နာမည္ေက်ာ္ ဇာတ္ၫႊြန္းေရးဆရာမ ကင္အြန္းေဆာ့နဲ႔အတူ သူ႔ရဲ႕ ဒရာမာအသစ္မွာ သူနဲ႔လက္တြဲ လုပ္ကိုင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္တဦး ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

ေမလ ၂၀ ရက္ေန႔မွာ ထုတ္လုပ္ေရးကုမၸဏီ Hwa&Dam Pictures ကေန မင္းသမီး ကင္ဂိုအြန္းဟာ ဆရာမကင္ရဲ႕ ေနာက္ထပ္ ဒရာမာ အသစ္ျဖစ္တဲ့ “The King: The Eternal Monarch” မွာ အဓိက ဇာတ္ေဆာင္ မင္းသမီးအျဖစ္ ပါဝင္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ မင္းသမီး ကင္ဟာ ဆရာမနဲ႔ အတူ နာမည္ေက်ာ္ “Goblin” ဒရာမာမွာ အလုပ္အတူ တြဲလုပ္ခဲ့ဖူးပါတယ္။

Hwa&Dam Pictures ရဲ႕ သတင္းရင္းျမစ္တခုက “‘The King: The Eternal Monarch’ ဒရာမာဟာ ကိုရီးယား သမၼတႏိုင္ငံနဲ႔ ကိုရီးယား အင္ပါယာလို႔ဆိုတဲ့ စင္ၿပိဳင္ စၾကာဝဠာ ႏွစ္ခုၾကားက ထူးျခားဆန္းၾကယ္ အခ်စ္ ဒရာမာျဖစ္ပါတယ္။ မင္းသမီး ကင္ဟာ ကိုရီးယားသမၼတႏိုင္ငံမွာ စုံေထာက္ ေဂ်ာင္ထယ္အူးလ္နဲ႔ ကိုရီးယားအင္ပါယာႏိုင္ငံေတာ္မွာ ရာဇဝတ္သား လူနာအျဖစ္ ဇာတ္႐ုပ္ႏွစ္ခုနဲ႔ ပါဝင္မွာျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

ဆက္ၿပီး “စုံေထာက္တေယာက္နဲ႔ ရာဇဝတ္သားတေယာက္အေနနဲ႔ မတူညီတဲ့ ဇာတ္ေကာင္ႏွစ္ခုကို သ႐ုပ္ေဆာင္ဖို႔ဆိုတာ မလြယ္ပါဘူး။ ကင္ဂိုအြန္းရဲ႕ မင္းသမီးအေနနဲ႔ ‘Goblin’ ဇာတ္လမ္းတြဲမွာ မိန္းမပ်ိဳေလး တဦးကေန ရင့္က်က္တဲ့ အမ်ိဳးသမီးတဦးအေနနဲ႔ ျဖစ္လာတဲ့ဇာတ္ေကာင္ကို ႏွစ္ဖက္မွ်ေအာင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အခု မတူကြဲျပားတဲ့ ဇာတ္ေကာင္ႏွစ္ခုကို သူက ေအာင္ေအာင္ျမင္ျမင္နဲ႔ သ႐ုပ္ေဆာင္ႏိုင္မွာပါ” လို႔ ဆိုပါတယ္။



“The King: The Eternal Monarch” ဒရာမာဟာ ကိုရီးယားအင္ပါယာျပည့္ရွင္ လီဂြန္းဟာ ႏွစ္ဖက္ကမာၻၾကားက တံခါးနဲ႔ နီးစပ္ေနတဲ့ေနရာက မေကာင္းဆိုး႐ြားေတြကို စုံေထာက္ ေဂ်ာင္ထယ္အူးလ္နဲ႔အတူ တိုက္ထုတ္ရမယ့္ စင္ၿပိဳင္ကမာၻႏွစ္ခုက စိတ္ကူးယဥ္ အခ်စ္ဇာတ္လမ္း တပုဒ္ ျဖစ္ပါတယ္။

ဆရာမ ကင္နဲ႔အတူ “Heirs” ဇာတ္လမ္းတြဲမွာ အတူအလုပ္လုပ္ဖူးတဲ့ မင္းသား လီမင္ဟိုကေတာ့ လီဂြန္းဇာတ္႐ုပ္ကေန ပါဝင္ဖို႔အတည္ျပဳထားၿပီး ျဖစ္ပါတယ္။ အဲ့ဒီဒရာမာကို အခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ ကာလမွာ စတင္႐ိုက္ကူးဖို႔ စီစဥ္ထားၿပီး ၂၀၂၀ ခုႏွစ္မွာ စတင္ ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

