1. စိတ္ဖိစီးမႈမ်ားျခင္း
စိတ္ဖိစီးမႈဟာ တဆင့္ခံေဆးလိပ္ေငြ႔ကဲ့သို႔ လူကိုအႏၲရာယ္ေပးႏိုင္ၿပီး စိတ္ဖိစီးမႈမ်ားခ်ိန္မွာထြက္လာတဲ့ ေကာ္တီေဇာေဟာ္မုန္း ရာသီမမွန္တာ၊ ရာသီေသြးဆင္းမႈနည္းတာေတြျဖစ္ေစႏိုင္ပါတယ္။
2. အိပ္ေရးပ်က္ျခင္း
တစ္ညတာမွာ ျပည့္ျပည့္၀၀အိပ္စက္အနားမယူျခင္းေၾကာင့္ ရာသီမမွန္ျခင္း၊ ရာသီလာရက္မ်ားျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။
3. ေကာ္ဖီအေသာက္မ်ားျခင္း
ရာသီလာခ်ိန္အတြင္း ေကာ္ဖီသာမကလက္ဖက္ရည္နဲ႔ အျခားေသာကဖင္းဓာတ္ပါတဲ့ အခ်ဳိရည္ေတြအေသာက္မ်ားျခင္းေၾကာင့္ ရာသီလာရက္နည္းသြားေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့့ ကဖင္းဓာတ္ကလူကို ႏိုးၾကားေစတယ္၊ ဆီးရႊင္ေစတယ္ဆိုေပမယ့္ တခ်ဳိ႕လူေတြအေနနဲ႔ ေကာ္ဖီေသာက္ျခင္းေၾကာင့္ ေခါင္းကိုက္ျခင္းကိုခံစားရေစႏိုင္ပါတယ္။ ကဖင္းဓာတ္ပါတဲ့အရည္ေတြကိုေသာက္တာမ်ားသြားတဲ့အခါ ႏိုးၾကားမႈကေန စိုးရိမ္ပူပန္မႈဆိုတဲ့စိတ္ခံစားခ်က္အျဖစ္သို႔ ေျပာင္းလဲသြားေစပါတယ္။ ဒါေၾကာင့္ ပင္ကိုကတည္းကရာသီမလာမီနဲ႔ ရာသီလာေနစဥ္အတြင္း ေခါင္းကိုက္ျခင္း၊ စိုးရိမ္ပူပန္ျခင္းကိုခံစားရတတ္သူေတြအေနနဲ႔ ေကာ္ဖီအေသာက္မ်ားသြားပါက ေ၀ဒနာကိုပိုတိုးၿပီး ခံစားရႏိုင္ပါတယ္။
4. ခရီးအၿမဲထြက္ေနသူျဖစ္ျခင္း
ခရီးထြက္တဲ့သူတစ္ေယာက္အေနနဲ႔ အိပ္စက္ခ်ိန္မမွန္တာ၊ အိပ္ရာထခ်ိန္မမွန္တာေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အိပ္စက္ခ်ိန္မွာထြက္တဲ့ မယ္လတိုနင္ေဟာ္မုန္းကို ကေမာက္ကမျဖစ္ေစျခင္းဟာ ရာသီလာျခင္းအေပၚသက္ေရာက္မႈရွိေစတဲ့အျပင္၊ သင့္ခႏၶာကိုယ္ဟာ သင္သြားတဲ့ေနရာေဒသအေပၚလိုက္ၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ခ်ိန္ညႇိေနထိုင္ရတာေၾကာင့္ ခႏၶာကိုယ္တြင္းရွိ ေဟာ္မုန္းညီမွ်ျခင္းမရွိႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အၿမဲလိုလု္ိခရီးထြက္ေနသူအမ်ဳိးသမီးမ်ားအေနနဲ႔ ရာသီလာခ်ိန္ေနာက္က်တာမ်ဳိးနဲ႔ၾကံဳေတြ႔ရေလ့ရွိတတ္ပါတယ္။
5. အရက္ေသာက္ျခင္း
အရက္ေသာက္ျခင္းေၾကာင့္ ရာသီလာခ်ိန္မွာခံစားရေလ့ရွိတတ္တဲ့ နာက်င္ကိုက္ခဲမႈေ၀ဒနာကို ၾကာရွည္စြာခံစားရေစႏိုင္ပါတယ္။
6. ၀န္ပိျခင္း
ခႏၶာကိုယ္ကိုအနားမေပးဘဲ ေန႔စဥ္အလုပ္ကိုအဆက္မျပတ္လုပ္ျခင္းေၾကာင့္ လူပန္း၊ စိတ္ႏြမ္းကာစိတ္ဖိစီးမႈကို ျဖစ္ေစပါတယ္။ စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္တြင္းရွိေဟာ္မုန္းညီမွ်ခ်က္ကို ပ်က္စီးေစတာေၾကာင့္ အလုပ္တာ၀န္မ်ားစြာနဲ႔ ၀န္ပိေနသူအမ်ဳိးသမီးမ်ားအေနနဲ႔ ရာသီမမွန္တာမ်ဳိးၾကံဳေတြ႔ရတတ္ပါတယ္။
7. ေဆးေသာက္ရန္ ရက္ေက်ာ္သြားျခင္း
တားေဆးေသာက္ေနသူအမ်ဳိးသမီးမ်ားအေနနဲ႔ တစ္ႀကိမ္ထက္ပိုၿပီးေဆးေသာက္ဖို႔ေမ့ေလ်ာ့သြားတဲ့အခါ ရာသီထိန္သြားတတ္ပါတယ္။ ဒါေၾကာင့္ တားေဆးေသာက္ေနသူအမ်ဳိးသမီးေတြတိုင္း ေဆးကိုအခ်ိန္မွန္ေသာက္ဖို႔၊ ရက္ေက်ာ္မသြားေစဖို႔ အထူးဂ႐ုျပဳေပးသင့္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:CMS (www.drmyanmar.com)
#Unicode Version#
1. စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ တဆင့်ခံဆေးလိပ်ငွေ့ကဲ့သို့ လူကိုအန္တရာယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုများချိန်မှာထွက်လာတဲ့ ကော်တီဇောဟော်မုန်း ရာသီမမှန်တာ၊ ရာသီသွေးဆင်းမှုနည်းတာတွေဖြစ်စေနိုင်ပါတယ်။
2. အိပ်ရေးပျက်ခြင်း
တစ်ညတာမှာ ပြည့်ပြည့်၀၀အိပ်စက်အနားမယူခြင်းကြောင့် ရာသီမမှန်ခြင်း၊ ရာသီလာရက်များခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
3. ကော်ဖီအသောက်များခြင်း
ရာသီလာချိန်အတွင်း ကော်ဖီသာမကလက်ဖက်ရည်နဲ့ အခြားသောကဖင်းဓာတ်ပါတဲ့ အချိုရည်တွေအသောက်များခြင်းကြောင့် ရာသီလာရက်နည်းသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်ကလူကို နိုးကြားစေတယ်၊ ဆီးရွှင်စေတယ်ဆိုပေမယ့် တချို့လူတွေအနေနဲ့ ကော်ဖီသောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရစေနိုင်ပါတယ်။ ကဖင်းဓာတ်ပါတဲ့အရည်တွေကိုသောက်တာများသွားတဲ့အခါ နိုးကြားမှုကနေ စိုးရိမ်ပူပန်မှုဆိုတဲ့စိတ်ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် ပင်ကိုကတည်းကရာသီမလာမီနဲ့ ရာသီလာနေစဉ်အတွင်း ခေါင်းကိုက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းကိုခံစားရတတ်သူတွေအနေနဲ့ ကော်ဖီအသောက်များသွားပါက ဝေဒနာကိုပိုတိုးပြီး ခံစားရနိုင်ပါတယ်။
4. ခရီးအမြဲထွက်နေသူဖြစ်ခြင်း
ခရီးထွက်တဲ့သူတစ်ယောက်အနေနဲ့ အိပ်စက်ချိန်မမှန်တာ၊ အိပ်ရာထချိန်မမှန်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်မှာထွက်တဲ့ မယ်လတိုနင်ဟော်မုန်းကို ကမောက်ကမဖြစ်စေခြင်းဟာ ရာသီလာခြင်းအပေါ်သက်ရောက်မှုရှိစေတဲ့အပြင်၊ သင့်ခန္ဓာကိုယ်ဟာ သင်သွားတဲ့နေရာဒေသအပေါ်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနေထိုင်ရတာကြောင့် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းညီမျှခြင်းမရှိနိုင်တော့ပါဘူး။ ဒါကြောင့် အမြဲလိုလိုခရီးထွက်နေသူအမျိုးသမီးများအနေနဲ့ ရာသီလာချိန်နောက်ကျတာမျိုးနဲ့ကြုံတွေ့ရလေ့ရှိတတ်ပါတယ်။
5. အရက်သောက်ခြင်း
အရက်သောက်ခြင်းကြောင့် ရာသီလာချိန်မှာခံစားရလေ့ရှိတတ်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို ကြာရှည်စွာခံစားရစေနိုင်ပါတယ်။
6. ဝန်ပိခြင်း
ခန္ဓာကိုယ်ကိုအနားမပေးဘဲ နေ့စဉ်အလုပ်ကိုအဆက်မပြတ်လုပ်ခြင်းကြောင့် လူပန်း၊ စိတ်နွမ်းကာစိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်တွင်းရှိဟော်မုန်းညီမျှချက်ကို ပျက်စီးစေတာကြောင့် အလုပ်တာဝန်များစွာနဲ့ ဝန်ပိနေသူအမျိုးသမီးများအနေနဲ့ ရာသီမမှန်တာမျိုးကြုံတွေ့ရတတ်ပါတယ်။
7. ဆေးသောက်ရန် ရက်ကျော်သွားခြင်း
တားဆေးသောက်နေသူအမျိုးသမီးများအနေနဲ့ တစ်ကြိမ်ထက်ပိုပြီးဆေးသောက်ဖို့မေ့လျော့သွားတဲ့အခါ ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် တားဆေးသောက်နေသူအမျိုးသမီးတွေတိုင်း ဆေးကိုအချိန်မှန်သောက်ဖို့၊ ရက်ကျော်မသွားစေဖို့ အထူးဂရုပြုပေးသင့်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:CMS (www.drmyanmar.com)
ဒါေတြေၾကာင့္ ရာသီထိန္တာ..ရာသီမမွန္တာေတြ ျဖစ္တတ္ပါတယ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။