၁၉၈၅ ခုႏွစ္ေလာက္ကေပါ့ ျမန္မာနုိင္ငံအတြင္းမွာရွိတဲ့ သာယာကုန္းဆုိတဲ့ ရြာေလးတရြာရွိပါတယ္ ဘာမွမဖြင့္ၿဖဳိး မတုိးတက္ေသးတဲ့ အခ်ိန္ဆုိေတာ့ ေရွးအယူ ေတြ ကုိလည္း အင္မတန္မွယုံျကည္ျကတာေပါ့ဗ်ာ အဲ့ဒီအခ်ိန္ကလည္း စုန္းးးး တုိ့ တေစၧတုိ့ ဆုိတာလည္း သူတုိ့ယဳံုျကည္ျကတယ္။

သာယာကုန္းရြာေလးမွာ ဆင္းရဲလွတဲ့ သားမိႏွစ္ေယာက္ ေနထုိင္ျကပါတယ္။ မသန္းတင္တဲ့! သူရဲ႕ သုံးႏွစ္သားအရြယ္ ကေလးတေယာက္ကုိ ရင္မွာပုိက္ရင္း သူမ်ားလယ္ေတာမွာေကာက္စုိက္ ေကာက္ရိတ္ ဒီအလုပ္ေလးေတြနဲ႕ပဲ ဝမ္းစာကုိ ရွာေဖြစားေသာက္ေနရတာပါ။

တေန့ေတာ့ အျဖစ္ပ်က္ဆုိးျကီးတခုက သူ့တုိ့သားမိ ႏွစ္ေယာက္ရဲ႕ဘဝေလးထဲကုိ ဝင္ေရာက္လာပါ ေတာ့တယ္။ သာယာကုန္းရြာရဲ႕သူျကီး ဦးဝင္းထိန္ရဲ႕သား မင္းထင္ ဆုိတာ မသန္းတင္ အပ်ဳိ ဘဝကတည္းက မသန္းတင္ကို အရူးမူးျကုိက္ခဲ့တဲ့သူ တစ္ေယာက္ပါ။

မင္းထင္က အရက္သမား အေလာင္းကစားသမား မသန္းတင္ ေယာက္်ား ေသပီးကတည္းက မသန္းတင္ကုိ ရိသဲ့သဲ့နဲ့ ေျပာလုိက္ဆုိလုိက္နဲ့ပါ။

တေန့ေတာ့မသန္းတင္ တစ္ေယာက္ စပါးရိတ္ေနတာ အားလုံးျပန္သြားေပမယ့္ သူမျပန္နုိင္ေသးပါဘူးး။ သူ့သားေလး အတြက္ အလုပ္ပုိလုပ္ရမွာမုိ့ ပုတ္ျပတ္ ၿပီးေအာင္ ရိတ္ေနတာေပါ့။ ခဏျကာလာေတာ့ သူျကီးသားမင္းထင္ မူးမူးရူးရူး နဲ့ မသန္းတင္အနားကုိ ေရာက္လာပါေလေရာ။

တဏွာရာဂ အမူးသမားစိတ္ေတြနဲ့ မသန္းတင္ကုိ လယ္ေတာထဲမွာ ဘယ္သူမွ မရွိခုိက္ အဓမၼက်င့္ဖုိ့ ႀကုိးစားပါေတာ့တယ္။ မသန္းတင္ ရုန္းကန္ေနေပမယ့္ မလြတ္ အကူညီေအာ္ေတာင္း ေနေပမယ့္လည္း လယ္ေတာထဲမွာဘယ္သူမွမရွိ။

ဆူညံပြက္ေလာရုိက္ေအာင္ ေအာ္ေနတဲ့ မသန္းတင္ကုိ မင္းထင္ တစ္ေယာက္ မူးမူးရူးရူးနဲ့ ေဘးမွာက်ေနတဲ့ တံစဥ္နဲ့ မသန္းတင္ကုိ ခုတ္ျဖတ္လုိက္ပါေတာ့တယ္။ ကေလးကလည္း ငုိေပါ့ဗ်ာ။ မင္းထင္ မုိက္ရုိင္းခ်က္ကေတာ့ ကေလးပါ တံစဥ္နဲ့ ခုတ္ျဖတ္လုိက္တဲ့အထိပါပဲ။

ႏွစ္ေယာက္လုံးကုိသတ္လုိက္မိတဲ့ မင္းထင္ကေတာ့ ေသြးရူးေသြးတန္းျဖစ္ေနၿပီေပါ့။ သူတခု သိလုိက္တယ္ ဒီအျဖစ္ပ်က္ကုိ ဘယ္သူမွမျမင္ဘူး ဒါေျကာင့္ မင္းထင္တေယာက္ မသန္းတင္တုိ့ သားမိႏွစ္ေယာက္ကုိ လယ္ေတာထဲက သရက္ပင္ ေအာက္မွာ ေကာက္လွဳိ င္းထုံး ေတြနဲ့ ေရာလုိ့ မီးရႈိ႕ လုိက္ပါေတာ့တယ္။

