ေက်ာ္ေက်ာ္နႏၵရဲ႕ MTV တခုေၾကာင့္ MTV ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ေပးခဲ့တဲ့ ဇာဇာထက္နဲ႔ သူ႔ရဲ႕ခ်စ္သူတို႔ လမ္းခြဲလိုက္ၾကတယ္ဆိုတဲ့ သတင္းကိုေတာ့ ပရိသတ္ေတြ အားလံုးသိၿပီးသား ျဖစ္မွာပါ။ ေမာ္ဒယ္ဇာဇာထက္နဲ႔ သူ႔ရဲ႕ခ်စ္သူေကာင္ေလးတို႔ကေတာ့ ခ်စ္လ်က္နဲ႔ ဒီလိုမ်ိဳး အသံုးခ်ခံလိုက္ရတာေၾကာင့္ ပ်က္သြားခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္႐ွိမွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားမွာ မိက္ကပ္ဝတီစိုးကေတာ့ ဝင္ေရာက္ျဖန္ေျဖေပးခဲ့တာေၾကာင့္ ျပန္ၿပီး အဆင္ေျပသြားၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္သူတို႔ႏွစ္ေယာက္ကိုေတာ့ ဘယ္လိုျဖစ္လို႔ ဒီလိုေတြျဖစ္သြားရတာလဲဆိုတာကိုေတာ့ Sunday ကသြားေရာက္ အင္တာဗ်ဴးထားတာ ျဖစ္ပါတယ္။

အင္တာဗ်ဴးမွာေတာ့ ဇာဇာထက္ရဲ႕ ခ်စ္သူေကာင္ေလးကေတာ့ “ကိုေက်ာ္ေက်ာ္နႏၵက လာၿပီးေတာ့ အကူညီေတာင္းတာေပါ့ေနာ္။ အဲ့ဒါနဲ႔ သူကလည္းကူညီခိုင္းလို႔ ၿပီးေတာ့ က်ေတာ္တို႔ႏွစ္ေယာက္ကို အသံုးခ်တဲ့ ပံုစံလိုမ်ိဳး ျဖစ္သြားတာေၾကာင့္ က်ေနာ္လည္း စိတ္ဆိုးၿပီး သူနဲ႔က်ေနာ္ အဆင္မေျပျဖစ္သြားတာ။



အဲ့ေၾကာင့္ ခဏအဆက္သြယ္ ျဖတ္လိုက္ၾကတာပါ။ သူေဆးရံုေတြတက္တဲ့ အခ်ိန္မွာလည္း စိုးရိမ္ပါတယ္။ ဒါေပမယ့္ က်ေနာ္လည္း MTV ေၾကာင့္ ေတာ္ေတာ္ေလးကို စိတ္ညစ္ေနတာ။ ေနာက္ဆို က်ေနာ္လည္း သူ႔ကိုမ႐ိုက္ေစခ်င္ဘူး။ ေနာက္ထပ္ေတြလည္း က်ေနာ့္ကို အဲ့လိုမ်ိဳး႐ိုက္ဖို႔ဆို မေခၚပါနဲ႔လို႔ ေျပာခ်င္ပါတယ္”

ဇာဇာထက္ကေတာ့ “ဝတီစိုးေၾကာင့္ Surprise အႀကီးႀကီး ျဖစ္သြားပါၿပီ။ ဒါေပမယ့္လည္း အင္တာဗ်ဴးေလးမွာပဲ အဆင္ေျပေနတာ မျဖစ္ခ်င္ပါဘူး။ အျပင္မွာလည္း အမကို ေကာင္းေကာင္းမြန္မြန္ျပန္ ဆက္ဆံၿပီး အဆင္ေျပေျပျဖစ္ခ်င္ပါတယ္။ အမ ခံစားခဲ့ရတာ အမပဲ သိပါတယ္။ အမဖ်ားတာေတြဆိုတာကို ဝတီစိုးတို႔က ေနာက္ေနတယ္လို႔ပဲ ထင္ၾကတာေလ။ တကယ္ကူညီေပးၾကလို႔ ေက်းဇူးတင္ပါတယ္။ အမလည္း ေနာက္ဆိူ ဆင္ျခင္မယ္။ ဒါေၾကာင့္ အင္တာဗ်ဴးထဲမွာပဲ လူၾကားေကာင္းေအာင္ အဆင္ေျပတယ္လို႔ မေျပာပဲ အျပင္မွာလည္း အဆင္ေျပေအာင္ေနေပးပါ။ ကိုယ့္ကို မွတ္ေလာက္သားေလာက္ေအာင္ Lesson ေပးတယ္ဆိုရင္လည္း မွတ္ပါၿပီလုိ႔”

