
Credit:mmcelesmedia

#Unicode Version# ဖြင့်ဖတ်ပါ ။
နက်မှောင်တဲ့ ဆံနွယ်ရှည်တွေနဲ့၊ သာမန်ထက် ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပုရိသကိုကိုတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ သူမနဲ့ လိုက်ဖက်ညီတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ အိချောပိုကတော့ လက်ရှိမှာလည်း”ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အိချောပိုက ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ လှချင်တိုင်းလှနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာကြောင့် ပရိသတ်တွေလည်း သဘောကျနေကြတာပါ။
ချစ်ပရိသတ်တွေအတွက် ငွေဆောင်မှာ အလန်းကြီးလန်းနေတဲ့ မင်းသမီးချောလေး အိချောပိုရဲ့ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိချောပိုကတော့ “ဟိတ်…!!! တို့ကချစ်တယ်လို့ပြောရင်…မျက်စိမှိတ်ယုံပေးရမှာ မင်းတာဝန်လေ…🧡” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
ဆွဲဆောင်မှုရှိတဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ အိချောပိုကတော့ အလှအပနဲ့ ကျန်းမာရေးအတွက် အစားအသောက်ကိုထိန်းပြီး စားဖြစ်နေတယ်လို့ သိရပါတယ်။
အိချောပိုကတော့ လတ်တလောမှာ ဒါရိုက်တာ ကျော်သူ ရိုက်ကူးနေတဲ့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရေသူမလေးအနေနဲ့ သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ အိချောပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ဆွဲဆောင်မှုရှိလွန်းစွာ လှနေတဲ့ အိချောပိုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia