၁၄ နွစ္အရြယ္ မယားပါသမီးအား ၈ ႏွစ္ေက်ာ္ၾကာ အဓမၼျပဳက်င့္ခဲ့သူကုိ ေျမာင္းျမခ႐ုိင္တရား႐ုံးက ေမလ ၂၃ ရက္မွာ အလုပ္နဲ႔ေထာင္ဒဏ္ ၂၃ ႏွစ္ျပစ္ဒဏ္ အမိန္႔ခ်မွတ္လိုက္တယ္လုိ႔ ေျမာင္းျမခ႐ုိင္တရား႐ုံးက သိရပါတယ္။

ဧရာ၀တီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္၊ ဆင္ကူးေက်းရြာအုပ္စုေန ေက်ာင္းဆရာမတဦးျဖစ္တဲ့ မိခင္ျဖစ္သူဟာ ၂၀၁၀ ခုႏွစ္္က ေဖာင္ႀကီးသင္တန္း တက္ေရာက္ေနစဥ္ ေနအိမ္မွာ ပေထြးျဖစ္သူ ေဇာ္ေဌး ၄၂ နွစ္နဲ႔ ထားခဲ့ရာမွ သမီးျဖစ္သူ အ႒မတန္းေက်ာင္းသူကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တာပါ။

မခင္ျဖစ္သူ သင္တန္းၿပီးဆံုးၿပီး ျပန္ေရာက္ခ်ိန္ သမီးျဖစ္သူက အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခံရေၾကာင္း ေျပာခဲ့ေပမယ့္ ပေထြးျဖစ္သူက တုိင္ၾကားရင္ ႏွစ္ေယာက္စလံုးကို သတ္ျပစ္မယ္လုိ႔ ၿခိမ္းေျခာက္ခဲ့တာေၾကာင့္ ၈ ႏွစ္ေက်ာ္ၾကာတဲ့အထိ မတုိင္ၾကားရဲခဲ့ဘူးလုိ႔ မိခင္ျဖစ္သူရဲ႕ ထြက္ဆုိခ်က္အရ သိရပါတယ္။

အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခံရတဲ့ သမီးျဖစ္သူဟာ ၂၀၁၃ ခုနွစ္ ၾသဂုတ္လမွာ ကိုယ္၀န္ရွိခဲ့ၿပီး ပေထြးျဖစ္သူ ေဇာ္ေဌးတိုက္တဲ့ ကိုယ္၀န္ပ်က္က်ေဆးေတြ ေသာက္ခဲ့ရာကေန မခံမရပ္နိုင္ျဖစ္လုိ႔ ေျမာင္းျမေဆး႐ုံမွာ သားအိမ္ျခစ္ရဖူးေၾကာင္း၊ ဒီေနာက္ပုိင္းမွာလည္း အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခံရ တယ္လုိ႔ ဆုိပါတယ္။

၂၀၁၈ ခုႏွစ္ ဇူလိုင္ ၂၄ ရက္မွာ အဓမၼျပဳက်င့္ခံရသူရဲ႕ မိခင္ျဖစ္သူက ေျမာင္းျမရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တာပါ။

အမႈကို ေျမာင္းျမၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္စစ္ေဆးခဲ့ၿပီး ၁၀ လအၾကာမွာ ေျမာင္းျမခ႐ုိင္တရား႐ုံး တရားသူႀကီး ဦးျမင့္စိုးက တရားခံေဇာ္ေဌး ၄၂ နွစ္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ ေထာင္ဒဏ္ ႏွစ္ ၂၀ နဲ႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၂၁ အရ ေထာင္ဒဏ္ ၃ နွစ္၊ ေပါင္း ေထာင္ဒဏ္ ၂၃ နွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေက်ာ္စုိးမုိး၊ ဘုိဘုိ
Via: DVB

#Unicode Version#
၁၄ နှစ်အရွယ် မယားပါသမီးအား ၈ နှစ်ကျော်ကြာ အဓမ္မပြုကျင့်ခဲ့သူကို မြောင်းမြခရိုင်တရားရုံးက မေလ ၂၃ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ၂၃ နှစ်ပြစ်ဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ မြောင်းမြခရိုင်တရားရုံးက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စုနေ ကျောင်းဆရာမတဦးဖြစ်တဲ့ မိခင်ဖြစ်သူဟာ ၂၀၁၀ ခုနှစ်က ဖောင်ကြီးသင်တန်း တက်ရောက်နေစဉ် နေအိမ်မှာ ပထွေးဖြစ်သူ ဇော်ဌေး ၄၂ နှစ်နဲ့ ထားခဲ့ရာမှ သမီးဖြစ်သူ အဋ္ဌမတန်းကျောင်းသူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ။

မခင်ဖြစ်သူ သင်တန်းပြီးဆုံးပြီး ပြန်ရောက်ချိန် သမီးဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရကြောင်း ပြောခဲ့ပေမယ့် ပထွေးဖြစ်သူက တိုင်ကြားရင် နှစ်ယောက်စလုံးကို သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ၈ နှစ်ကျော်ကြာတဲ့အထိ မတိုင်ကြားရဲခဲ့ဘူးလို့ မိခင်ဖြစ်သူရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။

အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတဲ့ သမီးဖြစ်သူဟာ ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ကိုယ်ဝန်ရှိခဲ့ပြီး ပထွေးဖြစ်သူ ဇော်ဌေးတိုက်တဲ့ ကိုယ်ဝန်ပျက်ကျဆေးတွေ သောက်ခဲ့ရာကနေ မခံမရပ်နိုင်ဖြစ်လို့ မြောင်းမြဆေးရုံမှာ သားအိမ်ခြစ်ရဖူးကြောင်း၊ ဒီနောက်ပိုင်းမှာလည်း အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရ တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၄ ရက်မှာ အဓမ္မပြုကျင့်ခံရသူရဲ့ မိခင်ဖြစ်သူက မြောင်းမြရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အမှုကို မြောင်းမြမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး ၁၀ လအကြာမှာ မြောင်းမြခရိုင်တရားရုံး တရားသူကြီး ဦးမြင့်စိုးက တရားခံဇော်ဌေး ၄၂ နှစ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၁ အရ ထောင်ဒဏ် ၃ နှစ်၊ ပေါင်း ထောင်ဒဏ် ၂၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:ကျော်စိုးမိုး၊ ဘိုဘို
Via: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top