အဆိုေတာ္ အစၥဏီကေတာ့ အခ်ဳပ္ထဲမွာ တရားရင္ဆိုင္ေနရတာဟာ အခုခ်ိန္မွာဆိုရင္ ၁ ႏွစ္ေက်ာ္ကာလ အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး မိခင္ျဖစ္သူဟာ သားရဲ႕ ႐ုံးခ်ိန္းထဲကို မပ်က္မကြက္ အၿမဲတမ္း လာေရာက္ခဲ့ပါတယ္။

မၾကာခင္ရက္ပိုင္းက တရားလိုျဖစ္သူဘက္မွ အမႈကို ေက်ေအးေပးဖို႔အတြက္ သတင္းစကားမ်ား ထြက္ေပၚခဲ့ေပမယ့္ အေျခအေနတခုေၾကာင့္ ေက်ေအးေပးဖို႔ အစီအစဥ္ မရွိေတာ့တဲ့အခ်ိန္မွာေတာ့ မိခင္ျဖစ္သူက သားျဖစ္သူ ရင္ခြင္ထဲ ျပန္လာမယ့္ အခ်ိန္ကိုသာ ေမွ်ာ္လင့္ေနမယ္လို႔ ေျပာပါတယ္။

“အန္တီ့မွာ ခ်စ္ျခင္း၊ မုန္းျခင္း မရွိဘူး။ အခု အန္တီ့သား ခံေနရတာဟာ အတိတ္က ဝဋ္ေႂကြးေၾကာင့္ ခံေနရတာလို႔ ယူဆတယ္။ အခ်ိန္တန္ အဆင္ေျပသြားမယ္။ အန္တီ့ ရင္ခြင္ထဲ ျပန္ေရာက္လာမယ္။ အဲဒီရက္ကို အန္တီ ေမွ်ာ္ေနတယ္။ သူ႔မွာလည္း အဘိုးေတြ၊ အဘြားေတြ အသက္ ၈၀ ေက်ာ္ေတြ ရွိတယ္။ သူတို႔လည္း ေမွ်ာ္ေနတယ္” လို႔ အစၥဏီရဲ႕ မိခင္ျဖစ္သူက ေျပာပါတယ္။

တရားလိုျဖစ္သူ ေမာ္ဒယ္ စူးရွထက္က စာေရးဆရာမတဦးမွ သူမရဲ႕ေရွ႕ေနျဖစ္သူထံ လာေရာက္ ညႇိႏႈိင္းမႈ ျပဳလုပ္ခဲ့ တာေၾကာင့္ ေက်ေအးေပးဖို႔အတြက္ အစီအစဥ္ရွိခဲ့ေပမယ့္ အစၥဏီရဲ႕ေျပာေရးဆိုခြင့္ရွိသူ တဦးျဖစ္တဲ့ ကိုေက်ာ္စြာရဲ႕ မီဒီယာမ်ားအေပၚ ေျဖတဲ့အေျဖမ်ားကို မေက်နပ္တာေၾကာင့္ ေက်ေအးရန္အတြက္ မျဖစ္ႏိုင္ေတာ့ဘဲ အမႈကိုဆက္သြားမွာ ျဖစ္တယ္လို႔ ေမလ ၂၀ ရက္ေန႔ ႐ုံးခ်ိန္းမွာ ေျပာသြားခဲ့ပါတယ္။



အမႈျဖစ္ပြားတာ ၁ ႏွစ္ေက်ာ္ကာလ ရွိၿပီျဖစ္ေသာ္လည္း ႐ုံးေျပာင္းေ႐ြ႕ စစ္ေဆးရန္ တရားလိုဘက္မွ ေတာင္းဆိုတဲ့ ကိစၥမ်ားေၾကာင့္ အမႈစစ္ေဆးရာမွာ ၾကာျမင့္ေနခဲ့ၿပီး အခုအခါမွာဆိုရင္လည္း အဆိုပါ အမႈတြဲကို ေနျပည္ေတာ္ထိ တက္ဖို႔အတြက္ စာတင္ထားတယ္လို႔ သိရပါတယ္။

