ဒီေန ့လစာထုတ္ရက္…ကိုေသာင္း တက္တက္ၾကြၾကြနွင့္အိမ္ ျပန္လာခ့ဲသည္။ မိန္းမဖို ့ကဘယ္၍ သားဖို ့ကဘယ္ေလာက္သမီးဖို ့က ဘာေလးး စိတ္ထဲမွာ ခြဲတမ္းေလးခ်လို ့ပီတိစိတ္ေလးနဲ႕အိမ္ေပၚကိုလွမ္းတက္ရုံရွိေသး

“ထီြ”သလိပ္ေတြ အခဲလိုက္နဲ႕စီးေထြးခံလိုက္ရေတာ့ ကိုေသာင္း အေပ်ာ္စိတ္ေတြ ဘယ္ေရာက္ကုန္မွန္းမသိိေတာ့ေခ်…ပုဆိုးကို ျဖည္ဝတ္ ခါခ်ရင္းက…“အေမကေတာ့ လုပ္ခ်လိုက္ျပန္ျပီ အိမ္ေပါက္ဝေလးဘာေလး ၾကည့္ပါအုန္းဗ်… ကြ်န္ေတာ့ပုဆိုးေတြေပကုန္ျပီ…ညစ္ပတ္လိုက္တာ…တကယ္ပဲ”

အေမအိုက မ်က္ကလူးဆန္ပ်ာနဲ႕…“အေမမျမင္မိလို ့ပါသားရယ္…ေခ်ာင္းေတြ တအားဆိုးေနတာ သလိပ္ဟက္လို ့ရတုန္းေလးမို ့ အျမန္ေထြးခ်လိုက္မိတာ…အေမျပန္သုတ္ေပးပါ့မယ္လူေလး လာ လာ အေပၚတက္ခ့ဲ”“ေနပါအေမရာ…ကိုယ္ဘာသာကိုယ္…..မိန္းမ ေရ … ေမာတယ္ကြာေရခပ္ခ့ဲအုန္း”

ကိုေသာင္း အေမ့လက္ေတြကို ဖယ္လိုက္ျပီး အိမ္ေပၚက ပက္လက္ကုလားထိုင္ေပါ ္လွဲခ်လိုက္ရင္း…သူ ့မိန္းမနဲ႕ကေလးေတြ တန္းစီေခၚေနေတာ့၏။ရလာတ့ဲလစာနွင့္တကြ ဝယ္ျခမ္းလာသည္မ်ားကို ခြဲတမ္းခ်ေနတုန္းကိုေသာင္း အေမ့ဆီတစ္ခ်က္ လွမ္းၾကည့္လိုက္မိ၏။အေမက ဘုရားစင္ေရွ ႔မွာဘုရားရွိခိုးရင္းကေခ်ာင္းတဟြတ္ဟြတ္ ဆိုးေနေလသည္။

“မိန္းမ အေမ ေခ်ာင္းေတြ တအားဆိုးေနပါ့လားေဆးေလးဘာေလး ဝယ္မတိုက္ဘူးလား”“ရွင့္အေမ က ဒီေဆးလည္းမႀကိဳက္ဟိုေဆးဆိုလည္းဘာျဖစ္နဲ႕ ေနပါေစဒီေလာက္အဆိုးႀကီးလည္းမဟုတ္ပါဘူးမနက္က်မွ အဆုတ္ပံုေလး ဘာေလးဝယ္တိုက္လိုက္မယ္”

ကိုေသာင္း ဘာမွမေျပာေတာ့ သူ ့မိန္းမေျပာတာလဲဟုတ္မွာပါေလ ေရွးရုိးဆန္တ့ဲသူ ့အေမအေၾကာင္းသူသာအသိဆံုးမို ့လား…သူတို ့မိသားစုဘဝကကုမၸဏီလခစားသူ ့ဝင္ေငြႏွင့္အက်ပ္တည္းႀကီးမဟုတ္ေပမယ့္ သိပ္အေခ်ာင္လည္ႀကီးလည္းမဟုတ္…

အေဖမရွိကတည္းက သားအမိနွစ္ေယာက္တည္း ရုန္းကန္လာရင္း သူအိမ္ေထာင္ျပဳေတာ့ အေမ့ကိုအပါေခၚရသည္ေပါ့။ အိမ္ငွါးဘဝႏွင့္ သူတို ႔သားအမိကို အိမ္ေပၚ တက္ေနခြင့္ျပဳခ့ဲတ့ဲ သူ ့မိန္းမကိုပ ဲေက်းဇူးတင္ေနမိရသည္။ေယာကၡထီး ေယာကၡမကမရွိၾကေတာ့ သူ ့အေမကိုမိန္းမက အေမလိုသေဘာထားမွာမလြဲနိုင္ပါေပ။

ေန ့စဥ္နွင့္အမွ်သူက အိမ္မွာမရွိေပမယ့္ သူျပန္လာတိုင္း အျမဲျပဳံးရႊင္ေနတတ္တ့ဲအေမ…မ်က္နွာကို ၾကည့္တာနွင့္သူသိနိုင္သည္ပဲ။အေမ့ဆီကတစ္ခါမွ တိုင္သံေတာသံၾကားရဖို ့ေဝးလို ့အေမေပ်ာ္ေနတ့ဲ အေၾကာင္းကိုသာ အျမဲၾကားရတတ္သည္ေလ။

သူ ့ရုံးပိတ္ရက္ေရာက္လို ့မိသားစု တစ္ေနရာရာကိုအလည္အပတ္သြားတိုင္း အေမဘယ္ေတာ့မွ လိုက္ေလ့မရွိ။သားတစ္ေယာက္အေနနဲ႕ ေခၚရမည့္တာဝန္က
ရွိေပမယ့္ ေခၚတိုင္းျငင္းဆန္ေလ့ရွိတ့ဲ အေမ့ေၾကာင့္သူမေခၚျဖစ္ခ့ဲတာ ၾကာပါျပီေကာ။ခုတစ္ေလာေလး သူအနည္းငယ္သတိထားမိခ့ဲသည္မွာအေမ့ၾကည့္ရတာ အေတာ္ေလး ပိန္သြားပံုရ၏။ေခ်ာင္းဆိုးသံ မၾကားရေတာ့ျပီမို ့ ေနေကာင္းသြားျပီဟုယူဆျပီး ဒီအတိုင္း ေနမိခ့ဲေလသည္။



ဒီေန ့သူအလုပ္ကျပန္လာေတာ့…မေရာက္တာ ၾကာျပီျဖစ္တ့ဲ အေမ့အခန္းေလးထဲ သူဝင္သြားခ့ဲပါ၏။အေမကလက္ထဲမွာ အဝတ္တစ္ခုကို သည္းႀကီးမည္းႀကီး ခ်ဳပ္ေန၏။နွစ္ေပမီးေခ်ာင္းေလးက သိပ္အထင္းလင္းႀကီးမဟုတ္ေတာ့ အေမမ်က္စိပ်က္ေတာ့မွာပဲ ဟူေသာစိတ္ျဖင့္ စိတ္ထဲအနည္းငယ္တိုသြားမိရင္း…

“အေမ ညႀကီးမင္းႀကီး ဘာေတြ ဒီေလာက္ခ်ဳပ္ေနတာလဲ ကိုယ့္အသက္လဲကိုယ္ၾကည့္အုန္းမျမင္မစမ္းနဲ႕အေမရာ ခ်ထား ခ်ထား အခုု”သူ ့အသံက စိတ္ထဲကစိုးရိမ္္မိေပမယ့္ေျပာေနက်အတိုင္း ေလသံကခပ္မာမာ ျဖစ္သြားမိ၏။ရုတ္တရက္မို ့အေမလည္းလန္ ့သြားပံုရသည္။

