မိန္းကေလးမ်ား အတြက္ ခ်စ္သူရဲ႕ သည္းသညး္လႈပ္ အခ်စ္ကို ခံရတာေလာက္ ၾကည္ႏူးစရာ ေကာင္းတဲ့ အရာ မရွိေတာ့ပါဘူး ။ ဒါေပမယ့္ အဲလို အခ်စ္ခံ ရဖို႔ လိုက္လုပ္ ရမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္ ။ ဘာေတြလဲ ဆိုတာ ေဖာ္ျပ ေပးမယ္ေနာ္ ။
(၁) ခၽြဲပါ

အၿမဲတမ္းေတာ့ မဟုတ္ပါဘူး ။ ဒါေပမယ့္ သင့္ခ်စ္သူ စိတ္ၾကည္ေနတဲ့ အခ်ိန္ေတြမွာ ခၽြဲေပးပါ ။ အိုဗာႀကီးေတာ့ မျဖစ္ေစ နဲ႔ေပါ့ေန ာ္။ ဥပမာ ကိုယ္လုပ္ႏိုင္တဲ့ အေသးအဖြဲ ေလးေတြကို သူ႕ကို လုပ္ခိုင္းတာတို ႔၊ ကေလးေလးလို ျပဳမူ ျပတာတို႔ ႔၊ ႐ုပ္ေျပာင္ျပတာတို ႔၊ သူ႔ကို ပြတ္သီး ပြတ္သပ္ လုပ္ေပးတာ မ်ိဳးေတြ လုပ္ေပးပါ ။ ဒါဆိုရင္ေတာ့ သင့္ကုိ ကေလးေလး တစ္ေယာက္လို ျမင္ၿပီး စိတ္ၾကည္ေနတဲ့ အခ်ိန္လညး္ျဖစ္ေတာ့ အခ်စ္ေတြ ပိုတိုး လာမွာျဖစ္ပါတယ္ ။
(၂) သူ႔ကို ၾကင္နာျပပါ

ေယာက်္ားေလးေတြက အသည္းမာတဲ့ အသြင္ေဆာင္ေပမယ့္ တကယ္တမ္းေတာ့ သူတို႔ဟာ အရမး္ကုိ စိတ္ေပ်ာ ႔ၾကပါတယ္ ။ အေခ်ာ႔ ႀကိဳက္တာ ၊ ၾကင္နာတာကို ႀကိဳက္တာ သူတုိ႔အျပင္ ႏွစ္ေယာက္ မရွိပါဘူး ။ ဒါေၾကာင့္ သူတို႔ကို ၾကင္နာျပဖို႔ မေမ့ပါနဲ႔ ။ ေနမေကာင္းတဲ့ အခ်ိန္ ဂ႐ုစိုက္တာ ၊ ေအးေနတဲ့ အခ်ိန္ အေႏြးထည္ ဝတ္ေပးတာ ၊ အစားေသာက္ ေကာင္းေလးေတြ ခ်က္ေကၽြး တာမ်ိဳး မၾကာခဏ လုပ္ေပးရင္ သင့္ကို မ်က္စိေအာက္ ကေနေတာင္ အေပ်ာက္ ခံႏုိင္ေတာ့မွာ မဟုတ္ပါဘူး ။
(၃) ေလးစားျပပါ

မိန္းကေလးေတြက အခ်စ္ ခံခ်င္တယ္ ၊ ေယာက်္ားေလးေတြ ကေတာ့ ေလးစား ခံခ်င္ၾကပါတယ္ ။ ဒါေၾကာင့္ သင့္ခ်စ္သူကို လူေတြေရွ႕မွာ ေလးစားျပပါ ။ သင္တို ႔ႏွစ္ေယာက္တညး္ ရွိတဲ့ အခ်ိန္မွာ သင့္ကို သညး္ခံတယ္ ၊ သင့္အႀကိဳက္ လိုက္ေပးတယ္ ၊ သင့္အႏြံတာကို ခံေပး ထားတာပါ ။ ဒါေပမယ့္ လူအမ်ားေရွ႕ ေရာက္ရင္ေတာ့ သူ႔ကို ေလးစားျပဖို႔ လံုးဝ မေမ့ပါနဲ႔ ။ ဒါက သူ႔ဆီက အခ်စ္ေတြ အားလံုးကို အပိုင္ သိမး္ႏုိင္မယ့္ နညး္လမး္ပါ ။
(၄) ထိေတြ႔ပါ

