ကေလးေပါင္ဒါဆိုရင္ ကေလးေတြ အတြက္ပဲ သုံးရတယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။ ကေလးေပါင္ဒါက လူႀကီးေတြအတြက္လည္း အမ်ားႀကီး အသုံးဝင္ပါတယ္။

1. မ်က္ေတာင္ကို ထူေစတယ္။

မ်က္ေတာင္ေပၚမွာ mascara သုံးၿပီးရင္ ေပါင္ဒါ အနည္းငယ္ကို ဘရက္ရွ္နဲ႔ ယူၿပီး မ်က္ေတာင္ေပၚတင္ေပးပါ။ ၿပီးေတာ့ mascara ေနာက္တစ္ထပ္နဲ႔ မ်က္ေတာင္ကို ျပန္ေကာ့ပါ။ အဲဒါဆို မ်က္ေတာင္က ရွည္ၿပီး ထူတယ္လို႔ ထင္ရေစပါတယ္။

2. ရႈပ္ေထြးေနတဲ့ ဆြဲႀကိဳးကို လြယ္လြယ္ကူကူနဲ႔ ျဖည္ေပးႏိုင္တယ္။

ရႈပ္ေထြးေနတဲ့ ဆြဲႀကိဳးေပၚကို ေပါင္ဒါမႈန႔္ အနည္းငယ္ ျဖဴးၿပီး ဆြဲႀကိဳးကို ညင္ညင္သာသာေလးပြတ္ေပးပါ။ ဆြဲႀကိဳးရစ္ေနတာ ေျပသြားပါလိမ့္မယ္။

3. ေခါင္းေလွ်ာ္ရည္ အေျခာက္အျဖစ္လည္း သုံးႏိုင္တယ္။

ေခါင္းက အဆီေတြထြက္ၿပီး ေခါင္းေလွ်ာ္ဖို႔ အခ်ိန္မရွိရင္ ဒီနည္းလမ္းကို သုံးႏိုင္ပါတယ္။ ကေလးေပါင္ဒါ အနည္းငယ္နဲ႔ ဆံပင္အျမစ္ေတြ အထိ ေရာက္ေအာင္ ႏွိပ္နယ္ေပးပါ။ ၿပီးေတာ့ ေခါင္းၿဖီးလိုက္လို႔ ရပါၿပီ။ ဒီနည္းလမ္းက ေခါင္းေန႔တိုင္း ေလွ်ာ္စရာမလိုဘဲ ဆံပင္ကို က်န္းမာေစပါတယ္။

4. အက်ႌေပၚက ဆီစြန္းကြက္ ေတြကို ဖယ္ရွားေပးတယ္။

အက်ႌေပၚက အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ ဆိုရင္ ေပါင္ဒါမႈန႔္ကို အက်ႌရဲ႕ အတြင္းေရာ အျပင္မွာပါ ျဖဴးထားလိုက္ပါ။ ေပါင္ဒါမႈန႔္က ဆီေတြကို စုပ္ယူသြားေအာင္ တစ္နာရီၾကာ ထားပါ။ တစ္နာရီၾကာထားၿပီး ေလွ်ာ္လိုက္ရင္ အစြန္းအထင္းေတြ ေပ်ာက္သြားပါၿပီ။

5. ေျခေထာက္နဲ႔ ဖိနပ္ေပၚက သဲေတြကို ဖယ္ရွားေပးတယ္။

ကမ္းေျခေရာက္ရင္ သဲအစိုေတြက ေျခေထာက္နဲ႔ ဖိနပ္မွာ ကပ္ေနတတ္ပါတယ္။ သဲကပ္ေနတဲ့ေနရာမွာ ေပါင္ဒါမႈန႔္ကို ျဖဴးေပးလိုက္ပါ။ ကေလးေပါင္ဒါက အသားအေရေပၚက ဖယ္ရွားေပးလို႔ သဲေတြေျခာက္သြားမွာပါ။ ဖိနပ္မွာ သဲအစိုေတြ ကပ္ေနရင္လည္း ေပါင္ဒါမႈန႔္ ျဖဴးၿပီး ဖိနပ္ကို ခါေပး လိုက္ျခင္းျဖင့္ သဲေတြကို ဖယ္ရွားႏိုင္ပါတယ္။

6. အိပ္ယာခင္းေတြကို ေမႊးပ်ံ႕ေစတယ္။

ပူအိုက္တဲ့ညေတြမွာ ကေလးေပါင္ဒါကို အိပ္ယာခင္းေပၚ ျဖဴးထားေပးရင္ ရနံ႔ေမႊးၿပီး အိပ္ေပ်ာ္လြယ္ေစပါတယ္။

