
Credit:TheLadiesNews
#Unicode Version# ဖြင့်ဖတ်ပါ ။
(၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ အမြင့်ဆုံးကျပ်သိန်း (၁၅၀၀၀) ဆုကို ပုသိမ်မြို့မှ ဆွတ်ခူး
၂၀၁၉ မေ ၁ကဖွင့်လှစ်ခဲ့သည့်(၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှအမြင့်ဆုံးဆုဖြစ်သည့်ကျပ်သိန်း(၁၅၀၀၀) ဆုကိုဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့မှအမျိုးသားတစ်ဦးကဆွတ်ခူးခဲ့သည်။
ပုသိမ်မြို့တက်ဆိပ်ရပ်ကွက်မှအမျိုးသားတစ်ဦးက ၁၀ စောင်တွဲထီလက်မှတ် များထဲမှ ကခ- ၅၈၅၀၂၄ နံပါတ်ဖြင့်ကျပ်သိန်းတစ်သောင်းခွဲကံထူးခဲ့ခြင်းဖြစ်သည်။
(၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း (၁၅၀၀၀) ပိုင်ရှင်ကို ဖွင့်လှစ်သည့်နေ့တွင်မသိရှိခဲ့ဘဲ မေ ၂ ရက်နေ့ ည ၉း၁၄ နာရီမှသာ ပုသိမ်အခြေစိုက်သည့် ထီရောင်းချသူတစ်ဦးက ….
၎င်း၏ Facebook တွင် တင်ခဲ့ရာမှ ကံထူးရှင်ကို သိရှိရခြင်းဖြစ်သည်။ဧပြီ ၁ က ထွက်ခဲ့သည့် (၂)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှကျပ် သိန်း (၁၅၀၀၀) ဆုကိုလည်း ဧရာဝတီတိုင်းကျောင်းကုန်းမြို့ အမှတ်(၃)ရပ်ကွက်မှ ဇနီးမောင်နှံက ဆွတ် ခူးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:TheLadiesNews