ကေမ႓ာဇဘဏ္အေကာင့္္အတြင္းမွ အပ္ေငြသိန္း၅၀၀ေက်ာ္ေပ်ာက္ဆံုးေနျခင္းေၾကာင့္မုံရြာျမိဳ႕ကေမ႓ာဇဘဏ္(၁)မန္ေနဂ်ာကိုေငြအပ္ႏွံထားသူမွအမႈဖြင့္

ေမလ(၂၀)ရက္ကမုံရြာျမိဳ႕ကေမ႓ာဇဘဏ္(၁)မန္ေနဂ်ာကိုမုံရြာျမိဳ႕မရဲစခန္းတြင္အမႈဖြင့္ထားျပီး ဘဏ္မွေျဖရွင္းေပးျခင္းမရွိလ်င္သက္ဆိုင္ရာေျဖရွင္းသူအထိဆက္ ေလ်ာက္သြားမည္ျဖစ္ေၾကာင္းယင္းမာပင္ခရိုင္ပုလဲျမိဳ႕နယ္မုံသြင္ရြာေနေတာင္သူကိုဦးကေမလ၂၇ရက္ကျပဳလုပ္ေသာသတင္းစာရွင္းလင္းပဲြတြင္ေျပာလိုက္သည္။

“ေမလ(၂၀)ရက္ကဘဏ္မန္ေနဂ်ာကိုမုံရြာျမိဳ႕မရဲစခန္းမွာအမႈဖြင့္ထားပါတယ္။အခု ကဘဏ္မန္ေနဂ်ာနဲ႕ေျပာခ့ဲတာတစ္လေက်ာ္ေနျပီ။ဘဏ္ကေျဖရွင္းတာမရွိရင္ ေတာ့ သက္ဆိုင္ရာေျဖရွင္းသူအထိဆက္ေလ်ာက္ရမွာဘဲ။´´ဟုဦးကိုဦးကေျပာသည္။ မုံရြာျမိဳ႕ကေမ႓ာဇဘဏ္(၁)သို႕ေငြက်ပ္သိနိး၉၀၀ေက်ာ္အပ္ႏွံထားသည့္အေပၚက်ပ္ သိန္း၅၀၀ေက်ာ္ဘဏ္စာအုပ္တြင္ေလ်ာ့ေနျခင္းႏွင့္ပတ္သက္၍သတင္းစာရွင္းလင္းပဲြ ကိုေမလ၂၇ရက္နံနက္၁၀နာရီကမုံရြာျမိဳ႕ ျမိဳ႕သစ္ရပ္ ခ်င္းတြင္းအင္စတီက်ဴ႕ရံုးခန္း တြင္ျပဳလုပ္ရာ မုံသြင္ေက်းရြာမွေတာင္သူဦးကိုဦးကရွင္းလင္းေျပာၾကားသည္။

မုံရြာကေမ႓ာဇဘဏ္ခဲြ(၁)တြင္၂၀၁၇ခုစက္ တင္ဘာလ(၂၇)ရက္ကေငြစုစာအုပ္ လုပ္၍က်ပ္သိန္း(၂၀၀) ၂၀၁၇ခုႏိုဝင္ဘာလ(၉)ရက္ေန႕ကသိန္း(၃၀၀) ၂၀၁၈ခု ဇန္နဝါရီလ(၂)ရက္ေန႕မွာသိန္း(၁၅၀) ၂၀၁၈ခုဧျပီလ၁၀ရက္ေန႔မွာသိန္း(၅၀) ႏွင့္ စက္တင္ဘာလ(၁၂)ရက္ေန႕တြင္သိန္း(၁၉၀)စုစုေပါင္းကေမ႓ာဇဘဏ္သို႕သိန္း (၈၉၀)သြင္းခ့ဲေၾကာင္းဦးကိုဦးကေျပာသည္။ ၂၀၁၈ခုေအာက္တိုဘာလ(၁)ရက္ေန႕အထိသိန္း(၉၀၀)ေက်ာ္ဘဏ္ကေနအတိုး ႏႈန္းတြက္ထားတာရွိပါတယ္။

ဘဏ္မွာေငြဆက္စုဖို႕ဆိုျပီး ဘဏ္ကိုဝင္ျပီးေငြစုတာ ဘယ္ေလာက္ရွိသလဲလို႕ေမးေတာ့သိန္း(၄၀၀)ေက်ာ္ဘဲက်န္ပါေတာ့တယ္လို႕ွဘဏ္ မန္ေနဂ်ာမကေျပာတယ္။ဘဏ္စာအုပ္မွာလည္းထုတ္ရာမရွိဘူး။ မည္သူကိုမ်လည္း ဘဏ္စာအုပ္နဲ႕ပတ္သက္လို႕ေရာ မွတ္ပုံတင္နဲ႕ပတ္သက္လို႕ေရာမည္သူတစ္ဦးတစ္ေယာက္မ် ငွားရမ္းတာထုတ္ခိုင္းတာလုံးဝမျပဳလုပ္ခ့ဲပါဘူး။ စာအုပ္မွာထုတ္ရာလက္မွတ္လည္းမရွိပါဘူး။ေငြထုတ္ထားတာလည္းမရွိပါဘူး။´´ဟုဦးကိုဦးကရွင္းလင္းေျပာၾကားသည္။

ေမလ(၂၀)ရက္ညေနပိုင္းအခ်ိန္တြင္ဦးကိုဦးက ဘဏ္မန္ေနဂ်ာကိုအေရးယူေပးပါရန္တရားလိုျပဳတိုင္တန္းသျဖင့္ မုံရြာျမိဳ႕မရဲစခန္း(ပ)၁၀၆၂/၂၀၁၉ ရာဇသတ္ၾကီးပုဒ္မ ၄၀၆ အရအမႈေရးဖြင့္ကာအမႈစစ္ ရဲအုပ္ေအာင္ေက်ာ္လြင္က စစ္ေဆးေဆာင္ရြက္ေနေၾကာင္းမုံရြာျမိဳ႔မရဲစခန္းကသိရသည္။

“က်ြန္ေတာ္တို႕သြင္းထားတ့ဲေငြလိုခ်င္တယ္ထုတ္ေပးပါေျပာေတာ့ ျပႆနာျဖစ္ေနတယ္ေစာင့္ေပးပါအုံးလို႕ဘဏ္မန္ေနဂ်ာကေျပာတယ္။ျပႆနာကက်ြန္ေတာ္တို႕ ေပါ့ဆလို႕ျဖစ္တာမဟုတ္ဘူး။ေစာင့္ပါအုံးေျပာလာတာအခုတစ္လေက်ာ္ၾကာေနျပီ။ သူတို႕ထုတ္သြားတာမတ္လ၁၉ရက္ကထုတ္သြားတယ္လို႕ေျပာတယ္။က်ြန္ေတာ္တို႕ သိတာကဧျပီလ၁၉ရက္ကမွသိတာပါ။ဘဏ္ကဆက္သြယ္မယ္ေျပာေပမယ့္အခုထိ မဆက္သြယ္ပါဘူး။

သူတို႕ေျပာတာကမႏၲေလး(၄၂)လမ္းဘဏ္ခဲြကထုတ္သြားတယ္လို႔ေျပာပါတယ္။လိုင္စင္နဲ႕ထုတ္သြားတယ္ေျပာပါတယ္။ဘယ္လိုစာအုပ္နဲ႕လည္းေမး ေတာ့က်မမသိပါဘူး။မႏၲေလးဘဏ္ခဲြျဖစ္ေနလို႕ပါလို႕ဘဏ္မန္ေနဂ်ာကေျပာတယ္။ က်ြန္ေတာ္ကမႏၲေလးမွာထုတ္တာေတြမထုတ္တာေတြမသိဘူး။၃လတစ္ၾကိမ္အတိုးတက္ေပးမယ္ဆိုျပီးစုေငြအပ္တာပါ။က်န္တာဘာမွမလုပ္ပါဘူး။ေငြစုယုံသက္သက္ စာအုပ္လုပ္ထားပါ။´´ဟုဦးကိုဦးကေျပာသည္။

