မေန႔က ၿမိဳ႕နယ္ အခြန္ရုံးစီက ဆင့္ေခၚစာေလးေရာက္လာလို႔ ထိုစာရြက္ကေလးကို လက္မွာကိုင္ၿပီး ျပည္သူခ်စ္ေသာ ျပည္သူ႔အစိုးရထံသို႔ ႏုိင္ငံသားေကာင္ပီသစြာ အခြန္သြားေဆာင္ဖို႔ တာေမြၿမိဳနယ္အခြန္ရုံစီကိုထြက္လာခဲ့ပါတယ္။

ရုံးေရာက္ေတာ့ ဒုဦးစီးမႉး အစ္မနဲ႔ တိုက္ရုိက္ဝင္ေရာက္ေတြ႕စံုခြင့္ရခဲ့ ၿပီး အစ္မက ဝင္ေငြခြန္ သတ္မွတ္ေကာက္ခံဖို႔အတြက္ လိုအပ္တဲ့ေမးခြန္ေတြကို စတင္ေမးပါေတာ့တယ္။

ေမာင္ေလးကအိမ္ငွားလား….ဟုတ္ကဲ့
တစ္လဘယ္ေလာက္နဲ႔ ငွားထားလည္း…..
တစိသိန္းနဲ႔ ပါအစ္မ
ဘယ္ေလာက္ၾကာၿပီလည္း …….
၇ လေလာက္ရွိပါၿပီးခင္ဗ်ား
တစ္ေန႔ဘယ္ေလာက္ေရာင္းရလည္း…..၁၅၀၀၀၀ ပါခင္ဗ်ား
အလုပ္သမားဘယ္ႏွစ္ေယာက္လည္း….တစ္ေယာက္ပါခင္ဗ်ား
ဘယ္ေလာက္ေပးလည္း…..စရိတ္ၿငိမ္ ၆၀၀၀၀ ပါခင္ဗ်ား

အိမ္ေထာင္ရွိသလား…..ရွိပါတယ္
စည္ပင္ခြန္ဘယ္ေလာက္ေပးရလည္း…..၄၀၀၀၀ ပါခင္ဗ်ား
မီတာခြန္ကေရာ……၇၀၀၀ ပါခင္ဗ်ား
တစ္ျခားအခြန္ေတြေရာ….အမႈိက္ခြန္ ၁၂၀၀၊ေရခြန္ က ၁၅၀၀ပါခင္ဗ်ား

အခြန္ဒုဦးစီးအစ္မက လိုအပ္တာေတြကၽြန္ေတာ့္ကိုေမးၿပီး ရာခိုင္ႏႈန္း အခ်ိဳးအစားေတြနဲ႔ ေပးေဆာင္ရမဲ့ေငြကို ဆက္တြက္ေနလိုက္ပါတယ္။ တြက္ၿပီးတဲ့ေနာက္ ကၽြန္ေတာ္ဘက္ကို လွည့္ၾကည့္ၿပီး ၅ သိန္း ေက်ာ္ ၆ သိန္းေလာက္ေတာ့ ဝင္ေငြခြန္သြင္းရမယ္ တက္ႏုိင္သလားဆိုၿပီး ကၽြန္ေတာ္ကို႔လွမ္းေမးလိုက္ပါတယ္။

သူ႔စကားသံၾကားလိုက္ရတဲ့ ေနာက္ မေမၽွာ္လင့္ထားတဲ့ အခြန္ႏႈန္းထား တစ္ခုကို ၾကားလိုက္ရလို႔ ကိုယ့္နားကိုယ္ေတာင္ မယံုမၾကည္ျဖစ္သြားၿပီး ေနာက္တစ္ေခါက္ထပ္ေမးလိုက္ရပါတယ္။ ၅ သိန္း ၆ သိန္း ဆိုတာ ႏွစ္ခါထပ္ေျပာလိုက္လို႔ ေသခ်ာသြားမွန္း သိတဲ့ေနာက္ ဒီရုံးကေန ကမၻာ အျပင္ဘက္အထိ ထြက္ေျပးခ်င္စိတ္ေတြျဖစ္သြားရေလာက္ရေအာင္ ႏိုင္ငံအခြန္ဥပေဒအေပၚ နားက်ဥ္းစိတ္ဝင္သြားခဲ့မိသလို ေသခ်ာနားမလည္းတဲ့အေပၚ ရွင္းျပေပးဖို႔ကၽြန္ေတာ္ထပ္ေတာင္းဆိုမိလိုက္ပါတယ္။

သိန္း၃၀ ၄၀ အရင္းအႏွီး မၽွနဲ႔ လုပ္စားေနတဲ့ ႏုိင္ငံသားတစ္ေယာက္အေပၚ အဲ့ေလာက္ေတာင္ အခြန္ေဆာင္ခိုင္းရသလား အစ္မရယ္၊ ကၽြန္ေတာ္က အိမ္ငွားပါဗ်ာ ၊ေနာက္ ဆိုင္ဖြင့္တာလည္း ၇ လပဲရွိေသးသလို အိမ္က မိဘေတြကလည္း အိမ္ေထာင္က်ၿပီးကတည္းက သူတို႔မိသားစုပိုင္ တိုက္ခန္းကို တစ္လ တစ္သိန္းနဲ႔ငွားၿပီး သိန္း ၃၀ ေက်ာ္ေလာက္နဲ႔ ရင္းႏွီးေရာင္းဝယ္စားေသာက္ေနရတာ..ဒီေလာက္ႀကီးမ်ားေတာင္ အခြန္သြင္းလိုက္ရင္ ကၽြန္ေတာ္ဘယ္လိုမ်ားေရွ႕ဆက္ ရင္းႏွီးစားေသာက္ရမလည္းအစ္မရယ္…လို႔ …အခြန္ဒုဦးစီးကို ေမးၾကည့္ေတာ့သူမက ဒါလႊတ္ေတာ္က တရားဝင္ ခ်ထားတဲ့ စည္းမ်ည္းစည္းကမ္းေတြနဲ႔ပဲတြက္ထားတာ.တဲ့

ဒါနဲ႔ ဘယ္လိုမ်ားတြက္ထားသလည္းဆိုၿပီး ဒုဦးစီးအၾကမ္းတြက္ထားတဲ့ စာရြက္စာရင္းကို လွမ္ၾကည့္လိုက္ေတာ့ မိန္းမျဖစ္တဲ့ သူရဲ႕ ေထာက္ပံ့ေၾကးမပါသလို အိမ္ငွားစရိတ္တန္ဖိုးလည္းမပါဘူး ျဖစ္ေနတာေတြ႕လို႔ ဒုဦးစီးကို ဒါေတြဘာေၾကာင့္သက္သာခြင့္ထဲ ထည့္မတြက္တာလည္းလို႔ေမးၾကည့္လိုက္မိပါတယ္။

အဲ့ဒီအခါ ဒုဦးစီးက မိန္းမကို ေထာက္ပံ့ေၾကး တစ္ႏွစ္စာ ၁၀ သိန္းမေပးတာက သန္ေခါင္စာရင္းထဲ့မပါလာလို႔ပါတဲ့။

ေဩာ္ မိန္းမယူၿပီးေပမဲ့ စာရင္းမရွိလို႔ ကိုယ္ယူတဲ့မိန္းမေတာင္ ကိုျပန္မေကၽြးေမြးႏုိင္ေတာ့ပဲ အစိုးရကို မိန္းမေထာက္ပံ့ေငြ ၁၀ သိန္းကိုပါေရာအခြန္ေပးရေတာ့မဲ့ဘဝ ေရာက္သြားခဲ့ရပါတယ္။

အိမ္ငွားခ ထည့္မႏႈတ္တာကေတာ့ ရွင္တို႔ အိမ္ရွင္၊အိမ္ငွားစာခ်ဳပ္ ခ်ဳပ္တုန္းက အိမ္ရွင္ဘက္က အခြန္ရုံမွာ အိမ္ငွားခ တန္းဖိုးရဲ႕ ၁၀ ရာခိုင္းႏႈန္းကို လာၿပီး မသြင္းတဲ့အတြက္ထည့္မႏႈတ္ေပးတာပါတဲ့…။ တကယ္လို႔ ရွင္တို႔အိမ္ရွင္ဘက္ေဆာင္မယ္ဆိုရင္ တစ္လ တစ္သိန္းနဲ႔ ၁၂လစာ ၁၂ သိန္းအေမာက္ေပၚ ၁၀% နဲ႔အညီ တစ္သိန္း ႏွစ္ေသာင္းသြားသြင္းရမယ္တဲ့။

ကၽြန္ေတာ္အိမ္ျပန္ေရာက္လို႔ ၂၀၁၅ ျပည္ေထာင္စု အခြန္ေကာက္ဥပေဒကိုဖတ္ၾကည့္ေတာ့ အိမ္ငွားလို႔ရတဲ့ေငြအေပၚ သက္သာခြင့္ႏူတ္ၿပီးမွ က်န္တဲ့ ေငြကိုသာ ၁၀% အခြန္စည္းၾကပ္ခြင့္ရွိတာတဲ့။ ေနာက္အိမ္ငွားၿပီးဆိုင္ခန္းဖြင့္ရင္းႏွီးစားေနၾကရတဲ့ သူေတြလည္း အစိုးရအခြန္ရုံးစီ အိမ္ရွင္ကသြားအခြန္ေဆာင္ေပးၾကေလ့ မရွိတဲ့အတြက္ စရိတ္သက္သာခြင့္ထဲ အိမ္ငွားခေတြပါ မႏူတ္ရပဲ တန္ပိုးနစ္စြာအခြန္ေဆာင္ၾကရမဲ့ အိမ္ငွားဘဝေတြကို စာနာေတြးၾကည့္ၿပီး အေတာ္ေလးစိတ္မေကာင္ျဖစ္မိခဲ့ပါေသးတယ္။

ဒီထက္အဆိုးဆံုးအခြန္ျပသနာကို ရင္ဆိုင္ရတာကေတာ့ ဒုဦးစီးရဲ႕ ကုန္ဖိုးအရင္းႏူတ္တဲ့ တြက္နည္းပါပဲ။ ကၽြန္ေတာ္က ဆန္ဆိုင္ျဖစ္တဲ့အတြက္ ကုန္သြယ္ခြန္ မေဆာင္ရေပမဲ့ တစ္ေန႔ေရာင္းအား ၁၅၀၀၀၀ က်ပ္နဲ႔ တစ္ႏွစ္စာ ၅၄၀၀၀၀၀၀(ငါးရာ ေလးဆယ္)ေပၚ ကုန္ဖိုးအရင္း ၆၀% နဲ႔ သာတြက္ၿပီး ၃၂၄၀၀၀၀၀ (သံုးရာႏွစ္ဆယ့္ေလးသိန္း)သာ ႏူတ္ေပးၿပီးတြက္လိုက္ျခင္းပါပဲ။

ေရာင္းရေငြအေပၚ ကုန္ဝယ္အရင္းတန္ဖိုးႏႈတ္ၿပီး စာရင္းရွိ ကၽြန္ေတာ့္ရဲ႕ တစ္ႏွစ္စာ အျမတ္ကေတာ့၂၁၆၀၀၀၀၀(ႏွစ္ရာတစ္ဆယ့္ေျခာက္သိန္း) ရလာပါတယ္။ သူ တြက္ျပေပးတဲ့ ကၽြန္ေတာ့္ရဲ႕တစ္ႏွစ္စာအျမတ္ကိုၾကည့္ၿပီး ဥပေဒနည္းလမ္းက်က် တြက္ခ်က္ထားမႈအေပၚ ဘယ္ဟာ မွားသလည္းဆိုတာကိုေဝခြဲမရျဖစ္ရင္ရူးခ်င္သလိုလို၊ေဂါက္ခ်င္သလိုလိုေတာင္ျဖစ္သြားပါတယ္။

ဝင္ေငြကနည္း အေရာင္းဝယ္ကေအးလို႔ အေထြးေထြးစ ရိတ္ေတြႀကီးျမင့္မႈေတြၾကား ေန႔ဖို႔ညစားေတာင္တြက္စား၊ရင္းစားေနၾကရတဲ့ ႏုိင္ငံသားပိုင္အေသးစား လုပ္ငန္းရွင္ဘဝ မွာ အမွန္လက္ေတြ႕ရတဲ့အျမတ္နဲ႔ ရာခိုင္းႏူန္းထားတြက္ခ်က္ထားတဲ့ အစိုးရအခြန္စာရင္း ေတြၾကားေတာ္ေတာ္ေလးကြဟလြန္လို႔ ကၽြန္ေတာ္အဲ့ေလာက္ဆို မေဆာင္ႏုိင္ဘူးလို႔ ပဲပြင့္ပြင့္လင္းလင္းေျပာလိုက္ပါတယ္။

အခြန္ဒုဦးစီးက ဘယ္ေလာက္ဆို ေပးႏုိင္မလည္းတဲ့.ညိႇတြက္ေပးလို႔ရပါတယ္တဲ့

..ကၽြန္ေတာ္ကညိႇတြက္တာထက္ အစိုးရကို သတ္မွတ္အခြန္ႏူန္းထားအမွန္တိုင္ေဆာင္ခ်င္တာပါ အစ္မရယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ျပည့္သူ႔အခြန္ဆံုးရႈံးရင္ အစိုးရဆင္းရဲသြားႏုိင္သလို အစိုးရဆင္းရဲရင္ ႏုိင္ငံလည္းဆင္းရဲသြားမွာပါ။

ႏုိင္ငံဆင္းရဲသြားရင္၊ျပည္သူ႔အေျခခံအေဆာင္ဦးေတြမေဖာ္ေဆာင္ေတာ့သလို ကၽြန္ေတာ္တို႔ႏုိင္ငံ ဆင္းရဲေနတာသိရဲ႕နဲ႔ အခြန္ကိုေရွာင္ၿပီး ႀကီးပြားေနသူေတြ ရွိမယ္ဆိုရင္လည္း အဲ့ဒီလူေတြဟာ ကေမၻာ့အလည္မွာ အရွက္တရားမရွိပဲ ဝါးလံုးေခါင္းထဲကသာတစ္သက္လံုး လသာေနတာကို ၾကည့္သြားရမဲ့လူေတြပါအစ္မရယ္။

အဲ့ဒီေတာ့ျပည္သူေတြအေနနဲ႔ အခြန္ေဆာင္ဖို႔ လိုသလို အခြန္ေဆာင္ျခင္းအလုပ္ကိုလည္းျပည္သူေတြမေၾကာက္ေအာင္ ေဆာင္ဖို႔ မေရွာင္ရေအာင္ ဥပေဒကလုပ္ေပးရမွာ အခုအစ္မတို႔ရဲ႕ ဥပေဒအရ ကုန္ဝယ္အရင္းအႏွီးတြက္ထားပံုကိုၾကည့္မယ္ဆိုရင္ လက္ေတြ႕ျမန္မာျပည္ရဲ႕အေရာင္းအဝယ္အျမတ္အစြန္းနဲ႔ မတရားကြာလြန္ေနတယ္။

ကၽြန္ေတာ္က ဆန္ဆိုင္ဖြင့္ထားတာမို႔ အစ္မကို ဆန္အျမတ္နဲ႔ပဲ အၾကမ္းမ်ဥ္းတြက္ျပမယ္။

အခုလိုေစ်းဆိုင္ေတြအၿပိဳင္အဆိုင္မ်ားတဲ့ေခတ္မွာ ၃၅၀၀၀၀ သံုးေသာင္းခြဲတန္ဆန္တစ္အိတ္ကို လက္ကားေရာင္းရင္ ၅၀၀/၁၀၀၀၊ လက္လီေရာင္းရရင္ ၂၀၀၀ ေက်ာ္ ၃၀၀၀ ျမတ္တာပါအစ္မရယ္။

ကၽြန္ေတာ္တို႔ရဲ႕ အမ်ားဆံုးအျမတ္ ၃၀၀၀ နဲ႔ပဲထားၿပီး တစ္ေန႔ ေရာင္းရေငြ ၁၅၀၀၀၀ အေပၚ အျမတ္ျပန္တြက္ျပရရင္ တစ္အိတ္ ပ်မ္းမၽွ ၃၅၀၀၀ ႏူန္းနဲ႔ ၄ အိတ္ေက်ာ္သာ ေရာင္းရၿပီး တစ္ေန႔တာအျမတ္ ကၽြန္ေတာ္တို႔ရဲ႕ အမ်ားဆံုးအျမတ္ ၃၀၀၀ နဲ႔ပဲထားၿပီး တစ္ေန႔ ေရာင္းရေငြ ၁၅၀၀၀၀ အေပၚ အျမတ္ျပန္တြက္ျပရရင္ တစ္အိတ္ ပ်မ္းမၽွ ၃၅၀၀၀ ႏူန္းနဲ႔ ၄ အိတ္ေက်ာ္သာ ေရာင္းရၿပီး တစ္ေန႔တာအျမတ္က ၈၀၀၀၊တစ္ႏွစ္တာအျမတ္က ၄၃၈၀၀၀၀ (ေလးဆယ္ သံုးသိန္း ရွစ္ေသာင္းပဲ ရပါတယ္အစ္မရယ္။

