
ညလုံးပေါက် မိုးကြီးတဲ့အတွက် မြို့နေရာအတော်များများ ရေကြီးခဲ့ပြီး ကားတွေလည်း ရေစီးနဲ့ မျောပါခဲ့ပါတယ်။





Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #

မာလီနိုင်ငံ မြို့တော် ဘမ်မာကိုမှာ မေလ ၁၆ ရက်နေ့က မိုးသည်းထန်ပြီး ရေကြီးတဲ့အတွက် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ညလုံးပေါက် မိုးကြီးတဲ့အတွက် မြို့နေရာအတေ်ာများများ ရေကြီးခဲ့ပြီး ကားတွေလည်း ရေစီးနဲ့ မျောပါခဲ့ပါတယ်။

ရေကြီးတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးပြီး ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ဖြန့်ကြက်ထားတယ်လို့ ပြည်တွင်းလုံခြုံရေးဌာန တာဝန်ရှိပုဂ္ဂိုလ်က ပြောပါတယ်။

နီယာမာကိုရိုအရပ်မှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးတယ်လို့ သိရပြီး အဲဒီမှာ တံတားတစင်းလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေက လမ်းပေါ်မှာ အမှိုက်တွေ ပြည့်ကျပ်နေပြီး အရေးပေါ် နေရာပြောင်းရွှေ့မှုကို ထိခိုက်စေတဲ့အတွက် ဒေသအစိုးရကို အပြစ်ဖို့နေကြပါတယ်။

မွန်းလွဲပိုင်း ရေကျသွားချိန်မှာတော့ ယာဉ်အသွားအလာတွေ ပြန်ရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top