ကေမ႓ာဇဘဏ္ခ်ဳပ္မွအဆင့္ဆင့္စစ္ေဆးေနျပီးမုံရြာဘဏ္ခဲြအေနျဖင့္လည္း ညႊန္ၾကားလာတ့ဲအတိုင္းေဆာင္ရြက္ေနေၾကာင္းမုံရြာျမိဳ႕ကေမ႓ာဇဘဏ္ခဲြ(၁)မန္ေနဂ်ာကအတည္ျပဳေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Weekly Headline Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

ကမ္ဘောဇဘဏ်အကောင့်အတွင်းမှ အပ်ငွေသိန်း၅၀၀ကျော်ပျောက်ဆုံးနေခြင်းကြောင့်မုံရွာမြို့ကမ္ဘောဇဘဏ်(၁)မန်နေဂျာကိုငွေအပ်နှံထားသူမှအမှုဖွင့်

မေလ(၂၀)ရက်ကမုံရွာမြို့ကမ္ဘောဇဘဏ်(၁)မန်နေဂျာကိုမုံရွာမြို့မရဲစခန်းတွင်အမှုဖွင့်ထားပြီး ဘဏ်မှဖြေရှင်းပေးခြင်းမရှိလျင်သက်ဆိုင်ရာဖြေရှင်းသူအထိဆက် လျောက်သွားမည်ဖြစ်ကြောင်းယင်းမာပင်ခရိုင်ပုလဲမြို့နယ်မုံသွင်ရွာနေတောင်သူကိုဦးကမေလ၂၇ရက်ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောလိုက်သည်။

“မေလ(၂၀)ရက်ကဘဏ်မန်နေဂျာကိုမုံရွာမြို့မရဲစခန်းမှာအမှုဖွင့်ထားပါတယ်။အခု ကဘဏ်မန်နေဂျာနဲ့ပြောခဲ့တာတစ်လကျော်နေပြီ။ဘဏ်ကဖြေရှင်းတာမရှိရင် တော့ သက်ဆိုင်ရာဖြေရှင်းသူအထိဆက်လျောက်ရမှာဘဲ။´´ဟုဦးကိုဦးကပြောသည်။ မုံရွာမြို့ကမ္ဘောဇဘဏ်(၁)သို့ငွေကျပ်သိနိး၉၀၀ကျော်အပ်နှံထားသည့်အပေါ်ကျပ် သိန်း၅၀၀ကျော်ဘဏ်စာအုပ်တွင်လျော့နေခြင်းနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲ ကိုမေလ၂၇ရက်နံနက်၁၀နာရီကမုံရွာမြို့ မြို့သစ်ရပ် ချင်းတွင်းအင်စတီကျူ့ရုံးခန်း တွင်ပြုလုပ်ရာ မုံသွင်ကျေးရွာမှတောင်သူဦးကိုဦးကရှင်းလင်းပြောကြားသည်။

မုံရွာကမ္ဘောဇဘဏ်ခွဲ(၁)တွင်၂၀၁၇ခုစက် တင်ဘာလ(၂၇)ရက်ကငွေစုစာအုပ် လုပ်၍ကျပ်သိန်း(၂၀၀) ၂၀၁၇ခုနိုဝင်ဘာလ(၉)ရက်နေ့ကသိန်း(၃၀၀) ၂၀၁၈ခု ဇန်နဝါရီလ(၂)ရက်နေ့မှာသိန်း(၁၅၀) ၂၀၁၈ခုဧပြီလ၁၀ရက်နေ့မှာသိန်း(၅၀) နှင့် စက်တင်ဘာလ(၁၂)ရက်နေ့တွင်သိန်း(၁၉၀)စုစုပေါင်းကမ္ဘောဇဘဏ်သို့သိန်း (၈၉၀)သွင်းခဲ့ကြောင်းဦးကိုဦးကပြောသည်။ ၂၀၁၈ခုအောက်တိုဘာလ(၁)ရက်နေ့အထိသိန်း(၉၀၀)ကျော်ဘဏ်ကနေအတိုး နှုန်းတွက်ထားတာရှိပါတယ်။

