စိတ္ေတြ မေကာင္းလြန္းလုိ႔ပါ။ ။

ေနာင္ဘဝမွာအခုလုိအျဖစ္စ္ုိးမ်ိဳးနဲ႔ကင္းေဝးႀကပါေစ။ ။

ခ်င္​းတြင္​းတံတား​ေအာက္​ ​​ေရယာဥ္​နစ္​ျမဳပ္​မႈ႔တြင္မိသားစုတစ္​စု ပါဝင္​ခဲ့ၿပီး မိခင္​သာ အသက္​႐ွင္​ခဲ႔ပါသည္။

ယေန႔မနက္ ၉နာရီခန္႔က ျဖစ္ပြားခဲ႔ေသာ ေဖာင္ဆြဲေမာ္ေတာ္ နစ္ျမဳပ္မႈ႕တြင္ ​ေမာ္​​ေတာ္​၏ ကိုယ္​စားလွယ္​ မိသားစုတစ္​စုပါဝင္​ခဲ့ၿပီး မိခင္​ျဖစ္​သူသာလြတ္​​ေျမာက္​ခဲ့သည္​။

မိသားစု ဝင္ ၄ဦး ပါဝင္လာရာ ၈ႏွစ္အရြယ္ႏွင္​့၈လအရြယ္ သားေယာက်ာ္းေလးႏွစ္​ဦးႏွင္​့ ဖခင္ျဖစ္သူ ေသဆံုးသြားျပီး မိခင္ျဖစ္သူမွာ လြတ္ေျမာက္လာျခင္းျဖစ္သည္။

ေသဆုံးသူ

ကုိဇာနည္-အသက္(၃၆)နွစ္

ထူးသန္႔ဇာနည္-အသက္(၈) နွစ္

ဇဲြသန္႔ဇာနည္ -အသက္(၈) လ တုိ႕အား

မုံရြာေဆးရုံႀကီး ရင္ခြဲရုံမွ ဆားလင္းႀကီးျမိဳ႕နယ္ ေပါင္းဝေက်းရြာ ၎တုိ႕၏ေနအိမ္သုိ႔ျပန္လည္ပုိ႕ေဆာင္ေပးခဲ့။

#သုခဟိတနာေရးကူညီမႈ႕ႏွင့္ေသြးလွဴရွင္သင္း – ၀၇၁ ၂၄၉၉၄

ယေန႔မနက္ ၉နာရီခန္႔က ျဖစ္ပြားခဲ႔ေသာ ေဖာင္ဆြဲေမာ္ေတာ္ နစ္ျမွဳပ္မႈတြင္ ​ေမာ္​​ေတာ္​၏ ကိုယ္​စားလွယ္​ မိသားစုတစ္​စုပါဝင္​ခဲ့ၿပီးမိခင္​ျဖစ္​သူသာလြတ္​​ေျမာက္​ခဲ့သည္​။

မိသားစု ဝင္ ၄ဦးပါဝင္လာရာ ၄ႏွစ္အရြယ္ႏွင္​့၈လအရြယ္ သားေယာက်ာ္းေလးႏွစ္​ဦးႏွင္​့ ဖခင္ျဖစ္သူ ေသဆံုးသြားျပီး မိခင္ျဖစ္သူမွာ လြတ္ေျမာက္လာျခင္းျဖစ္သည္။

နစ္ျမွုပ္သြားသည့္ ေမာ္ေတာ္ေပၚတြင္ စလင္၊ေရယာဥ္အုပ္၊စခန္းအုပ္၊ကိုယ္စားလွယ္မိသားစု ႏွင့္ ေဖာင္ဆြဲလုပ္သားမ်ားစုစု​ေပါင္​း၁၁ဦးပါဝင္​ခဲ့သည္​။

ေမာ္ေတာ္ စက္ေခါင္းတြင္လိုက္ပါလာသည့္ စက္​ခန္းအုပ္ျဖစ္သူဦးေအာင္သန္းစိုး၏ ေျပာျပခ်က္အရ အလံုျမိဳ႕ ကိုင္းဘက္သို႔အင္ ကညင္ ေဖာင္သြားဆြဲသည့္ ေမာ္ေတာ္သည္ ကုန္တင္သံခြံယာဥ္ကို ေက်ာ္အတက္တြင္ တက္မညပ္ျပီး သံခြံထည္အား တိုက္မိကာ ယ​ေန႔ ​ေမလ ၂၆ရက္​နံနက္​ပိုင္​းက နစ္ျမွဳပ္ခဲ့ျခင္​းျဖစ္​သည္​။

