အသည္းကြဲတယ္ဆိုတာ ႐ူးမတက္ခံစားရတဲ့ေဝဒနာတစ္ခုျဖစ္တယ္ဆိုတာ ခံစားဖူးတဲ့သူေတြပဲ သိၾကတာပါ။ ကိုယ့္ ႏွလံုးသားထဲမွာ တစ္စံုတစ္ရာ လစ္ဟာသြားသလိုလို တစ္စံုတစ္ခုက ကိုယ့္ႏွလံုးသားထဲ စိုက္ဝင္ေနသလို ခံစားရတဲ့ ခံစားခ်က္ပါပဲ။

ယေန႔ေခတ္မွာ စႏႈိက္ေက်ာ္ဇာတ္လမ္းေတြ၊ လူမႈေရး ေဖာက္ျပန္တဲ့သူေတြ၊ ကိုယ့္ခ်စ္သူအေပၚ သစၥာမဲ့တဲ့လုပ္ရပ္ေတြက နားနဲ႔မဆံ့ေအာင္ ၾကားေနရတာပဲျဖစ္ပါတယ္။ တကယ္လို႔ သင့္ခ်စ္သူက သင့္အေပၚ သစၥာပ်က္ျပားလာၿပီဆိုရင္ေတာ့ လမ္းခြဲလိုက္တာက အေကာင္းဆံုးပါပဲ။ လမ္းခြဲၿပီးသြားၿပီဆိုရင္ေရာ သင္ ဘာေတြဆက္လုပ္ရမလဲ။

သူငယ္ခ်င္းေတြနဲ႔ တေပ်ာ္တပါးႀကီးေလွ်ာက္လည္လိုက္ပါ

အခန္းထဲမွာ တစ္ေယာက္တည္း ႀကိတ္မွိတ္ၿပီး ငိုယိုေနမယ့္အစား သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ဆံုးလိုက္ပါ။ သူ မ႐ွိလည္း ေအးေဆးပဲ။ ေပ်ာ္ေပ်ာ္ပါးပါးပဲ ဆိုတဲ့ပံုစံနဲ႔ ေနျပလိုက္ပါ။ ကိုယ့္ရဲ႕ ေပ်ာ္ရႊင္ေနတဲ့ပံုစံကို ျပသျခင္းက အေကာင္းဆံုးလက္စားေခ်နည္းပဲျဖစ္ပါတယ္။

အရင္ကထက္ အလွပိုျပင္ပါ

အလွျပင္ဆိုင္သြားၿပီး အသားအေရထိန္းသိမ္းခ်င္တယ္ဆိုရင္လည္း သြားလိုက္ပါ။ ဒါမွမဟုတ္ ကိုယ့္ဘာသာ အိမ္မွာပဲ မ်က္ႏွာေပါင္းတင္တာ၊ ဆံပင္ေပါင္းတင္တာမ်ိဳးေတြ ျပဳလုပ္ပါ။ သင္ ပိုလွလာတာကို ျမင္သြားမယ္ဆိုရင္ေတာ့ သင့္အေပၚ သစၥာေဖာက္သြားတဲ့လုပ္ရပ္ကို သူ အႀကီးအက်ယ္ေနာင္တရပါလိမ့္မယ္။

အရင္ကထက္ စတိုင္လ္က်က်နဲ႔ လွလွပပျဖစ္ေအာင္ ဝတ္စား သြားလာပါ

ဒီနည္းလမ္းကလည္း အလွပဆံုး လက္စားေခ်နည္းတစ္မ်ိဳးပါပဲ။ ကိုယ္က အရင္ကထက္ စတိုင္လ္ေတြ မိမိုက္လာၿပီး လန္းလာမွ ကိုယ့္အနားျပန္ကပ္လာတယ္ဆိုရင္ ျပန္အကပ္မခံပါနဲ႔။ ကန္ထုတ္ပစ္လိုက္ပါ။ တစ္ခါ သစၥာမဲ့ၿပီးတဲ့သူတစ္ေယာက္က ေနာက္ထပ္သစၥာမဲ့ဖို႔ကိုလည္း ဝန္ေလးမွာမဟုတ္ပါဘူး။

