





Credit:luckymyanmar
#Unicode Version#
ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောနှစ်လက်ဖြစ်တဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့က ရုပ်ရှင်ဗီဒီယိုတွေမှာ အတွဲညီညီသရုပ်ဆောင်နိုင်တဲ့ မင်းသားနှစ်လက်ပါ။

နေတိုးနဲ့ ကျော်ကျော်ဗိုတို့က အနုပညာလောကမှာ အတွဲညီရုံသာမက အပြင်မှာပါ ညီအစ်ကိုတွေလို ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလဲ သူတို့နှစ်ယောက်စလုံးရဲ့ အနုပညာစွမ်းရည်တွေကို ကြိုက်နှစ်သက်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

အမြဲတမ်း သွားအတူ လာအတူတွေ့ရတတ်တဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့က ဒီတစ်ခေါက်မှာတော့ အဓိဌာန်အတူတူ ဝင်နေကြတာပဲ ဖြစ်ပါတယ်။

နေတိုးနဲ့အတူတူ သူ့ရဲ့ မိခင်နဲ့ ညီမတို့က ပါဝင်သလို ကျော်ကျော်ဗိုရဲ့ ဇနီးချောလေးကလဲ ကျော်ကျော်ဗိုနဲ့အတူတူ ပါရမီဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးနဲ့ ကျော်ကျော်ဗိုတို့က လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ မိသားစုတွေနဲ့အတူတူ အဓိဌာန်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးနဲ့ ကျော်ကျော်ဗိုတို့ကတော့ အနုပညာလုပ်ငန်းတွေကို မအားမလပ် လုပ်ကိုင်နေကြပေမယ့် ဘာသာရေးကိုလဲ တက်စွမ်းသမျှ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ နေတိုးနဲ့ ကျော်ကျော်ဗိုတို့ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:luckymyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top