“ဘာမွမဟုတ္ပါဘူးသားရယ္…အေမအကၤ် ီအျပဲေလး ဘာေလးခ်ဳပ္ေနတာပါ”“ဒါအေမ့အကၤ် ီမဟုတ္ပါဘူး…ကြ်န္ေတာ့္မိန္းမအကၤ် ီလည္းမဟုတ္ဘူး”သူဆတ္ခနဲ အေမ့လက္ထဲက ဆဲြယူၾကည့္လိုက္္ေတာ့အမ်ိဳးသမီးရင္ဖံုးအျဖဴေလးကို နွိပ္ေစ့ေလးေတြ တပ္ေနျခင္း ျဖစ္ေနသည္။

“အေမ ဒါဘာလုပ္တာလဲသူမ်ားအက်ၤ ီေတြဘာလို ့ၾကယ္သီးယူတပ္ေနတာတုန္း အေမ့မွာဘာသံုးစရာရွိလို ့တုန္းဘယ္ေလာက္မ်ားရလို ့လဲအေမရာ မခ်ဳပ္နဲ႕ ကိုယ့္အသက္လည္း ၾကည့္အုန္း…၇၀ေက်ာ္ေနျပီ သူမ်ားေတြျမင္ရင္ကြ်န္ေတာ္ႏြားျဖစ္ေအာင္လို ့လား အေမက ”

ေျပာရင္းသားနွင ့္ေလသံေတြ မာသြားမိေတာ့ အေမကမ်က္ရည္လည္ေသာ မ်က္ဝန္းေတြႏွင့္ သူ ့ကိုေငးၾကည့္ေနရွာ၏။“ေအးပါ သားရယ္ မလုပ္နဲ႕ဆိုလည္း အေမမလုပ္ေတာ့ပါဘူး အေမ့ေၾကာင့္ငါ့သားဂုဏ္မပ်က္ေစရပါဘူးကြယ္ အေမ ကတိေပးတယ္ေနာ္သားသြား သြား သားပင္ပန္းလာတယ္ နားခ်ည္ေတာ့”“အင္းး ဒါဆိုလဲျပီးေရာ ေနာက္တစ္ခါထပ္မျမင္ရ ေစနဲ႕ေနာ္ အေမ ဒါပဲ”

သူ အေမ့အခန္းထဲက ထြက္လာေတာ့ ေခ်ာင္းတစ္ခ်က္ဟန္ ့သံၾကားလိုက္သလိုမို ့.…“မိန္းမ မင္းမေျပာဘူးလား ငါ့အေမမျမင္မစမ္းနဲ႕ဘယ္တုန္းကတည္းက ယူယူခ်ဳပ္ေနမွန္းမသိ ငါလဲမသိရပါလားး”“အ့ဲဒါေျပာတာေပါ့ ကြ်န္မေျပာလည္း ရွင့္အေမကေျပာရမွာမို ့လို ့လား ကြ်န္မလည္း ကိုယ့္အိမ္အလုပ္နဲ႕ကိုယ္ မအားရတ့ဲၾကားထဲေနရာတကာေတာ့ ဘယ္လိုက္ၾကည့္ေနနိုင္မလဲ ရွင့္သားသမီးေတြက………………………”

သူ ့မိန္းမရဲ႕ ညည္းခ်င္းေတြကို ဆက္နားမေထာင္ေတာ့ပဲ သူအိပ္ပစ္လိုက္ေတာ့သည္။အ့ဲအေမတစ္ေယာက္ကေလ ဘာေတြလုပ္ေနမွန္းကိုမသိဘုူး ေအးေဆးေနလို ့ရရဲ႕သားနဲ႕မေနနိုင္ဘူးဟူးးးးသက္ျပင္းမွႈတ္ထုတ္လိုက္ရင္း သူအိပ္ေပ်ာ္သြားခ့ဲေတာ့သည္။

ဒီေန ့ကိုေသာင္းအိမ္ျပန္လာေတာ့သူ ့မိန္းမက ဆီးေျပာပါ၏။“ကိုေသာင္းေရ…ကြ်န္မအမ်ိဳးေတြနဲ႕ ဘုရားဖူးထြက္မလို ့ ကေလးနွစ္ေယာက္ေခၚသြားမယ္…စားေရးေသာက္ေရးအတြက္ ကြ်န္မတူမေလး ေခၚထားေပးခ့ဲရမလား”“ဘယ္ေတာ့လဲကြ မင္းဟာက ျဗဳန္းစားႀကီးငါကေတာ့လိုက္မရပါဘူး မင္းတို ့သားအမိေတြပဲလား …အေမေရာ…”

သူ ့စကားမဆံုးခင္ အေမက ဝင္ေျပာ၏။“ေခြ်းမက ေခၚပါတယ္သားရယ္ …အေမမလိုက္နိုင္တာပါ… ခရီးပမ္းတ့ဲဒဏ္မခံနိုင္ဘူးေလ…”သူ ့မိန္းမကေတာ့ ဘာတစ္ခြန္းမွ ဝင္မေျပာ ေဘာက္ ဆတ္ဆတ္နဲ႕သူ ႔လက္ထဲကအိတ္ကိုဆြဲယူျပီးအခန္းထဲာာဝင္သြားေတာ့၏။အေမကထံုးစံအတိုင္း ဘုရားဆက္ရွိခိုးလို ့ေပါ့…ေျပးလႊားေဆာ့ေနတ့ဲ သူ ့သားနဲ႕သမီးဖြားေအကိုပတ္ေျပးေန၏။

အေမက ဘုရားဝတ္ျပဳျပီး…သူ ့အနားသို ့ေလွ်ာက္လာရင္း…“သားလဲ လိုက္ခ်င္လိုက္သြားပါလား…မိသားစုေပ်ာ္ေပ်ာ္ပါးပါး ခရီးရွည္သြားရခဲတယ္…အေမ့အတြက္ ဘာမွမပူနဲ႕ တူမေလးလာမယ္ေျပာထားတယ္…သား အလုပ္ရွင္ကိုခြင့္ေတာင္းၾကည့္ပါလား…”“ေနပါေစအေမရာ…မလိုက္ေတာ့ပါဘူးသူ ့အမ်္ိဳးေတြနဲ႕သူတို ့ဘာသာသြားပါေစေနာက္ႀကံဳမွမိသားစု သက္သက္သြားမယ္”

အေမက ဘာမွထပ္မေျပာရွာေတာ့…အ့ဲဒိညက အေမ့အခန္းေလးဆီက ေခ်ာင္းသံေတြ အဆက္မျပတ္ၾကားရေလသည္။သူ ၾကားေပမယ့္ တေနကုန္ပင္ပန္းလာေသာေၾကာင့္ မ်က္လံုးေတြက မဖြင့္နိုင္ေတာ့…မိန္းမကေတာ့ ခရီးသြားဖို ့ ညလံုးေပါက္ျပင္ဆင္ခ်က္ျပဳတ္ေနေပေတာ့သည္။တေရးနိုးေတာ့ အေမ့ေခ်ာင္းသံမၾကားရေတာ့ေခ်။ အေမသက္သာျပီထင္ပါသည္ေခါင္းအံုးေပၚ ေခါင္းျပန္ခ်လိုက္ေတာ့ သူျပန္၍အိပ္ေပ်ာ္သြားပါေတာ့သည္။

