ျမန္မာႏို္င္ငံပုိင္ အနိမ့္ပ်ံ ၿဂိဳဟ္တု လႊတ္တင္ႏိုင္ေအာင္ အခုႏွစ္အတြင္း ေဆာင္ရြက္မယ္လို႔ ပုိ႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာနကေန သိရပါတယ္။

အနိမ့္ပ်ံ ၿဂိဳဟ္တု လႊတ္တင္ေရးကုိ ၂၀၁၉ ခုႏွစ္ေအာက္တုိဘာလမွာ စတင္ေဆာင္ရြက္ဖုိ႔ ရည္ရြယ္ထားၿပီး ဂ်ပႏုိင္ငံက အကူအညီေပးမွာ ျဖစ္တယ္လို႔သိရပါတယ္။

ျဂိဳလ္တုလႊတ္တင္ေရး ေဆာင္ရြက္ရန္ LOI (Letter of Intent) လက္မွတ္ေရးထုိးပြဲကုိ ေမလ ၁၅ ရက္က က်င္းပခဲ့ၿပီး ျမန္မာႏုိ္င္ငံေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ေဒါက္တာၾကည္သြင္နဲ႔ ဂ်ပႏိုင္ငံေဟာ့ကိုင္းဒုိး တကၠသိုလ္ Space Mission Center မွ ညႊန္ၾကားေရးမွဴး ပါေမာကၡ ယူကီဟီရုိတာကာဟာရွီတုိ႔က လက္မွတ္ေရးထုိးခဲ့ၾကတယ္လို႔ သိရပါတယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံပိုင္ အနိမ့္ပ်ံၿဂိဳဟ္တု လႊတ္တင္ႏိုင္ေရးဆပ္ေကာ္မတီ ဖြဲ႕စည္းထားၿပီးျဖစ္တာတယ္လို႔လည္း ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီးဌာနကေနသိရပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ လက္ရွိအေျခအေနမွာ Myanmar Sat-1 ၿဂိဳလ္တုကို ကြန္ဒိုစနစ္လိုမ်ိဳးအခန္း ေတြငွားရမ္းၿပီး အသံုးျပဳလ်က္ရွိေနျပီး ကိုယ္ပိုင္ၿဂိဳဟ္တုတည္ေဆာက္ဖုိ႔အတြက္ဆုိရင္ေတာ့ ကုန္က်ေငြစုစုေပါင္း အေမရိကန္ေဒၚလာ ၁၅၅.၇ သန္းခန္႔ရွိႏုိင္ပါတယ္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလအတြင္းမွာ Myanmar Sat-2 ၿဂိဳဟ္တု ဝန္ေဆာင္မႈေတြ စတင္ရရွိမွာျဖစ္ၿပီး အဆိုပါMyanmar Sat-2 ၿဂိဳလ္တုကို ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရး ဝန္ႀကီးဌာနလက္ေအာက္ရွိ သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆုိက္ဘာလံုျခံဳေရးဦးစီးဌာနနဲ႔ Intelsat Global Sales & Marketing Limited တို႔ကအခ်ိဳးက် ပူးတြဲပိုင္ဆုိင္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာနိုင်ငံပိုင် အနိမ့်ပျံ ဂြိုဟ်တု လွှတ်တင်နိုင်အောင် အခုနှစ်အတွင်း ဆောင်ရွက်မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အနိမ့်ပျံ ဂြိုဟ်တု လွှတ်တင်ရေးကို ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ စတင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး ဂျပနိုင်ငံက အကူအညီပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

ဂြိုလ်တုလွှတ်တင်ရေး ဆောင်ရွက်ရန် LOI (Letter of Intent) လက်မှတ်ရေးထိုးပွဲကို မေလ ၁၅ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်သွင်နဲ့ ဂျပနိုင်ငံဟော့ကိုင်းဒိုး တက္ကသိုလ် Space Mission Center မှ ညွှန်ကြားရေးမှူး ပါမောက္ခ ယူကီဟီရိုတာကာဟာရှီတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်တာတယ်လို့လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ Myanmar Sat-1 ဂြိုလ်တုကို ကွန်ဒိုစနစ်လိုမျိုးအခန်း တွေငှားရမ်းပြီး အသုံးပြုလျက်ရှိနေပြီး ကိုယ်ပိုင်ဂြိုဟ်တုတည်ဆောက်ဖို့အတွက်ဆိုရင်တော့ ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းခန့်ရှိနိုင်ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ Myanmar Sat-2 ဂြိုဟ်တု ဝန်ဆောင်မှုတွေ စတင်ရရှိမှာဖြစ်ပြီး အဆိုပါMyanmar Sat-2 ဂြိုလ်တုကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့ကအချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top