အထူးသျဖင့္ လုိအပ္တဲ့ခႏၶာကိုယ္အေလးခ်ိန္ထက္ ပုိမ်ားေနသူေတြမွာ ကယ္လုိရီနဲ႔ ျပည့္၀အဆီစားသုံးမႈပုိမ်ားေနတယ္ ဆုိတာ ေသခ်ာၿပီး၊ ႏွလုံးေရာဂါ၊ ေသြးတုိးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႔၊ အသည္းအဆီဖုံးေရာဂါ စသည္တုိ႔ျဖစ္ဖုိ႔ အခြင့္အလမ္း မ်ားေနတဲ့လူတစ္ေယာက္လုိ႔ ေယဘူယ်သတ္မွတ္လုိ႔ ရပါတယ္။

ဒီလုိပဲ လုိအပ္တဲ့ခႏၶာကိုယ္အေလးခ်ိန္ထက္ သိသိသာသာနည္းပါးေနသူေတြကေတာ့ အစာအာဟာရခ်ိဳ႕ယြင္းျခင္းေရာဂါ၊ စိတ္ပုိင္ဆုိင္ရာ ဖိအားေတြ၊ စိုးရိမ္ေၾကာင့္က်မႈေတြ၊ အလုိမက်မႈေတြ၊ ၀မ္းနည္းပူေဆြးမႈေတြ စတဲ့ စိတ္ပုိင္းဆုိင္ရာ ေရာဂါ ေတြခံစားေနရၿပီဆုိတာ ေသခ်ာေၾကာင္း ေဆးဘက္ဆုိင္ရာက ဆုိပါတယ္။

ေနာက္ထပ္ေလ့လာေတြ႕ရွိမႈအရ သိပ္ကုိပိန္လြန္းတဲ့ အမ်ိဳးသမီးေတြဟာ စိတ္ပုိင္းဆုိင္ရာ ဖိအားနဲ႔ စိုးရိမ္ေၾကာင့္က်မႈေတြ လက္တ ေလာ မခံစားရေသးဘူးဆုိရင္ေတာင္မွ ေနာင္မွာ ခံစားရႏုိင္ေခ်ပုိမ်ားၿပီး၊ ဒီထက္ တုိးပြားလာဖုိ႔ရွိေၾကာင္း ေတြ႕ရွိခဲ့ ရပါတယ္။ ဒီေလ့လာမႈကို ေတာင္ကိုရီးယားႏုိင္ငံ Seoul National University of Medicine မွ ျပဳလုပ္ခဲ့တာ ျဖစ္ပါ တယ္။British Journal of Psychiatry ဂ်ာနယ္မွာလည္း ဒီေတြ႕ရွိမႈကို အတည္ျပဳထားၿပီး စိတ္ပုိင္းဆုိင္ရာဖိအားေတြ ခံစားရေလ ခႏၶာကိုယ္အေလးခ်ိန္က်ဆင္းဖုိ႔ ပုိမ်ားေလ၊ သုိ႔မဟုတ္ ပိန္လွီျခင္းဟာ စိတ္ပုိင္းဆုိင္ရာ ဖိအားေတြကုိ တစ္ဖက္တစ္လမ္းမွ ဖန္တီးေပးေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဒီေလ့လာမႈကို မတူညီတဲ့ေလ့လာမႈ 183 ခုဆီကေန အခ်က္အလတ္ေတြ ရယူကာ ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး၊ ပိန္လွီေနတဲ့ သူေတြဟာ ကိုယ္ခံစြမ္းအားလည္း မေကာင္းသူမ်ားျဖစ္လုိ႔ ေရာဂါဘယေပါင္းစုံကုိ လက္ယက္ေခၚေနသကဲ့သုိ႔ျဖစ္ေစ တယ္လုိ႔ သတင္းဌာနတစ္ခုက ယင္းတုိ႔ရဲ႕ထင္ျမင္ခ်က္ကုိ ထည့္သြင္းေရးသားခဲ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

အထူးသဖြင့် လိုအပ်တဲ့ခန္ဓာကိုယ်အလေးချိန်ထက် ပိုများနေသူတွေမှာ ကယ်လိုရီနဲ့ ပြည့်ဝအဆီစားသုံးမှုပိုများနေတယ် ဆိုတာ သေချာပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့၊ အသည်းအဆီဖုံးရောဂါ စသည်တို့ဖြစ်ဖို့ အခွင့်အလမ်း များနေတဲ့လူတစ်ယောက်လို့ ယေဘူယျသတ်မှတ်လို့ ရပါတယ်။

ဒီလိုပဲ လိုအပ်တဲ့ခန္ဓာကိုယ်အလေးချိန်ထက် သိသိသာသာနည်းပါးနေသူတွေကတော့ အစာအာဟာရချို့ယွင်းခြင်းရောဂါ၊ စိတ်ပိုင်ဆိုင်ရာ ဖိအားတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ၊ အလိုမကျမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ တွေခံစားနေရပြီဆိုတာ သေချာကြောင်း ဆေးဘက်ဆိုင်ရာက ဆိုပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုအရ သိပ်ကိုပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားနဲ့ စိုးရိမ်ကြောင့်ကျမှုတွေ လက်တ လော မခံစားရသေးဘူးဆိုရင်တောင်မှ နောင်မှာ ခံစားရနိုင်ချေပိုများပြီး၊ ဒီထက် တိုးပွားလာဖို့ရှိကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ဒီလေ့လာမှုကို တောင်ကိုရီးယားနိုင်ငံ Seoul National University of Medicine မှ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။British Journal of Psychiatry ဂျာနယ်မှာလည်း ဒီတွေ့ရှိမှုကို အတည်ပြုထားပြီး စိတ်ပိုင်းဆိုင်ရာဖိအားတွေ ခံစားရလေ ခန္ဓာကိုယ်အလေးချိန်ကျဆင်းဖို့ ပိုများလေ၊ သို့မဟုတ် ပိန်လှီခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးနေကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီလေ့လာမှုကို မတူညီတဲ့လေ့လာမှု 183 ခုဆီကနေ အချက်အလတ်တွေ ရယူကာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး၊ ပိန်လှီနေတဲ့ သူတွေဟာ ကိုယ်ခံစွမ်းအားလည်း မကောင်းသူများဖြစ်လို့ ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်နေသကဲ့သို့ဖြစ်စေ တယ်လို့ သတင်းဌာနတစ်ခုက ယင်းတို့ရဲ့ထင်မြင်ချက်ကို ထည့်သွင်းရေးသားခဲ့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top