

Credit: MC Exclusiveqq
#Unicode Version#
မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်တဲ့ ကျော်မင်းဦး ဟာ သူ့ရဲ့ ခြေထောက်မှာ ရရှိခဲ့တဲ့ ဘောလုံးလောကကနေ လုံး၀ အနားယူလာဖို့ ထိ ဖြစ်လာခဲ့ပြီး သူ့ရဲ့ နေထိုင်ရာ အရပ်ဒေသသို့ ပြန်ကာ မိသားစုရဲ့ အလုပ်ကို ကူလုပ်ပေးကာ အသက်မွေးဝမ်းကြောင်းပြုတော့ မယ်လို့ ဆုံးဖြတ်ခဲ့သလို သူ့ရဲ့ ပရိသတ်တွေကလည်း လက်ရွေးစင်ကစားသမားတစ်ယောက် ဆုံးရှူံးရတော့မှာမို့ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အောင် ရဲ့ ကူညီပေးမှုနဲ့ ခြေထာက်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကို ဘန်ကောက်ထိ သွားရောက်ကုသစေခဲ့ပြီး ဒဏ်ရာပျောက်ကင်းဖို့ ရာခိုင်နှုန်းအလွန်များတာကြောင့် ကျော်မင်းဦးဟာ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာပြီး ထပ်ကစားနိုင်တော့မှာဖြစ်ပါတယ်။
သူငယ်ချင်ေးတွဖြစ်တဲ့ လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ လတ်တလောမှာ မဆုံဖြစ်ကြပေမဲ့လည်း လိုင်းပေါ်မှာသာ ဂိမ်းဆော့ရင်း ဆုံဖြစ်သလို သူငယ်ချင်းလိုမျိုး အိမ်ထောင်သည်ဘဝကို အားကျပေမဲ့ အချိန်လိုပါသေးတယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ကျော်မင်းဦးတစ်ယောက် ချစ်သူ မရှိသေးပေမဲ့လည်း သူနှစ်သက်သဘောကျတဲ့ ကောင်မလေးအကြောင်းကို ခုလို ပြောပြခဲ့ပြီး သူသဘောကျတဲ့ မိန်းကေလးပုံစံမျိုးကတော့ အရပ်ရှည်ရှည်နဲ့ တည်တည်ငြိမ်ငြိမ်ရှိတာမျိုးလေးကို သဘောကျပါတယ်လို့ ဆိုထားပါတယ်။ ပရိသတ်ကြီးကကော … သူ့ကို ချစ်သူရစေချင်ပြီလား…နော်.။
ဖိုးသူတော်(www.phothutaw.com)
Credit: MC Exclusiveqq