ျမႏွင္းရည္လြင္က အေမစုလုိ ပုံစံမ်ဳိး ဓာတ္ပုံရုိက္ခြင့္ရတဲ့ ခံစားခ်က္ေတြ ရင္ဖြင့္ေျပာျပလာပါတယ္။ သူမကုိယ္တုိင္ကလည္း စုိးရိမ္စိတ္ေတြရွိခဲ့ပါတယ္တဲ့။

အေမစု လုိ ပုံစံမ်ဳိးနဲ႔ ရုိက္ထားတဲ့ ျမႏွင္းရည္လြင္ရဲ႕ ဓာတ္ပုံေတြက အခုဆုိရင္ အြန္လုိင္းစာမ်က္ႏွာေတြမွာ ပ်ံ႕လုိ႔ေနပါၿပီ။ သူမကုိယ္တုိင္ကလည္း ဒီလုိမ်ဳိး ရုိက္ကူးဖုိ႔ လက္ခံျဖစ္ခဲ့တဲ့ အေၾကာင္းကုိလည္း မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။



‘’ ဓာတ္ပုံဆရာ ေမာင္ေလး ရဲထြဋ္ေပါ့ေနာ္။ သူက ကမ္းလွမ္းလာတာ၊ သူ႔ရဲ႕ Project တစ္ခု လုပ္စရာရွိတယ္၊ အေမစုလုိ inspire ယူၿပီးရုိက္မယ္ဆုိေတာ့ ကုိယ္လည္း ဒီလုိ ကမ္းလွမ္းခံရတာ ဂုဏ္ယူတာေပါ့။ မတူဘူးဆုိတာ သိေပမယ့္ ဝမ္းသာရတာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

ျမႏွင္းရည္လြင္ ရုိက္ကူးထားတဲ့ ဓာတ္ပုံေတြအေပၚ ပရိသတ္ေတြက အေမစု နဲ႔ တူတယ္၊ မတူဘူးဆုိတာကိုလည္း သုံးသပ္ေျပာျပတာေတြ ျပန္ၾကားရတယ္လို႔ သူကဆုိပါတယ္။

‘’ မ်က္ႏွာက ဒီအတုိင္းၾကည့္ရင္ေတာ့လည္း မတူဘူးေပါ့ေနာ္။ ဒါေပမယ့္ ရုတ္တရက္ေလးေတြ ပုံစံအေနအထားက သြားဆင္တာမ်ဳိးျဖစ္မွာေပါ့။ အဲဒီလုိေၾကာင့္ပဲ လူေတြက တူတယ္လုိ႔ ျမင္သြားတာေပါ့ေနာ္။ ဒါေပမယ့္လည္း မတူဘူးေျပာတဲ့သူလည္းရွိသလုိ တူတယ္လုိ႔ေျပာတဲ့သူေတြလည္း ရွိပါတယ္’’ ဆုိၿပီးေတာ့ POSH Runway 2019 ပြဲတက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။




သူမကုိယ္တုိင္ကလည္း အေမစုကုိ inspired ယူၿပီး ဓာတ္ပုံရုိက္ခြင့္ရတဲ့အေပၚမွာ ဝမ္းသာေပမယ့္ စုိးရိမ္စိတ္ေတြရွိခဲ့တယ္လုိ႔ ျမႏွင္းရည္လြင္က ဆုိပါတယ္။

‘’ ဒါေၾကာင့္လည္း မ်က္လုံးက အရမ္းေၾကာက္ေနတဲ့ ပုံစံေပါက္တာေပါ့ေနာ္။ ကုိယ္က အမွားပါသြားမွာ စုိးရိမ္တာေပါ့ေနာ္။ ကုိယ္ေတြက ႏုိင္ငံေရးလည္း လုပ္တာမဟုတ္ဘူးေပါ့ေနာ္။ ဒါက အေမစုနဲ႔ အမ်ဳိးသမီးေတြကုိ ဂုဏ္ျပဳခ်င္တဲ့သေဘာေပါ့ေနာ္။ အေမစုရဲ႕ ပုံစံမ်ဳိးက လူတုိင္းေလးစားအားက်ရတဲ့ လူဆိုေတာ့ ဒီဟာကုိပဲ inspired ယူလုိက္တာဆုိေတာ့ အရုိက္ခံလုိက္တယ္။

ဒါေပမယ့္ ကိုယ္က စုိးရိမ္တာေပါ့ေနာ္။ အေမစုလုိ မ်က္လုံးမ်ဳိးေတာ့ ဘယ္ရမလဲ၊ ကုိယ္က ေၾကာက္ေနတဲ့ မ်က္လုံးျဖစ္ေနတာေပါ့ေနာ္’’ လို႔ ဆက္လက္ေျပာျပထားပါတယ္။



