မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္တြင္ ေမလ ၁၈ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ေနအိမ္အတြင္း ဝင္ေရာက္ လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။
ျဖစ္စဥ္မွာ ေဒၚခင္သန္းျမင့္ သည္ ေနအိမ္အိပ္ခန္းအတြင္း၌ ကုတင္ေပၚတြင္ ေမွာက္၍ ဖုန္းၾကည့္ေနစဥ္ ေနအိမ္အခန္း အတြင္းသို႔ အမည္မသိအမ်ိဳးသား (၁) ဦးဝင္ေရာက္လာကာ ေဒၚခင္သန္းျမင့္ အား သိုင္းဖက္ထားရွိကာ ပါးစပ္အားပိတ္၍ မေအာ္ ရန္ေျပာဆိုခဲ့သည္ ။
ထို႔ေနာက္ ေဒၚခင္သန္းျမင့္ကို ေၾကာက္႐ြံ႕ေစရန္ အရွည္ (၄) လက္မခန႔္ရွိ ခြၽန္ထက္ေသာ အရာဝတၳဳအားျပ၍ ၄င္းမွေငြကိုလိုခ်င္ ေၾကာင္းေျပာဆိုကာ ကုတင္ေဘးရွိ စားပြဲခုံအံဆြဲမ်ားအား ဆြဲဖြင့္ရွာေဖြရာ ေငြမ်ားမေတြ႕ရွိသည့္အတြက္ ေဒၚခင္သန္းျမင့္ အား ဘာရွိလဲဟု ေမးျမန္းခဲ့ေၾကာင္း သိရသည္ ။
ေဒၚခင္သန္းျမင့္အေနျဖင့္လည္း အသက္အႏၲရာယ္တစ္စုံတရာျပဳမည္စိုးရိမ္၍ နားကပ္ယူသြားဟုေျပာရာ တန္ဘိုးေငြ (၁၇) သိန္းက်ပ္တန္ စိန္ျခယ္ နားက်ပ္(၁)ရံအား ခြၽတ္ေပး လိုက္သည္ ။
ထို႔အျပင္ ဧည့္ခန္းကုလားထိုင္တြင္တင္ထားေသာ အမ်ိဳးသမီးလက္ကိုင္အိတ္အတြင္းမွ ေငြက်ပ္(၁၀)သိန္းနီးပါးအားခိုးယူသြားခဲ့ေၾကာင္း မႈခင္းမွတ္တမ္းအရသိရသည္ ။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမည္မသိ အမ်ိဳးသားအား စံုစမ္းေဖာ္ထုတ္အေရးယူရန္အတြက္ အမွတ္(၁)နယ္ေျမရဲစခန္းတြင္ (ပ)၂၆၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ – ၃၈၂ ျဖင့္အမႈထားေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Fifth Wave News
#Unicode Version# ျဖင့္ဖတ္ပါ ။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က နေအိမ်အတွင်း ဝင်ရောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်း၌ ကုတင်ပေါ်တွင် မှောက်၍ ဖုန်းကြည့်နေစဉ် နေအိမ်အခန်း အတွင်းသို့ အမည်မသိအမျိုးသား (၁) ဦးဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ထားရှိကာ ပါးစပ်အားပိတ်၍ မအော် ရန်ပြောဆိုခဲ့သည် ။
ထို့နောက် ဒေါ်ခင်သန်းမြင့်ကို ကြောက်ရွံ့စေရန် အရှည် (၄) လက်မခန့်ရှိ ချွန်ထက်သော အရာဝတ္ထုအားပြ၍ ၎င်းမှငွေကိုလိုချင် ကြောင်းပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေရာ ငွေများမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ကြောင်း သိရသည် ။
ဒေါ်ခင်သန်းမြင့်အနေဖြင့်လည်း အသက်အန္တရာယ်တစ်စုံတရာပြုမည်စိုးရိမ်၍ နားကပ်ယူသွားဟုပြောရာ တန်ဘိုးငွေ (၁၇) သိန်းကျပ်တန် စိန်ခြယ် နားကျပ်(၁)ရံအား ချွတ်ပေး လိုက်သည် ။
ထို့အပြင် ဧည့်ခန်းကုလားထိုင်တွင်တင်ထားသော အမျိုးသမီးလက်ကိုင်အိတ်အတွင်းမှ ငွေကျပ်(၁၀)သိန်းနီးပါးအားခိုးယူသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည် ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ အမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူရန်အတွက် အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၃၈၂ ဖြင့်အမှုထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:The Fifth Wave News
မႏၲေလးၿမိဳ႕မွာ ေနအိမ္အတြင္း ဝင္ေရာက္ လုယက္မႈျဖစ္ပြား
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။