
Credit:Nanmalgyi
#Unicode Version#
ဖခင်ဦးအောင်ရင်ကလည်း အထင်ကရနာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင် ဟာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ကျခံနေရတယ်ဆိုတာကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မှာပါ။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်းလည်း မိုးအောင်ရင် ပါလာမလားရယ်လို့ မျှော်ကြတဲ့အနုပညာရှင်တွေ ၊ ပရိသတ်တွေကလည်းဒုနဲ့ဒေးပါပဲ ။ အခုကျနော်တို့ပရိသတ်ကြီးကို ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုပါးချင်တာရှိပါတယ်။
အဲ့ဒါကတော့ ဒီ ကနေ့မေလ (၇)ရက်နေ့မှာသမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၅၂၀ဦးကို ရာဇာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ အဲ့ဒီပေးတဲ့အကျဉ်းသားတွေထဲမှာတော့ မိုးအောင်ရင်ပါဝင်လာခဲ့တယ်ဆိုပြီး သတင်းရပ်ကွက်အချို့ကနေသိရပါတယ်။ အဲ့ဒါကြောင့်ပြည်တော်ပြန်လာမယ့် မိုးအောင်ရင်ကို မျှော်နေကြသူတွေအတွက်တော့သတင်းကောင်းလေးတစ်ခုပါပဲ။
မိုးအောင်ရင် ပြန်လည်လွတ်မြောက်လာပြီး ။ အနုပညာအလုပ်တွေကိုအမြန်ဆုံးပြန်လည်လုပ်ကိုင်မှာလား မလုပ်ကိုင်ဘူးလားဆိုတာကတော့ သိရသေးပေမယ့်သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ သူ့ရဲ့အနုပညာတွေကို အမြန်ဆုံးပြန်လည်တွေ့မြင်ခံစားချင်ကြမှာသေချာပါတယ်။ ကျနော်တို့အဖွဲ့သားတွေကလည်း မိုးအောင်ရင် ပြည်တော်ပြန်လာခြင်းကို ဝမ်းမြောက်စွာကြိုဆိုပြီး အနုပညာအလုပ်တွေအမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ရပါတယ် ခင်ဗျာ။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi