စံုတြဲေလးတို႔ေရ အခုတြဲေနတဲ့သူက ကိုယ့္ရဲ႕ လက္တြဲေဖာ္ဆိုတာ ေသခ်ာၿပီလား၊ ကိုယ္က အခုလက္ရွိရည္းစားကို ခ်စ္ေတာ့ ခ်စ္ေနတယ္၊ ဒါေပမယ့္ တခါတေလမွာ ဒါဟာ ကိုယ့္ဘဝတစ္ေလွ်ာက္လံုး လက္တြဲထားရမယ့္ လက္တြဲေဖာ္ ဟုတ္ရဲ႕လားလို႔ ေတြးမိတဲ့ အခိုက္အတန္႔ေတြလည္း ရွိမွာပါ။

ဒီေတာ့ ကိုယ့္ရဲ႕လက္ရွိသူဟာ ကိုယ့္ရဲ႕လက္တြဲေဖာ္ ဟုတ္ မဟုတ္ သိႏိုင္မယ့္ နည္းလမ္းေလးေတြနဲ႔ အရင္ဆံုး စဥ္းစားၾကည့္ရေအာင္ေနာ္။

သူ႔နဲ႔ အတူ ရွိေနရတဲ့ အခုိက္အတန္႔

စံုတြဲေလးတို႔အေနနဲ႔ ကိုယ့္ခ်စ္သူေလးနဲ႔ အတူတူ ရွိေနတဲ့ အခ်ိန္ အခိုက္အတန္႔ကို ေတြးၾကည့္ပါ။ အဲဒီအခ်ိန္မွာ ကိုယ္က တကယ္ပဲ ေပ်ာ္ရႊင္ရဲ႕လား၊ စိတ္လံုျခံဳမႈေတြ အျပည့္အဝ ရရွိလား၊ သူနဲ႔ အတူတူ တြဲသြားရတိုင္း ေပ်ာ္ေနလား၊ ဒီအခုိက္အတန္႔ေတြကို စဥ္းစားၿပီး အေျဖရွာပါ။ ကိုယ္က အတူရွိေနတဲ့အခ်ိန္တိုင္း ေပ်ာ္ရႊင္မႈေတြ အျပည့္အဝ မရရွိဘူးဆိုရင္ေတာ့ လက္လႊတ္လိုက္တာ အေကာင္းဆံုးပါပဲ။

ကိုယ့္ရဲ႕ေကာင္းက်ိဳးကို လိုလားတဲ့သူ

ကိုယ့္ဘဝရဲ႕ လက္တြဲေဖာ္ အစစ္အမွန္ျဖစ္ဖုိ႔ဆိုရင္ ကိုယ့္ရဲ႕ေကာင္းက်ိဳးေတြကို ကိုယ့္ထက္ လိုလားတဲ့သူ ျဖစ္ဖုိ႔ အေရးႀကီးပါတယ္။ ကိုယ့္ကို ခ်စ္တဲ့သူက ကိုယ္တိုးတက္ေအာင္၊ အလုပ္အဆင္ေျပေအာင္ စတဲ့ ေကာင္းက်ိဳးေတြကို လိုလားမွသာ စံုတြဲေလးတို႔ ဘဝတစ္ေလွ်ာက္လံုး ေအးခ်မ္းသာယာမွာပါ။

 ေနာက္ၿပီး ကိုယ့္ကို ေကာင္းတဲ့အခ်က္ေတြ ခ်ီးမႊမ္းဖုိ႔ လိုသလို မေကာင္းတဲ့အခ်က္ေတြ ရွိေနရင္လည္း လမ္းျပၿပီး ျပင္ဆင္ေပးတဲ့သူမ်ိဳးဆိုရင္ေတာ့ ေသခ်ာပါတယ္ အဲဒီလူဟာ ကိုယ့္ဘဝရဲ႕ လက္တြဲေဖာ္ပါ။

မေလးမစားဆက္ဆံတဲ့သူ

ေရရွည္လက္တြဲမယ့္ စံုတြဲေလးတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ေလးစားမႈေတြ ရွိသင့္ပါတယ္။ ကိုယ့္ရဲ႕ စိတ္ပူတာေတြ၊ ခံစားခ်က္ေတြကို မေလးမစား ဆက္ဆံတာေတြက ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို မေလးမစား ဆက္ဆံတယ္၊ လ်စ္လ်ဴရွဴတယ္ဆိုရင္ေတာ့ အျမန္ဆံုးသာ လက္လႊတ္လိုက္ပါ။

အတိတ္ေတြေၾကာင့္ စိတ္ညစ္ေစတာ

စံုတြဲေလးတို႔ၾကားမွာ အတိတ္က စိတ္ညစ္စရာေတြ ရွိမွာပါ။ အတိတ္က ကိစၥေတြကိုပဲ တစ္ခ်ိန္လံုး ျပန္ေျပာျပေနၿပီး ျပႆနာေတြ အျမဲတမ္း ရွာေနတယ္ဆိုရင္ေတ့ာ တစ္ေလွ်ာက္လံုး စိတ္ညစ္ရမွာပါ။ တကယ့္လက္တြဲေဖာ္ အစစ္ဆိုတာ ကိုယ္ရဲ႕ မ်က္ရည္ေတြကို လံုးဝ မျမင္ခ်င္တဲ့သူပါ။ ကိုယ့္ကို စိတ္ညစ္ေစတယ္ဆိုရင္ေတာ့ လက္တြဲေဖာ္ျဖစ္ဖုိ႔ ျပန္လည္စဥ္းစားသင့္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