“တိုက္ျပီးခ်က္ခ်င္းေမွာက္သြားတာ။က်ြန္ေတာ့္အေပၚမွာ ေမာ္ေတာ္၊ေအာက္မွာေျမၾကီးစမ္းမိတာဆိုေတာ့ သြားျပီထင္တာ။တျဖည္းျဖည္းစမ္းရင္း အလင္းေရာင္ရွိတဲ႔ဘက္ ထြက္လာလိုက္တာ”ဟု ဦးေအာင္သန္းစိုးက ဆက္ေျပာျပသည္။

ေမာ္ေတာ္ေပၚတြင္ပါသည့္ ေဖာင္ဆြဲလုပ္သားျဖစ္သူ ဦးမ်ိဳးဝင္း၏ေျပာျပခ်က္အရ ၄င္းတို႔ေမာ္ေတာ္မွာ ဗိုလ္ေဇာ္ေအာင္၁ ျဖစ္ျပီးအလံုျမိဳ႕ ကိုင္းဘက္သို႔ အင္ကညင္ ေဖာင္မ်ားသြားေရာက္သယ္ယူၾကျခင္းျဖစ္သည္ဟု သိရသည္။

ေဖာင္ဆြဲလုပ္သားမ်ားမွာ ဆားလင္းၾကီးျမိဳ႔နယ္ ေပါင္းဝရြာမွျဖစ္ၾကၿပီး၄င္းတို႔ လုပ္ငန္းမွာ ေဖာင္ဖြဲ႔ေရးမွ ပုဂၢလိကသို႔ ကန္ထရိုက္ေပး လုပ္ခိုင္းသည့္ လုပ္ငန္းျဖစ္သည္ဟု သိရသည္။

​ေမာ္​​ေတာ္​မွာ လူမ်ား​ေပၚတြင္​​ေမွာက္​ခ်ခဲ့သလိုျဖစ္​ခဲ့ရၿပီး ႐ုပ္​​အ​ေလာင္​းမ်ားကို မီးသတ္​တပ္​ဖြဲ႔မွ လႊစက္​မ်ားျဖင္​့ ​ေမာ္​​ေတာ္​ဝမ္​းဗိုက္​ကို ​ေဖာက္​၍ဆယ္​ယူခဲ့ရသည္​။ ​ေသဆံုးသူစုစု​ေပါင္​း၅ဦး ​ေသဆံုးခဲ့ၿပီး ၆ဦး အသက္​႐ွင္​ခဲ့သည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Monywa Gazette

#Unicode Version# ျဖင့္ဖတ္ပါ ။

စိတ်တွေ မကောင်းလွန်းလို့ပါ။ ။

နောင်ဘဝမှာအခုလိုအဖြစ်စိုးမျိုးနဲ့ကင်းဝေးကြပါစေ။ ။

ချင်းတွင်းတံတားအောက် ရေယာဉ်နစ်မြုပ်မှု့တွင်မိသားစုတစ်စု ပါဝင်ခဲ့ပြီး မိခင်သာ အသက်ရှင်ခဲ့ပါသည်။

ယနေ့မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့သော ဖောင်ဆွဲမော်တော် နစ်မြုပ်မှု့တွင် မော်တော်၏ ကိုယ်စားလှယ် မိသားစုတစ်စုပါဝင်ခဲ့ပြီး မိခင်ဖြစ်သူသာလွတ်မြောက်ခဲ့သည်။

မိသားစု ဝင် ၄ဦး ပါဝင်လာရာ ၈နှစ်အရွယ်နှင့်၈လအရွယ် သားယောကျာ်းလေးနှစ်ဦးနှင့် ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ လွတ်မြောက်လာခြင်းဖြစ်သည်။