7. သားေရအက်ႌေတြကို အသစ္အတိုင္း ျဖစ္ေစတယ္။

သင့္ရဲ႕ သားေရအက်ႌေတြကို အသစ္အတိုင္း ျပန္ျဖစ္ခ်င္ရင္ ေပါင္ဒါမႈန႔္ကို သားေရအက်ႌေပၚ ျဖဴးၿပီး အဝတ္စႏုႏုေလးနဲ႔ လိုက္ပြတ္ေပးလိုက္႐ုံ ပါပဲ။

8. တိရစာၦန္ေတြရဲ႕ အေမြးေတြကို လွပေစတယ္။

ေပါင္ဒါမႈန႔္ကို ေခြးေလးေတြရဲ႕ အေမြးေတြေပၚ တင္ၿပီး ညင္သာစြာ ၿဖီးေပးရမွာပါ။ ဒါေပမယ့္ ေခြးေလးေတြရဲ႕ မ်က္လုံးနဲ႔ ႏွာေခါင္းကို ေပါင္ဒါမႈန႔္ မဝင္ေအာင္ေတာ့ ဂ႐ုစိုက္ ရမွာပါ။

9. ဖေယာင္းနဲ႔ အေမြးခြၽတ္ရာမွာ အသုံးဝင္တယ္။

ဖေယာင္းကို မတင္ခင္မွာ ေပါင္ဒါမႈန႔္ကို အရင္ျဖဴးေပး ရမွာပါ။ ေပါင္ဒါမႈန႔္က အသားေပၚ ဖေယာင္းစြဲေစၿပီး ဖေယာင္းနဲ႔ အေမြးခြၽတ္တဲ့အခါ နာက်င္မႈ နည္းေစပါတယ္။ ဖေယာင္းကို ခြာလိုက္တဲ့အခါ အသားအေရက ေခ်ာေမြ႕ေနမွာပါ။

10. တိရစာၦန္ေတြရဲ႕ အညစ္အေၾကး အနံ႔ေတြကို ဖယ္ရွားေပးတယ္။

အိမ္မွာေမြးထားတဲ့ ေခြးေလးေတြ၊ ေၾကာင္ေလးေတြက ေကာ္ေဇာေပၚမွာ အညစ္အေၾကး စြန႔္ထားရင္ ေပါင္ဒါမႈန႔္ ျဖဴးထားၿပီး တစ္နာရီၾကာ ထားေပး႐ုံပါပဲ။ အဲဒီအခါ အနံ႔အသက္ေတြ မရွိေတာ့ပါဘူး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Zombie(Loveအတိုအစေလးမ်ား)

#Unicode Version#
ကလေးပေါင်ဒါဆိုရင် ကလေးတွေ အတွက်ပဲ သုံးရတယ်လို့ လူအများစုက ထင်ကြပါတယ်။ ကလေးပေါင်ဒါက လူကြီးတွေအတွက်လည်း အများကြီး အသုံးဝင်ပါတယ်။

1. မျက်တောင်ကို ထူစေတယ်။

မျက်တောင်ပေါ်မှာ mascara သုံးပြီးရင် ပေါင်ဒါ အနည်းငယ်ကို ဘရက်ရှ်နဲ့ ယူပြီး မျက်တောင်ပေါ်တင်ပေးပါ။ ပြီးတော့ mascara နောက်တစ်ထပ်နဲ့ မျက်တောင်ကို ပြန်ကော့ပါ။ အဲဒါဆို မျက်တောင်က ရှည်ပြီး ထူတယ်လို့ ထင်ရစေပါတယ်။

2. ရှုပ်ထွေးနေတဲ့ ဆွဲကြိုးကို လွယ်လွယ်ကူကူနဲ့ ဖြည်ပေးနိုင်တယ်။

ရှုပ်ထွေးနေတဲ့ ဆွဲကြိုးပေါ်ကို ပေါင်ဒါမှုန့် အနည်းငယ် ဖြူးပြီး ဆွဲကြိုးကို ညင်ညင်သာသာလေးပွတ်ပေးပါ။ ဆွဲကြိုးရစ်နေတာ ပြေသွားပါလိမ့်မယ်။

3. ခေါင်းလျှော်ရည် အခြောက်အဖြစ်လည်း သုံးနိုင်တယ်။

ခေါင်းက အဆီတွေထွက်ပြီး ခေါင်းလျှော်ဖို့ အချိန်မရှိရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ကလေးပေါင်ဒါ အနည်းငယ်နဲ့ ဆံပင်အမြစ်တွေ အထိ ရောက်အောင် နှိပ်နယ်ပေးပါ။ ပြီးတော့ ခေါင်းဖြီးလိုက်လို့ ရပါပြီ။ ဒီနည်းလမ်းက ခေါင်းနေ့တိုင်း လျှော်စရာမလိုဘဲ ဆံပင်ကို ကျန်းမာစေပါတယ်။

4. အင်္ကျီပေါ်က ဆီစွန်းကွက် တွေကို ဖယ်ရှားပေးတယ်။

အင်္ကျီပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ဆိုရင် ပေါင်ဒါမှုန့်ကို အင်္ကျီရဲ့ အတွင်းရော အပြင်မှာပါ ဖြူးထားလိုက်ပါ။ ပေါင်ဒါမှုန့်က ဆီတွေကို စုပ်ယူသွားအောင် တစ်နာရီကြာ ထားပါ။ တစ်နာရီကြာထားပြီး လျှော်လိုက်ရင် အစွန်းအထင်းတွေ ပျောက်သွားပါပြီ။

5. ခြေထောက်နဲ့ ဖိနပ်ပေါ်က သဲတွေကို ဖယ်ရှားပေးတယ်။

ကမ်းခြေရောက်ရင် သဲအစိုတွေက ခြေထောက်နဲ့ ဖိနပ်မှာ ကပ်နေတတ်ပါတယ်။ သဲကပ်နေတဲ့နေရာမှာ ပေါင်ဒါမှုန့်ကို ဖြူးပေးလိုက်ပါ။ ကလေးပေါင်ဒါက အသားအရေပေါ်က ဖယ်ရှားပေးလို့ သဲတွေခြောက်သွားမှာပါ။ ဖိနပ်မှာ သဲအစိုတွေ ကပ်နေရင်လည်း ပေါင်ဒါမှုန့် ဖြူးပြီး ဖိနပ်ကို ခါပေး လိုက်ခြင်းဖြင့် သဲတွေကို ဖယ်ရှားနိုင်ပါတယ်။

6. အိပ်ယာခင်းတွေကို မွှေးပျံ့စေတယ်။

ပူအိုက်တဲ့ညတွေမှာ ကလေးပေါင်ဒါကို အိပ်ယာခင်းပေါ် ဖြူးထားပေးရင် ရနံ့မွှေးပြီး အိပ်ပျော်လွယ်စေပါတယ်။

7. သားရေအင်္ကျီတွေကို အသစ်အတိုင်း ဖြစ်စေတယ်။

သင့်ရဲ့ သားရေအင်္ကျီတွေကို အသစ်အတိုင်း ပြန်ဖြစ်ချင်ရင် ပေါင်ဒါမှုန့်ကို သားရေအင်္ကျီပေါ် ဖြူးပြီး အဝတ်စနုနုလေးနဲ့ လိုက်ပွတ်ပေးလိုက်ရုံ ပါပဲ။

8. တိရစ္ဆာန်တွေရဲ့ အမွေးတွေကို လှပစေတယ်။

ပေါင်ဒါမှုန့်ကို ခွေးလေးတွေရဲ့ အမွေးတွေပေါ် တင်ပြီး ညင်သာစွာ ဖြီးပေးရမှာပါ။ ဒါပေမယ့် ခွေးလေးတွေရဲ့ မျက်လုံးနဲ့ နှာခေါင်းကို ပေါင်ဒါမှုန့် မဝင်အောင်တော့ ဂရုစိုက် ရမှာပါ။

9. ဖယောင်းနဲ့ အမွေးချွတ်ရာမှာ အသုံးဝင်တယ်။

ဖယောင်းကို မတင်ခင်မှာ ပေါင်ဒါမှုန့်ကို အရင်ဖြူးပေး ရမှာပါ။ ပေါင်ဒါမှုန့်က အသားပေါ် ဖယောင်းစွဲစေပြီး ဖယောင်းနဲ့ အမွေးချွတ်တဲ့အခါ နာကျင်မှု နည်းစေပါတယ်။ ဖယောင်းကို ခွာလိုက်တဲ့အခါ အသားအရေက ချောမွေ့နေမှာပါ။

10. တိရစ္ဆာန်တွေရဲ့ အညစ်အကြေး အနံ့တွေကို ဖယ်ရှားပေးတယ်။

အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေက ကော်ဇောပေါ်မှာ အညစ်အကြေး စွန့်ထားရင် ပေါင်ဒါမှုန့် ဖြူးထားပြီး တစ်နာရီကြာ ထားပေးရုံပါပဲ။ အဲဒီအခါ အနံ့အသက်တွေ မရှိတော့ပါဘူး။

ဖိုးသူတော်(www.phothutaw.com)
Credit:Zombie(Loveအတိုအစလေးများ)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top