မိတ္ကပ္ညီညီေမာင္(စမ္းေခ်ာင္း) ဟာဆိုရင္ ျပီးခဲ့တဲ့နွစ္ကတည္းက ခ်စ္တဲ့သူနဲ႔မဂၤ လာေဆာင္ဖို႔ျပင္ဆင္ေနေပမယ့္လည္းအလုပ္ေတြမအားလပ္တာေၾကာင့္ ေနာက္ ကိုေရႊ႕လာရင္းနဲ႔ အခု မၾကာခင္မွာေတာ့ တကယ္ၾကီးကိုလက္ထပ္ေတာ့ မွာျဖစ္ေၾကာင္း သိရပါတယ္။သုသုကမၾကာေသးမီက မီဒီယာေတြနဲဲ႔အင္တာဗ်ဴးမွာ မဂၤလာေဆာင္ဖုိ႔ဝတ္စံု အပ္ထားတဲ့ ဒီဇုုိင္နာရတုနဲ႔အတူတူေျဖၾကားသြားခဲ့ပါတယ္။

သုသုက ပရိသတ္ေတြကုိခ်စ္သူကုိခ်မျပေပမယ့္ မဂၤလာေဆာင္ဖို႔ဝတ္စုံခ်ဳပ္ထားျပီးျပီ ဆိုတဲ့အေၾကာင္း”မိ္န္းမလ်ာတစ္ေယာက္္ရဲ႕အခ်စ္ေရးဆိုေတာ့ မထူးဆန္းလို႔ခ်မျပပါဘူး။ ဝတ္စံုကအပ္ထားျပီးျပီ၊ရက္္လည္းေျပာထားျပီးျပီ။ခ်မျပပါဘူး။မထူးဆန္းလို႔ပါ”လို႔ေျပာထားျပီီး

ဒီဇုိင္နာရတုကေတာ့”မသုက မဂၤလာေဆာင္ကေတာ့ လံုးဝသိုဝွက္ထားမယ္ေပါ့။ သူငယ္ခ်င္းမိတ္ေဆြေတြကုိပဲ မိတ္ဆက္ေပးမယ္ေပါ့။ အဲ့လို မ်ိဳးေလးပဲလုပ္ထားတယ္။ ဟုိတစ္ေယာက္ကေတာ့ ေၾကာက္ေနတာ။ လူသိထင္ရွားမျဖစ္ခ်င္ဘူး။ ေအးေအးေဆးေဆးပဲခ်စ္ခ်င္တာ။ တည္ျမဲခ်င္လို႔ပဲေနမွာပါ။လႈပ္္လႈပ္ရြရြနဲဲ႔ဆိုရင္ ျပတ္သြားမယ္ဘာညာျဖစ္္မွာစုိးလို႔ပဲျဖစ္မွာပါ”လို႔ ေျပာျပထားပါတယ္။

မဂၤလာေဆာင္အတြက္ အစီအစဥ္ကုိေတာ့ သုသုက “လက္ဖြဲဲ႕လည္းမယူပါဘူး။ ဒီတုိင္းေလးပဲအသိမိတ္္ေဆြေတြကိုအသိေပးမယ္ေပါ့။ဒီေလာက္ပါပဲ”လို႔ ေျပာထားသလိုမဂၤလာဝတ္စံုဒီဇိုင္္းကုိေတာ့ရတုက “မသုကေတာ့ ရင္ဖံုးေလးနဲဲ႔လက္ရွည္ေလးပဲေပါ့။ခ်ိတ္ကေလးကုိေတာ့ အရိပ္ေလးပဲလို႔ေျပာတာပဲ။

မသုကက်က္သေရရွိတဲ့ပံုစံမ်ိဳးနဲ႔ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ျမန္မာအမ်ိဳးသမီးခႏၶာကိုယ္မ်ိဳးဆိုေတာ့ အဲလုိမ်ိဳးဝတ္လိုက္ရင္ပုိလွတယ္။ ေက်ာ့ေက်ာ့ရွင္းရွင္းေလးနဲ႔”လို႔ ေျပာျပထားပါတယ္။



သုသုရဲ႕အခ်စ္ေရးအေပၚအျမင္ကုိေတာ့ ရတုက “မမသုက အရမ္းခ်စ္တတ္တယ္။ ခ်စ္တတ္ေတာ့ လာခ်စ္တဲ့သူေတြက အရင္တုန္းကေတာ့ ခ်စ္ၾကတယ္။ မမသုခ်စ္တာ သိရင္ျပန္ေျပးခ်င္ၾကတယ္။ စိန္ေျပးလိုက္တမ္းေဆာ့ေနသလိုပဲ။စကားမ်ားလိုက္ၾက၊ ရန္္ျဖစ္ေနရင္းနဲ႔ ျပန္္တည့္ျပီးရယ္သြားၾကျပန္ေရာ အဲ့လိုမ်ိဳး၊ ခ်စ္တတ္တယ္ေပါ့။

မမသုရဲ႕အခ်စ္ေရးကေနွာက္တဲ့လူေတြမ်ားလာေတာ့ေၾကာက္ျပီးသုိသုိသိပ္သိပ္ပဲေနလိုက္ၾကတာ။ မသုက တစ္ေန႔ဖုန္းတစ္ခါေလာက္ေျပာရရင္ေက်နပ္ေနတာ။ သူ႔ဘဝၾကီးကဖူလံုသြားျပီ။ အရမ္းခ်စ္တတ္တာ”လို႔ေျပာျပထားပါတယ္။

သုသုကလည္းခ်စ္သူကလုပ္ငန္းရွင္မို႔မအားလို႔ သိပ္မေတြ႕ျဖစ္ေၾကာင္း “သုသုတို႔ကအျပင္မွာေတြ႕ခဲတယ္္။ သူက လုပ္ငန္းအၾကီးၾကီးလုပ္ေတာ့ မအားေတာ့ သိပ္မေတြ႕ျဖစ္ဘူး။ သူကလုပ္ငန္းရွင္ဆိုေတာ့။သူက ရိုတယ္။ လက္ေဆာင္ေတြေပးလိုက္၊ဟုိဟာေတြေပးလိုက္ကေတာ့ ရိုတယ္။ ဒါေပမယ့္ကိုယ္ကမတင္ေတာ့တာ။

အာရံုေတြလည္းေနာက္လို႔၊ ျပီးရင္လည္းဝုိင္းဆဲမွာပဲဆိုေတာ့။ အခ်ိန္ေပးျခင္းမေပးျခင္းထက္ ကိုယ့္ကုိတန္ဖိုးထားျခင္းမထားျခင္းကုိိပဲစိတ္ဝင္စားေတာ့တယ္။ ကုိယ္ကအသက္ၾကီးေတာ့၊အခ်ိိန္တန္ေတာ့လည္းေပါင္းရမွာပဲေလ။ သိေနတာပဲ။ ကုိယ့္ကိုရင္ထဲမွာရွိတယ္ခ်စ္ေနတယ္္ဆိုေက်နပ္ျပီ။သြားရင္လာရင္လည္းပါပါတယ္။

အျမဲတမ္းသာမဟုတ္တာ။ သူကအေနလည္းတည္တယ္။ကုိယ္ေတြသူငယ္ခ်င္းေတြက်ေတာ့ အခြီေတြဆိုေတာ့ သူဒဏ္ခံနုိင္မွာမဟုတ္ဘူး”လို႔ရွင္္းျပထားပါတယ္။



ပရိသတ္္ၾကီီးေရာ သုသုခ်စ္သူဘယ္သူဆိုတာစိတ္ဝင္္စားေနၾကျပီလား။ သုသုရဲ႕မဂၤလာပြဲမွာဝတ္မယ့္ဝတ္စံုေလးကုိေရာသိခ်င္ေနျပီလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကတည်းက ချစ်တဲ့သူနဲ့မင်္ဂ လာဆောင်ဖို့ပြင်ဆင်နေပေမယ့်လည်းအလုပ်တွေမအားလပ်တာကြောင့် နောက် ကိုရွှေ့လာရင်းနဲ့ အခု မကြာခင်မှာတော့ တကယ်ကြီးကိုလက်ထပ်တော့ မှာဖြစ်ကြောင်း သိရပါတယ်။သုသုကမကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ မင်္ဂလာဆောင်ဖို့ဝတ်စုံ အပ်ထားတဲ့ ဒီဇိုင်နာရတုနဲ့အတူတူဖြေကြားသွားခဲ့ပါတယ်။

သုသုက ပရိသတ်တွေကိုချစ်သူကိုချမပြပေမယ့် မင်္ဂလာဆောင်ဖို့ဝတ်စုံချုပ်ထားပြီးပြီ ဆိုတဲ့အကြောင်း”မိန်းမလျာတစ်ယောက်ရဲ့အချစ်ရေးဆိုတော့ မထူးဆန်းလို့ချမပြပါဘူး။ ဝတ်စုံကအပ်ထားပြီးပြီ၊ရက်လည်းပြောထားပြီးပြီ။ချမပြပါဘူး။မထူးဆန်းလို့ပါ”လို့ပြောထားပြီး

ဒီဇိုင်နာရတုကတော့”မသုက မင်္ဂလာဆောင်ကတော့ လုံးဝသိုဝှက်ထားမယ်ပေါ့။ သူငယ်ချင်းမိတ်ဆွေတွေကိုပဲ မိတ်ဆက်ပေးမယ်ပေါ့။ အဲ့လို မျိုးလေးပဲလုပ်ထားတယ်။ ဟိုတစ်ယောက်ကတော့ ကြောက်နေတာ။ လူသိထင်ရှားမဖြစ်ချင်ဘူး။ အေးအေးဆေးဆေးပဲချစ်ချင်တာ။ တည်မြဲချင်လို့ပဲနေမှာပါ။လှုပ်လှုပ်ရွရွနဲ့ဆိုရင် ပြတ်သွားမယ်ဘာညာဖြစ်မှာစိုးလို့ပဲဖြစ်မှာပါ”လို့ ပြောပြထားပါတယ်။

မင်္ဂလာဆောင်အတွက် အစီအစဉ်ကိုတော့ သုသုက “လက်ဖွဲ့လည်းမယူပါဘူး။ ဒီတိုင်းလေးပဲအသိမိတ်ဆွေတွေကိုအသိပေးမယ်ပေါ့။ဒီလောက်ပါပဲ”လို့ ပြောထားသလိုမင်္ဂလာဝတ်စုံဒီဇိုင်းကိုတော့ရတုက “မသုကတော့ ရင်ဖုံးလေးနဲ့လက်ရှည်လေးပဲပေါ့။ချိတ်ကလေးကိုတော့ အရိပ်လေးပဲလို့ပြောတာပဲ။

မသုကကျက်သရေရှိတဲ့ပုံစံမျိုးနဲ့တောင့်တောင့်ဖြောင့်ဖြောင့်မြန်မာအမျိုးသမီးခန္ဓာကိုယ်မျိုးဆိုတော့ အဲလိုမျိုးဝတ်လိုက်ရင်ပိုလှတယ်။ ကျော့ကျော့ရှင်းရှင်းလေးနဲ့”လို့ ပြောပြထားပါတယ်။

သုသုရဲ့အချစ်ရေးအပေါ်အမြင်ကိုတော့ ရတုက “မမသုက အရမ်းချစ်တတ်တယ်။ ချစ်တတ်တော့ လာချစ်တဲ့သူတွေက အရင်တုန်းကတော့ ချစ်ကြတယ်။ မမသုချစ်တာ သိရင်ပြန်ပြေးချင်ကြတယ်။ စိန်ပြေးလိုက်တမ်းဆော့နေသလိုပဲ။စကားများလိုက်ကြ၊ ရန်ဖြစ်နေရင်းနဲ့ ပြန်တည့်ပြီးရယ်သွားကြပြန်ရော အဲ့လိုမျိုး၊ ချစ်တတ်တယ်ပေါ့။

မမသုရဲ့အချစ်ရေးကနှောက်တဲ့လူတွေများလာတော့ကြောက်ပြီးသိုသိုသိပ်သိပ်ပဲနေလိုက်ကြတာ။ မသုက တစ်နေ့ဖုန်းတစ်ခါလောက်ပြောရရင်ကျေနပ်နေတာ။ သူ့ဘဝကြီးကဖူလုံသွားပြီ။ အရမ်းချစ်တတ်တာ”လို့ပြောပြထားပါတယ်။

သုသုကလည်းချစ်သူကလုပ်ငန်းရှင်မို့မအားလို့ သိပ်မတွေ့ဖြစ်ကြောင်း “သုသုတို့ကအပြင်မှာတွေ့ခဲတယ်။ သူက လုပ်ငန်းအကြီးကြီးလုပ်တော့ မအားတော့ သိပ်မတွေ့ဖြစ်ဘူး။ သူကလုပ်ငန်းရှင်ဆိုတော့။သူက ရိုတယ်။ လက်ဆောင်တွေပေးလိုက်၊ဟိုဟာတွေပေးလိုက်ကတော့ ရိုတယ်။ ဒါပေမယ့်ကိုယ်ကမတင်တော့တာ။

အာရုံတွေလည်းနောက်လို့၊ ပြီးရင်လည်းဝိုင်းဆဲမှာပဲဆိုတော့။ အချိန်ပေးခြင်းမပေးခြင်းထက် ကိုယ့်ကိုတန်ဖိုးထားခြင်းမထားခြင်းကိုပဲစိတ်ဝင်စားတော့တယ်။ ကိုယ်ကအသက်ကြီးတော့၊အချိန်တန်တော့လည်းပေါင်းရမှာပဲလေ။ သိနေတာပဲ။ ကိုယ့်ကိုရင်ထဲမှာရှိတယ်ချစ်နေတယ်ဆိုကျေနပ်ပြီ။သွားရင်လာရင်လည်းပါပါတယ်။

အမြဲတမ်းသာမဟုတ်တာ။ သူကအနေလည်းတည်တယ်။ကိုယ်တွေသူငယ်ချင်းတွေကျတော့ အခွီတွေဆိုတော့ သူဒဏ်ခံနိုင်မှာမဟုတ်ဘူး”လို့ရှင်းပြထားပါတယ်။

ပရိသတ်ကြီးရော သုသုချစ်သူဘယ်သူဆိုတာစိတ်ဝင်စားနေကြပြီလား။ သုသုရဲ့မင်္ဂလာပွဲမှာဝတ်မယ့်ဝတ်စုံလေးကိုရောသိချင်နေပြီလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top