ေနာက္တစ္ေန ့မနက္ မိန္းမနွင့္ကေလးေတြ ခရီးထြက္ သြားၾကေတာ့ အေမကသူ ့အတြက္ထမင္းခ်ိဳင့္ ျပင္ဆင္ေပးေနေလသည္။“အေမ ညကေခ်ာင္းသံၾကားတယ္ ေနမေကာင္းရင္ ေဆးခန္းေလးဘာေလး သြားထားပါလားေဘးအိမ္က မၾကဴသမီးေလး အေဖာ္ေခၚသြားေလဒါမွမဟုတ္ ကြ်န္ေတာ္ ျပန္လာခ့ဲရမလား.…”“သက္သာေနပါၿပီ သားရယ္…အေမ့အတြက္မပူနဲ႕…ကဲ သြား သြား…”

သူလည္း အေမျပင္ဆင္ေပးသည့္ ထမင္းခ်ိဳင့္ဆြဲ၍ အလုပ္ကို ထြက္လာခ့ဲပါေတာ့၏။တစ္ေန ့လံုး အလုပ္ထဲမွာ စိတ္နစ္ေနတာနွင့္ အေမ့ကိုသတိမရနိုင္ေတာ့…။
ညေန အလုပ္ျပီးလို ့ျပန္ခါနီး ကားမွတ္တိုင္တြင္ကားေစာင့္ေနစဥ္မွာပဲ…“ဗ်ိဳ ႔ ကိုေသာင္း ခင္ဗ်ားမိန္းမ မရွိေတာ့လြတ္လပ္ေရးရေနတာေပါ့ေလ ဟုတ္လားဟားးဟားး”

“ဟားးဟား မဟုတ္ရပါဘူးဗ်ာ ခင္ဗ်ားကေတာ့ေျပာေတာ့မယ္… ဒါနဲ႕ခင္ဗ်ားလက္ထဲကေကာ္ဖီမစ္ အထုတ္ႀကီးေတြ နွစ္ထုတ္သံုးထုတ္နဲ႕မ်ားလွခ်ည္လားဗ် …ဒီေလာက္အမ်ားႀကီး ဘာလုပ္ဖို ့တုန္း… ဧကႏၲ အိမ္ကမိန္းမကို မ်က္နွာလုပ္ဖို ့ထင္တယ္…”

“အဟားး မိန္းမဖို ့ မဟုတ္ပါဘူး အိမ္ကအေမအတြက္ပါဗ်ာ…မနက္ျဖန္တန္းဆြမ္းေလးေလာင္းခ်င္တယ္ဆိုလို ့ …မိန္းမကိုေျပာမေနေတာ့ပါဘူးဗ်ာ…ကိုယ့္အေမတြက္ ကိုယ္ပဲဝယ္ေပးရမွာေပါ့…မဟုတ္ဘူးလား..…”

ကိုေသာင္းစိတ္ထဲ ဘာရယ္မဟုတ္ အေမ့ကို ေျပးျမင္မိသြား၏။ကိုဝင္းျမင့္နွင့္သူသည္ လခစားဘဝတူခ်င္းျဖစ္သည့္အျပင္ ကိုယ့္ထက္ပင္ သားသမီးဦးေရမ်ားျပား၍ သူ ့ထက္ အနည္းငယ္ က်ပ္တည္းရွာသူ…

“သြားအုန္းမယ္ ကိုေသာင္းေရ…ခင္ဗ်ားအေမေရာ ေနေကာင္းလားမေတြ႕တာၾကာၿပီ ကြ်န္ေတာ္ေမးတ့ဲအေၾကာင္း ေျပာလိုက္ပါအုန္း…”

သူ ေခါင္းငိုက္စိုက္နွင့္ လိုင္းကားေပၚအေရာက္တြင္ အေတြးေတြ ေခါင္းထဲမွာ အလုအယက္ တိုးဝင္ေနေတာ့၏။အေမ…အေမသည္ သူအိမ္ေထာင္က်ျပီးသည့္ေနာက္ပိုင္းတစ္ခါမွ် ဤသို ့မမွာဖူးသလို ဘာလိုခ်င္သည္ ညာလိုခ်င္သည္ မပူဆာခ့ဲဖူးပါ။သူကလည္း မေမးမိခ့ဲ…မိန္းမလက္ထဲ ပိုက္ဆံထိုးအပ္လိုက္လွ်င္ သင့္သလို စီမံေပးလိမ့္မည္ဟု သူမွတ္ယူခ့ဲသည္ မဟုတ္လားး…ေနာက္ၿပီး အိမ္ေပၚတြင္မပူမပင္ မေၾကာင့္မက် ေနေနရေတာ့ အေမ့လိုသက္ႀကီးရြယ္အို အတြက္ ဘာမွ လိုအပ္မည္ဟု သူမထင္မိခ့ဲပါ…။

အေမ့အေပၚတြင္ တာဝန္မေက်သလို ခံစားမႈေတြကရင္ထဲကိုတင္းက်ပ္လာေစသလို ရွက္စိတ္ေတြတရိပ္ရိပ္ထိုးတက္လာမိေတာ့၏။

လမ္းတေလွ်ာက္ ေစ်းဆိုင္တန္းေတြ ေငးၾကည့္ရင္းသစ္သီးတန္းေတြကို ျမင္ေတာ့ နီးရာမွတ္တိုင္မွာ ဆင္း၍ပန္းသီးအလံုးလွလွ ၅လံုးခန္ ့ ဆင္းဝယ္ခ့ဲေတာ့သည္။ဒီေန ့အေမ့နားမွာ သူအခ်ိန္ကုန္မည္ ပန္းသီးေတြကိုကိုယ္တိုင္စိပ္၍ေကြ်းမည္။အေမအိပ္ခါနီး အေမ့ကိုနင္းနွိပ္ေပးရင္း မေျပာျဖစ္တာၾကာျပီျဖစ္ေသာသူငယ္စဥ္ကအေၾကာင္းေတြ ေျပာရင္းအေမ့ကို ေပ်ာ္ရႊင္ေစမည္။အေတြးနဲ႕တင္ သူ ့ရင္ထဲကတင္းက်ပ္မႈေတြ ခ်က္ခ်င္းလြင့္ပါးသြားသလို အိမ္အျပန္ေျခလွမ္းေတြက ေပါ့ပါးသြက္လက္ေနေတာ့သည္။

အေမရယ္… သားအေမ့ကို ပစ္ထားခ့ဲမိတ့ဲ အခ်ိန္ေတြ အေတာ္ၾကာေနျပီပဲ …သားအေမ့ကို မခ်စ္လို ့ မဟုတ္တာေတာ့ ေသခ်ာပါတယ္အေမ…ဒီေန ့ကစသားနဲ႕အေမ အရင္လို ေႏြးေႏြးေထြးေထြးေနၾကမယ္…ကိုေသာင္း၏ မ်က္နွာျပင္ဝယ္ လန္းဆန္းရႊင္ျမဴးရိပ္ေတြအထင္းသားနွင့္အိမ္ေပၚလွမ္းအတက္မွာေတာ့…

“ကိုေသာင္း ခင္ဗ်ားအေမ ေသြးေတြအန္လို ့ေဆးရုံကိုခုပဲသြားပို ့ခ့ဲရတယ္… ခင္ဗ်ားဆီ ဆက္သြယ္လို ့မရတာနဲ႕ ကြ်န္ေတာ္လည္း ခုေရာက္ေရာက္ခ်င္းခင္ဗ်ားကိုလာေျပာတာ…”“ဗ်ာ..”ကိုေသာင္းရင္ဝကို ဆီးအကန္ခံလိုက္ရတာမွ် သက္သာအုန္းမည္ ထင္ပါသည္။ေလးညိႈ ႕က ပစ္လိုက္သည့္ ျမားတစ္စင္းနွယ္…သူခ်က္ခ်င္းတဟုန္ထိုး ေဆးရုံသို ့
လိုက္သြားေတာ့၏။