ကၽြန္ေတာ္တို႔ အေသးစားလုပ္ငန္းရွင္ေတြ တကယ္ရတဲ့ အျမတ္ထက္ အစိုးရအခြန္ရာခိုင္ႏူန္းနဲ႔ တြက္ထားတဲ့ အျမတ္က ဘယ္ေလာက္မ်ားသလည္းဆိုရင္ ၁၇၂၂၀၀၀၀ (တစ္ရာ ခုႏွစ္ဆယ့္ ႏွစ္သိန္း ႏွစ္ေသာင္း ေတာင္ မ်ားလိုက္တာ အစ္မရယ္..။

တကယ္ဆို ကၽြန္ေတာ္ အမွန္တကယ္ ေဆာင္သင့္တဲ့အခြန္က ေရာင္းရေငြ ၁၅၀၀၀၀ အေပၚ ကုန္ဖိုးအရင္းႏူတ္ၿပီး က်န္တဲ့ အျမတ္ ၄၃၈၀၀၀၀ ထဲက အေထြေထြအသံုးစရိတ္ေတြျဖစ္တဲ့ စည္ပင္ခြန္ ၄၀၀၀၀၊ မီတာခြန္ တစ္လ၇၀၀၀ နဲ႔ တစ္ႏွစ္စာ ၈၄၀၀၀ ၊ အလုပ္သမားခ(စားေသာက္ေနထိုင္စရိတ္အပါ)တစ္လ ၁၂၀၀၀၀ နဲ႔ တစ္ႏွစ္စာ ၁၄၄၀၀၀၀၊ ၊ အိမ္ငွားခတစ္ႏွစ္စာ ၁၂၀၀၀၀၀၊ မိန္းမကိုေထာက္ပံ့ေငြ ဆယ္သိန္း၊စုစုေပါင္း ၃၇၆၄၀၀၀ ႏုတ္ၿပီး က်န္ေငြ ၆၁၆၀၀၀ ေပၚသာ အခြန္စည္းၾကပ္သင့္တာပါဗ်ာ။ ၁၅၀၀၀၀ ေရာင္းအားသာရွိတဲ့ ကၽြန္ေတာ္တို႔အေပၚ အခြန္အမ်ားဆံုက်မယ္ဆိုရင္လည္း ၄၀၀၀၀/၅၀၀၀၀ ဝန္က်င္ေပါ့။

တစ္ကယ့္လက္ေတြ႕အျမတ္နဲ႔သာ တြက္မယ္ဆိုရင္ တစ္ေန႔ ၂ သိန္း ၃ သိန္း ေရာင္းအားရွိတဲ့ လုပ္ငန္းေပၚ အခြန္က်ရင္ေတာင္အမ်ားဆံုး ၁ သိန္း ေက်ာ္ေလာက္ပဲ က်သင့္ေတာ့သလို၊ တစ္ေန႔ ၁ သိန္းေအာက္ေရာင္းရတဲ့ လုပ္ငန္းေတြအေပၚ တရားဝင္ အခြန္ေဆာင္ရမယ္ဆိုရင္လည္း ၂၀၀၀၀/၃၀၀၀၀ တာက်သင့္တာမို႔ ဘယ္ျပည္သူျပည္သားမွ အခြန္ေရွာင္ၾကေတာ့မွာ မဟုတ္ဘူးလို႔ယူဆမိပါတယ္။

အခုေတာ့ က်ဥ္းေျမာင္းတဲ့ေစ်းကြက္ၾကား သူငါ အၿပိဳင္ နည္းပါးတဲ့အျမတ္ေတြနဲ႔ယွဥ္ၿပီး ေရာင္းလို႔ ရလာတဲ့ တစ္သိန္းခြဲေရာင္းအားအေပၚ ဆန္ကုန္ဖိုးအရင္းကို ၆၀% နဲ႔တြက္ၿပီး ထြက္လာတဲ့ အျမတ္က သိန္း ႏွစ္ရာနီးပါးျဖစ္သြားတဲ့ အတြက္ အခြန္စည္းၾကပ္မႈ့ တန္ဖိုးကလည္း ၆ သိန္း ေက်ာ္ ၇ သိန္းေက်ာ္ ၈ သိန္းေက်ာ္ေတြအထိ ျဖစ္သြားပါေတာ့တယ္။

အဲ့ဒီလိုတြက္ျပေတာ့ အခြန္ဒုဦးစီးက အခြန္မ်ားရင္ အျမတ္ပိုတင္ေရာင္းေပါ့လို႔ အၾကံေပးေျပာလာပါတယ္။ ကၽြန္ေတာ္ကလည္း ကၽြန္ေတာ္တို႔ လက္လုပ္လက္ စားအေရာင္းအဝယ္သမားေတြအေပၚ နားမလည္းႏိုင္ေသးတဲ့ အတြက္ တစ္ခါထပ္ၿပီး အစ္မရယ္ ကၽြန္ေတာ္တို႔တိုင္ျပည္ထဲ ပညာတတ္ေတြေရာ၊ပညာမဲ့ေတြေရာပါ အခြင့္လမ္းေတြနည္းပါၾကလို႔ အၾကံကုန္ေစ်းေရာင္းဆိုတဲ့ ေခတ္ႀကီးမွာ ႏုိင္ငံႀကီးသားပီသစြာ သတ္မွတ္အခြန္ေဆာင္ႏုိင္ဖို႔အတြက္ ပံုမွန္အျမတ္ထက္ ၅ ေထာင္ ၆ ေထာင္တင္ေရာင္းလိုက္ရင္ ဒီအခြန္ရုံကိုေတာင္ ကၽြန္ေတာ္ေရာက္လာႏုိင္မွာမဟုတ္ေတာ့ပါဘူးဗ်ာ ။

ဘာျဖစ္လို႔လည္း ဆိုေတာ့ အရင္းအႏွီးႂကြယ္ဝသူအိမ္ရွင္ေျမရွင္ေတြက အျမတ္နည္းနည္းနဲ႔ ေစ်းကြက္လုၿပီးယွဥ္ေရာင္းလိုက္လို႔ အရင္းျပဳတ္ၿပီးရြာျပန္သြားရလို႔ေလ..ရွင္းျပလိုက္ပါတယ္။

ဒုဦးစီးမႉးရဲ႕ အခြန္ေတြတြက္ခ်က္လာမႈ့အေပၚ နားမလည္ႏုိင္ျဖစ္ေနေသးတဲ့ ရာခိုင္ႏူန္းနဲ႔ ကုန္ဖိုအရင္း ႏုတ္တဲ့အေပၚ ေမးၾကည့္ေတာ့ အစ္မတို႔ က ကုန္တန္ဖိုးကို ရာခိုင္ႏူန္းနဲ႔ ယွဥ္ၿပီးတြက္ခ်က္ေပးရတဲ့ ပံုစံက ဆန္ဆိုဘယ္ေလာက္၊ ဟိုပစၥည္းအမ်ိဳးအစားဆို ဘယ္ေလာက္ရယ္ဆိုတရားဝင္သတ္မွတ္ထားတာမရွိပါဘူး။

တစ္ခ်ိဳ႕ကုန္တန္ဖိုးအရင္းကို ႏုတ္တဲ့အခါ ေရာင္းရေငြအေမာက္ေပၚၾကည့္ၿပီး ၂၅%၊ ၃၀%၅၀% ၆၀%_၇၀%နဲ႔ အမ်ားဆံုး ၇၅ % အထိပဲ ႏုတ္ေပးတာ။ စားေသာက္ဆိုင္ေတြဆို ၂၅% ၃၀% ေလာက္အထိပဲ ကုန္တန္ဖိုးအရင္းကို ထားတြက္ေပးတာ။ ဘာျဖစ္လို႔လည္းဆိုေတာ့သူတို႔က ပိုအျမတ္ႀကီးလို႔ေလ။

ဒါဆိုအစ္မေျပာတဲ့ အဓိပၸါယ္က ၁၀၀% ရာခိုင္ႏႈန္း ေရာင္းရေငြေပၚ အမ်ားဆံုး အေမာက္ျဖစ္တဲ့ ၇၀% ရာခိုင္း ကုန္တန္ဖိုးအရင္းထားၿပီး ႏုတ္ၾကည့္မယ္ဆိုရင္ ဥပမာ သိန္း ၁၀၀ နဲ႔ေရာင္းရတဲ့ကားေပၚ ကုန္အရင္းတန္ဖိုး ၇၀ ပဲ.ႏုတ္ေပးၿပီး..အျမတ္ကို သိန္း ၃၀ ထားတြက္ခ်က္ေပးမွာေပါ့။ ေနာက္ဥပမာ ..ကၽြန္ေတာ္တို႔ဆန္တစ္အိတ္ ၄၀၀၀၀ နဲ႔ ေရာင္းရတဲ့ႏႈန္းထားေပၚ ၇၀% အေမာက္ျဖစ္တဲ့ ၃၈၀၀၀ အရင္းႏုတ္ၿပီး ဆန္တစ္အတ္ကို( ၃၀%) ၁၂၀၀၀က်ပ္ ျမတ္တယ္ဆိုတဲ့ ႏူန္းထားနဲ႔ ထားတြက္ေနသလိုျဖစ္ေနတာေပါ့ေနာ္ ေအးဟုတ္တယ္။

အဲ့ဒါဆိုအစ္မတို႔ အခြန္ဥပေဒက သာမွန္ထက္ပိုတဲ့ မတန္တဆအျမတ္ေတြထားတြက္ၿပီး အခြန္ထမ္းတဲ့ ျပည္သူေတြအေပၚ ရာခိုင္ႏူန္းနဲ႔ လိမ္ညာေကာက္သလို ျဖစ္ေနတာေပါ့။ ေအး အဲ့ဒါေၾကာင့္လည္းတကယ့္ပိတ္ဆံရွိသူေတြထဲလည္း အခြန္အမွန္မေဆာင္သူေတြမ်ားေနတာေပါ့။ျပင္ခ်င္ရင္ ေမာင္ေလးလႊတ္ေတာ္အမတ္လုပ္ၿပီးဝင္ျပင္မွပဲရမယ္။

တကယ္လို႔ ကၽြန္ေတာ္က အခြန္ဥပေဒအရ ဆိုင္ကဝင္ေငြ၊ရင္းေငြထြက္ေငြ တန္ဖိုးေတြကို တစ္လတစ္ခါရွင္းၿပီး ၃ လ တစ္ႀကိမ္ ပို႔ေပးမယ္ဆိုရင္ ေရာ အစ္မတို႔က ရာခိုင္ႏူန္းနဲ႔ ပဲ ထားတြက္မွာလို႔ေမးၾကည့္ေတာ့ အဲ့ဒီလိုပို႔ေပးရင္ေတာ့ မင္းတို႔ဝင္ေငြ၊ထြက္ေငြစာရင္းကိုစစ္ၿပီး တြက္ခ်က္ေပးမွာေပါ့တဲ့။

ဒါဆိုကၽြန္ေတာ္ေနာက္လကစၿပီး စာရင္းျပဳစုၿပီး လုပ္ေပးထားမယ္။ ကၽြန္ေတာ္ခ်စ္တဲ့အစိုးရကို အခြန္အျပည့္အဝေပးႏုိင္ေအာင္ လည္းႀကိဳးစားသြားပါမယ္။ ဒါေပမဲ့ အခု အစ္မ တြက္ထားတဲ့ အခြန္ ၅ သိန္း ၆ သိန္းေတာ့ ကၽြန္ေတာ္မေဆာင္ႏုိင္ေလာက္ဘူး။ကၽြန္႔ေတာ့္အရင္းအႏွီးကလည္း ဘာမွ ရွိေသးတာမဟုတ္တဲ့အတြက္ အစ္မတြက္ထားတဲ့အခြန္ ၅သိန္း ၆သိန္းေတာ့မေဆာင္ႏုိင္ဘူးဗ်ာလို႔ၿငီးလိုက္ပါတယ္။

ဒုအခြန္ဦးစီးအစ္မက တစ္သိန္းခြဲေရာေဆာင္ႏိုင္မလားတဲ့။ အဲ့ဒီေလာက္ဆိုရင္ေတာ့ ကၽြန္ေတာ္ေပးႏုိင္ေလာက္မယ္။ဒါနဲ႔ အမက ဘယ္လိုေတြျပန္တြက္မွာလည္းလို႔ေမးၾကည့္ေတာ့ ဟိုဟာေလ်ာ့၊ဒီဟာတိုးလုပ္ေပးရမွာေပါ့။အစ္မတို႔က ဥပေဒစာအုပ္ႀကီးတိုင္သြားလို႔မရဘူးေလး၊မင္းတို႔ အခြန္ထမ္းေတြ က်င္နပ္ေအာင္လုပ္ေပးဖို႔ကအဓိကပါပဲတဲ့။

အဲ့ဒီလိုနဲ႔ ဒုအခြန္ဦးစီးနဲ႔ အခြန္ေဆာင္ရမဲ့တန္ဖိုးကို ညိႇႏုိငိးၿပီး အိမ္ကိုျပန္လာခဲ့ရေပမဲ့ ကၽြန္ေတာ့္ရင္ထဲ တရားဝင္အခြန္ေဆာင္ေၾကးကို အစိုးရစီေပးခ်င္ေပမဲ့ ျပင္းထန္းတဲ့ အခြန္စည္းမ်ဥ္းဥပေဒေတြျခားထားတဲ့အတြက္ ညိႇႏုိင္းလုပ္ခဲ့ရတဲ့အေပၚ ငါ ႏုိင္ငံနဲ႔ စစ္မွန္တဲ့ ျပည္သူ႔အစိုးရအေပၚ တာဝန္ေက်ခြင့္မရွိေသးတဲ့ လူတစ္ေယာက္ပါလားလို စိတ္မေကာင္းၿကီးစြာေတြးမိရင္ ရင္နာနာနဲ႔ျပန္ခဲ့ရပါတယ္။

အိမ္ကိုျပန္ေရာက္ေတာ့ ၂၀၁၅ အခြန္အေကာက္ဥပေဒစာအုပ္ကို ဖတ္ၾကည့္မိတဲ့အခါမွာေတာ့ အခန္း(၆) ဝင္ေငြခြန္ ဥပေဒ နံပတ္ (၂၉)မွာ အသစ္ထူးေထာင္ေသာ လုပ္ငန္းသစ္မ်ားအတြက္ လုပ္ငန္းစတင္ကာလမွစ၍ ၃ ႏွစ္အတြင္း ဝင္ေငြ က်ပ္သိန္း တစ္ရာအထိ ဝင္ေငြခြင္ကင္းလြတ္ခြင့္ရွိၿပီး ၁၀၀ ထက္ပိုေသာ ဝင္ေငြအေပၚတြင္သာ အခြန္စည္းၾကပ္ရမယ္လို႔ ျပဌာန္းထားတာကိုဖတ္လိုက္ရမွ

ေဩာ္ ဒုအခြန္ဦးစီးက လုပ္ငန္းသက္ ၇ လသာရွိေသးတဲ့ ငါ့ရဲ႕ ကိုယ္ပိုင္လုပ္ငန္းသစ္ေပၚ အခြန္ဥပေဒက သက္သာခြင့္ေပးထားတဲ့ သိန္း တစ္ရာ ဝင္ေငြခြန္ကို ထည့္သြင္း မႏုတ္ပဲ တြက္ခ်က္လိုက္တဲ့အတြက္ အခြန္အလြန္ျပင္းထန္သြားမွန္း ၊ ကၽြန္ေတာ္ ေပးေဆာင္သင့္တဲ့အခြန္ထက္ပိုၿပီး အစိုးရစီ လႉဒါန္းလိုက္ရမွန္း သိလိုက္ရတဲ့အတြက္အလြန္ပဲ စိတ္သက္သာရာ ျပန္ရခဲ့ပါတယ္။