နာမည်ကျော် ဇာတ်ညွှွန်းရေးဆရာမ ကင်အွန်းဆော့နဲ့အတူ သူ့ရဲ့ ဒရာမာအသစ်မှာ သူနဲ့လက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ သရုပ်ဆောင်တဦး ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ထုတ်လုပ်ရေးကုမ္ပဏီ Hwa&Dam Pictures ကနေ မင်းသမီး ကင်ဂိုအွန်းဟာ ဆရာမကင်ရဲ့ နောက်ထပ် ဒရာမာ အသစ်ဖြစ်တဲ့ “The King: The Eternal Monarch” မှာ အဓိက ဇာတ်ဆောင် မင်းသမီးအဖြစ် ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ မင်းသမီး ကင်ဟာ ဆရာမနဲ့ အတူ နာမည်ကျော် “Goblin” ဒရာမာမှာ အလုပ်အတူ တွဲလုပ်ခဲ့ဖူးပါတယ်။

Hwa&Dam Pictures ရဲ့ သတင်းရင်းမြစ်တခုက “‘The King: The Eternal Monarch’ ဒရာမာဟာ ကိုရီးယား သမ္မတနိုင်ငံနဲ့ ကိုရီးယား အင်ပါယာလို့ဆိုတဲ့ စင်ပြိုင် စကြာဝဠာ နှစ်ခုကြားက ထူးခြားဆန်းကြယ် အချစ် ဒရာမာဖြစ်ပါတယ်။ မင်းသမီး ကင်ဟာ ကိုရီးယားသမ္မတနိုင်ငံမှာ စုံထောက် ဂျောင်ထယ်အူးလ်နဲ့ ကိုရီးယားအင်ပါယာနိုင်ငံတော်မှာ ရာဇဝတ်သား လူနာအဖြစ် ဇာတ်ရုပ်နှစ်ခုနဲ့ ပါဝင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆက်ပြီး “စုံထောက်တယောက်နဲ့ ရာဇဝတ်သားတယောက်အနေနဲ့ မတူညီတဲ့ ဇာတ်ကောင်နှစ်ခုကို သရုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကင်ဂိုအွန်းရဲ့ မင်းသမီးအနေနဲ့ ‘Goblin’ ဇာတ်လမ်းတွဲမှာ မိန်းမပျိုလေး တဦးကနေ ရင့်ကျက်တဲ့ အမျိုးသမီးတဦးအနေနဲ့ ဖြစ်လာတဲ့ဇာတ်ကောင်ကို နှစ်ဖက်မျှအောင် သရုပ်ဆောင်ခဲ့ပါတယ်။ အခု မတူကွဲပြားတဲ့ ဇာတ်ကောင်နှစ်ခုကို သူက အောင်အောင်မြင်မြင်နဲ့ သရုပ်ဆောင်နိုင်မှာပါ” လို့ ဆိုပါတယ်။

“The King: The Eternal Monarch” ဒရာမာဟာ ကိုရီးယားအင်ပါယာပြည့်ရှင် လီဂွန်းဟာ နှစ်ဖက်ကမ္ဘာကြားက တံခါးနဲ့ နီးစပ်နေတဲ့နေရာက မကောင်းဆိုးရွားတွေကို စုံထောက် ဂျောင်ထယ်အူးလ်နဲ့အတူ တိုက်ထုတ်ရမယ့် စင်ပြိုင်ကမ္ဘာနှစ်ခုက စိတ်ကူးယဉ် အချစ်ဇာတ်လမ်း တပုဒ် ဖြစ်ပါတယ်။

ဆရာမ ကင်နဲ့အတူ “Heirs” ဇာတ်လမ်းတွဲမှာ အတူအလုပ်လုပ်ဖူးတဲ့ မင်းသား လီမင်ဟိုကတော့ လီဂွန်းဇာတ်ရုပ်ကနေ ပါဝင်ဖို့အတည်ပြုထားပြီး ဖြစ်ပါတယ်။ အဲ့ဒီဒရာမာကို အခုနှစ်ရဲ့ ဒုတိယနှစ်ဝက် ကာလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီး ၂၀၂၀ ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top