“ကိုေသာင္း လာျပီေဟ့ …ဖယ္ေပးလိုက္ဖယ္ေပးလိုက္..…”အိမ္နီးခ်င္းေတြက မ်က္နွာမေကာင္းစြာျဖင့္ သူ ့ကိုလမ္းဖယ္ေပးၾက၏။အေမ့ကို သူျမင္လိုက္ရတ့ဲ အခ်ိန္တြင္အေမ့အကၤ် ီရင္ဘတ္ တစ္ခုလံုး ေသြးစေသြးနေတြ ပ်ံ႕က်ဲလ်က္ …

“အေမ…ဘယ္လိုျဖစ္တာလဲအေမရယ္ဒီေလာက္ျဖစ္ေနတာ သားမသိခ့ဲရပါလား…သားကိုဘာလို ့မေျပာတာလဲ အေမရယ္…လုပ္ၾကပါအုန္းဗ်ာ ေဒါက္တာ ေဒါက္တာေတြဘယ္မွာလဲ ကြ်န္ေတာ့အေမ ဘာျဖစ္တာလဲ ဘယ္သူမွ လာမၾကည့္ၾကဘူးလားဗ်…”

စကားေတြဗလံုးဗေထြးနွင့္ ဆို ့နင့္အက္ကြဲေနသည့္ သူ၏အသံကို နားေထာင္ရင္း အိမ္နီးခ်င္းအမ်ိဳးသမီးေတြဆီကရႈိက္သံေတြ ထြက္လာေတာ့သည္။အေမ၏ ျဖဴေဖ်ာ့ေနေသာ မ်က္နွာထက္မွ မ်က္ရည္ျပည့္ေနသည့္မ်က္ဝန္းအစံုသည္ သူ ့ကို စိတ္မခ်သလို္ေငးစိုက္ၾကည့္ေနရွာေလသည္။ေသြးစြန္းေနေသာ အေမ့နႈတ္ခမ္းမ်ားသည္ မဟတစ္ဟနွင့္ တစ္ခုခုေျပာရန္ အားယူေနသည့့္နွယ္…

“ကိုေသာင္း ခင္ဗ်ားအေမ ခင္ဗ်ားမလာခင္ေလးတင္ အသက္ထြက္သြားရွာတယ္ဗ်ာ…ကြ်န္ေတာ္တို ့ေဆးရုံကိုအပို ့ေနာက္က်သြားတယ္ ခင္ဗ်ားအိမ္မွာ ဘယ္အခ်ိန္ထဲက ျဖစ္ေနတယ္မသိဘူး ဆန္ခံသီလရွင္ေလးေတြကဒကာမႀကီး ထြက္ေလာင္းေနက် မေလာင္းလို ့စိတ္ပူျပီး အိမ္ထဲဝင္ၾကည့္မွ ကြ်န္ေတာ္တို ့ေတြ သိရတာ…ေဆးရုံကိုေရာက္တ့ဲအထိေတာ့အသက္ပါလာေသးတယ္ ခုနေလးကမွ.…”

စကားသံေတြ သူ ့နားထဲတြင ္မၾကားတစ္ခ်က္ ၾကားတစ္ခ်က္…အေမ့ရင္ခြင္ထဲကို ေခါင္းထိုးရင္း အံကိုႀကိတ္ခဲ၍ မ်က္ရည္ေတြေတြက်ေနမိေတာ့၏။သူ ့နွလံုးသားလဲ တစ္စစီ ေၾကြက်သက့ဲသို ့ ဆို ့နင့္မႈကိုနိႈင္းျပစရာ ရွာမေတြ႕ေတာ့ျပီ…

“အေမရယ္ သားမိုက္ကိုခြင့္မလႊတ္ပါနဲ႕အေမ သားေၾကာင့္ခုလိုျဖစ္ရတာ…သူမ်ားကေတာင္ ကိုယ့္အေမကိုဂရုစိုက္ေမးေဖာ္ရခ့ဲေပမယ့္ သားေမးဖို ့သတိမရခ့ဲဘူး…
သားျပန္လာတ့ဲအထိေလးမ်ား ခဏျဖစ္ျဖစ္ေစာင့္ပါအုန္းေတာ့လားအေမရယ္…အေမ့သလိပ္ေတြ ဆီးေတြဝမ္းေတြ သားမရြံေတာ့ပါဘူး…သားမိုက္ရဲ႕မ်က္နွာတည့္တည့္ကို ေထြးပစ္လိုက္စမ္းပါအေမရယ္…”္

နေဘးက ၾကည့္ေနသူမ်ားလဲ မ်က္ရည္ မဆည္နိုင္ေတာ့ျပီ…“ကိုေသာင္းေရ လုပ္စရာရွိတာေလးေတြ ဆက္လုပ္ရေအာင္ပါ…ျဖစ္ျပီးမွေတာ့ဘာမွမတတ္နိုင္ေတာ့ဘူးေလေျဖသိမ့္နိုင္ေအာင္သာ ႀကိဳးစားပါေတာ့ဗ်ာ…”

အေမ့အေပၚ တာဝန္ေက်ဖို ့ သူဆံုးျဖတ္မိခ့ဲသည့္ေန ့တြင္မွအေမသည္…သူ ့ကိုစြန္ ့ခြါသြားခ့ဲေလျပီအေမ့ကို က်စ္က်စ္ပါေအာင္ ဖက္ထားေသာ သူ ့အားအိမ္နီးခ်င္းမ်ားက အတင္းဆြဲခြါၾကေတာ့…အေမ့လက္ကေလးက ခုတင္ေအာက္သို ့ တြဲေလာင္းေလး ထြက္က်လာပါ၏။

“ကိုေသာင္း ရွင့္အေမလက္မွာ ခ်ိတ္ထားတ့ဲ အိတ္ထုတ္ေလးက ဘာလဲမသိဘူး ျဖည္ၾကည့္ပါအုန္းလားး…”

သူသည္ အေမ့နားမွာ ဒူးေထာက္ ထိုင္ခ်လိုက္ရင္း အေမ့လက္ေကာက္ဝတ္မွာ ခ်ိတ္ရက္သားအိတ္ထုတ္ေလးကို ေၾကကြဲစြာျဖင ့္ျဖည္ၾကည့္မိပါေတာ့သည္။အားလံုးကလည္း ဘာေလးျဖစ္မည္ကို သိခ်င္ၾကသျဖင့္ကိုေသာင္းကို အာရုံစိုက္ေငးေနၾကစဥ္…“အ…ေမ.…ရယ္…”“#0ုန္း…”

ဟူေသာ အသံတို ့နွင့္အတူ ကိုေသာင္း၏ခႏၶာကိုယ္ႀကီးသည္ေဆးရုံၾကမ္းျပင္ေပၚသို ့ အရုပ္ႀကိဳးျပတ္ ေနာက္ျပန္ ပစ္လဲက်သြားပါေတာ့၏။“ဟာ ဟ့ဲ ဟ့ဲ ဘာျဖစ္တာလဲ ကိုေသာင္း ကိုေသာင္း သတိထားေလ”ကိုေသာင္းကို ေျပးေပြ႕သူက ေပြ႕လိုက္ၾကျပီး သူ၏အေမလက္ထဲက အိတ္ထုတ္ေလးကို သိခ်င္စိတ္ျဖင့္ ျဖန္ ့ၾကည့္ၾကေသာအခါ…