သရုပ္ေဆာင္ျမႏွင္းရည္လြင္ကေတာ့ ဧဒင္နတ္သမီးရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ကူးၿပီးေနာက္ အိမ္ ေထာင္ျပဳလုိက္တဲ့အတြက္ ႏွစ္အနည္းငယ္ ေလာက္ ပရိသတ္နဲ႔ အဆက္အသြယ္ျပတ္သြားခဲ့ပါတယ္။ အႏုပညာအလုပ္ကုိ အားေပးတဲ့ ခင္ပြန္းေၾကာင့္ပဲ ၂၀၁၇ ခုႏွစ္အတြင္းမွာ ရုပ္ရွင္ ဇာတ္ကားေတြ၊ ရုပ္သံဇာတ္လမ္းတြဲေတြကုိ ရုိက္ကူးလက္ခံခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


မြနှင်းရည်လွင်က အမေစုလို ပုံစံမျိုး ဓာတ်ပုံရိုက်ခွင့်ရတဲ့ ခံစားချက်တွေ ရင်ဖွင့်ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်တဲ့။

အမေစု လို ပုံစံမျိုးနဲ့ ရိုက်ထားတဲ့ မြနှင်းရည်လွင်ရဲ့ ဓာတ်ပုံတွေက အခုဆိုရင် အွန်လိုင်းစာမျက်နှာတွေမှာ ပျံ့လို့နေပါပြီ။ သူမကိုယ်တိုင်ကလည်း ဒီလိုမျိုး ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဓာတ်ပုံဆရာ မောင်လေး ရဲထွဋ်ပေါ့နော်။ သူက ကမ်းလှမ်းလာတာ၊ သူ့ရဲ့ Project တစ်ခု လုပ်စရာရှိတယ်၊ အမေစုလို inspire ယူပြီးရိုက်မယ်ဆိုတော့ ကိုယ်လည်း ဒီလို ကမ်းလှမ်းခံရတာ ဂုဏ်ယူတာပေါ့။ မတူဘူးဆိုတာ သိပေမယ့် ဝမ်းသာရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

မြနှင်းရည်လွင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအပေါ် ပရိသတ်တွေက အမေစု နဲ့ တူတယ်၊ မတူဘူးဆိုတာကိုလည်း သုံးသပ်ပြောပြတာတွေ ပြန်ကြားရတယ်လို့ သူကဆိုပါတယ်။

‘’ မျက်နှာက ဒီအတိုင်းကြည့်ရင်တော့လည်း မတူဘူးပေါ့နော်။ ဒါပေမယ့် ရုတ်တရက်လေးတွေ ပုံစံအနေအထားက သွားဆင်တာမျိုးဖြစ်မှာပေါ့။ အဲဒီလိုကြောင့်ပဲ လူတွေက တူတယ်လို့ မြင်သွားတာပေါ့နော်။ ဒါပေမယ့်လည်း မတူဘူးပြောတဲ့သူလည်းရှိသလို တူတယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်’’ ဆိုပြီးတော့ POSH Runway 2019 ပွဲတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူမကိုယ်တိုင်ကလည်း အမေစုကို inspired ယူပြီး ဓာတ်ပုံရိုက်ခွင့်ရတဲ့အပေါ်မှာ ဝမ်းသာပေမယ့် စိုးရိမ်စိတ်တွေရှိခဲ့တယ်လို့ မြနှင်းရည်လွင်က ဆိုပါတယ်။

‘’ ဒါကြောင့်လည်း မျက်လုံးက အရမ်းကြောက်နေတဲ့ ပုံစံပေါက်တာပေါ့နော်။ ကိုယ်က အမှားပါသွားမှာ စိုးရိမ်တာပေါ့နော်။ ကိုယ်တွေက နိုင်ငံရေးလည်း လုပ်တာမဟုတ်ဘူးပေါ့နော်။ ဒါက အမေစုနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုချင်တဲ့သဘောပေါ့နော်။ အမေစုရဲ့ ပုံစံမျိုးက လူတိုင်းလေးစားအားကျရတဲ့ လူဆိုတော့ ဒီဟာကိုပဲ inspired ယူလိုက်တာဆိုတော့ အရိုက်ခံလိုက်တယ်။

ဒါပေမယ့် ကိုယ်က စိုးရိမ်တာပေါ့နော်။ အမေစုလို မျက်လုံးမျိုးတော့ ဘယ်ရမလဲ၊ ကိုယ်က ကြောက်နေတဲ့ မျက်လုံးဖြစ်နေတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top