ဦးဇင္းရဲ႕ ဒီပိုစ့္ေလးကို စာနာ နားလည္ သနားေသာအားျဖင့္ ၿပီးဆံုးေအာင္ ဖတ္ေပးၾကၿပီး တစ္ကမ႓ာလံုးကသိေအာင္ ဝိုင္းရွယ္ေပးၾကပါ 🙏🙏🙏

ဦးဇင္းဘြဲ႕အမည္ရဲ႕ေနာက္မွာ ဂြင္းစဂြင္းပိတ္နဲ႔ လူနာမည္ ငယ္နာမည္ေလး ( တင္ဝင္းနိုင္ – လို႔ ) ထည့္ထားပါတယ္…။

ဦးဇင္းရဲ႕ ညီမေလးနဲ႔ ကြဲကြာေနတာ အခုဆိုရင္ ၁၀ နွစ္ေက်ာ္သြားပါၿပီ…။

အခုလို နည္းပညာေခတ္ႀကီးထဲမွာ လူတိုင္းကိုယ္စီ facebook ကို သံုးစြဲလာၾကပါၿပီ…။ လိုင္းေပၚမွာ ညီမေလး အမည္နဲ႔ အခါခါအထပ္ထပ္ရိုက္ၿပီး ရွာခဲ့ေသာ္လည္း အခုခ်ိန္ထိ ရွာလို႔မေတြ႕ေသးဘူး ျဖစ္ေနပါတယ္…။

အခုလို ဘြဲ႕အမည္ရဲ႕ေနာက္မွာ လူနာမည္ထည့္ရျခင္းက နွစ္ေပါင္းမ်ားစြာ ကြဲကြာေနခဲ့ရတဲ့ ဦးဇင္းတို႔ ေမာင္နွမနွစ္ေယာက္ ျပန္လည္ဆံုဆည္းနိုင္ဖို႔ အေထာက္အကူ ျဖစ္ေစမယ္ဆိုတဲ့ ယံုၾကည္မႈ႕နဲ႔

ဦးဇင္းလိုဘဲ ညီမေလးလည္း ရွာေနမယ္ ေတြ႕ခ်င္ေနမယ္ဆိုတာ သိပါတယ္။

ဒီနာမည္ေလးအတိုင္း ညီမေလး ရိုက္ရွာခဲ့လို႔ ဦးဇင္းတို႔ ေမာင္နွမနွစ္ေယာက္ျပန္လည္ ဆံုဆည္းရရင္ အတိုင္းမသိဝမ္းသာမိမွာပါ

အခုခ်ိန္မွာေတာ့ ညီမေလးနဲ႔ျပန္လည္ ဆံုဆည္းရဖို႔အေရး ေမ်ွာ္ေတြးရင္းနဲ႔ စိတ္ေတြလည္း အရမ္းပင္ပန္းလွပါၿပီ

ဆယ္လီျဖစ္ခ်င္လို႔ နာမည္ႀကီးခ်င္လို႔ ဒီအေၾကာင္းအရာေတြကို ေရးတင္ျခင္းမဟုတ္ပါ

တကယ့္အျဖစ္အပ်က္ေတြပါ ဦးဇင္းမွာ မိဘနွစ္ပါးစလံုးမရိွေတာ့ပါဘူး ကမ႓ာေပၚမွာ ေသြးသားအရင္းဆိုလို႔ ဒီေမာင္နွမေလး နွစ္ေယာက္ပဲ ရိွေတာ့တာပါ

ဝိုင္းဝန္ကူညီၾကၿပီး အမ်ားသိေအာင္လို႔လည္း ဒီပိုစ့္ေလးကို ရွယ္ေပးၾကပါလို႔ အႏူးအၫြတ္ေတာင္းပန္ ေမတၲာရပ္ခံပါတယ္

ဦးဇင္းရဲ႕ သူငယ္ခ်င္းထဲမွာ အႏုပညာရွင္ေတြအမ်ားႀကီးပါပါတယ္ ဦးဇင္းရဲ႕ ဘဝကို စာနာ နားလည္ သနားေသာအားျဖင့္ ရွယ္ေပးၾကပါလို႔ ေမတၲာရပ္ခံပါတယ္…..။

သူငယ္ခ်င္း ၃၀၀၀ ေက်ာ္တို႔နွင့္ အႏုပညာရွင္မ်ား တစ္ကမ႓ာလံုးသိေအာင္ ကူညီၾကပါ ဦးဇင္း အားကိုးပါတယ္

