တစ္ခါတေလမွာ ကြၽႏ္ုပ္တုိ႔ နားတြင္းသို႔ ပိုးေကာင္၀င္ျခင္း သို႔မဟုတ္ ပစၥည္းတစ္ခုခု ညႇပ္ေနျခင္းတို႔ ႀကံဳဖူးၾကမွာပါ။ ထို႔ျပင္ အခ်ိဳ႕ေသာ ကေလးငယ္မ်ား အေဆာ့မက္ေသာအရြယ္သို႔ ေရာက္သည္နွင့္ တစ္ၿပိဳင္နက္ နားထဲ၊ ႏွာေခါင္းထဲ စေသာ ကိုယ္ခႏၶာရွိ အေပါက္မ်ားထဲသို႔ ပစၥည္းမ်ားထည့္ၿပီး ကစားတတ္ၾကပါတယ္။ မိဘမ်ားအေနႏွင့္ မိမိသားသမီးရဲ႕ အေျခအေနကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနသင့္ၿပီး သင့္ကေလး၏ နားထဲသို႔ အရာ၀တၳဳမ်ား ၀င္သြားပါက အခ်ိန္မီ ျပန္ထုတ္ဖို႔ အေရးႀကီးပါတယ္။ မဟုတ္ပါက ပိုး၀င္ျခင္း (infection) ျဖစ္ေစၿပီး နာက်င္ျခင္းႏွင့္အတူ အၾကားအာ႐ံုခ်ိဳ႕တဲ့သည္အထိ ဒုကၡေပးႏိုင္ပါတယ္။

          လူႀကီးမ်ားအေနျဖင့္ မိမိနားအတြင္း တစ္စုံတစ္ခု ၀င္ေနေၾကာင္း သိရွိႏိုင္ေသာ္လည္း ငယ္လြန္းေသာ ကေလးမ်ားကေတာ့ သူတို႔ဘာသာ သိႏိုင္မွာ မဟုတ္ပါဘူး။ ထို႔ေၾကာင့္ အလ်င္အျမန္ မထုတ္မိဘဲ အခ်ိန္ၾကာေအာင္ ညႇပ္ေနရာကေန ပိတ္မိသည့္အေျခအေနထိ ျဖစ္လာႏိုင္ပါတယ္။

          သင္ သို႔မဟုတ္ သင့္ကေလးငယ္၏ နားအတြင္းတြင္ တစ္စံုတစ္ခု ပိတ္ဆို႔ေနပါက ေအာက္ပါအတိုင္း ေဆာင္ရြက္ႏိုင္ပါတယ္။

●        နားတြင္းသို႔ မည္သည့္အရာႏွင့္မွ် ကေလာ္ျခင္း မျပဳပါႏွင့္။ ထိုသို႔ကေလာ္ျခင္းျဖင့္ ပိတ္ေနေသာအရာကို နားတြင္းသို႔ ပိုေတာင္၀င္သြားေအာင္ လုပ္သလိုျဖစ္ၿပီး အခန္႔မသင့္လွ်င္ နားစည္ကိုပါ ထိခိုက္ေစမွာပါ။

●        ပိတ္ဆို႔ေနေသာအရာကို အႏၲရာယ္အကင္းဆံုးနည္းလမ္းျဖင့္ အျမန္ဆံုး ဖယ္ရွားပါ။

●        ပိတ္ေနေသာအရာကို ေသခ်ာျမင္ေနရပါက ဇာဂနာ သို႔မဟုတ္ သန္႔ရွင္းေသာ ညႇပ္တစ္ခုခုျဖင့္ ဆြဲယူဖယ္ရွားႏိုင္ပါတယ္။

●        ကမၻာေျမရဲ႕ဆြဲအားကို အသံုးခ်ပါ။

          ပိတ္ေနေသာဘက္ကို ေခါင္းေစာင္းၿပီး ကမၻာ့ဆြဲအားအတိုင္း ေအာက္သို႔ ျပဳတ္က်ေအာင္ ႀကိဳးစားႏိုင္ပါတယ္။