ကိစၥအားလုံးျပီးေတာ့ မင္းထင္တေယာက္ ေသြးရူးေသြးတန္းနဲ႕အိမ္ကုိျပန္ခဲ့တာေပါ့။ ျပႆနာေတြက စလာပါျပီ။ မသန္းတင္ ဘယ္ေရာက္လည္း သူျကီးလည္း မသိသလုိ ရြာသားေတြလည္း ဘယ္သူမွ မသိျကပါဘူး။ ျဖစ္ခ်င္ေတာ့ မသန္းတင္တုိ့သားမိကုိ မီးရိႈ႕ သတ္ခဲ့တာ သူျကီးဦးဝင္းထိန္ရဲ႕ လယ္မွာပါ။

ရြာသားအားလုံးပုံမွန္ပါပဲ တျခားမွာ ေကာက္ရိတ္တဲ့ သူကရိတ္ သူျကီးလယ္မွာရိတ္တဲ့သူက ရိတ္ေပါ့ဗ်ာ။ သူျကီး လယ္ထဲမွာ ေကာက္ရိတ္တဲ့သူေတြ စႀကုံံရတဲ့အျဖစ္ပ်က္ေလးေပါ့။သရက္ပင္ေဘးမွာ အမ်ဳိ းသမီးတစ္စု ေကာက္ရိတ္ ေနခုိက္ ေလမတုိက္ပါပဲနဲ့ သရက္ပင္က သူ့အလုိလုိ ေလျပင္းေတြ တုိက္ေနတာ ” ေဝါ ေဝါ ” နဲ႔။

အမ်ဳိးသမီးတစုကေတာ့ ေလတုိက္တာပဲ ထင္ေနတာ အဲ့ဒီထဲကမွ ခင္ခင္ဆုိတဲ့ အမ်ဳိးသမီးေလး က ေျကာက္လန့္တျကား ထေအာ္လုိက္တာ ” အမတုိ့ တျခားမွာ ေလမတုိက္ဘူးးး ဒီအပင္တပင္ပဲ ေလတုိက္ေနတာ ” ဆိုၿပီး ေျကာက္လန့္တျကား ေျပာလုိက္တာေပါ့။

ခဏျကာေတာ့ ခင္ခင္တေယာက္ မသန္းတင္တုိ့သားမိကုိ လွစ္ခနဲ ဆုိေတြ႕လုိက္တယ္။ ဒါနဲ႔ ”မသန္းတင္ ဘယ္သြား မလုိ့ လဲ” ဆိုၿပီး ေမးလိုက္ေတာ့ အမ်ဳိ းသမီးတေယာက္က ထေျပာလုိက္တယ္ ”ဘယ္မွာလည္း ခင္ခင္ရဲ႕ မသန္းတင္တုိ့ သားမိ လည္း မေတြ႕ပါလားးးးးး” ” အမ ကြ်န္မတကယ္ေတြ႕လုိက္တယ္ မသန္းတင္ ရြာကေပ်ာက္ေနတာ ဒီမွာ ဘာလာလုပ္ေန တာလည္း မသိဘူး ” ေျပာလုိ့မဆုံးေသးပါဘူး။

သရက္ပင္က ေလတုိက္သံနဲ့အတူ အသံတခုကုိ ခင္ခင္တုိ့အမ်ဳိ းသမီးတစု အားလုံးျကား လုိက္ရတယ္။ ” ကြ်ီ ကီ်ြ ” ဆုိတဲ့ ကေလးပုခက္လႊဲသံမ်ဳိ းပါ အားလုံးျကက္သီး ေတြ ထကုန္တာေပါ့။ ဘယ္သူမွလည္း မေနရဲေတာ့ အားလုံး သိမ္းစရာရွိတာ သိမ္းျပီး ျပန္ကုန္ျကတယ္။

ခင္ခင္ တစ္ေယာက္ သရက္ပင္ေလးရွိရာကုိ လွည့္ျကည့္လုိက္ေတာ့ မသန္းတင္တေယာက္ သရက္ပင္ကုိင္းတခုမွာ ခ်ည္ထားတဲ့ ပုခက္ေလးကုိ လႊဲေနတာ ျမင္လုိက္ရတယ္။

“ဟယ္ မသန္းတင္ ဟုိမွာ မသန္းတင္ ” ဆိုၿပီး ေၾကာက္လန္႔တၾကား ေအာ္လိုက္ေတာ့ အမ်ဳိးသမီးတစု လွည့္ျကည့္တာေပါ့ ”ဟဲ႕ ဘယ္မွာလည္းမသန္းတင္ မေတြ႕ပါလား” ”ကြ်န္မ တကယ္ေတြ႕လုိက္တယ္ ” ”ေတာ္စမ္းပါခင္ခင္ရယ္ သြားမယ္ လာ လာ ”ဆိုၿပီး အားလုံး ရြာကုိ ျပန္သြားျကတာေပါ့ဗ်ာ။ မသန္းတင္ ရြာက ေပ်ာက္ျပီး ႏွစ္ရက္အျကာမွာေပါ့ မႈန္မႈန္ပ်ပ် မီးအိမ္ ငယ္ေလးေတြသာ ရွိတဲ့ သာယာကုန္း ရြာေလး အဖုိ့ေတာ့ တိတ္ဆိတ္ေနတာေပါ့။

ည ၁၂ ေက်ာ္ေလာက္ ရြာသားေတြလည္း အိပ္ေမာျကေနတဲ့အခ်ိန္မွာ ရြာထဲမွာ တခါမွ မျဖစ္စဖူး၊ ေခြးအူသံေတြ ဆက္တုိက္ ေပၚထြက္လာပါေတာ့တယ္။ အူလုိက္တဲ့ေခြးေတြဆုိတာဗ်ာ ျကက္သီးထေလာက္တယ္။

“အူးးးးးးးးးးးးူ အူးးးးးးးးးးး” နဲ႔ ဆြဲဆြဲငင္ငင္ျကီးကုိ အူေနတာ။ ရြာသားေတြလည္း ႏိုးတဲ့အိမ္က နုိးေပါ့ဗ်ာ။ အကုန္ ဆူညံပြက္ေလာရိုက္ကုန္ေရာ။ ”ရြာထဲမွာ ဘာျဖစ္တာလည္း မသိဘူးးး” ”တေစၧ သရဲေတြ ဝင္လာလုိ့မ်ားလားးး” အားလုံးအေတြး ကုိယ္စီျဖစ္ကုန္ ျကတာေပါ့ မျကာလုိက္ပါဘူး/ ရြာထဲက ဆူဆူညံညံ အသံေတြ စျကားရပါေတာ့တယ္။ မင္းထင္ရဲ႕အသံ ”မသန္းတင္ ငါ့ကုိလုိက္သတ္ေနတယ္ ကယ္ျကပါဦး ကယ္ျကပါဦးးးးး ” တေက်ာ္ေက်ာ္ေအာ္လုိ့ ရြာလမ္းတေလ်ွာက္ကုိ ထြက္ေျပးေနပါေတာ့တယ္။

ရြာထဲကလူတခ်ဳိ ႔ ထြက္ျကည့္ျကေတာ့ ကေလးတေယာက္ကုိ ရင္ခြင္မွာ ပုိက္ရင္း မင္းထင္ေနာက္ကုိ ေျပးလုိက္ေနတဲ့ အမ်ဳိးသမီးတေယာက္။ မင္းထင္ကုိသာ ေသခ်ာျမင္ရေပမယ့္ ေနာက္ကလုိက္ေနတဲ့ အမ်ဳိးသမီးကုိ ေပ်ာက္လုိက္ ေပၚလုိက္သာ ျမင္ရတာပါ။ သူျကီးနဲ႕ရြာသားေတြ ေသခ်ာေအာင္ ၾကည့္လိုက္ျပန္ေတာ့ မင္းထင္ေနာက္မွာ ဘယ္သူမွ ရွိမေနပါဘူး။

မင္းထင္ တစ္ေယာက္ထဲသာ ျကာက္လန့္တျကား ေအာ္ေနတာ။ ” မသန္းတင္ နင္ေသၿပီ ငါ့ေနာက္ကုိ မလုိက္နဲ ငါ့ေနာက္ကုိ မလုိက္နဲ့ ” အဲ့ဒီခါမွာ သူျကီးက ” မင္းထင္ ငါ့သား မင္းဘာေျပာလုိက္တာ ငါ့ကုိေသခ်ာေျပာစမ္း ” ဆိုၿပီး ေမးေတာ့တာပဲ။

ဒီေတာ့ မင္းထင္က ကေယာင္ေျခာက္ျခား ျဖစ္ေနတဲ့ အသံနဲ႔ ” ကြ်န္ေတာ္ မသန္းတင္ကုိ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က အေဖ့လယ္ထဲမွာ သတ္ခဲ့တာ သူေသၿပီ သူေသေနၿပီ ” ဆိုၿပီး ေျပာရင္း ေျကာက္လန့္တျကား ေအာ္ဟစ္ေနဆဲ ။