တကယ္ေတာ့ ဥပေဒဆိုတာ ႏုိင္ငံသူႏုိင္ငံသားေတြအတြက္ အကာကြယ္ တံတိုင္းႀကီး တစ္ခုသဖြယ္ေသာ္၎ ၊ ဘက္လိုက္မႈကင္းေသာ မိတ္ေဆြအျဖစ္၎ ၊ အမွန္တရာအတြက္ လက္စုပ္လက္ကိုင္ျပဳထားရေသာ လက္ဝတ္တန္ဆာျဖစ္၎ တန္ဖိုးထားသင့္တာမို႔ ျပည့္သူဝန္ထမ္းေတြအေနနဲ႔ ဥပေဒ ကို အေၾကာင္းျပၿပီး

ဥပေဒနဲ႔ ျပည္သူကို ေဝးေအာင္ မေျခာက္လွန္႔ၾကပါနဲ႔လို႔ေမတၱာရပ္ခံပါရေစ ။
ဥပေဒနဲ႔ ျပည္သူကို ေသြးမခြဲပါနဲ႔လို႔ေမတၱာရပ္ခံပါရေစ။
ဥပေဒ နဲ႔ ျပည္သူၾကား လာဘ္စားမႈေတြမသြတ္သြင္းၾကပါနဲ႔လို႔ ေမတၱာရပ္ခံပါရေစ…။

ႏိုင္ငံသားမွန္ရင္ အခြန္ေဆာင္ျခင္းျဖင့္ တိုင္းျပည္အက်ိဳးကို သယ္ပိုးႏိုင္ၾကပါေစ

လူငယ္မိုးလႈိင္း
အခြန္ရုံးသြား၍ေမးျမန္းသိရွိခဲ့သမၽွကို အမွန္အတိုင္ေရးျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Richard Ye Myint

#Unicode Version# ျဖင့္ဖတ္ပါ ။

မနေ့က မြို့နယ် အခွန်ရုံးစီက ဆင့်ခေါ်စာလေးရောက်လာလို့ ထိုစာရွက်ကလေးကို လက်မှာကိုင်ပြီး ပြည်သူချစ်သော ပြည်သူ့အစိုးရထံသို့ နိုင်ငံသားကောင်ပီသစွာ အခွန်သွားဆောင်ဖို့ တာမွေမြိုနယ်အခွန်ရုံစီကိုထွက်လာခဲ့ပါတယ်။

ရုံးရောက်တော့ ဒုဦးစီးမှူး အစ်မနဲ့ တိုက်ရိုက်ဝင်ရောက်တွေ့စုံခွင့်ရခဲ့ ပြီး အစ်မက ဝင်ငွေခွန် သတ်မှတ်ကောက်ခံဖို့အတွက် လိုအပ်တဲ့မေးခွန်တွေကို စတင်မေးပါတော့တယ်။

မောင်လေးကအိမ်ငှားလား….ဟုတ်ကဲ့
တစ်လဘယ်လောက်နဲ့ ငှားထားလည်း…..
တစိသိန်းနဲ့ ပါအစ်မ
ဘယ်လောက်ကြာပြီလည်း …….
၇ လလောက်ရှိပါပြီးခင်ဗျား
တစ်နေ့ဘယ်လောက်ရောင်းရလည်း…..၁၅၀၀၀၀ ပါခင်ဗျား
အလုပ်သမားဘယ်နှစ်ယောက်လည်း….တစ်ယောက်ပါခင်ဗျား
ဘယ်လောက်ပေးလည်း…..စရိတ်ငြိမ် ၆၀၀၀၀ ပါခင်ဗျား

အိမ်ထောင်ရှိသလား…..ရှိပါတယ်
စည်ပင်ခွန်ဘယ်လောက်ပေးရလည်း…..၄၀၀၀၀ ပါခင်ဗျား
မီတာခွန်ကရော……၇၀၀၀ ပါခင်ဗျား
တစ်ခြားအခွန်တွေရော….အမှိုက်ခွန် ၁၂၀၀၊ရေခွန် က ၁၅၀၀ပါခင်ဗျား

အခွန်ဒုဦးစီးအစ်မက လိုအပ်တာတွေကျွန်တော့်ကိုမေးပြီး ရာခိုင်နှုန်း အချိုးအစားတွေနဲ့ ပေးဆောင်ရမဲ့ငွေကို ဆက်တွက်နေလိုက်ပါတယ်။ တွက်ပြီးတဲ့နောက် ကျွန်တော်ဘက်ကို လှည့်ကြည့်ပြီး ၅ သိန်း ကျော် ၆ သိန်းလောက်တော့ ဝင်ငွေခွန်သွင်းရမယ် တက်နိုင်သလားဆိုပြီး ကျွန်တော်ကို့လှမ်းမေးလိုက်ပါတယ်။

သူ့စကားသံကြားလိုက်ရတဲ့ နောက် မမျှော်လင့်ထားတဲ့ အခွန်နှုန်းထား တစ်ခုကို ကြားလိုက်ရလို့ ကိုယ့်နားကိုယ်တောင် မယုံမကြည်ဖြစ်သွားပြီး နောက်တစ်ခေါက်ထပ်မေးလိုက်ရပါတယ်။ ၅ သိန်း ၆ သိန်း ဆိုတာ နှစ်ခါထပ်ပြောလိုက်လို့ သေချာသွားမှန်း သိတဲ့နောက် ဒီရုံးကနေ ကမ္ဘာ အပြင်ဘက်အထိ ထွက်ပြေးချင်စိတ်တွေဖြစ်သွားရလောက်ရအောင် နိုင်ငံအခွန်ဥပဒေအပေါ် နားကျဉ်းစိတ်ဝင်သွားခဲ့မိသလို သေချာနားမလည်းတဲ့အပေါ် ရှင်းပြပေးဖို့ကျွန်တော်ထပ်တောင်းဆိုမိလိုက်ပါတယ်။

သိန်း၃၀ ၄၀ အရင်းအနှီး မျှနဲ့ လုပ်စားနေတဲ့ နိုင်ငံသားတစ်ယောက်အပေါ် အဲ့လောက်တောင် အခွန်ဆောင်ခိုင်းရသလား အစ်မရယ်၊ ကျွန်တော်က အိမ်ငှားပါဗျာ ၊နောက် ဆိုင်ဖွင့်တာလည်း ၇ လပဲရှိသေးသလို အိမ်က မိဘတွေကလည်း အိမ်ထောင်ကျပြီးကတည်းက သူတို့မိသားစုပိုင် တိုက်ခန်းကို တစ်လ တစ်သိန်းနဲ့ငှားပြီး သိန်း ၃၀ ကျော်လောက်နဲ့ ရင်းနှီးရောင်းဝယ်စားသောက်နေရတာ..ဒီလောက်ကြီးများတောင် အခွန်သွင်းလိုက်ရင် ကျွန်တော်ဘယ်လိုများရှေ့ဆက် ရင်းနှီးစားသောက်ရမလည်းအစ်မရယ်…လို့ …အခွန်ဒုဦးစီးကို မေးကြည့်တော့သူမက ဒါလွှတ်တော်က တရားဝင် ချထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ပဲတွက်ထားတာ.တဲ့

ဒါနဲ့ ဘယ်လိုများတွက်ထားသလည်းဆိုပြီး ဒုဦးစီးအကြမ်းတွက်ထားတဲ့ စာရွက်စာရင်းကို လှမ်ကြည့်လိုက်တော့ မိန်းမဖြစ်တဲ့ သူရဲ့ ထောက်ပံ့ကြေးမပါသလို အိမ်ငှားစရိတ်တန်ဖိုးလည်းမပါဘူး ဖြစ်နေတာတွေ့လို့ ဒုဦးစီးကို ဒါတွေဘာကြောင့်သက်သာခွင့်ထဲ ထည့်မတွက်တာလည်းလို့မေးကြည့်လိုက်မိပါတယ်။

အဲ့ဒီအခါ ဒုဦးစီးက မိန်းမကို ထောက်ပံ့ကြေး တစ်နှစ်စာ ၁၀ သိန်းမပေးတာက သန်ခေါင်စာရင်းထဲ့မပါလာလို့ပါတဲ့။

ေဩာ် မိန်းမယူပြီးပေမဲ့ စာရင်းမရှိလို့ ကိုယ်ယူတဲ့မိန်းမတောင် ကိုပြန်မကျွေးမွေးနိုင်တော့ပဲ အစိုးရကို မိန်းမထောက်ပံ့ငွေ ၁၀ သိန်းကိုပါရောအခွန်ပေးရတော့မဲ့ဘဝ ရောက်သွားခဲ့ရပါတယ်။

