Love me little, Love me long ဆိုတဲ့ စကားပံု အတိုင္း ခ်စ္သူေလးကို နည္းနည္းေလးနဲ႔ အခ်ိန္အၾကာႀကီး ခ်စ္ေပးပါေနာ္။

ၾကည္ႏူးစရာ ခ်စ္သူစံုတြဲ

အခ်စ္ဆိုတာ သိပ္ကို သာယာ ၾကည္ႏူးစရာ ေကာင္းတဲ့အရာပဲ ျဖစ္ပါတယ္။ အခ်စ္ဆိုတာ သံုးတတ္ရင္ေတာ့ ကမာၻေပၚမွာ ရွိသမွ် ေဆးတုိင္းထက္ ပိုၿပီး ေဆးစြမ္းထက္တဲ့ လိုတရ အားေဆးႀကီးလို႔ေတာင္ တင္စားႏိုင္တဲ့အထိ အခ်စ္ရဲ႕ စြမ္းအားေတြက ျမင့္မားလွပါတယ္။ အဲဒီေလာက္ အစြမ္းထက္တဲ့ ေဆးစြမ္းေကာင္းကိုေတာ့ တန္ေဆး လြန္ေဘး ရွိတာကို သတိထားေပးရမွာပါ။ အခ်စ္ကို အခ်စ္အတိုင္းပဲ ၾကည္ႏူးစရာေကာင္းေအာင္ ခံစားႏိုင္ဖို႔ကေတာ့ ခ်စ္သူကို အခ်စ္ မလြန္မိဖို႔ ထိန္းရမွာပါ။ ခ်စ္သူကို အခ်စ္လြန္မိရင္ ဘာေတြ ျဖစ္လာႏုိင္မလဲ ဆိုတာကို ေျပာျပေပးလိုက္ရပါတယ္။ ခ်စ္သူေတြၾကားက တီတီတာတာေလးေတြ ကိုလည္း ေျပာေပးပါေနာ္။

လြတ္လပ္ခြင့္ကို ပိတ္ပင္မိလိမ့္မယ္

ခ်စ္သူေတြၾကား သိပ္ခ်စ္လာတဲ့အခ်ိန္ ျဖစ္တတ္တဲ့အရာ တစ္ခုကေတာ့ ကိုယ္ကေတာ့ ခ်စ္လို႔ ျပဳလုပ္တဲ့အရာေတြတိုင္းက တဖက္သူရဲ႕ လြတ္လပ္ခြင့္ေတြကို ပိတ္ပင္လုိက္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ အပူ အစပ္ေတြႀကိဳက္တဲ့ခ်စ္သူေလးကို ဗိုက္ေအာင့္မွာ စိုးလို႔ အစပ္မစားနဲ႔။ အပူ မစားနဲ႔ ဆိုၿပီး စိုးရိမ္စိတ္နဲ႔ ပိတ္ပင္မိတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ ကိုယ္ကေတာ့ ခ်စ္သူေလးကို သိပ္ခ်စ္လို႔ ေျပာတယ္ ဆိုေပမယ့္ ခ်စ္သူေလးကေတာ့ သူႀကိဳက္တာ မလုပ္ရလို႔ ဆိုၿပီး စိတ္ေလး ေကာက္ခ်င္လာပါလိမ့္မယ္။ မစားပါနဲ႔။ မလုပ္ပါနဲ႔လို႔ တားဆီးမယ့္အစား ခ်စ္သူေလး လုပ္ခ်င္တာေတြကို အေဖာ္လိုက္ၿပီး လုပ္ကူရင္း အလြန္အၾကဴး မလုပ္မိေအာင္ ေဘးကေန လိုက္ထိန္းေပးတာကေတာ့ ၾကည္ႏူးစရာ အခ်စ္ေန႔ရက္ေလးေတြကုိ ျဖစ္ေစမွာ ေသခ်ာပါတယ္ေနာ္။