”ကဲ မင္းထင္ မင္းအျပစ္နဲ့ မင္းခံေပေတာ့ မင္းကုိ မနက္က်ရင္ ငါကုိယ္တုိင္ ၿမဳိ႕ဂတ္ကုိ တုိင္မယ္ ” သူျကီးကေတာ့ ေဒါသေတြထြက္ေနၿပီေပါ့ဗ်ာ။ မနက္က်ေတာ့ သူျကီးဝင္းထိန္ ၿမဳိ႕ ကုိ တက္သြားပါေတာ့တယ္။

ၿမဳိ႕နဲ႔သာယာကုန္း ရြာေလးက အေတာ္ေလး အလွမ္းေဝးတာေျကာင့္ တရက္ခရီးသြားရတာေပါ့ မင္းထင္ကုိေတာ့ သူျကီး အိမ္မွာပဲ ထိပ္တုံး ခတ္ထားခဲ့တာပါ။ မသန္းတင္ ေသျပီးတဲ့ သုံးရက္ေျမာက္ညမွာလည္း ေခြးအူသံျကီးေတြ အဆက္မျပတ္ ေပၚထြက္လာခဲ႕ပါတယ္။

မင္းထင္တေယာက္ ေျကာက္စရာေကာင္းလွတဲ့ ေခြးအူသံေတြေျကာင့္ ေတာ္ေတာ္ေလးကုိ တုန္လႈပ္ေနေကာ။ ရြာသားေတြ လည္း အားလုံးျကားေပမယ့္ အျပင္ထြက္ မျကည့္ရဲ။ ျကည့္ရဲတဲ့သူတခ်ဳိ ႔ကေတာ့ ထြက္ျကည့္ျကတာေပါ့။

မသန္းတင္ သူ႔သားေလးကုိ ရင္ခြင္မွာ ပုိက္ရင္း မင္းထင္ရွိတဲ့ သူျကီးအိမ္ဘက္ကုိ သြားေနတာကုိ ျမင္ျကရတာေပါ့ဗ်ာ။ ေခ်ာင္းျကည့္ရုံပဲ ၾကည့္ရဲျကတာ။ ဘယ္သူမွ ေနာက္က လုိက္မျကည့္ရဲပါဘူးးးးး ။အားလုံး တိတ္ဆိတ္ေနတဲ့ အခ်ိန္မွာပဲ မင္းထင္ ရဲ႕ အသံနက္ျကီးကုိ ရြာသားအားလုံး ၾကားလုိက္ရတာပါပဲ။

မင္းထင္ရဲ႕ ”ငါ့ကုိသတ္ေနၿပီ ငါ့ကုိသတ္ေနၿပီ ” ဆိုၿပီး ထိတ္လန္႔တၾကား ေအာ္ဟစ္သံႀကီး တစ္ရြာလုံး ဆူညံလို႔။ ဒါေပမယ့္ မျကာလုိက္ပါဘူး အားလုံးတိတ္ဆိတ္သြားပါေတာ့တယ္။

မနက္က်ေတာ့ ရြာသားေတြ သြားၾကည့္လိုက္ေတာ့ မင္းထင္တစ္ေယာက္ မ်က္လုံးေတြ ျပဴ းထြက္လုိ့။ ဇာတ္ျကီး တဖက္ လည္း ေစာင္းျပီး ေသေနခဲ့ပါျပီ ရြာသားအားလုံး သိလုိက္တယ္ေလ ဒါမသန္းတင္ လက္ခ်က္ပဲဆုိတာ။

မင္းထင္ကုိေတာ့ ဘယ္သူမွ မသနားဘူး။ မသန္းတင္တုိ့ သားမိနွစ္ေယာက္ကုိသာ သနားေနျကတာေပါ့။ ၿမဳိ ႔ေပၚကေန သူျကီးဝင္းထိန္ ရဲအရာရွိတခ်ဳိ ႔နဲ့ ျပန္ေရာက္လာတဲ့အခါ သူ့သား မင္းထင္ ပုံပ်က္ပန္းပ်က္ ေသေနတာကုိ ေတြ႕ရတာေပါ့။

ညကအျဖစ္ပ်က္အားလုံးကုိ ရြာသားေတြက ေျပာျပလုိက္ေတာ့ ။သူျကီးဆီက အသံတခ်က္ ထြက္လာတယ္။ ” မင္းထင္ မင္းျပဳ တဲ့အမႈ မင္းခံလုိက္ရၿပီေပါ့ ” တဲ့ ေနာက္ေန့ေတြက စလုိ့ ရြာထဲမွာ ဘာမွ မျဖစ္ေတာ့ေပမယ့္ သူျကီးဝင္းထိန္ရဲ႕ လယ္ထဲက သရက္ပင္ေလးမွာေတာ့ တစ္ပင္တည္း ေလတုိက္ဆဲ ပုခက္လႊဲသံေလးေတြ ၾကားေနရဆဲ။