ဘဏ်မှာငွေဆက်စုဖို့ဆိုပြီး ဘဏ်ကိုဝင်ပြီးငွေစုတာ ဘယ်လောက်ရှိသလဲလို့မေးတော့သိန်း(၄၀၀)ကျော်ဘဲကျန်ပါတော့တယ်လို့ှဘဏ် မန်နေဂျာမကပြောတယ်။ဘဏ်စာအုပ်မှာလည်းထုတ်ရာမရှိဘူး။ မည်သူကိုမျလည်း ဘဏ်စာအုပ်နဲ့ပတ်သက်လို့ရော မှတ်ပုံတင်နဲ့ပတ်သက်လို့ရောမည်သူတစ်ဦးတစ်ယောက်မျ ငှားရမ်းတာထုတ်ခိုင်းတာလုံးဝမပြုလုပ်ခဲ့ပါဘူး။ စာအုပ်မှာထုတ်ရာလက်မှတ်လည်းမရှိပါဘူး။ငွေထုတ်ထားတာလည်းမရှိပါဘူး။´´ဟုဦးကိုဦးကရှင်းလင်းပြောကြားသည်။

မေလ(၂၀)ရက်ညနေပိုင်းအချိန်တွင်ဦးကိုဦးက ဘဏ်မန်နေဂျာကိုအရေးယူပေးပါရန်တရားလိုပြုတိုင်တန်းသဖြင့် မုံရွာမြို့မရဲစခန်း(ပ)၁၀၆၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၀၆ အရအမှုရေးဖွင့်ကာအမှုစစ် ရဲအုပ်အောင်ကျော်လွင်က စစ်ဆေးဆောင်ရွက်နေကြောင်းမုံရွာမြို့မရဲစခန်းကသိရသည်။

“ကျွန်တော်တို့သွင်းထားတဲ့ငွေလိုချင်တယ်ထုတ်ပေးပါပြောတော့ ပြဿနာဖြစ်နေတယ်စောင့်ပေးပါအုံးလို့ဘဏ်မန်နေဂျာကပြောတယ်။ပြဿနာကကျွန်တော်တို့ ပေါ့ဆလို့ဖြစ်တာမဟုတ်ဘူး။စောင့်ပါအုံးပြောလာတာအခုတစ်လကျော်ကြာနေပြီ။ သူတို့ထုတ်သွားတာမတ်လ၁၉ရက်ကထုတ်သွားတယ်လို့ပြောတယ်။ကျွန်တော်တို့ သိတာကဧပြီလ၁၉ရက်ကမှသိတာပါ။ဘဏ်ကဆက်သွယ်မယ်ပြောပေမယ့်အခုထိ မဆက်သွယ်ပါဘူး။

သူတို့ပြောတာကမန္တလေး(၄၂)လမ်းဘဏ်ခွဲကထုတ်သွားတယ်လို့ပြောပါတယ်။လိုင်စင်နဲ့ထုတ်သွားတယ်ပြောပါတယ်။ဘယ်လိုစာအုပ်နဲ့လည်းမေး တော့ကျမမသိပါဘူး။မန္တလေးဘဏ်ခွဲဖြစ်နေလို့ပါလို့ဘဏ်မန်နေဂျာကပြောတယ်။ ကျွန်တော်ကမန္တလေးမှာထုတ်တာတွေမထုတ်တာတွေမသိဘူး။၃လတစ်ကြိမ်အတိုးတက်ပေးမယ်ဆိုပြီးစုငွေအပ်တာပါ။ကျန်တာဘာမှမလုပ်ပါဘူး။ငွေစုယုံသက်သက် စာအုပ်လုပ်ထားပါ။´´ဟုဦးကိုဦးကပြောသည်။

ကမ္ဘောဇဘဏ်ချုပ်မှအဆင့်ဆင့်စစ်ဆေးနေပြီးမုံရွာဘဏ်ခွဲအနေဖြင့်လည်း ညွှန်ကြားလာတဲ့အတိုင်းဆောင်ရွက်နေကြောင်းမုံရွာမြို့ကမ္ဘောဇဘဏ်ခွဲ(၁)မန်နေဂျာကအတည်ပြုပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Weekly Headline Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top