ဆုအိမ့္စံနဲ႔ စုံတြဲပုံေတြ သိပ္မေတြ႔ရေတာ့တဲ့အေၾကာင္း သူရိယက ေျပာျပလာပါတယ္။ လက္ထပ္ပြဲ အစီအစဥ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဆက္လက္ေျပာျပခဲ့ပါေသးတယ္။

သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံ တုိ႔ရဲ႕ စုံတြဲပုံေလးေတြကုိ သိပ္မေတြ႔ရေတာ့တဲ့ အေၾကာင္းကုိ သူရိယက ေျပာျပလာပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း အလုပ္ေတြမ်ားတယ္လုိ႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။

‘’ေတြ႔တဲ့အခ်ိန္ကလည္း နည္းတယ္၊ သူကလည္း ခရီးေတြသြားေနရတာမ်ားတယ္။ ကၽြန္ေတာ္တုိ႔ေတြ အလုပ္လုပ္ေနရတဲ့အတြက္ မေတြ႔ျဖစ္တာမ်ားပါတယ္။ ဒါေၾကာင့္ပါ။ လက္ထပ္ပြဲကေတာ့ နီးရင္ ေျပာျပပါ့မယ္။ ပရိသတ္ေတြလက္ခံႏုိင္မယ့္ ပုံစံမ်ဳိးနဲ႔ လက္ထပ္ပြဲလုပ္သြားမွာပါ။ အႏုပညာအလုပ္ေတြကေတာ့ အိမ္ေထာင္က်ၿပီးရင္ ဘယ္လုိ ဆုံးျဖတ္ရမလဲ မသိေသးဘူး။ ’’ လုိ႔ ‘’ အခမ္းနားဆုံး ေမတၱာ’’ ရုပ္ရွင္ကားႀကီး မိတ္ဆက္ပြဲမွာ ေျဖဆုိခဲ့တာပါ။



သူရိယက လက္ရွိမွာလည္း အႏုပညာအလုပ္ေတြ အဆက္မျပတ္လုပ္ေဆာင္ေနတဲ့သူပါ။ သူဝါသနာပါတဲ့ သရုပ္ေဆာင္ အလုပ္အေပၚထားတဲ့ ခံယူခ်က္ကုိလည္း ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

‘’ လူတစ္ေယာက္က ကုိယ္ေအာင္ျမင္တယ္ဆုိတာ ကုိယ့္ရဲ႕ စိတ္ေက်နပ္မႈအေပၚပဲ မူတည္တယ္။ ကၽြန္ေတာ္ ပုိက္ဆံေတြအမ်ားႀကီးရွာေနရတဲ့အခ်ိန္မွာ ကၽြန္ေတာ္ ေအာင္ျမင္ၿပီလုိ႔ ထင္ေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေအာင္ျမင္မႈ စံႏႈန္း တုိင္းတာ တာျခင္း မတူၾကဘူးေပါ့။ ဥပမာ ကၽြန္ေတာ္က ဒီအေျခအေနမွာ ေအာင္ျမင္ေနတယ္လုိ႔ သတ္မွတ္ရင္ ေအာင္ျမင္တာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္ သူရိယနဲ႔ သရုပ္ေဆာင္ ဆုအိမ့္စံတုိ႔ဟာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ ေစ့စပ္ေၾကာင္းလမ္းလုိက္ၿပီလုိ႔ သူရိယက ေျပာပါတယ္။ သူတုိ႔ ခ်စ္သူႏွစ္ဦးဟာ ပရိသတ္အားက်ရတဲ့ စုံတြဲေလး တစ္တြဲဆုိရင္လည္း မမွားပါဘူး။