သင့္ခ်စ္သူကို မ်ားမ်ား ထိေတြ႕ေပးပါ ။ သင္တို႔ႏွစ္ေယာက္ ေလွ်ာက္လည္တဲ့ အခါ လက္တြဲတာ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ မွီၿပီးထိုင္တာ ၊ ေဆာ့ကစားတာ ၊ ေပြ႕ဖက္တာ ၊ နမ္းတာေတြ မ်ားမ်ား လုပ္ေပးပါ ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိေတြ႕တာ မ်ားတဲ့အခါ သံေယာဇဥ္ ပိုခိုင္မာ လာတာေၾကာင့္ ၾကာလာရင္ သင့္ကို မ်က္စိေအာက္ ကေနေတာင္ အေပ်ာက္ခံေတာ့မွာ မဟုတ္ပါဘူး ။
(၅) လွလွေလး ျပင္ဆင္ပါ

ဒီအခ်က္က အရမ္းကုိ အေရး ၾကီးပါတယ္ ။ သင့္ခ်စ္သူက သင့္ကုိ မျပင္ပဲေနလည္း လွပါတယ္လို႔ ေျပာေကာငး္ေျပာမယ္ ။ ဒါေပမယ့္ ျပင္တာနဲ႔ ၊ မျပင္တာနဲ႔ ေရြးဆို ျပင္တာကိုပဲ ေရြးမွာပါ ။ ဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ သညး္သညး္လႈပ္ ခ်စ္တာ ၊ မ်က္စိ္ေအာက္ ကေန အေပ်ာက္ မခံႏိုင္ ေလာက္ေအာင္ ခ်စ္တာကို ခံခ်င္တယ္ ဆိုရင္ေတာ့ သင့္ရဲ႕ အသြင္အျပင္ဟာ အရမး္ကုိ အေရးႀကီး တာေၾကာင့္ ျပင္ျပင္ဆင္ဆင္ ေလးေနပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

မိန်းကလေးများ အတွက် ချစ်သူရဲ့ သည်းသည်းလှုပ် အချစ်ကို ခံရတာလောက် ကြည်နူးစရာ ကောင်းတဲ့ အရာ မရှိတော့ပါဘူး ။ ဒါပေမယ့် အဲလို အချစ်ခံ ရဖို့ လိုက်လုပ် ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ် ။ ဘာတွေလဲ ဆိုတာ ဖော်ပြ ပေးမယ်နော် ။
(၁) ချွဲပါ

အမြဲတမ်းတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သင့်ချစ်သူ စိတ်ကြည်နေတဲ့ အချိန်တွေမှာ ချွဲပေးပါ ။ အိုဗာကြီးတော့ မဖြစ်စေ နဲ့ပေါ့နေ ာ်။ ဥပမာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲ လေးတွေကို သူ့ကို လုပ်ခိုင်းတာတို့၊ ကလေးလေးလို ပြုမူ ပြတာတို့၊ ရုပ်ပြောင်ပြတာတို့၊ သူ့ကို ပွတ်သီး ပွတ်သပ် လုပ်ပေးတာ မျိုးတွေ လုပ်ပေးပါ ။ ဒါဆိုရင်တော့ သင့်ကို ကလေးလေး တစ်ယောက်လို မြင်ပြီး စိတ်ကြည်နေတဲ့ အချိန်လည်းဖြစ်တော့ အချစ်တွေ ပိုတိုး လာမှာဖြစ်ပါတယ် ။
(၂) သူ့ကို ကြင်နာပြပါ