သေဆုံးသူ

ကိုဇာနည်-အသက်(၃၆)နှစ်

ထူးသန့်ဇာနည်-အသက်(၈) နှစ်

ဇွဲသန့်ဇာနည် -အသက်(၈) လ တို့အား

မုံရွာဆေးရုံကြီး ရင်ခွဲရုံမှ ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာ ၎င်းတို့၏နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့။

#သုခဟိတနာရေးကူညီမှု့နှင့်သွေးလှူရှင်သင်း – ၀၇၁ ၂၄၉၉၄

ယနေ့မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့သော ဖောင်ဆွဲမော်တော် နစ်မြှုပ်မှုတွင် မော်တော်၏ ကိုယ်စားလှယ် မိသားစုတစ်စုပါဝင်ခဲ့ပြီးမိခင်ဖြစ်သူသာလွတ်မြောက်ခဲ့သည်။

မိသားစု ဝင် ၄ဦးပါဝင်လာရာ ၄နှစ်အရွယ်နှင့်၈လအရွယ် သားယောကျာ်းလေးနှစ်ဦးနှင့် ဖခင်ဖြစ်သူ သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ လွတ်မြောက်လာခြင်းဖြစ်သည်။

နစ်မြှုပ်သွားသည့် မော်တော်ပေါ်တွင် စလင်၊ရေယာဉ်အုပ်၊စခန်းအုပ်၊ကိုယ်စားလှယ်မိသားစု နှင့် ဖောင်ဆွဲလုပ်သားများစုစုပေါင်း၁၁ဦးပါဝင်ခဲ့သည်။

မော်တော် စက်ခေါင်းတွင်လိုက်ပါလာသည့် စက်ခန်းအုပ်ဖြစ်သူဦးအောင်သန်းစိုး၏ ပြောပြချက်အရ အလုံမြို့ ကိုင်းဘက်သို့အင် ကညင် ဖောင်သွားဆွဲသည့် မော်တော်သည် ကုန်တင်သံခွံယာဉ်ကို ကျော်အတက်တွင် တက်မညပ်ပြီး သံခွံထည်အား တိုက်မိကာ ယနေ့ မေလ ၂၆ရက်နံနက်ပိုင်းက နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပြီးချက်ချင်းမှောက်သွားတာ။ကျွန်တော့်အပေါ်မှာ မော်တော်၊အောက်မှာမြေကြီးစမ်းမိတာဆိုတော့ သွားပြီထင်တာ။တဖြည်းဖြည်းစမ်းရင်း အလင်းရောင်ရှိတဲ့ဘက် ထွက်လာလိုက်တာ”ဟု ဦးအောင်သန်းစိုးက ဆက်ပြောပြသည်။

မော်တော်ပေါ်တွင်ပါသည့် ဖောင်ဆွဲလုပ်သားဖြစ်သူ ဦးမျိုးဝင်း၏ပြောပြချက်အရ ၎င်းတို့မော်တော်မှာ ဗိုလ်ဇော်အောင်၁ ဖြစ်ပြီးအလုံမြို့ ကိုင်းဘက်သို့ အင်ကညင် ဖောင်များသွားရောက်သယ်ယူကြခြင်းဖြစ်သည်ဟု သိရသည်။

ဖောင်ဆွဲလုပ်သားများမှာ ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာမှဖြစ်ကြပြီး၎င်းတို့ လုပ်ငန်းမှာ ဖောင်ဖွဲ့ရေးမှ ပုဂ္ဂလိကသို့ ကန်ထရိုက်ပေး လုပ်ခိုင်းသည့် လုပ်ငန်းဖြစ်သည်ဟု သိရသည်။

မော်တော်မှာ လူများပေါ်တွင်မှောက်ချခဲ့သလိုဖြစ်ခဲ့ရပြီး ရုပ်အလောင်းများကို မီးသတ်တပ်ဖွဲ့မှ လွှစက်များဖြင့် မော်တော်ဝမ်းဗိုက်ကို ဖောက်၍ဆယ်ယူခဲ့ရသည်။ သေဆုံးသူစုစုပေါင်း၅ဦး သေဆုံးခဲ့ပြီး ၆ဦး အသက်ရှင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Monywa Gazette
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top