ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ေမလ ၈ရက္ နံနက္ ၇နာရီက ပါေယာင္း(၁)ေက်းရြာ ေနသူ အရြယ္မေရာက္ ေသးသည့္ အမ်ိဳးသမီးငယ္ႏွစ္ဦးအား တရုတ္ႏို္ငံသို႔ သြားေရာက္ ပို႔ေဆာင္ ခဲ့သည့္ ျဖစ္စဥ္မ်ားအေပၚ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ တာဝန္ရွိသူမ်ားမွ ၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အေၾကာင္းၾကား ခ်က္မ်ားအရ မိုင္းျဖတ္ၿမိဳ႕မ ရဲစခန္းက ေဒၚပါေမြး၊ ေဒၚပါေကမြန္ႏွင့္ ဦးနန္ရီတို႔ သုံးဦးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ေခၚေဆာင္ထားရွိခဲ့ၿပီး ျဖစ္စဥ္ႏွင္စပ္လ်ဥ္း၍ လူကုန္ကူးမႈ ေျမာက္/မေျမာက္သိရွိႏိုင္ေရး အတြက္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔၊ တပ္ဖြဲ႔စိတ္(၁) တာခ်ီလိတ္သို႔ ဆက္သြယ္ အေၾကာင္းၾကားခဲ့ၿပီး ရဲမွဴး ရင္ရင္ေအးႏွင့္ တပ္ဖြဲ႔ဝင္မ်ားမွ စီစစ္ေမးျမန္ ခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွစ္စပ္လ်ဥ္း၍ ၂၀၁၉ခုႏွစ္ေမလ ၂ရက္က ၊ ေဒၚမယ္ေရြး (သ)၄၃ႏွစ္ မိုင္းျဖတ္ၿမိဳ႕နယ္၊ ပါဆန္း ေက်းရြာေနသူႏွင့္ ၎၏ခင္ပြန္းျဖတ္သူ ဦးနန္ရီ(သ)၄၇ႏွစ္ ပါဆန္းေက်းရြာေနသူတို႔ ႏွစ္ဦးသည္ ပါေယာင္း(၁) ေက်းရြာေန ေဒၚပါေမြးႏွင့္ ေဒၚပါေကမြန္ တို႔ႏွစ္ဦးထံေရာက္ရွိလာၿပီး မနာေလာ၊ မနာႏူးတို႔သမီးငယ္ႏွစ္ဦးအား ေဒၚမယ္ေရြး၏ ဖုန္းတြင္ပါရွိသည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကိုျပသၿပီး သမီးငယ္ႏွစ္ဦးကို တရုတ္ႏိုင္ငံသား ႏွစ္ဦးႏွင့္ လက္ထပ္ပါက တရုတ္ယြမ္ေငြ သုံးေသာင္းရမည္ျဖစ္ၿပီး လက္ရွိေနအိမ္အား အသစ္ျပန္လည္တည္ေဆာက္ ေပမည္ဟုေျပာကာ စည္း႐ုံး ခဲ့သည္။ အမ်ဳိးသမီးငယ္ႏွစ္ဦးကို စည္းရုံးေျပာဆိုၿပီး ေဒၚမယ္ေရြး ႏွင့္အတူ လိုက္ပါသြားခဲ့ရာ တရုတ္ႏိုင္ငံ မိုင္းလုံးၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး စည္းရုံးခ ယြမ္ေငြ ၃၂၀၀စီႏွင့္ ၎၏ခင္ပြန္း ဦးနန္ရီအား ယြမ္ေငြ (၆၀၀၀၀)ကိုယူ၍ ျပန္လာခဲ့သည္။ မိုင္းလုံၿမိဳ႕မွတစ္ဆင့္ ေဒၚမယ္ေရြးမွ အမ်ိဳးသမီးငယ္ႏွစ္ဦးႏွင့္အတူ တရုတ္ႏိုင္ငံ ေခြးမင္ၿမိဳ႕သို႔ ဆက္လက္ ထြက္ခြာသြားေၾကာင္း သိရသည္။

သို႔ျဖစ္ပါ၍ အရြယ္မေရာက္ေသးသည့္ အမ်ိဳးသမီးငယ္ႏွစ္ဦးအား တရုတ္ႏိုင္ငံသားႏွင့္လက္ထပ္ပါက ခ်မ္းသာစြာေနရမည္ဟု စည္း႐ုံးၿပီး တရုတ္ႏိုင္ငံသို႔ေခၚေဆာင္သြားသူ ေဒၚပါေမြး၊ ေဒၚပါေကမြန္၊စည္း႐ုံးေစခိုင္သူ ဦးနန္ရီႏွင့္ တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္ၿပီး တရုတ္ႏိုင္ငံသားမ်ားထံ ေရာင္းစားခဲ့သူ ေဒၚမယ္ေရြး(ေျပး)တို႔ ေလးဦးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ဆက္လက္စစ္ေဆး အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မ်ားႏွင့္စပ္လ်ဥ္း၍ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႔၊ တပ္ဖြဲ႔စိတ္(၁)တာခ်ီလိတ္ မွတစ္ဆင့္ ေဒၚမယ္ေရြး(ေျပး)အား ဖမ္းဆီးရရွိႏိုင္ေရးႏွင့္ အမ်ိဳးသမီးငယ္ႏွစ္ဦးအား ကယ္တင္ရရွိႏိုင္ ေရးအတြက္ အမွတ္(၁၇) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု၊ မူဆယ္၊ အမွတ္(၁၇) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စိတ္(၂) ခ်င္းေရႊေဟာ္၊ စစ္ဖက္ေရးရာလုံၿခံဳေရးဌာန၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ အထူး(၄)ေဒသ ဆက္ဆံေရး႐ံုး၊ က်ိဳင္းတုံတို႔ႏွင့္ ဆက္သြယ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ၿမိဳ႕နယ္(ျပန္/ဆက္)
Iprd Mongphyak
https://www.facebook.com/profile.php?id=100012331866308

#Unicode Version#
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မိုင်းဖြတ်မြို့နယ်တွင် မေလ ၈ရက် နံနက် ၇နာရီက ပါယောင်း(၁)ကျေးရွာ နေသူ အရွယ်မရောက် သေးသည့် အမျိုးသမီးငယ်နှစ်ဦးအား တရုတ်နိုငံသို့ သွားရောက် ပို့ဆောင် ခဲ့သည့် ဖြစ်စဉ်များအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြား ချက်များအရ မိုင်းဖြတ်မြို့မ ရဲစခန်းက ဒေါ်ပါမွေး၊ ဒေါ်ပါကေမွန်နှင့် ဦးနန်ရီတို့ သုံးဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ခေါ်ဆောင်ထားရှိခဲ့ပြီး ဖြစ်စဉ်နှင်စပ်လျဉ်း၍ လူကုန်ကူးမှု မြောက်/မမြောက်သိရှိနိုင်ရေး အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်သို့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး ရဲမှူး ရင်ရင်အေးနှင့် တပ်ဖွဲ့ဝင်များမှ စီစစ်မေးမြန် ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှစ်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်မေလ ၂ရက်က ၊ ဒေါ်မယ်ရွေး (သ)၄၃နှစ် မိုင်းဖြတ်မြို့နယ်၊ ပါဆန်း ကျေးရွာနေသူနှင့် ၎င်း၏ခင်ပွန်းဖြတ်သူ ဦးနန်ရီ(သ)၄၇နှစ် ပါဆန်းကျေးရွာနေသူတို့ နှစ်ဦးသည် ပါယောင်း(၁) ကျေးရွာနေ ဒေါ်ပါမွေးနှင့် ဒေါ်ပါကေမွန် တို့နှစ်ဦးထံရောက်ရှိလာပြီး မနာလော၊ မနာနူးတို့သမီးငယ်နှစ်ဦးအား ဒေါ်မယ်ရွေး၏ ဖုန်းတွင်ပါရှိသည့် တရုတ်နိုင်ငံသားနှစ်ဦးကိုပြသပြီး သမီးငယ်နှစ်ဦးကို တရုတ်နိုင်ငံသား နှစ်ဦးနှင့် လက်ထပ်ပါက တရုတ်ယွမ်ငွေ သုံးသောင်းရမည်ဖြစ်ပြီး လက်ရှိနေအိမ်အား အသစ်ပြန်လည်တည်ဆောက် ပေမည်ဟုပြောကာ စည်းရုံး ခဲ့သည်။ အမျိုးသမီးငယ်နှစ်ဦးကို စည်းရုံးပြောဆိုပြီး ဒေါ်မယ်ရွေး နှင့်အတူ လိုက်ပါသွားခဲ့ရာ တရုတ်နိုင်ငံ မိုင်းလုံးမြို့သို့ ရောက်ရှိခဲ့ပြီး စည်းရုံးခ ယွမ်ငွေ ၃၂၀၀စီနှင့် ၎င်း၏ခင်ပွန်း ဦးနန်ရီအား ယွမ်ငွေ (၆၀၀၀၀)ကိုယူ၍ ပြန်လာခဲ့သည်။ မိုင်းလုံမြို့မှတစ်ဆင့် ဒေါ်မယ်ရွေးမှ အမျိုးသမီးငယ်နှစ်ဦးနှင့်အတူ တရုတ်နိုင်ငံ ခွေးမင်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်နှစ်ဦးအား တရုတ်နိုင်ငံသားနှင့်လက်ထပ်ပါက ချမ်းသာစွာနေရမည်ဟု စည်းရုံးပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားသူ ဒေါ်ပါမွေး၊ ဒေါ်ပါကေမွန်၊စည်းရုံးစေခိုင်သူ ဦးနန်ရီနှင့် တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်နိုင်ငံသားများထံ ရောင်းစားခဲ့သူ ဒေါ်မယ်ရွေး(ပြေး)တို့ လေးဦးအား မိုင်းဖြတ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ် မှတစ်ဆင့် ဒေါ်မယ်ရွေး(ပြေး)အား ဖမ်းဆီးရရှိနိုင်ရေးနှင့် အမျိုးသမီးငယ်နှစ်ဦးအား ကယ်တင်ရရှိနိုင် ရေးအတွက် အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မူဆယ်၊ အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) ချင်းရွှေဟော်၊ စစ်ဖက်ရေးရာလုံခြုံရေးဌာန၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အထူး(၄)ဒေသ ဆက်ဆံရေးရုံး၊ ကျိုင်းတုံတို့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မြို့နယ်(ပြန်/ဆက်)
Iprd Mongphyak
https://www.facebook.com/profile.php?id=100012331866308
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top