“သားႀကီး၃၂နွစ္ျပည့္ေမြးေန ့လွဴဖို ့အေမ့ေခြ်းနဲစာေလး” ဟူေသာ စာတန္းပါ စာအိတ္ေလးတစ္အိတ္ ေသြးစြန္းေနေသာ အပ္ခ်ည္လံုးနွင့္ အပ္ကေလးတစ္ခု စိပ္ပုတီးေလးတစ္ကံုးနွင့္အတူ စာအိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့ တစ္ေထာင္တန္ခပ္ႏြမ္းႏြမ္းေလးငါးရြက္ကထပ္ရက္သား…

အားလံုး၏ မ်က္ဝန္းအိမ္တို ့သည္ မတိုင္ပင္ရပါဘဲႏွင္႔မ်က္ရည္မိုးတို ့သည္းထန္စြာ ရြာသြန္းမိၾကေလေတာ့သည္တကား…။ၿပီးပါၿပီမေနွာင္းေစခ်င္

မိဘရွိစဥ္ ျမဴတစ္မွ်င္မွ်ျငိဳျငင္ၾကနွင့္ ။ေၾကြးေဟာင္းမဟူ ေမတၲာတူမွ်ၾကည္ျဖဴၾကသင့္ ခ်ိန္မလင့္ေစမိုက္ေတြေဝေသာ္ ရင္ေၾကြေနာင္တမ်က္ရည္က်ျမဲ တ လည္းမထနိုင္ေတာ့ျပီ။မိဘေတြသက္႐ွိထင္ရွားရွိေနတဲ့အခ်ိန္ေလးမွာ လုပ္ေကြၽးႏိုင္တဲ့သား/သမီးေကာင္းမ်ားျဖစ္ႏိုင္ၾကပါေစလို္႔ ဆုေတာင္းေပးလ်က္..


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီနေ့လစာထုတ်ရက်…ကိုသောင်း တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ကဘယ်၍ သားဖို့ကဘယ်လောက်သမီးဖို့က ဘာလေးး စိတ်ထဲမှာ ခွဲတမ်းလေးချလို့ပီတိစိတ်လေးနဲ့အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေး

“ထွီ”သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့ ကိုသောင်း အပျော်စိတ်တွေ ဘယ်ရောက်ကုန်မှန်းမသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…“အမေကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေးဘာလေး ကြည့်ပါအုန်းဗျ… ကျွန်တော့ပုဆိုးတွေပေကုန်ပြီ…ညစ်ပတ်လိုက်တာ…တကယ်ပဲ”

အမေအိုက မျက်ကလူးဆန်ပျာနဲ့…“အမေမမြင်မိလို့ပါသားရယ်…ချောင်းတွေ တအားဆိုးနေတာ သလိပ်ဟက်လို့ရတုန်းလေးမို့ အမြန်ထွေးချလိုက်မိတာ…အမေပြန်သုတ်ပေးပါ့မယ်လူလေး လာ လာ အပေါ်တက်ခဲ့”“နေပါအမေရာ…ကိုယ်ဘာသာကိုယ်…..မိန်းမ ရေ … မောတယ်ကွာရေခပ်ခဲ့အုန်း”

ကိုသောင်း အမေ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက်ကုလားထိုင်ပေါ ်လှဲချလိုက်ရင်း…သူ့မိန်းမနဲ့ကလေးတွေ တန်းစီခေါ်နေတော့၏။ရလာတဲ့လစာနှင့်တကွ ဝယ်ခြမ်းလာသည်များကို ခွဲတမ်းချနေတုန်းကိုသောင်း အမေ့ဆီတစ်ချက် လှမ်းကြည့်လိုက်မိ၏။အမေက ဘုရားစင်ရှေ့မှာဘုရားရှိခိုးရင်းကချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။

“မိန်းမ အမေ ချောင်းတွေ တအားဆိုးနေပါ့လားဆေးလေးဘာလေး ဝယ်မတိုက်ဘူးလား”“ရှင့်အမေ က ဒီဆေးလည်းမကြိုက်ဟိုဆေးဆိုလည်းဘာဖြစ်နဲ့ နေပါစေဒီလောက်အဆိုးကြီးလည်းမဟုတ်ပါဘူးမနက်ကျမှ အဆုတ်ပုံလေး ဘာလေးဝယ်တိုက်လိုက်မယ်”

ကိုသောင်း ဘာမှမပြောတော့ သူ့မိန်းမပြောတာလဲဟုတ်မှာပါလေ ရှေးရိုးဆန်တဲ့သူ့အမေအကြောင်းသူသာအသိဆုံးမို့လား…သူတို့မိသားစုဘဝကကုမ္ပဏီလခစားသူ့ဝင်ငွေနှင့်အကျပ်တည်းကြီးမဟုတ်ပေမယ့် သိပ်အချောင်လည်ကြီးလည်းမဟုတ်…

အဖေမရှိကတည်းက သားအမိနှစ်ယောက်တည်း ရုန်းကန်လာရင်း သူအိမ်ထောင်ပြုတော့ အမေ့ကိုအပါခေါ်ရသည်ပေါ့။ အိမ်ငှါးဘဝနှင့် သူတို့သားအမိကို အိမ်ပေါ် တက်နေခွင့်ပြုခဲ့တဲ့ သူ့မိန်းမကိုပ ဲကျေးဇူးတင်နေမိရသည်။ယောက္ခထီး ယောက္ခမကမရှိကြတော့ သူ့အမေကိုမိန်းမက အမေလိုသဘောထားမှာမလွဲနိုင်ပါပေ။

နေ့စဉ်နှင့်အမျှသူက အိမ်မှာမရှိပေမယ့် သူပြန်လာတိုင်း အမြဲပြုံးရွှင်နေတတ်တဲ့အမေ…မျက်နှာကို ကြည့်တာနှင့်သူသိနိုင်သည်ပဲ။အမေ့ဆီကတစ်ခါမှ တိုင်သံတောသံကြားရဖို့ဝေးလို့အမေပျော်နေတဲ့ အကြောင်းကိုသာ အမြဲကြားရတတ်သည်လေ။

သူ့ရုံးပိတ်ရက်ရောက်လို့မိသားစု တစ်နေရာရာကိုအလည်အပတ်သွားတိုင်း အမေဘယ်တော့မှ လိုက်လေ့မရှိ။သားတစ်ယောက်အနေနဲ့ ခေါ်ရမည့်တာဝန်က
ရှိပေမယ့် ခေါ်တိုင်းငြင်းဆန်လေ့ရှိတဲ့ အမေ့ကြောင့်သူမခေါ်ဖြစ်ခဲ့တာ ကြာပါပြီကော။ခုတစ်လောလေး သူအနည်းငယ်သတိထားမိခဲ့သည်မှာအမေ့ကြည့်ရတာ အတော်လေး ပိန်သွားပုံရ၏။ချောင်းဆိုးသံ မကြားရတော့ပြီမို့ နေကောင်းသွားပြီဟုယူဆပြီး ဒီအတိုင်း နေမိခဲ့လေသည်။

ဒီနေ့သူအလုပ်ကပြန်လာတော့…မရောက်တာ ကြာပြီဖြစ်တဲ့ အမေ့အခန်းလေးထဲ သူဝင်သွားခဲ့ပါ၏။အမေကလက်ထဲမှာ အဝတ်တစ်ခုကို သည်းကြီးမည်းကြီး ချုပ်နေ၏။နှစ်ပေမီးချောင်းလေးက သိပ်အထင်းလင်းကြီးမဟုတ်တော့ အမေမျက်စိပျက်တော့မှာပဲ ဟူသောစိတ်ဖြင့် စိတ်ထဲအနည်းငယ်တိုသွားမိရင်း…

“အမေ ညကြီးမင်းကြီး ဘာတွေ ဒီလောက်ချုပ်နေတာလဲ ကိုယ့်အသက်လဲကိုယ်ကြည့်အုန်းမမြင်မစမ်းနဲ့အမေရာ ချထား ချထား အခု”သူ့အသံက စိတ်ထဲကစိုးရိမ်မိပေမယ့်ပြောနေကျအတိုင်း လေသံကခပ်မာမာ ဖြစ်သွားမိ၏။ရုတ်တရက်မို့အမေလည်းလန့်သွားပုံရသည်။

“ဘာမှမဟုတ်ပါဘူးသားရယ်…အမေအင်္ကျ ီအပြဲလေး ဘာလေးချုပ်နေတာပါ”“ဒါအမေ့အင်္ကျ ီမဟုတ်ပါဘူး…ကျွန်တော့်မိန်းမအင်္ကျ ီလည်းမဟုတ်ဘူး”သူဆတ်ခနဲ အမေ့လက်ထဲက ဆွဲယူကြည့်လိုက်တော့အမျိုးသမီးရင်ဖုံးအဖြူလေးကို နှိပ်စေ့လေးတွေ တပ်နေခြင်း ဖြစ်နေသည်။

“အမေ ဒါဘာလုပ်တာလဲသူများအင်္ကျ ီတွေဘာလို့ကြယ်သီးယူတပ်နေတာတုန်း အမေ့မှာဘာသုံးစရာရှိလို့တုန်းဘယ်လောက်များရလို့လဲအမေရာ မချုပ်နဲ့ ကိုယ့်အသက်လည်း ကြည့်အုန်း…၇၀ကျော်နေပြီ သူများတွေမြင်ရင်ကျွန်တော်နွားဖြစ်အောင်လို့လား အမေက ”

ပြောရင်းသားနှင့်လေသံတွေ မာသွားမိတော့ အမေကမျက်ရည်လည်သော မျက်ဝန်းတွေနှင့် သူ့ကိုငေးကြည့်နေရှာ၏။“အေးပါ သားရယ် မလုပ်နဲ့ဆိုလည်း အမေမလုပ်တော့ပါဘူး အမေ့ကြောင့်ငါ့သားဂုဏ်မပျက်စေရပါဘူးကွယ် အမေ ကတိပေးတယ်နော်သားသွား သွား သားပင်ပန်းလာတယ် နားချည်တော့”“အင်းး ဒါဆိုလဲပြီးရော နောက်တစ်ခါထပ်မမြင်ရ စေနဲ့နော် အမေ ဒါပဲ”

သူ အမေ့အခန်းထဲက ထွက်လာတော့ ချောင်းတစ်ချက်ဟန့်သံကြားလိုက်သလိုမို့.…“မိန်းမ မင်းမပြောဘူးလား ငါ့အမေမမြင်မစမ်းနဲ့ဘယ်တုန်းကတည်းက ယူယူချုပ်နေမှန်းမသိ ငါလဲမသိရပါလားး”“အဲ့ဒါပြောတာပေါ့ ကျွန်မပြောလည်း ရှင့်အမေကပြောရမှာမို့လို့လား ကျွန်မလည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြားထဲနေရာတကာတော့ ဘယ်လိုက်ကြည့်နေနိုင်မလဲ ရှင့်သားသမီးတွေက………………………”

သူ့မိန်းမရဲ့ ညည်းချင်းတွေကို ဆက်နားမထောင်တော့ပဲ သူအိပ်ပစ်လိုက်တော့သည်။အဲ့အမေတစ်ယောက်ကလေ ဘာတွေလုပ်နေမှန်းကိုမသိဘုူး အေးဆေးနေလို့ရရဲ့သားနဲ့မနေနိုင်ဘူးဟူးးးးသက်ပြင်းမှှုတ်ထုတ်လိုက်ရင်း သူအိပ်ပျော်သွားခဲ့တော့သည်။

ဒီနေ့ကိုသောင်းအိမ်ပြန်လာတော့သူ့မိန်းမက ဆီးပြောပါ၏။“ကိုသောင်းရေ…ကျွန်မအမျိုးတွေနဲ့ ဘုရားဖူးထွက်မလို့ ကလေးနှစ်ယောက်ခေါ်သွားမယ်…စားရေးသောက်ရေးအတွက် ကျွန်မတူမလေး ခေါ်ထားပေးခဲ့ရမလား”“ဘယ်တော့လဲကွ မင်းဟာက ဗြုန်းစားကြီးငါကတော့လိုက်မရပါဘူး မင်းတို့သားအမိတွေပဲလား …အမေရော…”

သူ့စကားမဆုံးခင် အမေက ဝင်ပြော၏။“ချွေးမက ခေါ်ပါတယ်သားရယ် …အမေမလိုက်နိုင်တာပါ… ခရီးပမ်းတဲ့ဒဏ်မခံနိုင်ဘူးလေ…”သူ့မိန်းမကတော့ ဘာတစ်ခွန်းမှ ဝင်မပြော ဘောက် ဆတ်ဆတ်နဲ့သူ့လက်ထဲကအိတ်ကိုဆွဲယူပြီးအခန်းထဲာာဝင်သွားတော့၏။အမေကထုံးစံအတိုင်း ဘုရားဆက်ရှိခိုးလို့ပေါ့…ပြေးလွှားဆော့နေတဲ့ သူ့သားနဲ့သမီးဖွားအေကိုပတ်ပြေးနေ၏။

အမေက ဘုရားဝတ်ပြုပြီး…သူ့အနားသို့လျှောက်လာရင်း…“သားလဲ လိုက်ချင်လိုက်သွားပါလား…မိသားစုပျော်ပျော်ပါးပါး ခရီးရှည်သွားရခဲတယ်…အမေ့အတွက် ဘာမှမပူနဲ့ တူမလေးလာမယ်ပြောထားတယ်…သား အလုပ်ရှင်ကိုခွင့်တောင်းကြည့်ပါလား…”“နေပါစေအမေရာ…မလိုက်တော့ပါဘူးသူ့အမျိုးတွေနဲ့သူတို့ဘာသာသွားပါစေနောက်ကြုံမှမိသားစု သက်သက်သွားမယ်”

အမေက ဘာမှထပ်မပြောရှာတော့…အဲ့ဒိညက အမေ့အခန်းလေးဆီက ချောင်းသံတွေ အဆက်မပြတ်ကြားရလေသည်။သူ ကြားပေမယ့် တနေကုန်ပင်ပန်းလာသောကြောင့် မျက်လုံးတွေက မဖွင့်နိုင်တော့…မိန်းမကတော့ ခရီးသွားဖို့ ညလုံးပေါက်ပြင်ဆင်ချက်ပြုတ်နေပေတော့သည်။တရေးနိုးတော့ အမေ့ချောင်းသံမကြားရတော့ချေ။ အမေသက်သာပြီထင်ပါသည်ခေါင်းအုံးပေါ် ခေါင်းပြန်ချလိုက်တော့ သူပြန်၍အိပ်ပျော်သွားပါတော့သည်။