အလွဴ တန္းကုသုိလ္ေတြ လုပ္ေပးေပမယ့္လည္း ျကားေနရဆဲပါပဲ။ သားကုိစြဲလမ္းတဲ့စိတ္ ကလဲ့စားေခ်ခ်င္တဲ့ စိတ္ေတြနဲ့ ေသသြားတဲ့ မသန္းတင္ ဘယ္ကြ်တ္နုိင္ မလဲဗ်ာ။

အားလုံး တက္ႏိုင္တာကေတာ့ မသန္းတင္ေရ တခ်ိန္က်ရင္ေတာ့ ကြ်တ္လြတ္နုိင္ပါေစလုိ့ ဆုေတာင္းေပးရုံမွတပါး က်န္တာမရွိေတာ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmarnewscity

#Unicode Version# ျဖင့္ဖတ္ပါ ။

၁၉၈၅ ခုနှစ်လောက်ကပေါ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သာယာကုန်းဆိုတဲ့ ရွာလေးတရွာရှိပါတယ် ဘာမှမဖွင့်ဖြိုး မတိုးတက်သေးတဲ့ အချိန်ဆိုတော့ ရှေးအယူ တွေ ကိုလည်း အင်မတန်မှယုံကြည်ကြတာပေါ့ဗျာ အဲ့ဒီအချိန်ကလည်း စုန်းးးး တို့ တစ္ဆေတို့ ဆိုတာလည်း သူတို့ယုံကြည်ကြတယ်။

သာယာကုန်းရွာလေးမှာ ဆင်းရဲလှတဲ့ သားမိနှစ်ယောက် နေထိုင်ကြပါတယ်။ မသန်းတင်တဲ့! သူရဲ့ သုံးနှစ်သားအရွယ် ကလေးတယောက်ကို ရင်မှာပိုက်ရင်း သူများလယ်တောမှာကောက်စိုက် ကောက်ရိတ် ဒီအလုပ်လေးတွေနဲ့ပဲ ဝမ်းစာကို ရှာဖွေစားသောက်နေရတာပါ။

တနေ့တော့ အဖြစ်ပျက်ဆိုးကြီးတခုက သူ့တို့သားမိ နှစ်ယောက်ရဲ့ဘဝလေးထဲကို ဝင်ရောက်လာပါ တော့တယ်။ သာယာကုန်းရွာရဲ့သူကြီး ဦးဝင်းထိန်ရဲ့သား မင်းထင် ဆိုတာ မသန်းတင် အပျို ဘဝကတည်းက မသန်းတင်ကို အရူးမူးကြိုက်ခဲ့တဲ့သူ တစ်ယောက်ပါ။

မင်းထင်က အရက်သမား အလောင်းကစားသမား မသန်းတင် ယောက်ျား သေပီးကတည်းက မသန်းတင်ကို ရိသဲ့သဲ့နဲ့ ပြောလိုက်ဆိုလိုက်နဲ့ပါ။

တနေ့တော့မသန်းတင် တစ်ယောက် စပါးရိတ်နေတာ အားလုံးပြန်သွားပေမယ့် သူမပြန်နိုင်သေးပါဘူးး။ သူ့သားလေး အတွက် အလုပ်ပိုလုပ်ရမှာမို့ ပုတ်ပြတ် ပြီးအောင် ရိတ်နေတာပေါ့။ ခဏကြာလာတော့ သူကြီးသားမင်းထင် မူးမူးရူးရူး နဲ့ မသန်းတင်အနားကို ရောက်လာပါလေရော။

တဏှာရာဂ အမူးသမားစိတ်တွေနဲ့ မသန်းတင်ကို လယ်တောထဲမှာ ဘယ်သူမှ မရှိခိုက် အဓမ္မကျင့်ဖို့ ကြိုးစားပါတော့တယ်။ မသန်းတင် ရုန်းကန်နေပေမယ့် မလွတ် အကူညီအော်တောင်း နေပေမယ့်လည်း လယ်တောထဲမှာဘယ်သူမှမရှိ။

ဆူညံပွက်လောရိုက်အောင် အော်နေတဲ့ မသန်းတင်ကို မင်းထင် တစ်ယောက် မူးမူးရူးရူးနဲ့ ဘေးမှာကျနေတဲ့ တံစဉ်နဲ့ မသန်းတင်ကို ခုတ်ဖြတ်လိုက်ပါတော့တယ်။ ကလေးကလည်း ငိုပေါ့ဗျာ။ မင်းထင် မိုက်ရိုင်းချက်ကတော့ ကလေးပါ တံစဉ်နဲ့ ခုတ်ဖြတ်လိုက်တဲ့အထိပါပဲ။