ဦးဇင္းမွာ သက္ေသျပစရာ ဒီတစ္ခုဘဲရိွပါတယ္ 👇👇👇

အေဖနာမည္ – ဦးေမာင္နိုင္

အေမနာမည္ – ေဒၚလွလွဝင္း

ညီမေလးနာမည္က – နွင္းအိျဖဴ (ခ) စိုးျမတ္သူ ပါ

ဦးဇင္း လူနာမည္က – တင္ဝင္းနိုင္ ( ခ ) စိုးေအာင္ ပါ

ေမြးဖြားရာဇာတိ – ရန္ကုန္တိုင္း ၊ သာေကတၿမိဳ႕နယ္ ၊ မီေခ်ာင္းကန္ အနီးနား

ေနာက္ဆံုး ခြဲခြာရေသာ ေနရာေဒသ -တနသၤာရီတိုင္း ၊ေကာ့ေသာင္းၿမိဳ႕နယ္၊ ပုေလာဘာလိုင္းေက်း႐ြာ ပါ…။

ညီမေလးကို ေမြးစားတဲ့ မိသားစုထဲမွာ ဒကာႀကီးနာမည္ဘဲ သိပါတယ္ …ဦးမန္းဝင္းေအာင္ လို႔ေခၚပါတယ္….။

အရင္ကေတာ့ ညီမေလးကို ေမြးစားၿပီး ေကာ့ေသာင္းၿမိဳ႕နယ္ ေခ်ာင္းဖ်ားႀကီးေက်း႐ြာ (ဆီအုန္း – ကုမၸဏီ)မွာေနၾကပါတယ္

ဦးဇင္းနဲ႔ေနာက္ဆံုး အဆက္သြယ္ရျခင္းပါ ဦးဇင္းလည္း ၿမိဳ႕စာသင္တိုက္ေတြေရာက္သြားတဲ့အခါမွာ ျပန္လည္စံုစမ္းၾကည့္ေတာ့ သူတို႔မရိွၾကေတာ့ဘူး ေျပာင္းသြားၾကတယ္လို႔ေျပာပါတယ္ အခုဆိုရင္ ၁၀နွစ္ေက်ာ္ၿပီေပါ့…။

ဦးဇင္း သိထားတဲ့အေၾကာင္းအရာ အျပည့္အစံုပါပဲ….။

ကူညီေပးၾကတဲ့ ပုဂၢိဳလ္တစ္ဦး တစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးေတြ အမ်ားႀကီးတင္ပါ….🙏🙏🙏🙏🙏

6 – 5 -2019

အ႐ွင္ေတေဇာ သာရ
ဖိုးသူေတာ္(www.phothutaw.com)
Credit:maharmedianews

#Unicode Version#
ဦးဇင်းရဲ့ ဒီပိုစ့်လေးကို စာနာ နားလည် သနားသောအားဖြင့် ပြီးဆုံးအောင် ဖတ်ပေးကြပြီး တစ်ကမ္ဘာလုံးကသိအောင် ဝိုင်းရှယ်ပေးကြပါ 🙏🙏🙏

ဦးဇင်းဘွဲ့အမည်ရဲ့နောက်မှာ ဂွင်းစဂွင်းပိတ်နဲ့ လူနာမည် ငယ်နာမည်လေး ( တင်ဝင်းနိုင် – လို့ ) ထည့်ထားပါတယ်…။

ဦးဇင်းရဲ့ ညီမလေးနဲ့ ကွဲကွာနေတာ အခုဆိုရင် ၁၀ နှစ်ကျော်သွားပါပြီ…။

အခုလို နည်းပညာခေတ်ကြီးထဲမှာ လူတိုင်းကိုယ်စီ facebook ကို သုံးစွဲလာကြပါပြီ…။ လိုင်းပေါ်မှာ ညီမလေး အမည်နဲ့ အခါခါအထပ်ထပ်ရိုက်ပြီး ရှာခဲ့သော်လည်း အခုချိန်ထိ ရှာလို့မတွေ့သေးဘူး ဖြစ်နေပါတယ်…။

အခုလို ဘွဲ့အမည်ရဲ့နောက်မှာ လူနာမည်ထည့်ရခြင်းက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရတဲ့ ဦးဇင်းတို့ မောင်နှမနှစ်ယောက် ပြန်လည်ဆုံဆည်းနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုတဲ့ ယုံကြည်မှု့နဲ့