●        အင္းဆက္ပိုး ၀င္ေရာက္ေနပါက ဆီကို အသံုးျပဳပါ။

          သံလြင္ဆီ သို႔မဟုတ္ baby oil ကို အသံုးျပဳႏိုင္ပါတယ္။ အင္းဆက္ပိုးမႊား ၀င္ေရာက္ျခင္းအတြက္သာ အသံုးျပဳႏိုင္ၿပီး အျခားေသာပစၥည္းမ်ား ၀င္ေရာက္ပါက အသံုးမျပဳသင့္ပါဘူး။ ေရွးဦးစြာ ပိုးေကာင္၀င္သည့္နားကို အေပၚတြင္ထားၿပီး ေခါင္းကိုေစာင္းပါ။ ထို႔ေနာက္ဆီကို ျဖည္းညင္းစြာ ထည့္ေပးၿပီး မိနစ္၀က္ခန္႔ ေခါင္းကို ၿငိမ္ၿငိမ္ထားပါ။ ထို႔ေနာက္ ေခါင္းကို ပိုးေကာင္၀င္သည့္ဘက္ကို ျပန္ေစာင္းခ်ပါ။ ဆီႏွင့္အတူ ပိုးေကာင္ ျပန္ထြက္သြားႏိုင္ပါတယ္။

●        ေရျဖင့္ ေဆးခ်ပါ။

          ဒီနည္းကိုေတာ့ သိပ္အားမေပးပါဘူး။ အခန္႔မသင့္ပါက ေရေၾကာင့္ ပိုး၀င္ျခင္း ျဖစ္ႏိုင္ပါတယ္။ နားအတြက္ သီးသန္႔သံုးေသာ ေဆးထိုးႁပြန္ထဲသို႔ ေရခပ္ေႏြးေႏြးထည့္ၿပီး နားထဲသို႔ ေဆးထိုးႁပြန္ႏွင့္ ေရေဆးရမွာ ျဖစ္ပါတယ္။

          အထက္ပါနည္းလမ္းမ်ားႏွင့္ အဆင္မေျပလွ်င္ သို႔မဟုတ္ နား အလြန္နာက်င္ျခင္း၊ နားျပည္ယိုျခင္း၊ နားအၾကားအာ႐ံု ခ်ိဳ႕တဲ့ျခင္းတို႔ ျဖစ္ေပၚပါက နားအထူးကု ဆရာ၀န္ႏွင့္ အျမန္ဆံုး တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

#Unicode Version#
တစ်ခါတလေမှာ ကျွန်ုပ်တို့ နားတွင်းသို့ ပိုးကောင်ဝင်ခြင်း သို့မဟုတ် ပစ္စည်းတစ်ခုခု ညှပ်နေခြင်းတို့ ကြုံဖူးကြမှာပါ။ ထို့ပြင် အချို့သော ကလေးငယ်များ အဆော့မက်သောအရွယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နားထဲ၊ နှာခေါင်းထဲ စသော ကိုယ်ခန္ဓာရှိ အပေါက်များထဲသို့ ပစ္စည်းများထည့်ပြီး ကစားတတ်ကြပါတယ်။ မိဘများအနေနှင့် မိမိသားသမီးရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေသင့်ပြီး သင့်ကလေး၏ နားထဲသို့ အရာဝတ္ထုများ ဝင်သွားပါက အချိန်မီ ပြန်ထုတ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ပါက ပိုးဝင်ခြင်း (infection) ဖြစ်စေပြီး နာကျင်ခြင်းနှင့်အတူ အကြားအာရုံချို့တဲ့သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

          လူကြီးများအနေဖြင့် မိမိနားအတွင်း တစ်စုံတစ်ခု ဝင်နေကြောင်း သိရှိနိုင်သော်လည်း ငယ်လွန်းသော ကလေးများကတော့ သူတို့ဘာသာ သိနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် အလျင်အမြန် မထုတ်မိဘဲ အချိန်ကြာအောင် ညှပ်နေရာကနေ ပိတ်မိသည့်အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။

          သင် သို့မဟုတ် သင့်ကလေးငယ်၏ နားအတွင်းတွင် တစ်စုံတစ်ခု ပိတ်ဆို့နေပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

●        နားတွင်းသို့ မည်သည့်အရာနှင့်မျှ ကလော်ခြင်း မပြုပါနှင့်။ ထိုသို့ကလော်ခြင်းဖြင့် ပိတ်နေသောအရာကို နားတွင်းသို့ ပိုတောင်ဝင်သွားအောင် လုပ်သလိုဖြစ်ပြီး အခန့်မသင့်လျှင် နားစည်ကိုပါ ထိခိုက်စေမှာပါ။

●        ပိတ်ဆို့နေသောအရာကို အန္တရာယ်အကင်းဆုံးနည်းလမ်းဖြင့် အမြန်ဆုံး ဖယ်ရှားပါ။

●        ပိတ်နေသောအရာကို သေချာမြင်နေရပါက ဇာဂနာ သို့မဟုတ် သန့်ရှင်းသော ညှပ်တစ်ခုခုဖြင့် ဆွဲယူဖယ်ရှားနိုင်ပါတယ်။

●        ကမ္ဘာမြေရဲ့ဆွဲအားကို အသုံးချပါ။

          ပိတ်နေသောဘက်ကို ခေါင်းစောင်းပြီး ကမ္ဘာ့ဆွဲအားအတိုင်း အောက်သို့ ပြုတ်ကျအောင် ကြိုးစားနိုင်ပါတယ်။

●        အင်းဆက်ပိုး ဝင်ရောက်နေပါက ဆီကို အသုံးပြုပါ။

          သံလွင်ဆီ သို့မဟုတ် baby oil ကို အသုံးပြုနိုင်ပါတယ်။ အင်းဆက်ပိုးမွှား ဝင်ရောက်ခြင်းအတွက်သာ အသုံးပြုနိုင်ပြီး အခြားသောပစ္စည်းများ ဝင်ရောက်ပါက အသုံးမပြုသင့်ပါဘူး။ ရှေးဦးစွာ ပိုးကောင်ဝင်သည့်နားကို အပေါ်တွင်ထားပြီး ခေါင်းကိုစောင်းပါ။ ထို့နောက်ဆီကို ဖြည်းညင်းစွာ ထည့်ပေးပြီး မိနစ်ဝက်ခန့် ခေါင်းကို ငြိမ်ငြိမ်ထားပါ။ ထို့နောက် ခေါင်းကို ပိုးကောင်ဝင်သည့်ဘက်ကို ပြန်စောင်းချပါ။ ဆီနှင့်အတူ ပိုးကောင် ပြန်ထွက်သွားနိုင်ပါတယ်။

●        ရေဖြင့် ဆေးချပါ။

          ဒီနည်းကိုတော့ သိပ်အားမပေးပါဘူး။ အခန့်မသင့်ပါက ရေကြောင့် ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ နားအတွက် သီးသန့်သုံးသော ဆေးထိုးပြွန်ထဲသို့ ရေခပ်နွေးနွေးထည့်ပြီး နားထဲသို့ ဆေးထိုးပြွန်နှင့် ရေဆေးရမှာ ဖြစ်ပါတယ်။

          အထက်ပါနည်းလမ်းများနှင့် အဆင်မပြေလျှင် သို့မဟုတ် နား အလွန်နာကျင်ခြင်း၊ နားပြည်ယိုခြင်း၊ နားအကြားအာရုံ ချို့တဲ့ခြင်းတို့ ဖြစ်ပေါ်ပါက နားအထူးကု ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top