တစ္ႏိုင္ငံလံုးတြင္ အပူခ်ိန္အျမင့္ဆံုးျဖစ္ေသာ ေခ်ာက္ၿမိဳ႕နယ္တြင္ ေမလဆန္းမွစ၍ ေမလ ၁၄ ရက္အထိ သီတင္းႏွစ္ပတ္အတြင္း အပူလွ်ပ္၍ ၃ ဦးေသဆံုးခဲ့ၿပီး ႏွစ္ဦးေဆး႐ံုတက္ကာ ေဆးကုသမႈခံယူေနရေၾကာင္း ယင္းၿမိဳ႕ျပည္သူ႔ေဆး႐ံုထံမွ သိရွိရသည္။

ေမလ ၃ ရက္က ၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ ေမလ ၁၃ ရက္တြင္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ ၄၀ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ အပူလွ်ပ္ (Heat Stroke)၍ ေဆး႐ံုသို႔ပို႔ေဆာင္ကုသစဥ္ လမ္း၌ပင္ ေသဆံုးခဲ့ေၾကာင္း ယင္းေဆး႐ံုထံမွ သိရွိရသည္။

လတ္တေလာတြင္ အသက္ ၄၅ ႏွစ္အထက္ရွိ အမ်ိဳးသားႏွစ္ဦး ေဆး႐ံုတင္ထားၿပီး ေဆးကုသေပးေနရေၾကာင္း၊ ေမလ ၈ ရက္က ေဆး႐ံုေရာက္လာသည့္ ၆၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးမွာသက္သာ၍ ေဆး႐ံုမွ ဆင္းသြားၿပီျဖစ္သည္။

လူနာမ်ားႏွင့္ ေသဆံုးသူမ်ားႏွင့္အတူပါလာသူမ်ားကို စစ္ေဆးေမးျမန္းခ်က္အရ ၎တို႔သည္ ျပင္ပေနပူထဲတြင္ သြားလာၿပီး အပူခ်ိန္ ျမင့္မားသည့္အခ်ိန္၊ ေနရာတြင္ အလုပ္လုပ္သူမ်ားျဖစ္ေနသည္ကို ေတြ႔ရွိရေၾကာင္း ယင္းေဆး႐ံုမွ ဆရာဝန္တစ္ဦးက ေျပာၾကားသည္။

ေခ်ာက္ၿမိဳ႕၏ အပူခ်ိန္သည္ ဧၿပီလမွစၿပီး ၄၄ ဒီဂရီစင္တီဂရိတ္မွ ေမလဆန္းတြင္ ၄၅ ဒီဂရီစင္တီဂရိတ္ေက်ာ္အထိ ျမင့္တက္လာၿပီး ေမလ ၉ ရက္တြင္ အပူခ်ိန္ ၄၇ ဒသမ ၁ ဒီဂရီစင္တီဂရိတ္အထိ အပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့သည္။ လက္ရွိတြင္ေန႔ အပူခ်ိန္ ၄၅ မွ ၄၆ ဒီဂရီစင္တီဂရိတ္ဝန္းက်င္ရွိေၾကာင္း ယင္းၿမိဳ႕ မိုးေလဝသႏွင့္ ဇလေဗဒဌာနထံမွ သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
တစ်နိုင်ငံလုံးတွင် အပူချိန်အမြင့်ဆုံးဖြစ်သော ချောက်မြို့နယ်တွင် မေလဆန်းမှစ၍ မေလ ၁၄ ရက်အထိ သီတင်းနှစ်ပတ်အတွင်း အပူလျှပ်၍ ၃ ဦးသေဆုံးခဲ့ပြီး နှစ်ဦးဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရကြောင်း ယင်းမြို့ပြည်သူ့ဆေးရုံထံမှ သိရှိရသည်။

မေလ ၃ ရက်က ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မေလ ၁၃ ရက်တွင် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ အပူလျှပ် (Heat Stroke)၍ ဆေးရုံသို့ပို့ဆောင်ကုသစဉ် လမ်း၌ပင် သေဆုံးခဲ့ကြောင်း ယင်းဆေးရုံထံမှ သိရှိရသည်။

လတ်တလောတွင် အသက် ၄၅ နှစ်အထက်ရှိ အမျိုးသားနှစ်ဦး ဆေးရုံတင်ထားပြီး ဆေးကုသပေးနေရကြောင်း၊ မေလ ၈ ရက်က ဆေးရုံရောက်လာသည့် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာသက်သာ၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

လူနာများနှင့် သေဆုံးသူများနှင့်အတူပါလာသူများကို စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ပြင်ပနေပူထဲတွင် သွားလာပြီး အပူချိန် မြင့်မားသည့်အချိန်၊ နေရာတွင် အလုပ်လုပ်သူများဖြစ်နေသည်ကို တွေ့ရှိရကြောင်း ယင်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ချောက်မြို့၏ အပူချိန်သည် ဧပြီလမှစပြီး ၄၄ ဒီဂရီစင်တီဂရိတ်မှ မေလဆန်းတွင် ၄၅ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာပြီး မေလ ၉ ရက်တွင် အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် စံချိန်သစ်တင်ခဲ့သည်။ လက်ရှိတွင်နေ့ အပူချိန် ၄၅ မှ ၄၆ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိကြောင်း ယင်းမြို့ မိုးလေဝသနှင့် ဇလဗေဒဌာနထံမှ သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top