နောက်တစ်နေ့မနက် မိန်းမနှင့်ကလေးတွေ ခရီးထွက် သွားကြတော့ အမေကသူ့အတွက်ထမင်းချိုင့် ပြင်ဆင်ပေးနေလေသည်။“အမေ ညကချောင်းသံကြားတယ် နေမကောင်းရင် ဆေးခန်းလေးဘာလေး သွားထားပါလားဘေးအိမ်က မကြူသမီးလေး အဖော်ခေါ်သွားလေဒါမှမဟုတ် ကျွန်တော် ပြန်လာခဲ့ရမလား.…”“သက်သာနေပါပြီ သားရယ်…အမေ့အတွက်မပူနဲ့…ကဲ သွား သွား…”

သူလည်း အမေပြင်ဆင်ပေးသည့် ထမင်းချိုင့်ဆွဲ၍ အလုပ်ကို ထွက်လာခဲ့ပါတော့၏။တစ်နေ့လုံး အလုပ်ထဲမှာ စိတ်နစ်နေတာနှင့် အမေ့ကိုသတိမရနိုင်တော့…။
ညနေ အလုပ်ပြီးလို့ပြန်ခါနီး ကားမှတ်တိုင်တွင်ကားစောင့်နေစဉ်မှာပဲ…“ဗျို့ ကိုသောင်း ခင်ဗျားမိန်းမ မရှိတော့လွတ်လပ်ရေးရနေတာပေါ့လေ ဟုတ်လားဟားးဟားး”

“ဟားးဟား မဟုတ်ရပါဘူးဗျာ ခင်ဗျားကတော့ပြောတော့မယ်… ဒါနဲ့ခင်ဗျားလက်ထဲကကော်ဖီမစ် အထုတ်ကြီးတွေ နှစ်ထုတ်သုံးထုတ်နဲ့များလှချည်လားဗျ …ဒီလောက်အများကြီး ဘာလုပ်ဖို့တုန်း… ဧကန္တ အိမ်ကမိန်းမကို မျက်နှာလုပ်ဖို့ထင်တယ်…”

“အဟားး မိန်းမဖို့ မဟုတ်ပါဘူး အိမ်ကအမေအတွက်ပါဗျာ…မနက်ဖြန်တန်းဆွမ်းလေးလောင်းချင်တယ်ဆိုလို့ …မိန်းမကိုပြောမနေတော့ပါဘူးဗျာ…ကိုယ့်အမေတွက် ကိုယ်ပဲဝယ်ပေးရမှာပေါ့…မဟုတ်ဘူးလား..…”

ကိုသောင်းစိတ်ထဲ ဘာရယ်မဟုတ် အမေ့ကို ပြေးမြင်မိသွား၏။ကိုဝင်းမြင့်နှင့်သူသည် လခစားဘဝတူချင်းဖြစ်သည့်အပြင် ကိုယ့်ထက်ပင် သားသမီးဦးရေများပြား၍ သူ့ထက် အနည်းငယ် ကျပ်တည်းရှာသူ…

“သွားအုန်းမယ် ကိုသောင်းရေ…ခင်ဗျားအမေရော နေကောင်းလားမတွေ့တာကြာပြီ ကျွန်တော်မေးတဲ့အကြောင်း ပြောလိုက်ပါအုန်း…”

သူ ခေါင်းငိုက်စိုက်နှင့် လိုင်းကားပေါ်အရောက်တွင် အတွေးတွေ ခေါင်းထဲမှာ အလုအယက် တိုးဝင်နေတော့၏။အမေ…အမေသည် သူအိမ်ထောင်ကျပြီးသည့်နောက်ပိုင်းတစ်ခါမျှ ဤသို့မမှာဖူးသလို ဘာလိုချင်သည် ညာလိုချင်သည် မပူဆာခဲ့ဖူးပါ။သူကလည်း မမေးမိခဲ့…မိန်းမလက်ထဲ ပိုက်ဆံထိုးအပ်လိုက်လျှင် သင့်သလို စီမံပေးလိမ့်မည်ဟု သူမှတ်ယူခဲ့သည် မဟုတ်လားး…နောက်ပြီး အိမ်ပေါ်တွင်မပူမပင် မကြောင့်မကျ နေနေရတော့ အမေ့လိုသက်ကြီးရွယ်အို အတွက် ဘာမှ လိုအပ်မည်ဟု သူမထင်မိခဲ့ပါ…။

အမေ့အပေါ်တွင် တာဝန်မကျေသလို ခံစားမှုတွေကရင်ထဲကိုတင်းကျပ်လာစေသလို ရှက်စိတ်တွေတရိပ်ရိပ်ထိုးတက်လာမိတော့၏။

လမ်းတလျှောက် ဈေးဆိုင်တန်းတွေ ငေးကြည့်ရင်းသစ်သီးတန်းတွေကို မြင်တော့ နီးရာမှတ်တိုင်မှာ ဆင်း၍ပန်းသီးအလုံးလှလှ ၅လုံးခန့် ဆင်းဝယ်ခဲ့တော့သည်။ဒီနေ့အမေ့နားမှာ သူအချိန်ကုန်မည် ပန်းသီးတွေကိုကိုယ်တိုင်စိပ်၍ကျွေးမည်။အမေအိပ်ခါနီး အမေ့ကိုနင်းနှိပ်ပေးရင်း မပြောဖြစ်တာကြာပြီဖြစ်သောသူငယ်စဉ်ကအကြောင်းတွေ ပြောရင်းအမေ့ကို ပျော်ရွှင်စေမည်။အတွေးနဲ့တင် သူ့ရင်ထဲကတင်းကျပ်မှုတွေ ချက်ချင်းလွင့်ပါးသွားသလို အိမ်အပြန်ခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေတော့သည်။

အမေရယ်… သားအမေ့ကို ပစ်ထားခဲ့မိတဲ့ အချိန်တွေ အတော်ကြာနေပြီပဲ …သားအမေ့ကို မချစ်လို့ မဟုတ်တာတော့ သေချာပါတယ်အမေ…ဒီနေ့ကစသားနဲ့အမေ အရင်လို နွေးနွေးထွေးထွေးနေကြမယ်…ကိုသောင်း၏ မျက်နှာပြင်ဝယ် လန်းဆန်းရွှင်မြူးရိပ်တွေအထင်းသားနှင့်အိမ်ပေါ်လှမ်းအတက်မှာတော့…

“ကိုသောင်း ခင်ဗျားအမေ သွေးတွေအန်လို့ဆေးရုံကိုခုပဲသွားပို့ခဲ့ရတယ်… ခင်ဗျားဆီ ဆက်သွယ်လို့မရတာနဲ့ ကျွန်တော်လည်း ခုရောက်ရောက်ချင်းခင်ဗျားကိုလာပြောတာ…”“ဗျာ..”ကိုသောင်းရင်ဝကို ဆီးအကန်ခံလိုက်ရတာမျှ သက်သာအုန်းမည် ထင်ပါသည်။လေးညှို့က ပစ်လိုက်သည့် မြားတစ်စင်းနှယ်…သူချက်ချင်းတဟုန်ထိုး ဆေးရုံသို့
လိုက်သွားတော့၏။

“ကိုသောင်း လာပြီဟေ့ …ဖယ်ပေးလိုက်ဖယ်ပေးလိုက်..…”အိမ်နီးချင်းတွေက မျက်နှာမကောင်းစွာဖြင့် သူ့ကိုလမ်းဖယ်ပေးကြ၏။အမေ့ကို သူမြင်လိုက်ရတဲ့ အချိန်တွင်အမေ့အင်္ကျ ီရင်ဘတ် တစ်ခုလုံး သွေးစသွေးနတွေ ပျံ့ကျဲလျက် …