ဇာဇာထက္ရဲ ့ခ်စ္သူကေတာ့ “အဓိကကေတာ့ က်ေနာ္တို႔ အဆင္ေျပေအာင္လုပ္ေပးတဲ့ ကိုဝတီစိုးကို ေက်းဇူးတင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း နားခ်ၾကပါတယ္။ က်ေနာ္တို႔ ျပန္အဆင္ေျပေအာင္ေပါ့။ က်ေနာ္လည္း နားလည္ေအာင္ ႀကိဳးစားေနပါတယ္။ MTV တခုေၾကာင့္ က်ေနာ္တို႔ စိတ္ကသိကေအာက္ေတြ ျဖစ္ခဲ့ရတယ္။



အခုအဆင္ေျပေတာ့လည္း ပိုေကာင္းေအာင္ပဲ ႀကိဳးစားရေတာ့မွာေပါ့။ ဟန္ေဆာင္ၿပီးေတာ့ စိတ္ဆိုးတာေတာ့ မဟုတ္ပါဘူး။ က်ေနာ္တို႔ကလည္း အၾကာႀကီးတြဲခဲ့တာဆိုေတာ့ ျပတ္ဖို႔လည္း အစီစဥ္ မ႐ွိဘူးေပါ့။ အေၾကာင္းတခုခုေၾကာင့္ ဒီလိုျဖစ္သြားတာပါ” ဟု ေျပာၾကားသြားခဲ့ပါတယ္။ကဲ သူတို႔အတြဲေလးလည္း ျပန္ၿပီးေတာ့ အဆင္ေျပသြားၿပီဆိုေတာ့ ပရိသတ္ႀကီးလည္း သူတို႔နဲ႔ ထပ္တူဝမ္းသာမိမယ္လို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျော်ကျော်နန္ဒရဲ့ MTV တခုကြောင့် MTV ထဲမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ ဇာဇာထက်နဲ့ သူ့ရဲ့ချစ်သူတို့ လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ သတင်းကိုတော့ ပရိသတ်တွေ အားလုံးသိပြီးသား ဖြစ်မှာပါ။ မော်ဒယ်ဇာဇာထက်နဲ့ သူ့ရဲ့ချစ်သူကောင်လေးတို့ကတော့ ချစ်လျက်နဲ့ ဒီလိုမျိုး အသုံးချခံလိုက်ရတာကြောင့် ပျက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ သူတို့နှစ်ယောက်ကြားမှာ မိက်ကပ်ဝတီစိုးကတော့ ဝင်ရောက်ဖြန်ဖြေပေးခဲ့တာကြောင့် ပြန်ပြီး အဆင်ပြေသွားပြီလို့ သိရပါတယ်။ ဒါကြောင့်သူတို့နှစ်ယောက်ကိုတော့ ဘယ်လိုဖြစ်လို့ ဒီလိုတွေဖြစ်သွားရတာလဲဆိုတာကိုတော့ Sunday ကသွားရောက် အင်တာဗျူးထားတာ ဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ ဇာဇာထက်ရဲ့ ချစ်သူကောင်လေးကတော့ “ကိုကျော်ကျော်နန္ဒက လာပြီးတော့ အကူညီတောင်းတာပေါ့နော်။ အဲ့ဒါနဲ့ သူကလည်းကူညီခိုင်းလို့ ပြီးတော့ ကျတော်တို့နှစ်ယောက်ကို အသုံးချတဲ့ ပုံစံလိုမျိုး ဖြစ်သွားတာကြောင့် ကျနော်လည်း စိတ်ဆိုးပြီး သူနဲ့ကျနော် အဆင်မပြေဖြစ်သွားတာ။