သူ႔အား သူ မကိုးတတ္ေတာ့တာမ်ိဳး မျဖစ္ေစနဲ႔ေနာ္

မမတို႔ ျဖစ္တတ္တာကေတာ့ ကိုကိုေတြ ေဘးနားေရာက္သြားရင္ ယုန္သူငယ္ေလးလို ျဖစ္သြားၿပီး ဘာဆို ဘာမွ မလုပ္တတ္ေတာ့တာမ်ိဳးပဲ ျဖစ္ပါတယ္။ ေရေသာက္မယ္ဆိုရင္ ကိုကိုက ေရဗူး အဖံုး ဖြင့္ေပးမွ ဆိုတာမ်ိဳး၊ အစား စားရင္ေတာင္ ကိုကို ခြံ႔ေကြ်းမွ ဆိုတာမ်ိဳး၊ ေနပူ မိုးရြာရင္ေတာင္ ကိုကို ထီးမိုးေပးမွ ဆိုတာမ်ိဳးက စၿပီး ဘာဆို ဘာမွ မလုပ္တတ္ေတာ့တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ကိုကိုတို႔က ခ်စ္စ ၾကင္စမွာ ဘာမဆို လုပ္ေပးခ်င္စိတ္ ရွိခဲ့ေပမယ့္ အခ်ိန္ေလး နည္းနည္းေလာက္ဆိုရင္ အလုပ္ေတြ မ်ားလာတတ္တဲ့အခ်ိန္ အရင္ကေလာက္ ဂရုမစိုက္ႏိုင္တာေတြ ျဖစ္လာတတ္ပါတယ္။ အဲတာေၾကာင့္ ကိုကို မမတို႔လည္း အစတည္းက ခ်စ္သူေလးေတြ အေပၚမွာ အခ်င္းခ်င္း ခ်စ္ျခင္းေတြကို လိုတာထက္ ပိုၿပီး ခ်စ္ေပးမိတာမ်ိဳးကို နည္းနည္းေလး ထိန္းေပးပါေနာ္။ Love me little, Love me long ဆိုတဲ့ စကားပံု အတိုင္း ခ်စ္သူေလးကို နည္းနည္းေလးနဲ႔ အခ်ိန္အၾကာႀကီး ခ်စ္ေပးပါေနာ္။ အခ်ိန္ ခဏေလးမွာ အမ်ားႀကီး ခ်စ္ေပးလိုက္တာမ်ိဳး ဆိုရင္ေတာ့ ခ်စ္သူေလးက ဘာဆုိ ဘာမွ လုပ္တတ္ေတာ့မွာ မဟုတ္လုိ႔ပါ။

အခု ေျပာျပေပးတဲ့ အခ်က္ေလးေတြကို ဖတ္ၾကည့္ေပးၿပီး ခ်စ္သူေတြၾကားမွာ အခ်စ္မလြန္ မိေစဖို႔ ေဝမွ်ေပးလိုက္ရပါတယ္။ ရန္မျဖစ္တဲ့ ခ်စ္သူေတြ ျဖစ္ဖို႔ ဘာေတြ ျပဳလုပ္ေပးရမလဲ ဆိုတာကိုလည္း သိထားေပးရမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Marry

#Unicode Version# ျဖင့္ဖတ္ပါ ။

Love me little, Love me long ဆိုတဲ့ စကားပုံ အတိုင်း ချစ်သူလေးကို နည်းနည်းလေးနဲ့ အချိန်အကြာကြီး ချစ်ပေးပါနော်။

ကြည်နူးစရာ ချစ်သူစုံတွဲ

အချစ်ဆိုတာ သိပ်ကို သာယာ ကြည်နူးစရာ ကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ သုံးတတ်ရင်တော့ ကမ္ဘာပေါ်မှာ ရှိသမျှ ဆေးတိုင်းထက် ပိုပြီး ဆေးစွမ်းထက်တဲ့ လိုတရ အားဆေးကြီးလို့တောင် တင်စားနိုင်တဲ့အထိ အချစ်ရဲ့ စွမ်းအားတွေက မြင့်မားလှပါတယ်။ အဲဒီလောက် အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းကိုတော့ တန်ဆေး လွန်ဘေး ရှိတာကို သတိထားပေးရမှာပါ။ အချစ်ကို အချစ်အတိုင်းပဲ ကြည်နူးစရာကောင်းအောင် ခံစားနိုင်ဖို့ကတော့ ချစ်သူကို အချစ် မလွန်မိဖို့ ထိန်းရမှာပါ။ ချစ်သူကို အချစ်လွန်မိရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။ ချစ်သူတွေကြားက တီတီတာတာလေးတွေ ကိုလည်း ပြောပေးပါနော်။