ယောကျ်ားလေးတွေက အသည်းမာတဲ့ အသွင်ဆောင်ပေမယ့် တကယ်တမ်းတော့ သူတို့ဟာ အရမ်းကို စိတ်ပျော့ကြပါတယ် ။ အချော့ ကြိုက်တာ ၊ ကြင်နာတာကို ကြိုက်တာ သူတို့အပြင် နှစ်ယောက် မရှိပါဘူး ။ ဒါကြောင့် သူတို့ကို ကြင်နာပြဖို့ မမေ့ပါနဲ့ ။ နေမကောင်းတဲ့ အချိန် ဂရုစိုက်တာ ၊ အေးနေတဲ့ အချိန် အနွေးထည် ဝတ်ပေးတာ ၊ အစားသောက် ကောင်းလေးတွေ ချက်ကျွေး တာမျိုး မကြာခဏ လုပ်ပေးရင် သင့်ကို မျက်စိအောက် ကနေတောင် အပျောက် ခံနိုင်တော့မှာ မဟုတ်ပါဘူး ။
(၃) လေးစားပြပါ

မိန်းကလေးတွေက အချစ် ခံချင်တယ် ၊ ယောကျ်ားလေးတွေ ကတော့ လေးစား ခံချင်ကြပါတယ် ။ ဒါကြောင့် သင့်ချစ်သူကို လူတွေရှေ့မှာ လေးစားပြပါ ။ သင်တို့နှစ်ယောက်တည်း ရှိတဲ့ အချိန်မှာ သင့်ကို သည်းခံတယ် ၊ သင့်အကြိုက် လိုက်ပေးတယ် ၊ သင့်အနွံတာကို ခံပေး ထားတာပါ ။ ဒါပေမယ့် လူအများရှေ့ ရောက်ရင်တော့ သူ့ကို လေးစားပြဖို့ လုံးဝ မမေ့ပါနဲ့ ။ ဒါက သူ့ဆီက အချစ်တွေ အားလုံးကို အပိုင် သိမ်းနိုင်မယ့် နည်းလမ်းပါ ။
(၄) ထိတွေ့ပါ

သင့်ချစ်သူကို များများ ထိတွေ့ပေးပါ ။ သင်တို့နှစ်ယောက် လျှောက်လည်တဲ့ အခါ လက်တွဲတာ ၊ တစ်ယောက်နဲ့ တစ်ယောက် မှီပြီးထိုင်တာ ၊ ဆော့ကစားတာ ၊ ပွေ့ဖက်တာ ၊ နမ်းတာတွေ များများ လုပ်ပေးပါ ။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့တာ များတဲ့အခါ သံယောဇဉ် ပိုခိုင်မာ လာတာကြောင့် ကြာလာရင် သင့်ကို မျက်စိအောက် ကနေတောင် အပျောက်ခံတော့မှာ မဟုတ်ပါဘူး ။
(၅) လှလှလေး ပြင်ဆင်ပါ

ဒီအချက်က အရမ်းကို အရေး ကြီးပါတယ် ။ သင့်ချစ်သူက သင့်ကို မပြင်ပဲနေလည်း လှပါတယ်လို့ ပြောကောင်းပြောမယ် ။ ဒါပေမယ့် ပြင်တာနဲ့ ၊ မပြင်တာနဲ့ ရွေးဆို ပြင်တာကိုပဲ ရွေးမှာပါ ။ ဒါကြောင့် သင့်ချစ်သူရဲ့ သည်းသည်းလှုပ် ချစ်တာ ၊ မျက်စိအောက် ကနေ အပျောက် မခံနိုင် လောက်အောင် ချစ်တာကို ခံချင်တယ် ဆိုရင်တော့ သင့်ရဲ့ အသွင်အပြင်ဟာ အရမ်းကို အရေးကြီး တာကြောင့် ပြင်ပြင်ဆင်ဆင် လေးနေပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top