အဲ့ကြောင့် ခဏအဆက်သွယ် ဖြတ်လိုက်ကြတာပါ။ သူဆေးရုံတွေတက်တဲ့ အချိန်မှာလည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် ကျနော်လည်း MTV ကြောင့် တော်တော်လေးကို စိတ်ညစ်နေတာ။ နောက်ဆို ကျနော်လည်း သူ့ကိုမရိုက်စေချင်ဘူး။ နောက်ထပ်တွေလည်း ကျနော့်ကို အဲ့လိုမျိုးရိုက်ဖို့ဆို မခေါ်ပါနဲ့လို့ ပြောချင်ပါတယ်”

ဇာဇာထက်ကတော့ “ဝတီစိုးကြောင့် Surprise အကြီးကြီး ဖြစ်သွားပါပြီ။ ဒါပေမယ့်လည်း အင်တာဗျူးလေးမှာပဲ အဆင်ပြေနေတာ မဖြစ်ချင်ပါဘူး။ အပြင်မှာလည်း အမကို ကောင်းကောင်းမွန်မွန်ပြန် ဆက်ဆံပြီး အဆင်ပြေပြေဖြစ်ချင်ပါတယ်။ အမ ခံစားခဲ့ရတာ အမပဲ သိပါတယ်။ အမဖျားတာတွေဆိုတာကို ဝတီစိုးတို့က နောက်နေတယ်လို့ပဲ ထင်ကြတာလေ။ တကယ်ကူညီပေးကြလို့ ကျေးဇူးတင်ပါတယ်။ အမလည်း နောက်ဆိူ ဆင်ခြင်မယ်။ ဒါကြောင့် အင်တာဗျူးထဲမှာပဲ လူကြားကောင်းအောင် အဆင်ပြေတယ်လို့ မပြောပဲ အပြင်မှာလည်း အဆင်ပြေအောင်နေပေးပါ။ ကိုယ့်ကို မှတ်လောက်သားလောက်အောင် Lesson ပေးတယ်ဆိုရင်လည်း မှတ်ပါပြီလို့”

ဇာဇာထက်ရဲ့ချစ်သူကတော့ “အဓိကကတော့ ကျနော်တို့ အဆင်ပြေအောင်လုပ်ပေးတဲ့ ကိုဝတီစိုးကို ကျေးဇူးတင်ပါတယ်။ တော်တော်များများလည်း နားချကြပါတယ်။ ကျနော်တို့ ပြန်အဆင်ပြေအောင်ပေါ့။ ကျနော်လည်း နားလည်အောင် ကြိုးစားနေပါတယ်။ MTV တခုကြောင့် ကျနော်တို့ စိတ်ကသိကအောက်တွေ ဖြစ်ခဲ့ရတယ်။

အခုအဆင်ပြေတော့လည်း ပိုကောင်းအောင်ပဲ ကြိုးစားရတော့မှာပေါ့။ ဟန်ဆောင်ပြီးတော့ စိတ်ဆိုးတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ကလည်း အကြာကြီးတွဲခဲ့တာဆိုတော့ ပြတ်ဖို့လည်း အစီစဉ် မရှိဘူးပေါ့။ အကြောင်းတခုခုကြောင့် ဒီလိုဖြစ်သွားတာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။ကဲ သူတို့အတွဲလေးလည်း ပြန်ပြီးတော့ အဆင်ပြေသွားပြီဆိုတော့ ပရိသတ်ကြီးလည်း သူတို့နဲ့ ထပ်တူဝမ်းသာမိမယ်လို့ ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top