စုံတွဲလေးတို့ရေ အခုတွဲနေတဲ့သူက ကိုယ့်ရဲ့ လက်တွဲဖော်ဆိုတာ သေချာပြီလား၊ ကိုယ်က အခုလက်ရှိရည်းစားကို ချစ်တော့ ချစ်နေတယ်၊ ဒါပေမယ့် တခါတလေမှာ ဒါဟာ ကိုယ့်ဘဝတစ်လျှောက်လုံး လက်တွဲထားရမယ့် လက်တွဲဖော် ဟုတ်ရဲ့လားလို့ တွေးမိတဲ့ အခိုက်အတန့်တွေလည်း ရှိမှာပါ။

ဒီတော့ ကိုယ့်ရဲ့လက်ရှိသူဟာ ကိုယ့်ရဲ့လက်တွဲဖော် ဟုတ် မဟုတ် သိနိုင်မယ့် နည်းလမ်းလေးတွေနဲ့ အရင်ဆုံး စဉ်းစားကြည့်ရအောင်နော်။

သူ့နဲ့ အတူ ရှိနေရတဲ့ အခိုက်အတန့်

စုံတွဲလေးတို့အနေနဲ့ ကိုယ့်ချစ်သူလေးနဲ့ အတူတူ ရှိနေတဲ့ အချိန် အခိုက်အတန့်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ကိုယ်က တကယ်ပဲ ပျော်ရွှင်ရဲ့လား၊ စိတ်လုံခြုံမှုတွေ အပြည့်အဝ ရရှိလား၊ သူနဲ့ အတူတူ တွဲသွားရတိုင်း ပျော်နေလား၊ ဒီအခိုက်အတန့်တွေကို စဉ်းစားပြီး အဖြေရှာပါ။ ကိုယ်က အတူရှိနေတဲ့အချိန်တိုင်း ပျော်ရွှင်မှုတွေ အပြည့်အဝ မရရှိဘူးဆိုရင်တော့ လက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။

ကိုယ့်ရဲ့ကောင်းကျိုးကို လိုလားတဲ့သူ

ကိုယ့်ဘဝရဲ့ လက်တွဲဖော် အစစ်အမှန်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ကောင်းကျိုးတွေကို ကိုယ့်ထက် လိုလားတဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကို ချစ်တဲ့သူက ကိုယ်တိုးတက်အောင်၊ အလုပ်အဆင်ပြေအောင် စတဲ့ ကောင်းကျိုးတွေကို လိုလားမှသာ စုံတွဲလေးတို့ ဘဝတစ်လျှောက်လုံး အေးချမ်းသာယာမှာပါ။

 နောက်ပြီး ကိုယ့်ကို ကောင်းတဲ့အချက်တွေ ချီးမွှမ်းဖို့ လိုသလို မကောင်းတဲ့အချက်တွေ ရှိနေရင်လည်း လမ်းပြပြီး ပြင်ဆင်ပေးတဲ့သူမျိုးဆိုရင်တော့ သေချာပါတယ် အဲဒီလူဟာ ကိုယ့်ဘဝရဲ့ လက်တွဲဖော်ပါ။

မလေးမစားဆက်ဆံတဲ့သူ

ရေရှည်လက်တွဲမယ့် စုံတွဲလေးတိုင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုတွေ ရှိသင့်ပါတယ်။ ကိုယ့်ရဲ့ စိတ်ပူတာတွေ၊ ခံစားချက်တွေကို မလေးမစား ဆက်ဆံတာတွေက ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ရဲ့ ခံစားချက်တွေကို မလေးမစား ဆက်ဆံတယ်၊ လျစ်လျူရှူတယ်ဆိုရင်တော့ အမြန်ဆုံးသာ လက်လွှတ်လိုက်ပါ။

အတိတ်တွေကြောင့် စိတ်ညစ်စေတာ

စုံတွဲလေးတို့ကြားမှာ အတိတ်က စိတ်ညစ်စရာတွေ ရှိမှာပါ။ အတိတ်က ကိစ္စတွေကိုပဲ တစ်ချိန်လုံး ပြန်ပြောပြနေပြီး ပြဿနာတွေ အမြဲတမ်း ရှာနေတယ်ဆိုရင်တေ့ာ တစ်လျှောက်လုံး စိတ်ညစ်ရမှာပါ။ တကယ့်လက်တွဲဖော် အစစ်ဆိုတာ ကိုယ်ရဲ့ မျက်ရည်တွေကို လုံးဝ မမြင်ချင်တဲ့သူပါ။ ကိုယ့်ကို စိတ်ညစ်စေတယ်ဆိုရင်တော့ လက်တွဲဖော်ဖြစ်ဖို့ ပြန်လည်စဉ်းစားသင့်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top