ခ်စ္ေပမယ့္.. မိန္းကေလးေတြ ဒီလို အခ်ိန္ေတြမွာ ရည္းစားနဲ႔ လမ္းခြဲ တတ္ပါတယ္…
( 1 ) အခ်ိန္မေပးႏိုင္ရင္…
ဟိုသြားမယ္ ဆိုလည္း မအားဘူး ။ ဒီသြားမယ္ ဆိုလည္း မလိုက္ဘူး ဆိုတာမ်ိဳးေတြပါ ။ ဂိမ္းေဆာ့စရာရွိလို႔ ဘယ္သူနဲ႔ခ်ိန္းထားေသးတယ္ ဒီည ဘယ္ေဘာလုံးပြဲလာမွာ ဆိုတာေတြေပါ့
ေဘာလုံးပြဲက ကိုယ့္ခ်စ္သူထက္အေရးႀကီးရင္ ေဘာလုံးသာ ဖက္ၿပီးအိပ္လိုက္ပါ ။
ပိုက္ဆံမေပးႏိုင္ရင္ မုန႔္ဟင္းခါးမစားပါနဲ႔ ။ အခ်ိန္မေပးႏိုင္ရင္ ရည္းစား မထားပါနဲ႔ ။ အလႉေတြမွာ စတုဒီသာ ေကြၽးရင္ မုန႔္ဟင္းခါးလည္း အလကား စားလို႔ရတယ္ဆိုတဲ့သူေတြကို တစ္ခုေလာက္ ေမးခ်င္ပါတယ္ ။
အခ်ိန္မေပးႏိုင္ဘဲ ရည္းစား ထားရင္ေကာ ရွင္တို႔လိုခ်င္တဲ့ မိန္းကေလးမ်ိဳးေကာ္ ရရဲ႕လားလို႔ ။
( 2 ) အထီးက်န္ လာရင္…
ကိုယ္မွာ ခ်စ္ရတဲ့ ခ်စ္သူ ရွိေနပါလ်က္နဲ႔ အထီးက်န္ေနတယ္ ဆိုတာ အဓိပၸါယ္ မရွိပါဘူး ။ တစ္ေယာက္တည္း ေနရတာ မ်ားလာတဲ့အခါ ေနသားက်သြားတတ္ၿပီး ရွိေနတဲ့ ခ်စ္သူကိုလည္း မလိုအပ္ေတာ့ဘူး လို႔ ထင္လာတယ္ ။
( 3 ) အသိအမွတ္ျပဳ မခံရရင္
အျပင္ေတြ ဘာေတြ သြားတဲ့အခါ လက္မကိုင္ျဖစ္တာ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ေတြ႕ရင္ ကိုယ့္ကို ခ်စ္သူတစ္ေယာက္အေနနဲ႔ မိတ္ဆက္ေပးတာ မခံရတာေတြဟာ ေဝးကြာျခင္းရဲ႕ အစပါပဲ ။
( 4 ) ခန႔္မွန္းရ လြယ္ေနရင္…
မိန္းကေလး ေတြဟာ သံသယ မ်ားတတ္တယ္ ဆိုတာ သိၿပီးသားျဖစ္ၾကမွာပါ ။ ေရွ႕ကို ႀကိဳျမင္ႏိုင္စြမ္းလည္းရွိပါတယ္ ။ ခန႔္မွန္းႏိုင္ၾကတယ္ေပါ့ ။ ကိုယ့္ခ်စ္သူ ဘယ္အကြက္ေ႐ႊ႕ေနတယ္ဆိုတာ မိန္းကေလးတိုင္းသိပါတယ္ ။
ငါ့ေကာင္မေလးက ငါဘာလုပ္လုပ္မသိပါဘူးလို႔ ထင္ေနတဲ့ ေယာက္်ားေလးေတြဟာ ငတုံးေတြခ်ည္းပါပဲ ။ မိန္းကေလးတိုင္းက သိပါတယ္ ။ မေျပာတာဘဲ ရွိတာပါ ။
( 5 ) တစ္ေယာက္တည္း ႐ုန္းကန္ရရင္
ခ်စ္သူေတြ ျဖစ္လာရင္ တူႏွစ္ကိုယ္ဘဝေတာ့ တည္ေထာင္ ခ်င္ၾကတာခ်ည္းပဲေလ ။ မိန္းကေလး ဘက္ကခ်ည္း ႐ုန္းကန္ေနရတဲ့အခါ အခ်စ္မခံရဘူး ထင္သြားႏိုင္ပါတယ္ ။ အဲ့ဒီမွာ ျပႆနာ စျဖစ္ေတာ့တာပါပဲ ။
( 6 ) လိမ္ညာမႈေတြ ရွိလာရင္…
သိပ္ ေထြေထြထူးထူး ေျပာစရာမရွိပါဘူး ။ ကိုယ့္ကို လိမ္ရင္ေရာ ႀကိဳက္လား ။ ဒါပါပဲ ။
( 7 ) ဂ႐ုမစိုက္ ႏိုင္ရင္…
