အတွက် ထွေထွေထူးထူး Special Effect မိတ်ကပ်တွေ လုပ်ရတာမျိုး မရှိဘူး။ အဓိက နန်းဆု စိတ်ပူတာ တခုပါပဲ။ အင်္ကျီ Costume ပိုင်းတွေ အခုချိန် အရမ်း ခေတ်မီလာတဲ့အချိန်မှာ အဲ့ဒါလေး ထွက်လာရင် ပရိသတ်တွေ အမြင် ဘယ်လိုရှိမလဲ။ ကြိုက်မလားပေါ့။ ဒါကို စိတ်ပူတယ်။ အိုက်တင်ပိုင်းတော့ စိတ်မပူဘူး”

“ဒီကားက တကားလုံးနည်းပါး Green Screen နဲ့ ရိုက်ခဲ့ရတာပေါ့။ နန်းဆုတို့ကတော့ အကောင်းဆုံးကြိုးစားခဲ့တယ်။ အဲ့ ရလဒ်တော့ ရင်ခုန်တယ်။ ပရိသတ်တွေကလည်း အကြိုက် မတူကြဘူး။ ဒီကားကလည်း ပထမဆုံး သိပ္ပံကားဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမှာပါ”လို့ နန်းဆုဦးက ဆိုပါတယ်။

“အနန္တ” မြန်မာသိပ္ပံဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတာ ဖြစ်ပြီး ဒီဇာတ်ကားကလည်း ရုပ်ရှင် မရိုက်ကူးခင်ကတည်းက ပရိသတ်များကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top