‘’Happy Our Valentine’s Day မင္​းမဟုတ္​တဲ့ အျခားအရာေတြနဲ႔ေတာ့ ဘဝ ကုိအုိမင္​းမသြားခ်င္​ဘူး။ ဒီေန႔ ကြ်န္ေတာ္တို႕ ၂ ေယာက္ ေစ့စပ္လိုက္ပါၿပီ’’ ဆုိၿပီးေတာ့ သူရိယနဲ႔ ဆုအိမ့္စံတုိ႔ရဲ႕ တရားဝင္ ေဖ့စ္ဘြတ္ Page ကေန ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ညေန ၄ နာရီ ၅၆ မိနစ္က တင္ခဲ့တာျဖစ္ပါတယ္။



သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံတုိ႔ကေတာ့ေဖ့စ္ဘုတ္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတူတြဲဖက္ သရုပ္ေဆာင္ခဲ့ တာျဖစ္ၿပီး ဗီဒီယုိဇာတ္ကား ေတြမွာလည္း အတူပါဝင္သရုပ္ေဆာင္ထားပါတယ္။ လက္ရွိမွာေတာ့ သူတုိ႔ရဲ႕ အခ်စ္ေရးက ပုိမုိခုိင္မာလွ်က္ရွိၿပီးပရိသတ္ေတြကလည္း သူတုိ႔ ခ်စ္သူႏွစ္ဦးကုိ အားေပးႏွစ္သက္ၾကတာကုိ ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆုအိမ့်စံနဲ့ စုံတွဲပုံတွေ သိပ်မတွေ့ရတော့တဲ့အကြောင်း သူရိယက ပြောပြလာပါတယ်။ လက်ထပ်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ရဲ့ စုံတွဲပုံလေးတွေကို သိပ်မတွေ့ရတော့တဲ့ အကြောင်းကို သူရိယက ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အလုပ်တွေများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’တွေ့တဲ့အချိန်ကလည်း နည်းတယ်၊ သူကလည်း ခရီးတွေသွားနေရတာများတယ်။ ကျွန်တော်တို့တွေ အလုပ်လုပ်နေရတဲ့အတွက် မတွေ့ဖြစ်တာများပါတယ်။ ဒါကြောင့်ပါ။ လက်ထပ်ပွဲကတော့ နီးရင် ပြောပြပါ့မယ်။ ပရိသတ်တွေလက်ခံနိုင်မယ့် ပုံစံမျိုးနဲ့ လက်ထပ်ပွဲလုပ်သွားမှာပါ။ အနုပညာအလုပ်တွေကတော့ အိမ်ထောင်ကျပြီးရင် ဘယ်လို ဆုံးဖြတ်ရမလဲ မသိသေးဘူး။ ’’ လို့ ‘’ အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

သူရိယက လက်ရှိမှာလည်း အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့သူပါ။ သူဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်အပေါ်ထားတဲ့ ခံယူချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ လူတစ်ယောက်က ကိုယ်အောင်မြင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုအပေါ်ပဲ မူတည်တယ်။ ကျွန်တော် ပိုက်ဆံတွေအများကြီးရှာနေရတဲ့အချိန်မှာ ကျွန်တော် အောင်မြင်ပြီလို့ ထင်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မှု စံနှုန်း တိုင်းတာ တာခြင်း မတူကြဘူးပေါ့။ ဥပမာ ကျွန်တော်က ဒီအခြေအနေမှာ အောင်မြင်နေတယ်လို့ သတ်မှတ်ရင် အောင်မြင်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင် သူရိယနဲ့ သရုပ်ဆောင် ဆုအိမ့်စံတို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းလိုက်ပြီလို့ သူရိယက ပြောပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ပရိသတ်အားကျရတဲ့ စုံတွဲလေး တစ်တွဲဆိုရင်လည်း မမှားပါဘူး။

‘’Happy Our Valentine’s Day မင်းမဟုတ်တဲ့ အခြားအရာတွေနဲ့တော့ ဘဝ ကိုအိုမင်းမသွားချင်ဘူး။ ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ’’ ဆိုပြီးတော့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ် Page ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီးပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top