ျမစ္​ႀကီးနားၿမိဳ႕တြင္​ ဆဌမတန္​း​ေက်ာင္​းသားတစ္​ဦး ၈​ေပအျမင္​့႐ွိမီးဖို​ေခ်ာင္​ျပတင္​း​ေပါက္​အ​ေပၚ​ေထာင္​့တြင္​ မာဖလာအဝတ္​ျဖင္​့လည္​ပင္​း၌ ႀကိဳးခ်ည္​၍ႀကိဳးဆြဲခ်​ေသဆုံးမႈတစ္​ခုျဖစ္​ပြားခဲ့​ေၾကာင္​း သိရသည္​။

ျမစ္​ႀကီးနားၿမိဳ႕၊လယ္​ကုန္​းရပ္​ကြက္​၊နယ္​​ေျမ(၆)အိမ္​အမွတ္​ ၂၀၁​ေန ဦးထြန္​းထြန္​းဝင္​း(ခ)ဦးကူမား၏သား ​ေမာင္​ျမင္​့ကုိကုိ​ေအာင္​ ၁၂ႏွစ္​သည္​တစ္​ဦးတည္​း ​ေဆာ့​ကစား​ေနရာမွမ​ေတာ္​တဆႀကိဳးဆြဲခ်​​ေသဆုံးမႈျဖစ္​ပြားခဲ့​သည္​ဟု ​ေလာ​ေလာဆယ္​ယူဆထား​ေၾကာင္​း ျမစ္​ႀကီးနားၿမိဳ႕ နယ္​​ေျမစခန္​းမွဴးဒုရဲမွဴး​ေဇာ္​လင္​းထံမွသိရသည္​။

“​ က​ေလးမွာ ျပင္​ပလကၡဏာမ႐ွိဘူး သူ႔ရဲ႕ဆရာမနဲ႔မိဘ​ေတြက​ေတာ့ ဒီက​ေလးဟာအရမ္​း​ေဆာ့တတ္​တယ္​လို႔​ေျပာပါတယ္​ ​ေဆာ့ရင္​းနဲ႔မ​ေတာ္​တဆျဖစ္​ပြားခဲ့တယ္​လို႔ ​ေလာ​ေလာဆယ္​ ယူဆထားပါတယ္​လုပ္​ထုံးလုပ္​နည္​းနဲ႔အညီစုံစမ္​းစစ္​​ေဆးမႈ​ေတြ​ေတာ့ ဆက္​လုပ္​​ေနပါတယ္​ ​ေဆးစာလဲပို႔ထားပါၿပီ´´ဟု၎က​ေျပာသည္​။

​ေမလ၂၅ရက္​​ေန႔ည​ေန၄နာရီခန္​႔က ​ေသဆုံးသူ​ေမာင္​ျမင္​့ကုိကုိ​ေအာင္​၏ မိဘမ်ားသည္​ ရပ္​ကြက္​ထဲ႐ွိနာ​ေရးအိမ္​သို႔သြား​ေရာက္​ျပီးျပန္​လာရာမွ အိမ္ရွိ​မီးဖို​ေခ်ာင္​ျပတင္​း​ေပါက္​နံရံသစ္​သား​ေခ်ာင္​း႐ွိ သံငုတ္​တြင္​ ၂လက္​မအျပား႐ွိမာဖလာႏွင္​့လည္​ပင္​းတြင္​ပတ္​၍ အျမင္​့၈​ေပအ​ေပၚမွ ႀကိဳးဆြဲခ်​ေသဆုံး​ေန​ေၾကာင္​း နယ္​​ေျမရဲစခန္​း႐ွိရဲမွတ္​တမ္​းမ်ားမွ သိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မီးမီး

#Unicode Version# ျဖင့္ဖတ္ပါ ။

မြစ်ကြီးနားမြို့တွင် ဆဌမတန်းကျောင်းသားတစ်ဦး ၈ပေအမြင့်ရှိမီးဖိုချောင်ပြတင်းပေါက်အပေါ်ထောင့်တွင် မာဖလာအဝတ်ဖြင့်လည်ပင်း၌ ကြိုးချည်၍ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်၊နယ်မြေ(၆)အိမ်အမှတ် ၂၀၁နေ ဦးထွန်းထွန်းဝင်း(ခ)ဦးကူမား၏သား မောင်မြင့်ကိုကိုအောင် ၁၂နှစ်သည်တစ်ဦးတည်း ဆော့ကစားနေရာမှမတော်တဆကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု လောလောဆယ်ယူဆထားကြောင်း မြစ်ကြီးနားမြို့ နယ်မြေစခန်းမှူးဒုရဲမှူးဇော်လင်းထံမှသိရသည်။

“ ကလေးမှာ ပြင်ပလက္ခဏာမရှိဘူး သူ့ရဲ့ဆရာမနဲ့မိဘတွေကတော့ ဒီကလေးဟာအရမ်းဆော့တတ်တယ်လို့ပြောပါတယ် ဆော့ရင်းနဲ့မတော်တဆဖြစ်ပွားခဲ့တယ်လို့ လောလောဆယ် ယူဆထားပါတယ်လုပ်ထုံးလုပ်နည်းနဲ့အညီစုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လုပ်နေပါတယ် ဆေးစာလဲပို့ထားပါပြီ´´ဟု၎င်းကပြောသည်။

မေလ၂၅ရက်နေ့ညနေ၄နာရီခန့်က သေဆုံးသူမောင်မြင့်ကိုကိုအောင်၏ မိဘများသည် ရပ်ကွက်ထဲရှိနာရေးအိမ်သို့သွားရောက်ပြီးပြန်လာရာမှ အိမ်ရှိမီးဖိုချောင်ပြတင်းပေါက်နံရံသစ်သားချောင်းရှိ သံငုတ်တွင် ၂လက်မအပြားရှိမာဖလာနှင့်လည်ပင်းတွင်ပတ်၍ အမြင့်၈ပေအပေါ်မှ ကြိုးဆွဲချသေဆုံးနေကြောင်း နယ်မြေရဲစခန်းရှိရဲမှတ်တမ်းများမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မီးမီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top