အိမ်ငှားခ ထည့်မနှုတ်တာကတော့ ရှင်တို့ အိမ်ရှင်၊အိမ်ငှားစာချုပ် ချုပ်တုန်းက အိမ်ရှင်ဘက်က အခွန်ရုံမှာ အိမ်ငှားခ တန်းဖိုးရဲ့ ၁၀ ရာခိုင်းနှုန်းကို လာပြီး မသွင်းတဲ့အတွက်ထည့်မနှုတ်ပေးတာပါတဲ့…။ တကယ်လို့ ရှင်တို့အိမ်ရှင်ဘက်ဆောင်မယ်ဆိုရင် တစ်လ တစ်သိန်းနဲ့ ၁၂လစာ ၁၂ သိန်းအမောက်ပေါ် ၁၀% နဲ့အညီ တစ်သိန်း နှစ်သောင်းသွားသွင်းရမယ်တဲ့။

ကျွန်တော်အိမ်ပြန်ရောက်လို့ ၂၀၁၅ ပြည်ထောင်စု အခွန်ကောက်ဥပဒေကိုဖတ်ကြည့်တော့ အိမ်ငှားလို့ရတဲ့ငွေအပေါ် သက်သာခွင့်နူတ်ပြီးမှ ကျန်တဲ့ ငွေကိုသာ ၁၀% အခွန်စည်းကြပ်ခွင့်ရှိတာတဲ့။ နောက်အိမ်ငှားပြီးဆိုင်ခန်းဖွင့်ရင်းနှီးစားနေကြရတဲ့ သူတွေလည်း အစိုးရအခွန်ရုံးစီ အိမ်ရှင်ကသွားအခွန်ဆောင်ပေးကြလေ့ မရှိတဲ့အတွက် စရိတ်သက်သာခွင့်ထဲ အိမ်ငှားခတွေပါ မနူတ်ရပဲ တန်ပိုးနစ်စွာအခွန်ဆောင်ကြရမဲ့ အိမ်ငှားဘဝတွေကို စာနာတွေးကြည့်ပြီး အတော်လေးစိတ်မကောင်ဖြစ်မိခဲ့ပါသေးတယ်။

ဒီထက်အဆိုးဆုံးအခွန်ပြသနာကို ရင်ဆိုင်ရတာကတော့ ဒုဦးစီးရဲ့ ကုန်ဖိုးအရင်းနူတ်တဲ့ တွက်နည်းပါပဲ။ ကျွန်တော်က ဆန်ဆိုင်ဖြစ်တဲ့အတွက် ကုန်သွယ်ခွန် မဆောင်ရပေမဲ့ တစ်နေ့ရောင်းအား ၁၅၀၀၀၀ ကျပ်နဲ့ တစ်နှစ်စာ ၅၄၀၀၀၀၀၀(ငါးရာ လေးဆယ်)ပေါ် ကုန်ဖိုးအရင်း ၆၀% နဲ့ သာတွက်ပြီး ၃၂၄၀၀၀၀၀ (သုံးရာနှစ်ဆယ့်လေးသိန်း)သာ နူတ်ပေးပြီးတွက်လိုက်ခြင်းပါပဲ။

ရောင်းရငွေအပေါ် ကုန်ဝယ်အရင်းတန်ဖိုးနှုတ်ပြီး စာရင်းရှိ ကျွန်တော့်ရဲ့ တစ်နှစ်စာ အမြတ်ကတော့၂၁၆၀၀၀၀၀(နှစ်ရာတစ်ဆယ့်ခြောက်သိန်း) ရလာပါတယ်။ သူ တွက်ပြပေးတဲ့ ကျွန်တော့်ရဲ့တစ်နှစ်စာအမြတ်ကိုကြည့်ပြီး ဥပဒေနည်းလမ်းကျကျ တွက်ချက်ထားမှုအပေါ် ဘယ်ဟာ မှားသလည်းဆိုတာကိုဝေခွဲမရဖြစ်ရင်ရူးချင်သလိုလို၊ဂေါက်ချင်သလိုလိုတောင်ဖြစ်သွားပါတယ်။

ဝင်ငွေကနည်း အရောင်းဝယ်ကအေးလို့ အထွေးထွေးစ ရိတ်တွေကြီးမြင့်မှုတွေကြား နေ့ဖို့ညစားတောင်တွက်စား၊ရင်းစားနေကြရတဲ့ နိုင်ငံသားပိုင်အသေးစား လုပ်ငန်းရှင်ဘဝ မှာ အမှန်လက်တွေ့ရတဲ့အမြတ်နဲ့ ရာခိုင်းနူန်းထားတွက်ချက်ထားတဲ့ အစိုးရအခွန်စာရင်း တွေကြားတော်တော်လေးကွဟလွန်လို့ ကျွန်တော်အဲ့လောက်ဆို မဆောင်နိုင်ဘူးလို့ ပဲပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။

အခွန်ဒုဦးစီးက ဘယ်လောက်ဆို ပေးနိုင်မလည်းတဲ့.ညှိတွက်ပေးလို့ရပါတယ်တဲ့

..ကျွန်တော်ကညှိတွက်တာထက် အစိုးရကို သတ်မှတ်အခွန်နူန်းထားအမှန်တိုင်ဆောင်ချင်တာပါ အစ်မရယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည့်သူ့အခွန်ဆုံးရှုံးရင် အစိုးရဆင်းရဲသွားနိုင်သလို အစိုးရဆင်းရဲရင် နိုင်ငံလည်းဆင်းရဲသွားမှာပါ။

နိုင်ငံဆင်းရဲသွားရင်၊ပြည်သူ့အခြေခံအဆောင်ဦးတွေမဖော်ဆောင်တော့သလို ကျွန်တော်တို့နိုင်ငံ ဆင်းရဲနေတာသိရဲ့နဲ့ အခွန်ကိုရှောင်ပြီး ကြီးပွားနေသူတွေ ရှိမယ်ဆိုရင်လည်း အဲ့ဒီလူတွေဟာ ကမ္ဘော့အလည်မှာ အရှက်တရားမရှိပဲ ဝါးလုံးခေါင်းထဲကသာတစ်သက်လုံး လသာနေတာကို ကြည့်သွားရမဲ့လူတွေပါအစ်မရယ်။

အဲ့ဒီတော့ပြည်သူတွေအနေနဲ့ အခွန်ဆောင်ဖို့ လိုသလို အခွန်ဆောင်ခြင်းအလုပ်ကိုလည်းပြည်သူတွေမကြောက်အောင် ဆောင်ဖို့ မရှောင်ရအောင် ဥပဒေကလုပ်ပေးရမှာ အခုအစ်မတို့ရဲ့ ဥပဒေအရ ကုန်ဝယ်အရင်းအနှီးတွက်ထားပုံကိုကြည့်မယ်ဆိုရင် လက်တွေ့မြန်မာပြည်ရဲ့အရောင်းအဝယ်အမြတ်အစွန်းနဲ့ မတရားကွာလွန်နေတယ်။

ကျွန်တော်က ဆန်ဆိုင်ဖွင့်ထားတာမို့ အစ်မကို ဆန်အမြတ်နဲ့ပဲ အကြမ်းမျဉ်းတွက်ပြမယ်။

အခုလိုဈေးဆိုင်တွေအပြိုင်အဆိုင်များတဲ့ခေတ်မှာ ၃၅၀၀၀၀ သုံးသောင်းခွဲတန်ဆန်တစ်အိတ်ကို လက်ကားရောင်းရင် ၅၀၀/၁၀၀၀၊ လက်လီရောင်းရရင် ၂၀၀၀ ကျော် ၃၀၀၀ မြတ်တာပါအစ်မရယ်။

