
၂၀၁၉ မေ ၂၃ ရက်




Credit:  SiThu Maung

#Unicode Version# ဖြင့်ဖတ်ပါ ။

ဖားကန့်တွင်မြေပြိုမှုဖြစ်တစ်ဦးသေဆုံး

၂၀၁၉ မေ ၂၃ ရက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းကုဋ္ဋေကျေးရွာ မြဥယျဉ်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ လုပ်ကွက်၌ မိုင်းဖောက်သည့်စက်ယန္တယားများအား ဆီဖြည့်နေစဉ်နေစဉ် ၂၀၁၉ ခုနှစ်မေလ ၂၂ ရက်နေ့နေ့လည် ၁၁:၀၀ နာရီချိန်တွင် ရုတ်တရက်မြေပြိုကျမှုဖြစ်ရာ HCR 1500 D20မိုင်းဖောက်စက်ယာဉ်နှစ်စီးပေါ်သို့ပိမိကာလုပ်သား ၂ ဦးအနက် ဆီဘောက်ဇာဖြင့်ဆီလိုက်ဖြည့်ပေးသည့်လုပ်သားတစ်ဦးသေဆုံးသွားကြောင်း ကုမ္ပဏီမှဝန်ထမ်းတစ်ဦး၏သတင်းပေးချက်အရသိရ ။

သေဆုံးသွားသောလုပ်သား၏အမည်မှာ လားရှိုးမြိဲ့မှမောင်ဇင်ကိုအောင် ၊ အသက် (၂၃) နှစ်ဖြစ်ပြီး ဆီဘောက်ဇာဖြင့်ဆီလိုက်ဖြည့်ပေးရသည့်စပယ်ယာနောက်လိုက်ဝန်ထမ်းထမ်းဖြစ်ပြီး ၎င်း၏ရုပ်ကလာပ်အားလုံးခင်းကျေးရွာအုပ်စုပြည်သူ့ဆေးရုံတွင်ထားရှိထားကြောင်းသတင်းရရှိပါသည် ။

စိတ်မကောင်းစရာ သတင်းတစ်ခုက ခင်ပွန်းသေဆုံးလို့လိုက်လာတဲ့ ဇနီးဖြစ်သူက ရိုးအလွန်းတော့ မသွားတတ်မလာတတ်နဲ့ ခင်ပွန်းအပူဇောကလည်းပါတာပေါ့..။ ခင်ပွန်းရဲ့ ဈာပနကိုအလာ မိုးကုတ်ဘက်ကို ချော်ထွက်သွားတယ်လို့ သိရပါတယ်..။

ဖိုးသူတော် (www.phothutaw.com)
Credit:  SiThu Maung
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top