နှစ်ယောက်လုံးကိုသတ်လိုက်မိတဲ့ မင်းထင်ကတော့ သွေးရူးသွေးတန်းဖြစ်နေပြီပေါ့။ သူတခု သိလိုက်တယ် ဒီအဖြစ်ပျက်ကို ဘယ်သူမှမမြင်ဘူး ဒါကြောင့် မင်းထင်တယောက် မသန်းတင်တို့ သားမိနှစ်ယောက်ကို လယ်တောထဲက သရက်ပင် အောက်မှာ ကောက်လှို င်းထုံး တွေနဲ့ ရောလို့ မီးရှို့ လိုက်ပါတော့တယ်။

ကိစ္စအားလုံးပြီးတော့ မင်းထင်တယောက် သွေးရူးသွေးတန်းနဲ့အိမ်ကိုပြန်ခဲ့တာပေါ့။ ပြဿနာတွေက စလာပါပြီ။ မသန်းတင် ဘယ်ရောက်လည်း သူကြီးလည်း မသိသလို ရွာသားတွေလည်း ဘယ်သူမှ မသိကြပါဘူး။ ဖြစ်ချင်တော့ မသန်းတင်တို့သားမိကို မီးရှို့ သတ်ခဲ့တာ သူကြီးဦးဝင်းထိန်ရဲ့ လယ်မှာပါ။

ရွာသားအားလုံးပုံမှန်ပါပဲ တခြားမှာ ကောက်ရိတ်တဲ့ သူကရိတ် သူကြီးလယ်မှာရိတ်တဲ့သူက ရိတ်ပေါ့ဗျာ။ သူကြီး လယ်ထဲမှာ ကောက်ရိတ်တဲ့သူတွေ စကြုံံရတဲ့အဖြစ်ပျက်လေးပေါ့။သရက်ပင်ဘေးမှာ အမျို းသမီးတစ်စု ကောက်ရိတ် နေခိုက် လေမတိုက်ပါပဲနဲ့ သရက်ပင်က သူ့အလိုလို လေပြင်းတွေ တိုက်နေတာ ” ဝေါ ဝေါ ” နဲ့။

အမျိုးသမီးတစုကတော့ လေတိုက်တာပဲ ထင်နေတာ အဲ့ဒီထဲကမှ ခင်ခင်ဆိုတဲ့ အမျိုးသမီးလေး က ကြောက်လန့်တကြား ထအော်လိုက်တာ ” အမတို့ တခြားမှာ လေမတိုက်ဘူးးး ဒီအပင်တပင်ပဲ လေတိုက်နေတာ ” ဆိုပြီး ကြောက်လန့်တကြား ပြောလိုက်တာပေါ့။

ခဏကြာတော့ ခင်ခင်တယောက် မသန်းတင်တို့သားမိကို လှစ်ခနဲ ဆိုတွေ့လိုက်တယ်။ ဒါနဲ့ ”မသန်းတင် ဘယ်သွား မလို့ လဲ” ဆိုပြီး မေးလိုက်တော့ အမျို းသမီးတယောက်က ထပြောလိုက်တယ် ”ဘယ်မှာလည်း ခင်ခင်ရဲ့ မသန်းတင်တို့ သားမိ လည်း မတွေ့ပါလားးးးးး” ” အမ ကျွန်မတကယ်တွေ့လိုက်တယ် မသန်းတင် ရွာကပျောက်နေတာ ဒီမှာ ဘာလာလုပ်နေ တာလည်း မသိဘူး ” ပြောလို့မဆုံးသေးပါဘူး။

သရက်ပင်က လေတိုက်သံနဲ့အတူ အသံတခုကို ခင်ခင်တို့အမျို းသမီးတစု အားလုံးကြား လိုက်ရတယ်။ ” ကျွီ ကျွီ ” ဆိုတဲ့ ကလေးပုခက်လွှဲသံမျို းပါ အားလုံးကြက်သီး တွေ ထကုန်တာပေါ့။ ဘယ်သူမှလည်း မနေရဲတော့ အားလုံး သိမ်းစရာရှိတာ သိမ်းပြီး ပြန်ကုန်ကြတယ်။

ခင်ခင် တစ်ယောက် သရက်ပင်လေးရှိရာကို လှည့်ကြည့်လိုက်တော့ မသန်းတင်တယောက် သရက်ပင်ကိုင်းတခုမှာ ချည်ထားတဲ့ ပုခက်လေးကို လွှဲနေတာ မြင်လိုက်ရတယ်။