ဦးဇင်းလိုဘဲ ညီမလေးလည်း ရှာနေမယ် တွေ့ချင်နေမယ်ဆိုတာ သိပါတယ်။

ဒီနာမည်လေးအတိုင်း ညီမလေး ရိုက်ရှာခဲ့လို့ ဦးဇင်းတို့ မောင်နှမနှစ်ယောက်ပြန်လည် ဆုံဆည်းရရင် အတိုင်းမသိဝမ်းသာမိမှာပါ

အခုချိန်မှာတော့ ညီမလေးနဲ့ပြန်လည် ဆုံဆည်းရဖို့အရေး မျှော်တွေးရင်းနဲ့ စိတ်တွေလည်း အရမ်းပင်ပန်းလှပါပြီ

ဆယ်လီဖြစ်ချင်လို့ နာမည်ကြီးချင်လို့ ဒီအကြောင်းအရာတွေကို ရေးတင်ခြင်းမဟုတ်ပါ

တကယ့်အဖြစ်အပျက်တွေပါ ဦးဇင်းမှာ မိဘနှစ်ပါးစလုံးမရှိတော့ပါဘူး ကမ္ဘာပေါ်မှာ သွေးသားအရင်းဆိုလို့ ဒီမောင်နှမလေး နှစ်ယောက်ပဲ ရှိတော့တာပါ

ဝိုင်းဝန်ကူညီကြပြီး အများသိအောင်လို့လည်း ဒီပိုစ့်လေးကို ရှယ်ပေးကြပါလို့ အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပါတယ်

ဦးဇင်းရဲ့ သူငယ်ချင်းထဲမှာ အနုပညာရှင်တွေအများကြီးပါပါတယ် ဦးဇင်းရဲ့ ဘဝကို စာနာ နားလည် သနားသောအားဖြင့် ရှယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်…..။

သူငယ်ချင်း ၃၀၀၀ ကျော်တို့နှင့် အနုပညာရှင်များ တစ်ကမ္ဘာလုံးသိအောင် ကူညီကြပါ ဦးဇင်း အားကိုးပါတယ်

ဦးဇင်းမှာ သက်သေပြစရာ ဒီတစ်ခုဘဲရှိပါတယ် 👇👇👇

အဖေနာမည် – ဦးမောင်နိုင်

အမေနာမည် – ဒေါ်လှလှဝင်း

ညီမလေးနာမည်က – နှင်းအိဖြူ (ခ) စိုးမြတ်သူ ပါ

ဦးဇင်း လူနာမည်က – တင်ဝင်းနိုင် ( ခ ) စိုးအောင် ပါ

မွေးဖွားရာဇာတိ – ရန်ကုန်တိုင်း ၊ သာကေတမြို့နယ် ၊ မီချောင်းကန် အနီးနား

နောက်ဆုံး ခွဲခွာရသော နေရာဒေသ -တနင်္သာရီတိုင်း ၊ကော့သောင်းမြို့နယ်၊ ပုလောဘာလိုင်းကျေးရွာ ပါ…။

ညီမလေးကို မွေးစားတဲ့ မိသားစုထဲမှာ ဒကာကြီးနာမည်ဘဲ သိပါတယ် …ဦးမန်းဝင်းအောင် လို့ခေါ်ပါတယ်….။

အရင်ကတော့ ညီမလေးကို မွေးစားပြီး ကော့သောင်းမြို့နယ် ချောင်းဖျားကြီးကျေးရွာ (ဆီအုန်း – ကုမ္ပဏီ)မှာနေကြပါတယ်

ဦးဇင်းနဲ့နောက်ဆုံး အဆက်သွယ်ရခြင်းပါ ဦးဇင်းလည်း မြို့စာသင်တိုက်တွေရောက်သွားတဲ့အခါမှာ ပြန်လည်စုံစမ်းကြည့်တော့ သူတို့မရှိကြတော့ဘူး ပြောင်းသွားကြတယ်လို့ပြောပါတယ် အခုဆိုရင် ၁၀နှစ်ကျော်ပြီပေါ့…။

ဦးဇင်း သိထားတဲ့အကြောင်းအရာ အပြည့်အစုံပါပဲ….။

ကူညီပေးကြတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတွေ အများကြီးတင်ပါ….🙏🙏🙏🙏🙏

6 – 5 -2019

အရှင်တေဇော သာရ
ဖိုးသူတော်(www.phothutaw.com)
Credit:maharmedianews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top