ဘုရားက မေကာင္းတဲ့သူကို ပယ္ေပးလိုက္တယ္လို႔ သေဘာထားပါ

အသြင္တူမွ အိမ္သူျဖစ္တာပါ။ အက်င့္စာရိတၱမေကာင္းတဲ့သူက သူ႔လိုစ႐ိုက္႐ွိတဲ့သူနဲ႔ပဲ တန္တာပါ။ ေသာက္ေရ ေသာက္ရတာ ၿငီးေငြ႔လာလို႔ ရႊံ႕အိုင္ထဲမွာမွ ေဆာ့ကစားခ်င္တယ္ဆိုလည္း ဆြဲထားမေနပါနဲ႔။ သစၥာမ႐ွိတဲ့သူတစ္ေယာက္ သင့္ဘဝထဲက ထြက္သြားတဲ့အတြက္ ဝမ္းသာလိုက္ပါ။

မလုပ္သင့္ဆံုးအရာကေတာ့ ကိုယ့္ကိုယ္ကို နာက်င္ေအာင္ ျပဳလုပ္ျခင္းပဲျဖစ္ပါတယ္။

ေဒါသထြက္လြန္းလို႔ ေဒါသေျဖတဲ့အေနန႔ဲ မိမိကိုယ္ကို အသားနာေအာင္ ဓားနဲ႔လွီးပစ္တာမ်ိဳးေတြ နံရံကို လက္သီးနဲ႔ ထိုးလိုက္တာမ်ိဳးေတြက လံုးဝ (လံုးဝ) ေ႐ွာင္ၾကဥ္သင့္တဲ့ အျပဳအမူပဲျဖစ္ပါတယ္။ သင့္အေပၚမွာ သစၥာမဲ့သြားတဲ့သူအတြက္ ထိုအျပဳအမူက မထိုက္တန္ဘူးဆိုတာလည္း သင္ကိုယ္တိုင္ သိထားၿပီးသားျဖစ္မွာပါ။ ကိုယ့္အေပၚ သစၥာမ႐ွိတဲ့သူတစ္ေယာက္အတြက္ ေၾကကြဲခံစားေနမယ့္အစား မိမိဘဝတိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ အခ်ိန္ကို အက်ိဳး႐ွိစြာ အသံုးခ်ပါ။ လွလွပပ ျပင္ျပင္ဆင္ဆင္ေနပါ။ ဘဝႀကီးကို ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းပစ္လိုက္ပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystylemyanmar

#Unicode Version#
အသည်းကွဲတယ်ဆိုတာ ရူးမတက်ခံစားရတဲ့ဝေဒနာတစ်ခုဖြစ်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲ သိကြတာပါ။ ကိုယ့် နှလုံးသားထဲမှာ တစ်စုံတစ်ရာ လစ်ဟာသွားသလိုလို တစ်စုံတစ်ခုက ကိုယ့်နှလုံးသားထဲ စိုက်ဝင်နေသလို ခံစားရတဲ့ ခံစားချက်ပါပဲ။

ယနေ့ခေတ်မှာ စနှိုက်ကျော်ဇာတ်လမ်းတွေ၊ လူမှုရေး ဖောက်ပြန်တဲ့သူတွေ၊ ကိုယ့်ချစ်သူအပေါ် သစ္စာမဲ့တဲ့လုပ်ရပ်တွေက နားနဲ့မဆံ့အောင် ကြားနေရတာပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်အပေါ် သစ္စာပျက်ပြားလာပြီဆိုရင်တော့ လမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။ လမ်းခွဲပြီးသွားပြီဆိုရင်ရော သင် ဘာတွေဆက်လုပ်ရမလဲ။