“ဟယ် မသန်းတင် ဟိုမှာ မသန်းတင် ” ဆိုပြီး ကြောက်လန့်တကြား အော်လိုက်တော့ အမျိုးသမီးတစု လှည့်ကြည့်တာပေါ့ ”ဟဲ့ ဘယ်မှာလည်းမသန်းတင် မတွေ့ပါလား” ”ကျွန်မ တကယ်တွေ့လိုက်တယ် ” ”တော်စမ်းပါခင်ခင်ရယ် သွားမယ် လာ လာ ”ဆိုပြီး အားလုံး ရွာကို ပြန်သွားကြတာပေါ့ဗျာ။ မသန်းတင် ရွာက ပျောက်ပြီး နှစ်ရက်အကြာမှာပေါ့ မှုန်မှုန်ပျပျ မီးအိမ် ငယ်လေးတွေသာ ရှိတဲ့ သာယာကုန်း ရွာလေး အဖို့တော့ တိတ်ဆိတ်နေတာပေါ့။

ည ၁၂ ကျော်လောက် ရွာသားတွေလည်း အိပ်မောကြနေတဲ့အချိန်မှာ ရွာထဲမှာ တခါမှ မဖြစ်စဖူး၊ ခွေးအူသံတွေ ဆက်တိုက် ပေါ်ထွက်လာပါတော့တယ်။ အူလိုက်တဲ့ခွေးတွေဆိုတာဗျာ ကြက်သီးထလောက်တယ်။

“အူးးးးးးးးးးးးူ အူးးးးးးးးးးး” နဲ့ ဆွဲဆွဲငင်ငင်ကြီးကို အူနေတာ။ ရွာသားတွေလည်း နိုးတဲ့အိမ်က နိုးပေါ့ဗျာ။ အကုန် ဆူညံပွက်လောရိုက်ကုန်ရော။ ”ရွာထဲမှာ ဘာဖြစ်တာလည်း မသိဘူးးး” ”တစ္ဆေ သရဲတွေ ဝင်လာလို့များလားးး” အားလုံးအတွေး ကိုယ်စီဖြစ်ကုန် ကြတာပေါ့ မကြာလိုက်ပါဘူး/ ရွာထဲက ဆူဆူညံညံ အသံတွေ စကြားရပါတော့တယ်။ မင်းထင်ရဲ့အသံ ”မသန်းတင် ငါ့ကိုလိုက်သတ်နေတယ် ကယ်ကြပါဦး ကယ်ကြပါဦးးးးး ” တကျော်ကျော်အော်လို့ ရွာလမ်းတလျှောက်ကို ထွက်ပြေးနေပါတော့တယ်။

ရွာထဲကလူတချို့ ထွက်ကြည့်ကြတော့ ကလေးတယောက်ကို ရင်ခွင်မှာ ပိုက်ရင်း မင်းထင်နောက်ကို ပြေးလိုက်နေတဲ့ အမျိုးသမီးတယောက်။ မင်းထင်ကိုသာ သေချာမြင်ရပေမယ့် နောက်ကလိုက်နေတဲ့ အမျိုးသမီးကို ပျောက်လိုက် ပေါ်လိုက်သာ မြင်ရတာပါ။ သူကြီးနဲ့ရွာသားတွေ သေချာအောင် ကြည့်လိုက်ပြန်တော့ မင်းထင်နောက်မှာ ဘယ်သူမှ ရှိမနေပါဘူး။

မင်းထင် တစ်ယောက်ထဲသာ ကြာက်လန့်တကြား အော်နေတာ။ ” မသန်းတင် နင်သေပြီ ငါ့နောက်ကို မလိုက်နဲ ငါ့နောက်ကို မလိုက်နဲ့ ” အဲ့ဒီခါမှာ သူကြီးက ” မင်းထင် ငါ့သား မင်းဘာပြောလိုက်တာ ငါ့ကိုသေချာပြောစမ်း ” ဆိုပြီး မေးတော့တာပဲ။

ဒီတော့ မင်းထင်က ကယောင်ခြောက်ခြား ဖြစ်နေတဲ့ အသံနဲ့ ” ကျွန်တော် မသန်းတင်ကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဖေ့လယ်ထဲမှာ သတ်ခဲ့တာ သူသေပြီ သူသေနေပြီ ” ဆိုပြီး ပြောရင်း ကြောက်လန့်တကြား အော်ဟစ်နေဆဲ ။

”ကဲ မင်းထင် မင်းအပြစ်နဲ့ မင်းခံပေတော့ မင်းကို မနက်ကျရင် ငါကိုယ်တိုင် မြို့ဂတ်ကို တိုင်မယ် ” သူကြီးကတော့ ဒေါသတွေထွက်နေပြီပေါ့ဗျာ။ မနက်ကျတော့ သူကြီးဝင်းထိန် မြို့ ကို တက်သွားပါတော့တယ်။