လွတ်လပ်ခွင့်ကို ပိတ်ပင်မိလိမ့်မယ်

ချစ်သူတွေကြား သိပ်ချစ်လာတဲ့အချိန် ဖြစ်တတ်တဲ့အရာ တစ်ခုကတော့ ကိုယ်ကတော့ ချစ်လို့ ပြုလုပ်တဲ့အရာတွေတိုင်းက တဖက်သူရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်လိုက်တာမျိုး ဖြစ်သွားတတ်ပါတယ်။ အပူ အစပ်တွေကြိုက်တဲ့ချစ်သူလေးကို ဗိုက်အောင့်မှာ စိုးလို့ အစပ်မစားနဲ့။ အပူ မစားနဲ့ ဆိုပြီး စိုးရိမ်စိတ်နဲ့ ပိတ်ပင်မိတာမျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ်ကတော့ ချစ်သူလေးကို သိပ်ချစ်လို့ ပြောတယ် ဆိုပေမယ့် ချစ်သူလေးကတော့ သူကြိုက်တာ မလုပ်ရလို့ ဆိုပြီး စိတ်လေး ကောက်ချင်လာပါလိမ့်မယ်။ မစားပါနဲ့။ မလုပ်ပါနဲ့လို့ တားဆီးမယ့်အစား ချစ်သူလေး လုပ်ချင်တာတွေကို အဖော်လိုက်ပြီး လုပ်ကူရင်း အလွန်အကြူး မလုပ်မိအောင် ဘေးကနေ လိုက်ထိန်းပေးတာကတော့ ကြည်နူးစရာ အချစ်နေ့ရက်လေးတွေကို ဖြစ်စေမှာ သေချာပါတယ်နော်။

သူ့အား သူ မကိုးတတ်တော့တာမျိုး မဖြစ်စေနဲ့နော်

မမတို့ ဖြစ်တတ်တာကတော့ ကိုကိုတွေ ဘေးနားရောက်သွားရင် ယုန်သူငယ်လေးလို ဖြစ်သွားပြီး ဘာဆို ဘာမှ မလုပ်တတ်တော့တာမျိုးပဲ ဖြစ်ပါတယ်။ ရေသောက်မယ်ဆိုရင် ကိုကိုက ရေဗူး အဖုံး ဖွင့်ပေးမှ ဆိုတာမျိုး၊ အစား စားရင်တောင် ကိုကို ခွံ့ကျွေးမှ ဆိုတာမျိုး၊ နေပူ မိုးရွာရင်တောင် ကိုကို ထီးမိုးပေးမှ ဆိုတာမျိုးက စပြီး ဘာဆို ဘာမှ မလုပ်တတ်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ကိုကိုတို့က ချစ်စ ကြင်စမှာ ဘာမဆို လုပ်ပေးချင်စိတ် ရှိခဲ့ပေမယ့် အချိန်လေး နည်းနည်းလောက်ဆိုရင် အလုပ်တွေ များလာတတ်တဲ့အချိန် အရင်ကလောက် ဂရုမစိုက်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲတာကြောင့် ကိုကို မမတို့လည်း အစတည်းက ချစ်သူလေးတွေ အပေါ်မှာ အချင်းချင်း ချစ်ခြင်းတွေကို လိုတာထက် ပိုပြီး ချစ်ပေးမိတာမျိုးကို နည်းနည်းလေး ထိန်းပေးပါနော်။ Love me little, Love me long ဆိုတဲ့ စကားပုံ အတိုင်း ချစ်သူလေးကို နည်းနည်းလေးနဲ့ အချိန်အကြာကြီး ချစ်ပေးပါနော်။ အချိန် ခဏလေးမှာ အများကြီး ချစ်ပေးလိုက်တာမျိုး ဆိုရင်တော့ ချစ်သူလေးက ဘာဆို ဘာမှ လုပ်တတ်တော့မှာ မဟုတ်လို့ပါ။

အခု ပြောပြပေးတဲ့ အချက်လေးတွေကို ဖတ်ကြည့်ပေးပြီး ချစ်သူတွေကြားမှာ အချစ်မလွန် မိစေဖို့ ဝေမျှပေးလိုက်ရပါတယ်။ ရန်မဖြစ်တဲ့ ချစ်သူတွေ ဖြစ်ဖို့ ဘာတွေ ပြုလုပ်ပေးရမလဲ ဆိုတာကိုလည်း သိထားပေးရမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top