ကျွန်တော်တို့ရဲ့ အများဆုံးအမြတ် ၃၀၀၀ နဲ့ပဲထားပြီး တစ်နေ့ ရောင်းရငွေ ၁၅၀၀၀၀ အပေါ် အမြတ်ပြန်တွက်ပြရရင် တစ်အိတ် ပျမ်းမျှ ၃၅၀၀၀ နူန်းနဲ့ ၄ အိတ်ကျော်သာ ရောင်းရပြီး တစ်နေ့တာအမြတ် ကျွန်တော်တို့ရဲ့ အများဆုံးအမြတ် ၃၀၀၀ နဲ့ပဲထားပြီး တစ်နေ့ ရောင်းရငွေ ၁၅၀၀၀၀ အပေါ် အမြတ်ပြန်တွက်ပြရရင် တစ်အိတ် ပျမ်းမျှ ၃၅၀၀၀ နူန်းနဲ့ ၄ အိတ်ကျော်သာ ရောင်းရပြီး တစ်နေ့တာအမြတ်က ၈၀၀၀၊တစ်နှစ်တာအမြတ်က ၄၃၈၀၀၀၀ (လေးဆယ် သုံးသိန်း ရှစ်သောင်းပဲ ရပါတယ်အစ်မရယ်။

ကျွန်တော်တို့ အသေးစားလုပ်ငန်းရှင်တွေ တကယ်ရတဲ့ အမြတ်ထက် အစိုးရအခွန်ရာခိုင်နူန်းနဲ့ တွက်ထားတဲ့ အမြတ်က ဘယ်လောက်များသလည်းဆိုရင် ၁၇၂၂၀၀၀၀ (တစ်ရာ ခုနှစ်ဆယ့် နှစ်သိန်း နှစ်သောင်း တောင် များလိုက်တာ အစ်မရယ်..။

တကယ်ဆို ကျွန်တော် အမှန်တကယ် ဆောင်သင့်တဲ့အခွန်က ရောင်းရငွေ ၁၅၀၀၀၀ အပေါ် ကုန်ဖိုးအရင်းနူတ်ပြီး ကျန်တဲ့ အမြတ် ၄၃၈၀၀၀၀ ထဲက အထွေထွေအသုံးစရိတ်တွေဖြစ်တဲ့ စည်ပင်ခွန် ၄၀၀၀၀၊ မီတာခွန် တစ်လ၇၀၀၀ နဲ့ တစ်နှစ်စာ ၈၄၀၀၀ ၊ အလုပ်သမားခ(စားသောက်နေထိုင်စရိတ်အပါ)တစ်လ ၁၂၀၀၀၀ နဲ့ တစ်နှစ်စာ ၁၄၄၀၀၀၀၊ ၊ အိမ်ငှားခတစ်နှစ်စာ ၁၂၀၀၀၀၀၊ မိန်းမကိုထောက်ပံ့ငွေ ဆယ်သိန်း၊စုစုပေါင်း ၃၇၆၄၀၀၀ နုတ်ပြီး ကျန်ငွေ ၆၁၆၀၀၀ ပေါ်သာ အခွန်စည်းကြပ်သင့်တာပါဗျာ။ ၁၅၀၀၀၀ ရောင်းအားသာရှိတဲ့ ကျွန်တော်တို့အပေါ် အခွန်အများဆုံကျမယ်ဆိုရင်လည်း ၄၀၀၀၀/၅၀၀၀၀ ဝန်ကျင်ပေါ့။

တစ်ကယ့်လက်တွေ့အမြတ်နဲ့သာ တွက်မယ်ဆိုရင် တစ်နေ့ ၂ သိန်း ၃ သိန်း ရောင်းအားရှိတဲ့ လုပ်ငန်းပေါ် အခွန်ကျရင်တောင်အများဆုံး ၁ သိန်း ကျော်လောက်ပဲ ကျသင့်တော့သလို၊ တစ်နေ့ ၁ သိန်းအောက်ရောင်းရတဲ့ လုပ်ငန်းတွေအပေါ် တရားဝင် အခွန်ဆောင်ရမယ်ဆိုရင်လည်း ၂၀၀၀၀/၃၀၀၀၀ တာကျသင့်တာမို့ ဘယ်ပြည်သူပြည်သားမှ အခွန်ရှောင်ကြတော့မှာ မဟုတ်ဘူးလို့ယူဆမိပါတယ်။

အခုတော့ ကျဉ်းမြောင်းတဲ့ဈေးကွက်ကြား သူငါ အပြိုင် နည်းပါးတဲ့အမြတ်တွေနဲ့ယှဉ်ပြီး ရောင်းလို့ ရလာတဲ့ တစ်သိန်းခွဲရောင်းအားအပေါ် ဆန်ကုန်ဖိုးအရင်းကို ၆၀% နဲ့တွက်ပြီး ထွက်လာတဲ့ အမြတ်က သိန်း နှစ်ရာနီးပါးဖြစ်သွားတဲ့ အတွက် အခွန်စည်းကြပ်မှု့ တန်ဖိုးကလည်း ၆ သိန်း ကျော် ၇ သိန်းကျော် ၈ သိန်းကျော်တွေအထိ ဖြစ်သွားပါတော့တယ်။

အဲ့ဒီလိုတွက်ပြတော့ အခွန်ဒုဦးစီးက အခွန်များရင် အမြတ်ပိုတင်ရောင်းပေါ့လို့ အကြံပေးပြောလာပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်တို့ လက်လုပ်လက် စားအရောင်းအဝယ်သမားတွေအပေါ် နားမလည်းနိုင်သေးတဲ့ အတွက် တစ်ခါထပ်ပြီး အစ်မရယ် ကျွန်တော်တို့တိုင်ပြည်ထဲ ပညာတတ်တွေရော၊ပညာမဲ့တွေရောပါ အခွင့်လမ်းတွေနည်းပါကြလို့ အကြံကုန်ဈေးရောင်းဆိုတဲ့ ခေတ်ကြီးမှာ နိုင်ငံကြီးသားပီသစွာ သတ်မှတ်အခွန်ဆောင်နိုင်ဖို့အတွက် ပုံမှန်အမြတ်ထက် ၅ ထောင် ၆ ထောင်တင်ရောင်းလိုက်ရင် ဒီအခွန်ရုံကိုတောင် ကျွန်တော်ရောက်လာနိုင်မှာမဟုတ်တော့ပါဘူးဗျာ ။

ဘာဖြစ်လို့လည်း ဆိုတော့ အရင်းအနှီးကြွယ်ဝသူအိမ်ရှင်မြေရှင်တွေက အမြတ်နည်းနည်းနဲ့ ဈေးကွက်လုပြီးယှဉ်ရောင်းလိုက်လို့ အရင်းပြုတ်ပြီးရွာပြန်သွားရလို့လေ..ရှင်းပြလိုက်ပါတယ်။

ဒုဦးစီးမှူးရဲ့ အခွန်တွေတွက်ချက်လာမှု့အပေါ် နားမလည်နိုင်ဖြစ်နေသေးတဲ့ ရာခိုင်နူန်းနဲ့ ကုန်ဖိုအရင်း နုတ်တဲ့အပေါ် မေးကြည့်တော့ အစ်မတို့ က ကုန်တန်ဖိုးကို ရာခိုင်နူန်းနဲ့ ယှဉ်ပြီးတွက်ချက်ပေးရတဲ့ ပုံစံက ဆန်ဆိုဘယ်လောက်၊ ဟိုပစ္စည်းအမျိုးအစားဆို ဘယ်လောက်ရယ်ဆိုတရားဝင်သတ်မှတ်ထားတာမရှိပါဘူး။

တစ်ချို့ကုန်တန်ဖိုးအရင်းကို နုတ်တဲ့အခါ ရောင်းရငွေအမောက်ပေါ်ကြည့်ပြီး ၂၅%၊ ၃၀%၅၀% ၆၀%_၇၀%နဲ့ အများဆုံး ၇၅ % အထိပဲ နုတ်ပေးတာ။ စားသောက်ဆိုင်တွေဆို ၂၅% ၃၀% လောက်အထိပဲ ကုန်တန်ဖိုးအရင်းကို ထားတွက်ပေးတာ။ ဘာဖြစ်လို့လည်းဆိုတော့သူတို့က ပိုအမြတ်ကြီးလို့လေ။