မြို့နဲ့သာယာကုန်း ရွာလေးက အတော်လေး အလှမ်းဝေးတာကြောင့် တရက်ခရီးသွားရတာပေါ့ မင်းထင်ကိုတော့ သူကြီး အိမ်မှာပဲ ထိပ်တုံး ခတ်ထားခဲ့တာပါ။ မသန်းတင် သေပြီးတဲ့ သုံးရက်မြောက်ညမှာလည်း ခွေးအူသံကြီးတွေ အဆက်မပြတ် ပေါ်ထွက်လာခဲ့ပါတယ်။

မင်းထင်တယောက် ကြောက်စရာကောင်းလှတဲ့ ခွေးအူသံတွေကြောင့် တော်တော်လေးကို တုန်လှုပ်နေကော။ ရွာသားတွေ လည်း အားလုံးကြားပေမယ့် အပြင်ထွက် မကြည့်ရဲ။ ကြည့်ရဲတဲ့သူတချို့ကတော့ ထွက်ကြည့်ကြတာပေါ့။

မသန်းတင် သူ့သားလေးကို ရင်ခွင်မှာ ပိုက်ရင်း မင်းထင်ရှိတဲ့ သူကြီးအိမ်ဘက်ကို သွားနေတာကို မြင်ကြရတာပေါ့ဗျာ။ ချောင်းကြည့်ရုံပဲ ကြည့်ရဲကြတာ။ ဘယ်သူမှ နောက်က လိုက်မကြည့်ရဲပါဘူးးးးး ။အားလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ မင်းထင် ရဲ့ အသံနက်ကြီးကို ရွာသားအားလုံး ကြားလိုက်ရတာပါပဲ။

မင်းထင်ရဲ့ ”ငါ့ကိုသတ်နေပြီ ငါ့ကိုသတ်နေပြီ ” ဆိုပြီး ထိတ်လန့်တကြား အော်ဟစ်သံကြီး တစ်ရွာလုံး ဆူညံလို့။ ဒါပေမယ့် မကြာလိုက်ပါဘူး အားလုံးတိတ်ဆိတ်သွားပါတော့တယ်။

မနက်ကျတော့ ရွာသားတွေ သွားကြည့်လိုက်တော့ မင်းထင်တစ်ယောက် မျက်လုံးတွေ ပြူ းထွက်လို့။ ဇာတ်ကြီး တဖက် လည်း စောင်းပြီး သေနေခဲ့ပါပြီ ရွာသားအားလုံး သိလိုက်တယ်လေ ဒါမသန်းတင် လက်ချက်ပဲဆိုတာ။

မင်းထင်ကိုတော့ ဘယ်သူမှ မသနားဘူး။ မသန်းတင်တို့ သားမိနှစ်ယောက်ကိုသာ သနားနေကြတာပေါ့။ မြို့ပေါ်ကနေ သူကြီးဝင်းထိန် ရဲအရာရှိတချို့နဲ့ ပြန်ရောက်လာတဲ့အခါ သူ့သား မင်းထင် ပုံပျက်ပန်းပျက် သေနေတာကို တွေ့ရတာပေါ့။

ညကအဖြစ်ပျက်အားလုံးကို ရွာသားတွေက ပြောပြလိုက်တော့ ။သူကြီးဆီက အသံတချက် ထွက်လာတယ်။ ” မင်းထင် မင်းပြု တဲ့အမှု မင်းခံလိုက်ရပြီပေါ့ ” တဲ့ နောက်နေ့တွေက စလို့ ရွာထဲမှာ ဘာမှ မဖြစ်တော့ပေမယ့် သူကြီးဝင်းထိန်ရဲ့ လယ်ထဲက သရက်ပင်လေးမှာတော့ တစ်ပင်တည်း လေတိုက်ဆဲ ပုခက်လွှဲသံလေးတွေ ကြားနေရဆဲ။

အလှူ တန်းကုသိုလ်တွေ လုပ်ပေးပေမယ့်လည်း ကြားနေရဆဲပါပဲ။ သားကိုစွဲလမ်းတဲ့စိတ် ကလဲ့စားချေချင်တဲ့ စိတ်တွေနဲ့ သေသွားတဲ့ မသန်းတင် ဘယ်ကျွတ်နိုင် မလဲဗျာ။

အားလုံး တက်နိုင်တာကတော့ မသန်းတင်ရေ တချိန်ကျရင်တော့ ကျွတ်လွတ်နိုင်ပါစေလို့ ဆုတောင်းပေးရုံမှတပါး ကျန်တာမရှိတော့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmarnewscity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top