နန္းသူဇာက အခ်စ္ေရး၊ အိမ္ ေထာင္ေရး နဲ႔ စီးပြားေရး အေၾကာင္းေတြကုိ အင္တာဗ်ဴးေတြမွာ မေျဖဆုိေတာ့ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။ အဲဒီအတြက္ ေတာင္းပန္စကားလည္း ေျပာျပခဲ့ပါေသးတယ္။

သရုပ္ေဆာင္ နန္းသူဇာက သူမရဲ႕ ႏွလုံးသားေရးရာ ကိစၥ၊ ပုဂၢဳိလ္ေရးအေၾကာင္းေတြကုိ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိသြားမွာ မဟုတ္ဘူးလုိ႔ ဆုိပါတယ္။ အားနာလြန္းတာေၾကာင့္ ေျဖေပးခဲ့ရတာေတြရွိတယ္လုိ႔သူကေျပာပါတယ္။

‘’အႏုပညာအေၾကာင္းမွလြဲ၍ အခ်စ္ေရး၊ အိမ္ေထာင္ေရး၊ စီးပြားေရး အေၾကာင္းေတြ ဘာဆိုဘာမွ Interview ေတြ မေျဖေတာ့ပါဘူးရွင့္။ ပြဲ တစ္ပြဲေရာက္ရင္ ပြဲ အေၾကာင္းေမး ၿပီးရင္ လည္း ေတြပဲေမးၾကတယ္။ ကိုယ္ကလည္း အားနာတတ္တဲ့သူ ေျဖရင္းနဲ႔ ေျပာမိ အဲဒီလိုနဲ႔ပဲ သံသရာလည္ ေနာက္ဆို မေျဖေတာ့ပါဘူးေနာ္ ေက်းဇူးပါ’’

နန္းသူဇာက သူမကုိယ္တုိင္လည္း ခ်စ္ရ ခင္ရ၊ ရင္းႏွီးရတဲ့ မီဒီယာ ေမာင္ႏွမေတြလည္းရွိတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ သူတုိ႔အတြက္ကုိလည္း ေတာင္းပန္စကားဆုိခဲ့ပါေသးတယ္။

‘’တခ်ဳိ႕ ေခါင္းစဥ္ႀကီးေတြ ေၾကာက္လို႔ပါ ေနာ္။ နားလည္ပါေနာ္ ေတာင္းပန္ပါတယ္။ တခ်ိဳ႕ Reporters ခင္တဲ့သူေတြကိုလည္း ခင္ပါတယ္၊ ခ်စ္ပါတယ္၊ ဆက္ၿပီးလည္း ခင္ေနမွာပါ။ Thank You’’ ဆုိၿပီးေတာ့ ေမလ ၂၆ ရက္ေန႔ည ၇ နာရီေက်ာ္ က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။



န္းသူဇာက အဆုိေတာ္တစ္ေယာက္ျဖစ္သလုိ ပရိသတ္အားေပးမႈ ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းနဲ႕ အတူ Friend စီးရီးေခြကို ထြက္ရွိထားပါတယ္။ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီးေတာ့ လက္ရွိအခ်ိန္မွာ ခ်စ္သူႏွစ္ဦး နားလည္မႈနဲ႕ တည္ေဆာက္ထားၿပီး ဘဝတစ္ခုထူေထာင္ဖို႕ကိုလည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

သူမက လက္ရွိမွာ ပြဲေတြ တက္ျဖစ္ေနသလို သီခ်င္းေတြလည္း ဆုိျဖစ္ေနတယ္လုိ႕ သိရပါတယ္။ အတြဲေခြမ်ားစြာ မွာ သီခ်င္းပါဝင္သီဆုိထားတဲ့ နန္းသူဇာက တစ္ကိုယ္ေတာ္အေခြအတြက္လည္း ျပင္ဆင္ေနတယ္လို႕ သိရပါတယ္။ သီခ်င္းပိုင္းကိုပဲ စိတ္ဝင္စားတဲ့ သူမကေတာ့ သရုပ္ေဆာင္ပိုင္းကိုကူးဖို႕ အစီအစဥ္မရွိပါဘူးတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

နန်းသူဇာက အချစ်ရေး၊ အိမ်ထောင်ရေး နဲ့ စီးပွားရေး အကြောင်းတွေကို အင်တာဗျူးတွေမှာ မဖြေဆိုတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အဲဒီအတွက် တောင်းပန်စကားလည်း ပြောပြခဲ့ပါသေးတယ်။



သရုပ်ဆောင် နန်းသူဇာက သူမရဲ့ နှလုံးသားရေးရာ ကိစ္စ၊ ပုဂ္ဂိုလ်ရေးအကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အားနာလွန်းတာကြောင့် ဖြေပေးခဲ့ရတာတွေရှိတယ်လို့သူကပြောပါတယ်။

‘’အနုပညာအကြောင်းမှလွဲ၍ အချစ်ရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး အကြောင်းတွေ ဘာဆိုဘာမှ Interview တွေ မဖြေတော့ပါဘူးရှင့်။ ပွဲ တစ်ပွဲရောက်ရင် ပွဲ အကြောင်းမေး ပြီးရင် လည်း တွေပဲမေးကြတယ်။ ကိုယ်ကလည်း အားနာတတ်တဲ့သူ ဖြေရင်းနဲ့ ပြောမိ အဲဒီလိုနဲ့ပဲ သံသရာလည် နောက်ဆို မဖြေတော့ပါဘူးနော် ကျေးဇူးပါ’’

နန်းသူဇာက သူမကိုယ်တိုင်လည်း ချစ်ရ ခင်ရ၊ ရင်းနှီးရတဲ့ မီဒီယာ မောင်နှမတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့အတွက်ကိုလည်း တောင်းပန်စကားဆိုခဲ့ပါသေးတယ်။

‘’တချို့ ခေါင်းစဉ်ကြီးတွေ ကြောက်လို့ပါ နော်။ နားလည်ပါနော် တောင်းပန်ပါတယ်။ တချို့ Reporters ခင်တဲ့သူတွေကိုလည်း ခင်ပါတယ်၊ ချစ်ပါတယ်၊ ဆက်ပြီးလည်း ခင်နေမှာပါ။ Thank You’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ည ၇ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top