တစ္ေန႔ကို ဖုန္းအခါ ငါးဆယ္ေလာက္ဆက္ မက္ေဆ့ေတြ ဗုန္းေပါ လေအာ ပို႔ေနမွ ဂ႐ုစိုက္တာ မဟုတ္ပါဘူး ။ တစ္ေန႔လုံးေနလို႔မွ စကားေလးတစ္ခြန္းမေျပာျဖစ္ရင္ေတာ့ ကိုယ့္အေျခအေန ကိုယ္ႀကိဳေတြးထားလိုက္ပါ ။
( 8 ) တစ္ကိုယ္ေကာင္း ဆန္တတ္ရင္
ရွိပါတယ္ အဲ့လိုေယာက္်ားမ်ိဳး။ စီးပြားတြက္ တြက္တဲ့ေနရာမွာ ေယာက္်ားေလးေတြလည္း ပါပါတယ္ ။ သူ႔ဘက္ပဲၾကည့္ေနတဲ့သူမ်ိဳးဆို မိန္းကေလးေတြက ႐ြံလာေရာ ။
( 9 ) ကိုယ့္ဘက္က ႀကိဳးစားေပမယ့္ ဘာမွ မထူးျခားရင္
ကိုယ္က ဒီေယာက္်ားကို ခ်စ္လို႔ လမ္းမခြဲျဖစ္ေအာင္ ႀကိဳးစားေနေပမယ့္ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး ဆိုတာ သိလာရင္ ျပတ္ဖို႔ ေသခ်ာပါၿပီ ။
( 10 ) ဘဝအတြက္ သိသာတဲ့ ေျပာင္းလဲမႈ ရွိလာရင္…
ဒါမ်ိဳးလည္း ရွိပါတယ္ ။ ကိုယ့္ဘဝအတြက္ အခြင့္အေရးေကာင္းေတြ အလုပ္အကိုင္ေကာင္းေတြက ေစာင့္ေနတယ္။ ကိုယ့္ခ်စ္သူကလည္း ဘာမွ မထူးျခားဘူး ( သုံးစားမရဘူးလို႔ ေျပာခ်င္တာပါ ။ ) ဆိုရင္ေတာ့ အဲ့ဒီ မိန္းကေလးဟာ ဘာကိုေ႐ြးသင့္သလဲ ဆိုတာကို ဦးေႏွာက္နဲ႔ ဆုံးျဖတ္ တတ္ပါတယ္ ။ ဒီေနရာမွာ ႏွလုံးသားကေတာ့ ရႈံးသြားတာေပါ့ ။
( 11 ) ေရရွည္မွာ မေကာင္းတာ ႀကိဳျမင္မိရင္
လူ႔အေၾကာင္း ေပါင္းၾကည့္မွသိပါတယ္ ။ အခ်ိန္ၾကာလာတာနဲ႔ ဒီေယာက္်ားဟာ ဘယ္လို ဆိုတာမ်ိဳး သိသြားရင္ ေဝးေဝးက ေရွာင္သြားပါတယ္ ။
( 12 ) အမူအက်င့္ ႐ိုင္းစိုင္းရင္…
စကား မ်ားတာနဲ႔ ဆဲဆို ေအာ္ဟစ္တာ လက္ပါတတ္တာမ်ိဳးေတြကို ဘယ္မိန္းကေလးမွ မႀကိဳက္ပါဘူး။ ရန္ျဖစ္တာနဲ႔ သင့္ေကာင္မေလးက သင့္ကို ပါးခ်ည္းလွိမ့္႐ိုက္ရင္ေကာ သင္ၿပဳံးၿပဳံးႀကီး ခံေနမလား ဆိုတာ စဥ္းစားပါ။
ေမြးကတည္းက ပါလာတဲ့ဦးေႏွာက္ႀကီးက ဘာလုပ္ဖို႔တုန္း ။ သုံးေပါ့ ႀကိဳက္သလို ။ မိန္းကေလးေတြ ဦးေႏွာက္သုံးတဲ့ အခ်ိန္က်ရင္ ေယာက္်ားေလးေတြ လိုက္မမီပါဘူး ။
အစတုန္းကေတာ့ ဒီမိန္းကေလးမွ မရရင္ ေသေတာ့ပါမယ္ ဆိုတဲ့ ႐ုပ္ေတြနဲ႔ ရလည္း ရၿပီးေရာ အခ်ိဳးေတြ ေျပာင္းကုန္တာကို ေယာက္်ားေလးေတြက သူတို႔ကိုယ္တိုင္ သတိမထားမိပါဘူး ။
အဲ့ဒါကို သတိထားမိတဲ့ မိန္းကေလးေတြက ေသခ်ာစဥ္းစား ဆုံးျဖတ္တဲ့ အခ်ိန္က်ေတာ့မွ သူတို႔ဘာေျပာလဲ သိလား ။
” မင္းတို႔မိန္းမေတြက သစၥာ မရွိဘူး ” တဲ့။…
သစၥာတရား ဆိုတာ ထိုက္တန္တဲ့သူ ဆီမွာပဲ ၿမဲပါတယ္ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #
( 1 ) အချိန်မပေးနိုင်ရင်…
ဟိုသွားမယ် ဆိုလည်း မအားဘူး ။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုးတွေပါ ။ ဂိမ်းဆော့စရာရှိလို့ ဘယ်သူနဲ့ချိန်းထားသေးတယ် ဒီည ဘယ်ဘောလုံးပွဲလာမှာ ဆိုတာတွေပေါ့
ဘောလုံးပွဲက ကိုယ့်ချစ်သူထက်အရေးကြီးရင် ဘောလုံးသာ ဖက်ပြီးအိပ်လိုက်ပါ ။
ပိုက်ဆံမပေးနိုင်ရင် မုန့်ဟင်းခါးမစားပါနဲ့ ။ အချိန်မပေးနိုင်ရင် ရည်းစား မထားပါနဲ့ ။ အလှူတွေမှာ စတုဒီသာ ကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ရတယ်ဆိုတဲ့သူတွေကို တစ်ခုလောက် မေးချင်ပါတယ် ။
အချိန်မပေးနိုင်ဘဲ ရည်းစား ထားရင်ကော ရှင်တို့လိုချင်တဲ့ မိန်းကလေးမျိုးကော် ရရဲ့လားလို့ ။
( 2 ) အထီးကျန် လာရင်…
ကိုယ်မှာ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး ။ တစ်ယောက်တည်း နေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူး လို့ ထင်လာတယ် ။
( 3 ) အသိအမှတ်ပြု မခံရရင်
အပြင်တွေ ဘာတွေ သွားတဲ့အခါ လက်မကိုင်ဖြစ်တာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးတာ မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစပါပဲ ။
( 4 ) ခန့်မှန်းရ လွယ်နေရင်…
မိန်းကလေး တွေဟာ သံသယ များတတ်တယ် ဆိုတာ သိပြီးသားဖြစ်ကြမှာပါ ။ ရှေ့ကို ကြိုမြင်နိုင်စွမ်းလည်းရှိပါတယ် ။ ခန့်မှန်းနိုင်ကြတယ်ပေါ့ ။ ကိုယ့်ချစ်သူ ဘယ်အကွက်ရွှေ့နေတယ်ဆိုတာ မိန်းကလေးတိုင်းသိပါတယ် ။
ငါ့ကောင်မလေးက ငါဘာလုပ်လုပ်မသိပါဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေချည်းပါပဲ ။ မိန်းကလေးတိုင်းက သိပါတယ် ။ မပြောတာဘဲ ရှိတာပါ ။
( 5 ) တစ်ယောက်တည်း ရုန်းကန်ရရင်
ချစ်သူတွေ ဖြစ်လာရင် တူနှစ်ကိုယ်ဘဝတော့ တည်ထောင် ချင်ကြတာချည်းပဲလေ ။ မိန်းကလေး ဘက်ကချည်း ရုန်းကန်နေရတဲ့အခါ အချစ်မခံရဘူး ထင်သွားနိုင်ပါတယ် ။ အဲ့ဒီမှာ ပြဿနာ စဖြစ်တော့တာပါပဲ ။
( 6 ) လိမ်ညာမှုတွေ ရှိလာရင်…
သိပ် ထွေထွေထူးထူး ပြောစရာမရှိပါဘူး ။ ကိုယ့်ကို လိမ်ရင်ရော ကြိုက်လား ။ ဒါပါပဲ ။
( 7 ) ဂရုမစိုက် နိုင်ရင်…
တစ်နေ့ကို ဖုန်းအခါ ငါးဆယ်လောက်ဆက် မက်ဆေ့တွေ ဗုန်းပေါ လအော ပို့နေမှ ဂရုစိုက်တာ မဟုတ်ပါဘူး ။ တစ်နေ့လုံးနေလို့မှ စကားလေးတစ်ခွန်းမပြောဖြစ်ရင်တော့ ကိုယ့်အခြေအနေ ကိုယ်ကြိုတွေးထားလိုက်ပါ ။
( 8 ) တစ်ကိုယ်ကောင်း ဆန်တတ်ရင်
ရှိပါတယ် အဲ့လိုယောက်ျားမျိုး။ စီးပွားတွက် တွက်တဲ့နေရာမှာ ယောက်ျားလေးတွေလည်း ပါပါတယ် ။ သူ့ဘက်ပဲကြည့်နေတဲ့သူမျိုးဆို မိန်းကလေးတွေက ရွံလာရော ။
( 9 ) ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှ မထူးခြားရင်
ကိုယ်က ဒီယောက်ျားကို ချစ်လို့ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုတာ သိလာရင် ပြတ်ဖို့ သေချာပါပြီ ။
( 10 ) ဘဝအတွက် သိသာတဲ့ ပြောင်းလဲမှု ရှိလာရင်…
ဒါမျိုးလည်း ရှိပါတယ် ။ ကိုယ့်ဘဝအတွက် အခွင့်အရေးကောင်းတွေ အလုပ်အကိုင်ကောင်းတွေက စောင့်နေတယ်။ ကိုယ့်ချစ်သူကလည်း ဘာမှ မထူးခြားဘူး ( သုံးစားမရဘူးလို့ ပြောချင်တာပါ ။ ) ဆိုရင်တော့ အဲ့ဒီ မိန်းကလေးဟာ ဘာကိုရွေးသင့်သလဲ ဆိုတာကို ဦးနှောက်နဲ့ ဆုံးဖြတ် တတ်ပါတယ် ။ ဒီနေရာမှာ နှလုံးသားကတော့ ရှုံးသွားတာပေါ့ ။
( 11 ) ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်
လူ့အကြောင်း ပေါင်းကြည့်မှသိပါတယ် ။ အချိန်ကြာလာတာနဲ့ ဒီယောက်ျားဟာ ဘယ်လို ဆိုတာမျိုး သိသွားရင် ဝေးဝေးက ရှောင်သွားပါတယ် ။
( 12 ) အမူအကျင့် ရိုင်းစိုင်းရင်…
စကား များတာနဲ့ ဆဲဆို အော်ဟစ်တာ လက်ပါတတ်တာမျိုးတွေကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။ ရန်ဖြစ်တာနဲ့ သင့်ကောင်မလေးက သင့်ကို ပါးချည်းလှိမ့်ရိုက်ရင်ကော သင်ပြုံးပြုံးကြီး ခံနေမလား ဆိုတာ စဉ်းစားပါ။
မွေးကတည်းက ပါလာတဲ့ဦးနှောက်ကြီးက ဘာလုပ်ဖို့တုန်း ။ သုံးပေါ့ ကြိုက်သလို ။ မိန်းကလေးတွေ ဦးနှောက်သုံးတဲ့ အချိန်ကျရင် ယောက်ျားလေးတွေ လိုက်မမီပါဘူး ။
အစတုန်းကတော့ ဒီမိန်းကလေးမှ မရရင် သေတော့ပါမယ် ဆိုတဲ့ ရုပ်တွေနဲ့ ရလည်း ရပြီးရော အချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိပါဘူး ။
အဲ့ဒါကို သတိထားမိတဲ့ မိန်းကလေးတွေက သေချာစဉ်းစား ဆုံးဖြတ်တဲ့ အချိန်ကျတော့မှ သူတို့ဘာပြောလဲ သိလား ။
” မင်းတို့မိန်းမတွေက သစ္စာ မရှိဘူး ” တဲ့။…
သစ္စာတရား ဆိုတာ ထိုက်တန်တဲ့သူ ဆီမှာပဲ မြဲပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa