ဘာေၾကာင့္ အိမ္ျမႇောင္စုတ္ထိုး

အိမ္ရွိလွ်င္ အိမ္ျမႇောင္ဆိုတာ ရွိတတ္စၿမဲ ။ သူ႕ စုတ္ထိုးသံ ၾကားရတတ္စၿမဲ ။ အိမ္ျမႇောင္စုတ္ထိုးသံကိုလည္း လူေတြ အတိတ္ေကာက္ၾကေလ့ ရွိတတ္ၾကရဲ႕ ။

ဘာေၾကာင့္ အိမ္ျမႇောင္ စုတ္ထိုးပါသလဲ ။ အိမ္ျမႇောင္ စုတ္ထိုးျခင္းဟာ နတ္ေတြနဲ႕ ပတ္သက္ေနတတ္ေၾကာင္း ဆရာေတာ္ဘုရားႀကီးက ဒီလို ရွင္းျပထားပါတယ္ ။ မိဘနဲ႕သားသမီး ဆရာနဲ႕တပည့္ လင္နဲ႕မယား ဆက္ဆံေရးမွာ လိုက္ေလ်ာမႈ မရွိခဲ့လွ်င္ တက်က္က်က္ျဖစ္ၿပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္ ။

ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ ။ ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြလည္း နားမခံသာ ။ နတ္တို႔ နားမခံသာလို႔ ေရွာင္သြားျခင္း သို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ ဆိုပါက အဲဒီအိမ္ စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ လာသမွ် ဧည့္သည္ မဆက္ဆံခ်င္ ျဖစ္တတ္သည္ ။

လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ရွိသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ေရးလည္း ရွိပါတယ္ လူလူခ်င္း အုုပ္ခ်ဳပ္တဲ့ လူ မင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္ ။ လူကို အုပ္ခ်ဳပ္တဲ့ နတ္မင္းမ်ားကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္ ။

ေလာကသုံးပါး ေရွ႕ေဆာင္ လမ္းျပေတာ္မူတဲ့ ဘုရားရွင္ကိုေတာ့ “ဝိသုဒၶိနတ္” ေခၚရတယ္ ။

အဲဒီ သမၼဳတိနတ္မ်ိဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႕ တူတယ္ ။

“အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႕ တူတယ္ ။

ကံထိန္း (မိမိ ဘဝရဲ႕ ေကာင္းကံံံ ဆိုးကံ မိမိေစတနာ ဖန္းတီးထားတိုင္းကို တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က အလုပ္ရွင္နဲ႕ တူတယ္ ။

ဥစၥာေစာင့္ (မိမိရဲ႕ လက္ရွိပစၥည္း အတိတ္က ျမႇုပ္ႏွံပစၥည္းမ်ားကို ေစာင့္ေရွာက္ၿပီး ေပးသင့္ခ်ိန္ သိမ္းသင့္ခ်ိန္ တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က ထိုအလုပ္ရွင္ရဲ႕ ဇနီးနဲ႕ တူတယ္ ။

သားတို႔ သမီးတို႔က လုပ္သားေတြနဲဲ႔ တူတယ္ ။

သူတို႔ကူမွ စီးပြားတက္တာ သူတို႔ကူလွ်င္္စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္ ။
သူတို႔ကို ယုံလည္း ယုံမယ္ ရိုေသလည္း ရိုေသမယ္ ဆိုလွ်င္ သူတို႔ေပ်ာ္ေလရဲ႕ ။

သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္လာလွ်င္ စီးပြားေရး အဆင္ေျပ အိမ္ေထာင္ေရး အေျခလွ လူမႈေရးေတြမွာ မ်က္ႏွာပန္းလွေရာ ။

သူတို႔ေႏွာက္ယွက္လွ်င္ေတာ့ အရွက္တကဲြဲ အက်ိဳးနည္းပဲ ။

အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးမွာ မီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ျမႇောင္စုတ္ထိုးသံၾကားလွ်င္ အဲ့ဒါ သူတို႔က သားတို႔အတြက္ စားသုံးဖို႔ ပစၥည္း လာထားတာတဲ့ ။
အခ်ိဳ႕အိမ္ ဆန္အိုးဆန္မေလွ်ာ့ ဆီအိုး ဆီမေလွ်ာ့ ျဖစ္တတ္တယ္ ။ နေမာ္နမဲ့မို႔ မသိၾကတာ ။

တစ္ခါတစ္ရံ သူထားသလို ကိုယ္ထားသလိုလိုနဲ႕ ေငြမ်ားလည္း ရတတ္တယ္ ။ အမွတ္မထင္ ေ႐ႊစ ေက်ာက္မ်က္စေလးမ်ားလည္း ေကာက္ရေစတတ္တယ္ ။

နတ္မတယ္ဆိုတာ နားကင္းႀကီးနဲ႕ ေရာ့ အင့္ မ်ိဳး မဟုတ္ဘူး ။

အိမ္ေရွ႕ခန္းက စုတ္ထိုးလွ်င္္ မင္းမႈ စိုးမႈ မ်ားနဲ႕ စကားမ်ားတတ္သတဲ့ ။

အိမ္လယ္ခန္းက စုတ္ထိုးလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတဲ့ ။

အိပ္ခန္းထဲက စုတ္ထိုးလွ်င္ေတာ့ လင္မယားခ်င္း ရန္ျဖစ္ၾကကေရာ ။

အိမ္ျမႇောင္ဆိုတာ ဈာန္ကြြက္ (ကသိုဏ္းကြက္) ဝင္ေနတဲ့ မ်က္လုံးရွင္ဆိုေတာ့ သူတို႔ (နတ္)လာတာ ျမင္ရ သိရသတဲ့ ။

ဒါေၾကာင့္အိမ္ျမႇောင္စုတ္ထိိုးသံ ဆိုတာ လူႏွင့္ နတ္တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပ သေကၤတသဖြယ္လည္း ရွိပါတယ္ ။

လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ဘက္က ေကာင္းေအာင္ေနျပဖို႔ အေရးႀကီးတယ္လို႔ ဆိုသင့္လွပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး)
# Unicode Version # ျဖင့္ ဖတ္ပါ #

ဘာကြောင့် အိမ်မြှောင်စုတ်ထိုး

အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့ ။

ဘာကြောင့် အိမ်မြှောင် စုတ်ထိုးပါသလဲ ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးက ဒီလို ရှင်းပြထားပါတယ် ။ မိဘနဲ့သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ် ။

ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ ။ နတ်တို့ နားမခံသာလို့ ရှောင်သွားခြင်း သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်သည် မဆက်ဆံချင် ဖြစ်တတ်သည် ။

လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိပါတယ် လူလူချင်း အုပ်ချုပ်တဲ့ လူ မင်းကိုတော့ လောကနတ် ခေါ်ရတယ် ။ လူကို အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ် ။

လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ် ။

အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ် ။

“အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ် ။

ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံံံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ် ။

ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ် ။

သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ် ။

သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင်စီးပွားကျစေဦးတော့ ခွေးကျ မကျတတ် ။
သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့ ။

သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေး အခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော ။

သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ ။

အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးမှာ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်း လာထားတာတဲ့ ။
အချို့အိမ် ဆန်အိုးဆန်မလျှော့ ဆီအိုး ဆီမလျှော့ ဖြစ်တတ်တယ် ။ နမော်နမဲ့မို့ မသိကြတာ ။

တစ်ခါတစ်ရံ သူထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ် ။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ် ။

နတ်မတယ်ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး ။

အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှု စိုးမှု များနဲ့ စကားများတတ်သတဲ့ ။

အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့ ။

အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်း ရန်ဖြစ်ကြကရော ။

အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့ ။

ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ် ။

လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top