ဒါဆိုအစ်မပြောတဲ့ အဓိပ္ပါယ်က ၁၀၀% ရာခိုင်နှုန်း ရောင်းရငွေပေါ် အများဆုံး အမောက်ဖြစ်တဲ့ ၇၀% ရာခိုင်း ကုန်တန်ဖိုးအရင်းထားပြီး နုတ်ကြည့်မယ်ဆိုရင် ဥပမာ သိန်း ၁၀၀ နဲ့ရောင်းရတဲ့ကားပေါ် ကုန်အရင်းတန်ဖိုး ၇၀ ပဲ.နုတ်ပေးပြီး..အမြတ်ကို သိန်း ၃၀ ထားတွက်ချက်ပေးမှာပေါ့။ နောက်ဥပမာ ..ကျွန်တော်တို့ဆန်တစ်အိတ် ၄၀၀၀၀ နဲ့ ရောင်းရတဲ့နှုန်းထားပေါ် ၇၀% အမောက်ဖြစ်တဲ့ ၃၈၀၀၀ အရင်းနုတ်ပြီး ဆန်တစ်အတ်ကို( ၃၀%) ၁၂၀၀၀ကျပ် မြတ်တယ်ဆိုတဲ့ နူန်းထားနဲ့ ထားတွက်နေသလိုဖြစ်နေတာပေါ့နော် အေးဟုတ်တယ်။

အဲ့ဒါဆိုအစ်မတို့ အခွန်ဥပဒေက သာမှန်ထက်ပိုတဲ့ မတန်တဆအမြတ်တွေထားတွက်ပြီး အခွန်ထမ်းတဲ့ ပြည်သူတွေအပေါ် ရာခိုင်နူန်းနဲ့ လိမ်ညာကောက်သလို ဖြစ်နေတာပေါ့။ အေး အဲ့ဒါကြောင့်လည်းတကယ့်ပိတ်ဆံရှိသူတွေထဲလည်း အခွန်အမှန်မဆောင်သူတွေများနေတာပေါ့။ပြင်ချင်ရင် မောင်လေးလွှတ်တော်အမတ်လုပ်ပြီးဝင်ပြင်မှပဲရမယ်။

တကယ်လို့ ကျွန်တော်က အခွန်ဥပဒေအရ ဆိုင်ကဝင်ငွေ၊ရင်းငွေထွက်ငွေ တန်ဖိုးတွေကို တစ်လတစ်ခါရှင်းပြီး ၃ လ တစ်ကြိမ် ပို့ပေးမယ်ဆိုရင် ရော အစ်မတို့က ရာခိုင်နူန်းနဲ့ ပဲ ထားတွက်မှာလို့မေးကြည့်တော့ အဲ့ဒီလိုပို့ပေးရင်တော့ မင်းတို့ဝင်ငွေ၊ထွက်ငွေစာရင်းကိုစစ်ပြီး တွက်ချက်ပေးမှာပေါ့တဲ့။

ဒါဆိုကျွန်တော်နောက်လကစပြီး စာရင်းပြုစုပြီး လုပ်ပေးထားမယ်။ ကျွန်တော်ချစ်တဲ့အစိုးရကို အခွန်အပြည့်အဝပေးနိုင်အောင် လည်းကြိုးစားသွားပါမယ်။ ဒါပေမဲ့ အခု အစ်မ တွက်ထားတဲ့ အခွန် ၅ သိန်း ၆ သိန်းတော့ ကျွန်တော်မဆောင်နိုင်လောက်ဘူး။ကျွန့်တော့်အရင်းအနှီးကလည်း ဘာမှ ရှိသေးတာမဟုတ်တဲ့အတွက် အစ်မတွက်ထားတဲ့အခွန် ၅သိန်း ၆သိန်းတော့မဆောင်နိုင်ဘူးဗျာလို့ငြီးလိုက်ပါတယ်။

ဒုအခွန်ဦးစီးအစ်မက တစ်သိန်းခွဲရောဆောင်နိုင်မလားတဲ့။ အဲ့ဒီလောက်ဆိုရင်တော့ ကျွန်တော်ပေးနိုင်လောက်မယ်။ဒါနဲ့ အမက ဘယ်လိုတွေပြန်တွက်မှာလည်းလို့မေးကြည့်တော့ ဟိုဟာလျော့၊ဒီဟာတိုးလုပ်ပေးရမှာပေါ့။အစ်မတို့က ဥပဒေစာအုပ်ကြီးတိုင်သွားလို့မရဘူးလေး၊မင်းတို့ အခွန်ထမ်းတွေ ကျင်နပ်အောင်လုပ်ပေးဖို့ကအဓိကပါပဲတဲ့။

အဲ့ဒီလိုနဲ့ ဒုအခွန်ဦးစီးနဲ့ အခွန်ဆောင်ရမဲ့တန်ဖိုးကို ညှိနိုငိးပြီး အိမ်ကိုပြန်လာခဲ့ရပေမဲ့ ကျွန်တော့်ရင်ထဲ တရားဝင်အခွန်ဆောင်ကြေးကို အစိုးရစီပေးချင်ပေမဲ့ ပြင်းထန်းတဲ့ အခွန်စည်းမျဉ်းဥပဒေတွေခြားထားတဲ့အတွက် ညှိနိုင်းလုပ်ခဲ့ရတဲ့အပေါ် ငါ နိုင်ငံနဲ့ စစ်မှန်တဲ့ ပြည်သူ့အစိုးရအပေါ် တာဝန်ကျေခွင့်မရှိသေးတဲ့ လူတစ်ယောက်ပါလားလို စိတ်မကောင်းကြီးစွာတွေးမိရင် ရင်နာနာနဲ့ပြန်ခဲ့ရပါတယ်။

အိမ်ကိုပြန်ရောက်တော့ ၂၀၁၅ အခွန်အကောက်ဥပဒေစာအုပ်ကို ဖတ်ကြည့်မိတဲ့အခါမှာတော့ အခန်း(၆) ဝင်ငွေခွန် ဥပဒေ နံပတ် (၂၉)မှာ အသစ်ထူးထောင်သော လုပ်ငန်းသစ်များအတွက် လုပ်ငန်းစတင်ကာလမှစ၍ ၃ နှစ်အတွင်း ဝင်ငွေ ကျပ်သိန်း တစ်ရာအထိ ဝင်ငွေခွင်ကင်းလွတ်ခွင့်ရှိပြီး ၁၀၀ ထက်ပိုသော ဝင်ငွေအပေါ်တွင်သာ အခွန်စည်းကြပ်ရမယ်လို့ ပြဌာန်းထားတာကိုဖတ်လိုက်ရမှ

ေဩာ် ဒုအခွန်ဦးစီးက လုပ်ငန်းသက် ၇ လသာရှိသေးတဲ့ ငါ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းသစ်ပေါ် အခွန်ဥပဒေက သက်သာခွင့်ပေးထားတဲ့ သိန်း တစ်ရာ ဝင်ငွေခွန်ကို ထည့်သွင်း မနုတ်ပဲ တွက်ချက်လိုက်တဲ့အတွက် အခွန်အလွန်ပြင်းထန်သွားမှန်း ၊ ကျွန်တော် ပေးဆောင်သင့်တဲ့အခွန်ထက်ပိုပြီး အစိုးရစီ လှူဒါန်းလိုက်ရမှန်း သိလိုက်ရတဲ့အတွက်အလွန်ပဲ စိတ်သက်သာရာ ပြန်ရခဲ့ပါတယ်။

တကယ်တော့ ဥပဒေဆိုတာ နိုင်ငံသူနိုင်ငံသားတွေအတွက် အကာကွယ် တံတိုင်းကြီး တစ်ခုသဖွယ်သော်၎င်း ၊ ဘက်လိုက်မှုကင်းသော မိတ်ဆွေအဖြစ်၎င်း ၊ အမှန်တရာအတွက် လက်စုပ်လက်ကိုင်ပြုထားရသော လက်ဝတ်တန်ဆာဖြစ်၎င်း တန်ဖိုးထားသင့်တာမို့ ပြည့်သူဝန်ထမ်းတွေအနေနဲ့ ဥပဒေ ကို အကြောင်းပြပြီး

ဥပဒေနဲ့ ပြည်သူကို ဝေးအောင် မခြောက်လှန့်ကြပါနဲ့လို့မေတ္တာရပ်ခံပါရစေ ။
ဥပဒေနဲ့ ပြည်သူကို သွေးမခွဲပါနဲ့လို့မေတ္တာရပ်ခံပါရစေ။
ဥပဒေ နဲ့ ပြည်သူကြား လာဘ်စားမှုတွေမသွတ်သွင်းကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ…။

နိုင်ငံသားမှန်ရင် အခွန်ဆောင်ခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ကြပါစေ

လူငယ်မိုးလှိုင်း
အခွန်ရုံးသွား၍မေးမြန်းသိရှိခဲ့သမျှကို အမှန်အတိုင်ရေးခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Richard Ye Myint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top