“အမေ…ဘယ်လိုဖြစ်တာလဲအမေရယ်ဒီလောက်ဖြစ်နေတာ သားမသိခဲ့ရပါလား…သားကိုဘာလို့မပြောတာလဲ အမေရယ်…လုပ်ကြပါအုန်းဗျာ ဒေါက်တာ ဒေါက်တာတွေဘယ်မှာလဲ ကျွန်တော့အမေ ဘာဖြစ်တာလဲ ဘယ်သူမှ လာမကြည့်ကြဘူးလားဗျ…”

စကားတွေဗလုံးဗထွေးနှင့် ဆို့နင့်အက်ကွဲနေသည့် သူ၏အသံကို နားထောင်ရင်း အိမ်နီးချင်းအမျိုးသမီးတွေဆီကရှိုက်သံတွေ ထွက်လာတော့သည်။အမေ၏ ဖြူဖျော့နေသော မျက်နှာထက်မှ မျက်ရည်ပြည့်နေသည့်မျက်ဝန်းအစုံသည် သူ့ကို စိတ်မချသလိုငေးစိုက်ကြည့်နေရှာလေသည်။သွေးစွန်းနေသော အမေ့နှုတ်ခမ်းများသည် မဟတစ်ဟနှင့် တစ်ခုခုပြောရန် အားယူနေသည့်နှယ်…

“ကိုသောင်း ခင်ဗျားအမေ ခင်ဗျားမလာခင်လေးတင် အသက်ထွက်သွားရှာတယ်ဗျာ…ကျွန်တော်တို့ဆေးရုံကိုအပို့နောက်ကျသွားတယ် ခင်ဗျားအိမ်မှာ ဘယ်အချိန်ထဲက ဖြစ်နေတယ်မသိဘူး ဆန်ခံသီလရှင်လေးတွေကဒကာမကြီး ထွက်လောင်းနေကျ မလောင်းလို့စိတ်ပူပြီး အိမ်ထဲဝင်ကြည့်မှ ကျွန်တော်တို့တွေ သိရတာ…ဆေးရုံကိုရောက်တဲ့အထိတော့အသက်ပါလာသေးတယ် ခုနလေးကမှ.…”

စကားသံတွေ သူ့နားထဲတွင ်မကြားတစ်ချက် ကြားတစ်ချက်…အမေ့ရင်ခွင်ထဲကို ခေါင်းထိုးရင်း အံကိုကြိတ်ခဲ၍ မျက်ရည်တွေတွေကျနေမိတော့၏။သူ့နှလုံးသားလဲ တစ်စစီ ကြွေကျသကဲ့သို့ ဆို့နင့်မှုကိုနှိုင်းပြစရာ ရှာမတွေ့တော့ပြီ…

“အမေရယ် သားမိုက်ကိုခွင့်မလွှတ်ပါနဲ့အမေ သားကြောင့်ခုလိုဖြစ်ရတာ…သူများကတောင် ကိုယ့်အမေကိုဂရုစိုက်မေးဖော်ရခဲ့ပေမယ့် သားမေးဖို့သတိမရခဲ့ဘူး…
သားပြန်လာတဲ့အထိလေးများ ခဏဖြစ်ဖြစ်စောင့်ပါအုန်းတော့လားအမေရယ်…အမေ့သလိပ်တွေ ဆီးတွေဝမ်းတွေ သားမရွံတော့ပါဘူး…သားမိုက်ရဲ့မျက်နှာတည့်တည့်ကို ထွေးပစ်လိုက်စမ်းပါအမေရယ်…”်

နဘေးက ကြည့်နေသူများလဲ မျက်ရည် မဆည်နိုင်တော့ပြီ…“ကိုသောင်းရေ လုပ်စရာရှိတာလေးတွေ ဆက်လုပ်ရအောင်ပါ…ဖြစ်ပြီးမှတော့ဘာမှမတတ်နိုင်တော့ဘူးလေဖြေသိမ့်နိုင်အောင်သာ ကြိုးစားပါတော့ဗျာ…”

အမေ့အပေါ် တာဝန်ကျေဖို့ သူဆုံးဖြတ်မိခဲ့သည့်နေ့တွင်မှအမေသည်…သူ့ကိုစွန့်ခွါသွားခဲ့လေပြီအမေ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော သူ့အားအိမ်နီးချင်းများက အတင်းဆွဲခွါကြတော့…အမေ့လက်ကလေးက ခုတင်အောက်သို့ တွဲလောင်းလေး ထွက်ကျလာပါ၏။

“ကိုသောင်း ရှင့်အမေလက်မှာ ချိတ်ထားတဲ့ အိတ်ထုတ်လေးက ဘာလဲမသိဘူး ဖြည်ကြည့်ပါအုန်းလားး…”

သူသည် အမေ့နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်း အမေ့လက်ကောက်ဝတ်မှာ ချိတ်ရက်သားအိတ်ထုတ်လေးကို ကြေကွဲစွာဖြင့်ဖြည်ကြည့်မိပါတော့သည်။အားလုံးကလည်း ဘာလေးဖြစ်မည်ကို သိချင်ကြသဖြင့်ကိုသောင်းကို အာရုံစိုက်ငေးနေကြစဉ်…“အ…မေ.…ရယ်…”“#0ုန်း…”

ဟူသော အသံတို့နှင့်အတူ ကိုသောင်း၏ခန္ဓာကိုယ်ကြီးသည်ဆေးရုံကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် နောက်ပြန် ပစ်လဲကျသွားပါတော့၏။“ဟာ ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ ကိုသောင်း ကိုသောင်း သတိထားလေ”ကိုသောင်းကို ပြေးပွေ့သူက ပွေ့လိုက်ကြပြီး သူ၏အမေလက်ထဲက အိတ်ထုတ်လေးကို သိချင်စိတ်ဖြင့် ဖြန့်ကြည့်ကြသောအခါ…

“သားကြီး၃၂နှစ်ပြည့်မွေးနေ့လှူဖို့အမေ့ချွေးနဲစာလေး” ဟူသော စာတန်းပါ စာအိတ်လေးတစ်အိတ် သွေးစွန်းနေသော အပ်ချည်လုံးနှင့် အပ်ကလေးတစ်ခု စိပ်ပုတီးလေးတစ်ကုံးနှင့်အတူ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ တစ်ထောင်တန်ခပ်နွမ်းနွမ်းလေးငါးရွက်ကထပ်ရက်သား…

အားလုံး၏ မျက်ဝန်းအိမ်တို့သည် မတိုင်ပင်ရပါဘဲနှင့်မျက်ရည်မိုးတို့သည်းထန်စွာ ရွာသွန်းမိကြလေတော့သည်တကား…။ပြီးပါပြီမနှောင်းစေချင်

မိဘရှိစဉ် မြူတစ်မျှင်မျှငြိုငြင်ကြနှင့် ။ကြွေးဟောင်းမဟူ မေတ္တာတူမျှကြည်ဖြူကြသင့် ချိန်မလင့်စေမိုက်တွေဝေသော် ရင်ကြွေနောင်တမျက်ရည်ကျမြဲ တ လည်းမထနိုင်တော့ပြီ။မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာ လုပ်ကျွေးနိုင်တဲ့သား/သမီးကောင်းများဖြစ်နိုင်ကြပါစေလို့် ဆုတောင်းပေးလျက်..


ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top