သူငယ်ချင်းတွေနဲ့ တပျော်တပါးကြီးလျှောက်လည်လိုက်ပါ

အခန်းထဲမှာ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး ငိုယိုနေမယ့်အစား သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးလိုက်ပါ။ သူ မရှိလည်း အေးဆေးပဲ။ ပျော်ပျော်ပါးပါးပဲ ဆိုတဲ့ပုံစံနဲ့ နေပြလိုက်ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်နေတဲ့ပုံစံကို ပြသခြင်းက အကောင်းဆုံးလက်စားချေနည်းပဲဖြစ်ပါတယ်။

အရင်ကထက် အလှပိုပြင်ပါ

အလှပြင်ဆိုင်သွားပြီး အသားအရေထိန်းသိမ်းချင်တယ်ဆိုရင်လည်း သွားလိုက်ပါ။ ဒါမှမဟုတ် ကိုယ့်ဘာသာ အိမ်မှာပဲ မျက်နှာပေါင်းတင်တာ၊ ဆံပင်ပေါင်းတင်တာမျိုးတွေ ပြုလုပ်ပါ။ သင် ပိုလှလာတာကို မြင်သွားမယ်ဆိုရင်တော့ သင့်အပေါ် သစ္စာဖောက်သွားတဲ့လုပ်ရပ်ကို သူ အကြီးအကျယ်နောင်တရပါလိမ့်မယ်။

အရင်ကထက် စတိုင်လ်ကျကျနဲ့ လှလှပပဖြစ်အောင် ဝတ်စား သွားလာပါ

ဒီနည်းလမ်းကလည်း အလှပဆုံး လက်စားချေနည်းတစ်မျိုးပါပဲ။ ကိုယ်က အရင်ကထက် စတိုင်လ်တွေ မိမိုက်လာပြီး လန်းလာမှ ကိုယ့်အနားပြန်ကပ်လာတယ်ဆိုရင် ပြန်အကပ်မခံပါနဲ့။ ကန်ထုတ်ပစ်လိုက်ပါ။ တစ်ခါ သစ္စာမဲ့ပြီးတဲ့သူတစ်ယောက်က နောက်ထပ်သစ္စာမဲ့ဖို့ကိုလည်း ဝန်လေးမှာမဟုတ်ပါဘူး။

ဘုရားက မကောင်းတဲ့သူကို ပယ်ပေးလိုက်တယ်လို့ သဘောထားပါ

အသွင်တူမှ အိမ်သူဖြစ်တာပါ။ အကျင့်စာရိတ္တမကောင်းတဲ့သူက သူ့လိုစရိုက်ရှိတဲ့သူနဲ့ပဲ တန်တာပါ။ သောက်ရေ သောက်ရတာ ငြီးငွေ့လာလို့ ရွှံ့အိုင်ထဲမှာမှ ဆော့ကစားချင်တယ်ဆိုလည်း ဆွဲထားမနေပါနဲ့။ သစ္စာမရှိတဲ့သူတစ်ယောက် သင့်ဘဝထဲက ထွက်သွားတဲ့အတွက် ဝမ်းသာလိုက်ပါ။

မလုပ်သင့်ဆုံးအရာကတော့ ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

ဒေါသထွက်လွန်းလို့ ဒေါသဖြေတဲ့အနေနဲ့ မိမိကိုယ်ကို အသားနာအောင် ဓားနဲ့လှီးပစ်တာမျိုးတွေ နံရံကို လက်သီးနဲ့ ထိုးလိုက်တာမျိုးတွေက လုံးဝ (လုံးဝ) ရှောင်ကြဉ်သင့်တဲ့ အပြုအမူပဲဖြစ်ပါတယ်။ သင့်အပေါ်မှာ သစ္စာမဲ့သွားတဲ့သူအတွက် ထိုအပြုအမူက မထိုက်တန်ဘူးဆိုတာလည်း သင်ကိုယ်တိုင် သိထားပြီးသားဖြစ်မှာပါ။ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူတစ်ယောက်အတွက် ကြေကွဲခံစားနေမယ့်အစား မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချပါ။ လှလှပပ ပြင်ပြင်ဆင်ဆင်နေပါ။ ဘဝကြီးကို ပျော်ပျော်ပါးပါးဖြတ်သန်းပစ်လိုက်ပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top