မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာအတြင္းရွိ ဂ်ပန္လွ်ိဳေတာင္ ေက်ာက္ထုတ္လုပ္ေရးလုပ္ငန္းခြင္တြင္  ေမလ ၂၆ ရက္၊ နံနက္ ၈နာရီက ေက်ာက္ေတာင္ၿပိဳက်မႈေၾကာင့္ ေက်ာက္တုံးမ်ားပိကာ အမ်ိဳးသားႏွစ္ဦးေသဆုံးခဲ့ၿပီး ေနာက္ထပ္ လုပ္သားႏွစ္ဦးလည္း ဒဏ္ရာရရွိခဲ့သည္။

လက္ရွိတြင္ ၿပိဳက်ထားသည့္ ေက်ာက္ပုံမ်ားေအာင္တြင္ အျခားလုပ္သားမ်ား ရွိ၊ မရွိ ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနသည္ဟု အုန္းေခ်ာနယ္ေျမရဲစခန္းမွ စခန္းမႉးျဖစ္သူ ရဲအုပ္ သန္းကိုကိုက ေျပာသည္။

"ေက်ာက္တင္ေနရင္းနဲ႔ အေပၚကေက်ာက္ေတာင္ၿပိဳက်တာပါ။ ႏွစ္ဦးေသပါတယ္။ တစ္ဦးက စိုးရိမ္ရတယ္။ ဒဏ္ရာက ျပင္းတယ္။ တစ္ဦးကေတာ့ သိပ္မစိုးရိမ္ရပါဘူး" ဟု ၎က ဆိုသည္။

ေက်ာက္တုံးမ်ားၿပိဳက်သည့္ ဂ်ပန္လွ်ိဳေတာင္တြင္ ေဆာက္လုပ္ေရးသုံးေက်ာက္ႏွင့္ လမ္းခင္းေက်ာက္ ထုတ္လုပ္ေနသည့္ လုပ္ကြက္ေပါင္း ၅ဝနီးပါး ရွိေနၿပီး ေက်ာက္ထုတ္လုပ္သားဦးေရ ၁ဝဝခန႔္ ရွိသည္။

“ဒီလိုၿပိဳတာကေတာ့ မၾကာခန ျဖစ္တတ္ပါတယ္။ သတိထားလုပ္ၾကရတာပါပဲ။ အခုလို အသက္ေသဆုံးမႈေတြျဖစ္ေတာ့ စိတ္မေကာင္းဘူး။ ၿပိဳမွ သိတာပဲ။ ကြၽန္ေတာ့လုပ္ကြက္နဲ႔ေတာ့ နီးတယ္။ ဒီေန႔ေရာ၊ မနက္ျဖန္ေရာ ေက်ာက္ထုတ္တာ နားထားဦးမယ္” ဟု ေက်ာက္ထုတ္လုပ္ေရးတာဝန္ခံ ဦးျမင့္ေဆြက ေျပာသည္။

ယခုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊ မဟုတ္ အုန္းေခ်ာနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ ၇/၂၀၁၉ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအတွင်းရှိ ဂျပန်လျှိုတောင် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင်  မေလ ၂၆ ရက်၊ နံနက် ၈နာရီက ကျောက်တောင်ပြိုကျမှုကြောင့် ကျောက်တုံးများပိကာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် လုပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ပြိုကျထားသည့် ကျောက်ပုံများအောင်တွင် အခြားလုပ်သားများ ရှိ၊ မရှိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု အုန်းချောနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် သန်းကိုကိုက ပြောသည်။

"ကျောက်တင်နေရင်းနဲ့ အပေါ်ကကျောက်တောင်ပြိုကျတာပါ။ နှစ်ဦးသေပါတယ်။ တစ်ဦးက စိုးရိမ်ရတယ်။ ဒဏ်ရာက ပြင်းတယ်။ တစ်ဦးကတော့ သိပ်မစိုးရိမ်ရပါဘူး" ဟု ၎င်းက ဆိုသည်။

ကျောက်တုံးများပြိုကျသည့် ဂျပန်လျှိုတောင်တွင် ဆောက်လုပ်ရေးသုံးကျောက်နှင့် လမ်းခင်းကျောက် ထုတ်လုပ်နေသည့် လုပ်ကွက်ပေါင်း ၅ဝနီးပါး ရှိနေပြီး ကျောက်ထုတ်လုပ်သားဦးရေ ၁ဝဝခန့် ရှိသည်။

“ဒီလိုပြိုတာကတော့ မကြာခန ဖြစ်တတ်ပါတယ်။ သတိထားလုပ်ကြရတာပါပဲ။ အခုလို အသက်သေဆုံးမှုတွေဖြစ်တော့ စိတ်မကောင်းဘူး။ ပြိုမှ သိတာပဲ။ ကျွန်တော့လုပ်ကွက်နဲ့တော့ နီးတယ်။ ဒီနေ့ရော၊ မနက်ဖြန်ရော ကျောက်ထုတ်တာ နားထားဦးမယ်” ဟု ကျောက်ထုတ်လုပ်ရေးတာဝန်ခံ ဦးမြင့်ဆွေက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် အုန်းချောနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၇/၂၀၁၉ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top