အဆိုေတာ္ အစၥဏီကိုေတာ့ တရားလိုျဖစ္သူ ေမာ္ဒယ္ စူးရွထက္မွ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ဧၿပီလအတြင္းက မုဒိမ္းမႈ အပါအဝင္ ပုဒ္မ ၃ခုတို႔ျဖင့္ တရားစြဲဆိုထားတာျဖစ္ၿပီး အခုဆိုရင္ေတာ့ အမႈျဖစ္ပြားခဲ့တာ ၁ ႏွစ္ေက်ာ္ကာလ ရွိခဲ့ၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

အဆိုတော် အစ္စဏီကတော့ အချုပ်ထဲမှာ တရားရင်ဆိုင်နေရတာဟာ အခုချိန်မှာဆိုရင် ၁ နှစ်ကျော်ကာလ အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး မိခင်ဖြစ်သူဟာ သားရဲ့ ရုံးချိန်းထဲကို မပျက်မကွက် အမြဲတမ်း လာရောက်ခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းက တရားလိုဖြစ်သူဘက်မှ အမှုကို ကျေအေးပေးဖို့အတွက် သတင်းစကားများ ထွက်ပေါ်ခဲ့ပေမယ့် အခြေအနေတခုကြောင့် ကျေအေးပေးဖို့ အစီအစဉ် မရှိတော့တဲ့အချိန်မှာတော့ မိခင်ဖြစ်သူက သားဖြစ်သူ ရင်ခွင်ထဲ ပြန်လာမယ့် အချိန်ကိုသာ မျှော်လင့်နေမယ်လို့ ပြောပါတယ်။

“အန်တီ့မှာ ချစ်ခြင်း၊ မုန်းခြင်း မရှိဘူး။ အခု အန်တီ့သား ခံနေရတာဟာ အတိတ်က ဝဋ်ကြွေးကြောင့် ခံနေရတာလို့ ယူဆတယ်။ အချိန်တန် အဆင်ပြေသွားမယ်။ အန်တီ့ ရင်ခွင်ထဲ ပြန်ရောက်လာမယ်။ အဲဒီရက်ကို အန်တီ မျှော်နေတယ်။ သူ့မှာလည်း အဘိုးတွေ၊ အဘွားတွေ အသက် ၈၀ ကျော်တွေ ရှိတယ်။ သူတို့လည်း မျှော်နေတယ်” လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က စာရေးဆရာမတဦးမှ သူမရဲ့ရှေ့နေဖြစ်သူထံ လာရောက် ညှိနှိုင်းမှု ပြုလုပ်ခဲ့ တာကြောင့် ကျေအေးပေးဖို့အတွက် အစီအစဉ်ရှိခဲ့ပေမယ့် အစ္စဏီရဲ့ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ကိုကျော်စွာရဲ့ မီဒီယာများအပေါ် ဖြေတဲ့အဖြေများကို မကျေနပ်တာကြောင့် ကျေအေးရန်အတွက် မဖြစ်နိုင်တော့ဘဲ အမှုကိုဆက်သွားမှာ ဖြစ်တယ်လို့ မေလ ၂၀ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။

အမှုဖြစ်ပွားတာ ၁ နှစ်ကျော်ကာလ ရှိပြီဖြစ်သော်လည်း ရုံးပြောင်းရွေ့ စစ်ဆေးရန် တရားလိုဘက်မှ တောင်းဆိုတဲ့ ကိစ္စများကြောင့် အမှုစစ်ဆေးရာမှာ ကြာမြင့်နေခဲ့ပြီး အခုအခါမှာဆိုရင်လည်း အဆိုပါ အမှုတွဲကို နေပြည်တော်ထိ တက်ဖို့အတွက် စာတင်ထားတယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကိုတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်မှ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ခုတို့ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး အခုဆိုရင်တော့ အမှုဖြစ်ပွားခဲ့တာ ၁ နှစ်ကျော်ကာလ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top